နာမည်ကျော် ဘောလုံး အေးဂျင့် တစ်ဦး ဖြစ်တဲ့ ဂျော့ချ် မန်ဒက်စ် က သူ့ရဲ့ ကစားသမား ဖြစ်သူ ပေါ်တူဂီ လက်ရွေးစင် စီ ရော်နယ်ဒို ဟာ ဘောလုံး သမိုင်း ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ၊ သူဟာ ဘရာဇီး ဂန္ဓဝင် ပီလီ ထက် ပို ကောင်းသူ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ရက်က ပေါ်တူဂီ တို့ ယူကရိန်း အသင်း ကို 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ စီ ရော်နယ်ဒို ဟာ အသင်း ရဲ့ တစ်လုံး တည်းသော သွင်းဂိုး ကို ပင်နယ်တီ မှ တစ်ဆင့် သွင်းယူ သွားခဲ့ ပြီး အဆိုပါ ဂိုးက သူ့ရဲ့ ပရို ကစားသမား ဘဝ 700 မြောက် သွင်းဂိုး ဖြစ်သွား ခဲ့ရ ပါတယ် ။

အသက် 34 နှစ် ရှိပြီ ဖြစ်တဲ့ စီ ရော်နယ်ဒို ဟာ လက်ရှိ အချိန် အီတလီ ထိပ်သီး ဂျူဗင်တပ် အသင်း အတွက် ကစား ပေး နေသူ ဖြစ်ပြီး ခြေစွမ်း ကောင်းပြ ရင်း ဂိုးတွေ ဆက်တိုက် သွင်းယူ ပေးနေဆဲ ဖြစ်တာ ကြောင့် ဘောလုံး သမိုင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်သူ ဂျိုးဆပ် ဘစ္စကန် ရဲ့ မှတ်တမ်း ကို ကျော်ဖြတ် နိုင်ခြေ ရှိနေ သူပဲ ဖြစ် ပါတယ် ။

” ကိန်း ဂဏန်း တွေက မလိမ်ညာ ပါဘူး ။ သူ လျှောက်လှမ်း ခဲ့တဲ့ လမ်းကြောင်း တစ်လျှောက် ချိုးဖြတ် ခဲ့တဲ့ စံချိန် မှတ်တမ်း တွေက သူ့ကို ဘောလုံး သမိုင်း ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေ စေခဲ့ ပါတယ် ။ ဒုတိယ အကောင်းဆုံး ကစားသမား နဲ့ ယှဉ်ရင် တောင် ခြားနားချက် အလွန် ကြီးမား လှ ပါတယ် ”

” သူဟာ ကိုယ်စားပြု ကစား ပေး ခဲ့တဲ့ မတူညီ တဲ့ အသင်း တွေနဲ့ အတူ ရယူ နိုင်ခဲ့ တာတွေ အများကြီး ကို ရှိနေ ခဲ့ ပါတယ် ။ အင်္ဂလန် မှာ ဖြစ်ဖြစ် ၊ စပိန် မှာ ဖြစ်ဖြစ် ၊ အီတလီ မြေမှာ ဖြစ်ဖြစ် ပေါ့ ။ အဲ့တာ တင် မဟုတ် သေး ပါဘူူး ၊ သူဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ပါ အောင်မြင်မှု တွေ ရယူ နိုင်ခဲ့ ပါသေးတယ် ”

” ခရစ္စတီယာနို ရဲ့ အချက်အလက် တွေကို ကြည့် လိုက်မယ် ဆိုရင် သူဟာ ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ အတူ ဖိုင်နယ် ပွဲစဉ် 3 ကြိမ် အထိ ကစား ထား ခဲ့ပြီး နှစ်ကြိမ် ဆု ဖလား ရယူ နိုင်ခဲ့ ပါတယ် ” လို့ ဂျော့ချ် မန်ဒက်စ် က ယူရို 2016 နဲ့ ဥရောပ နေးရှင်း လိဂ် တို့ကို စီ ရော်နယ်ဒို ရယူ ဆွတ်ခူး နိုင် ခဲ့တဲ့ အပြင် 2004 ယူရို ဖိုင်နယ် တက်ရောက် ခဲ့တဲ့ အကြောင်း ကို ရှင်းပြ သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် အသက် 16 နှစ် အရွယ် တုန်းက စီ ရော်နယ်ဒို ကို စတင် မြင်တွေ့ ခဲ့စဉ် ထူးခြား ပြောင်မြောက် တဲ့ အရည် အသွေး တွေကို တွေ့ရှိ ခဲ့ကြောင်း ၊ သူဟာ ပါရမီ ကောင်းတဲ့ ကစားသမား ဖြစ်တယ် ဆိုတာ ကို သိရှိ နားလည် ခဲ့ကြောင်း မန်ဒက်စ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ စီ ရော်နယ်ဒို ထက် အသက် 2 နှစ် ငယ်တဲ့ မဟာ ပြိုင်ဖက် ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ဟာ ကစား ခဲ့တဲ့ ပရို ပွဲစဉ် တွေ တစ်လျှောက် 672 ဂိုး အထိ သွင်းယူ ရင်း လက်ရှိ ဘောလုံး ကစား နေတဲ့ သူတွေ အနက် ရော်နယ်ဒို ရဲ့ အနောက် ဒုတိယ အများဆုံး အဖြစ် ရှိနေ ပါတယ် ။

#Sports_Myanmar

Zawgyi

သူ့ရဲ့ ကစားသမားက ပီလီထက္ ပိုေကာင္းတဲ့ ေဘာလံုး သမိုင္းရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ေၾကာင္း ေျပာၾကားလိုက္တဲ့ #ေဂ်ာ့ခ်္မန္ဒက္စ္

================

နာမည္ေက်ာ္ ေဘာလံုး ေအးဂ်င့္ တစ္ဦး ျဖစ္တဲ့ ေဂ်ာ့ခ်္ မန္ဒက္စ္ က သူ့ရဲ့ ကစားသမား ျဖစ္သူ ေပၚတူဂီ လက္ေရြးစင္ စီ ေရာ္နယ္ဒို ဟာ ေဘာလံုး သမိုင္း ရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ေၾကာင္း ၊ သူဟာ ဘရာဇီး ဂႏၶဝင္ ပီလီ ထက္ ပို ေကာင္းသူ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ျပီးခဲ့တဲ့ ရက္က ေပၚတူဂီ တုိ့ ယူကရိန္း အသင္း ကို 2 – 1 ဆုိတဲ့ ရလဒ္ နဲ့ ရွံဳးနိမ့္ ခဲ့တဲ့ ပြဲစဥ္ မွာ စီ ေရာ္နယ္ဒို ဟာ အသင္း ရဲ့ တစ္လံုး တည္းေသာ သြင္းဂိုး ကို ပင္နယ္တီ မွ တစ္ဆင့္ သြင္းယူ သြားခဲ့ ျပီး အဆုိပါ ဂိုးက သူ့ရဲ့ ပရို ကစားသမား ဘဝ 700 ေျမာက္ သြင္းဂိုး ျဖစ္သြား ခဲ့ရ ပါတယ္ ။

အသက္ 34 နွစ္ ရွိျပီ ျဖစ္တဲ့ စီ ေရာ္နယ္ဒို ဟာ လက္ရွိ အခ်ိန္ အီတလီ ထိပ္သီး ဂ်ဴဗင္တပ္ အသင္း အတြက္ ကစား ေပး ေနသူ ျဖစ္ျပီး ေျခစြမ္း ေကာင္းျပ ရင္း ဂိုးေတြ ဆက္တုိက္ သြင္းယူ ေပးေနဆဲ ျဖစ္တာ ေၾကာင့္ ေဘာလံုး သမိုင္း ရဲ့ ဂိုးသြင္း အမ်ားဆံုး ကစားသမား ျဖစ္သူ ဂ်ိဳးဆပ္ ဘစၥကန္ ရဲ့ မွတ္တမ္း ကို ေက်ာ္ျဖတ္ နုိင္ေျခ ရွိေန သူပဲ ျဖစ္ ပါတယ္ ။

” ကိန္း ဂဏန္း ေတြက မလိမ္ညာ ပါဘူး ။ သူ ေလ်ွာက္လွမ္း ခဲ့တဲ့ လမ္းေၾကာင္း တစ္ေလ်ွာက္ ခ်ိဳးျဖတ္ ခဲ့တဲ့ စံခ်ိန္ မွတ္တမ္း ေတြက သူ့ကို ေဘာလံုး သမိုင္း ရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ေန ေစခဲ့ ပါတယ္ ။ ဒုတိယ အေကာင္းဆံုး ကစားသမား နဲ့ ယွဥ္ရင္ ေတာင္ ျခားနားခ်က္ အလြန္ ၾကီးမား လွ ပါတယ္ ”

” သူဟာ ကုိယ္စားျပဳ ကစား ေပး ခဲ့တဲ့ မတူညီ တဲ့ အသင္း ေတြနဲ့ အတူ ရယူ နုိင္ခဲ့ တာေတြ အမ်ားၾကီး ကို ရွိေန ခဲ့ ပါတယ္ ။ အဂၤလန္ မွာ ျဖစ္ျဖစ္ ၊ စပိန္ မွာ ျဖစ္ျဖစ္ ၊ အီတလီ ေျမမွာ ျဖစ္ျဖစ္ ေပါ့ ။ အဲ့တာ တင္ မဟုတ္ ေသး ပါဘူူး ၊ သူဟာ ေပၚတူဂီ လက္ေရြးစင္ အသင္း နဲ့ပါ ေအာင္ျမင္မွဳ ေတြ ရယူ နုိင္ခဲ့ ပါေသးတယ္ ”

” ခရစၥတီယာနုိ ရဲ့ အခ်က္အလက္ ေတြကို ၾကည့္ လိုက္မယ္ ဆုိရင္ သူဟာ ေပၚတူဂီ လက္ေရြးစင္ အသင္း နဲ့ အတူ ဖုိင္နယ္ ပြဲစဥ္ 3 ၾကိမ္ အထိ ကစား ထား ခဲ့ျပီး ႏွစ္ၾကိမ္ ဆု ဖလား ရယူ နုိင္ခဲ့ ပါတယ္ ” လို့ ေဂ်ာ့ခ်္ မန္ဒက္စ္ က ယူရို 2016 နဲ့ ဥေရာပ ေနးရွင္း လိဂ္ တုိ့ကို စီ ေရာ္နယ္ဒို ရယူ ဆြတ္ခူး နုိင္ ခဲ့တဲ့ အျပင္ 2004 ယူရို ဖုိင္နယ္ တက္ေရာက္ ခဲ့တဲ့ အေၾကာင္း ကို ရွင္းျပ သြားခဲ့ ပါတယ္ ။

အဲ့ဒီေနာက္ အသက္ 16 ႏွစ္ အရြယ္ တုန္းက စီ ေရာ္နယ္ဒို ကို စတင္ ျမင္ေတြ့ ခဲ့စဥ္ ထူးျခား ေျပာင္ေျမာက္ တဲ့ အရည္ အေသြး ေတြကို ေတြ့ရွိ ခဲ့ေၾကာင္း ၊ သူဟာ ပါရမီ ေကာင္းတဲ့ ကစားသမား ျဖစ္တယ္ ဆုိတာ ကို သိရွိ နားလည္ ခဲ့ေၾကာင္း မန္ဒက္စ္ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

လက္ရွိ အခ်ိန္ မွာေတာ့ စီ ေရာ္နယ္ဒို ထက္ အသက္ 2 နွစ္ ငယ္တဲ့ မဟာ ျပိဳင္ဖက္ ကစားသမား ျဖစ္သူ လီယြန္နယ္ မက္ဆီ ဟာ ကစား ခဲ့တဲ့ ပရို ပြဲစဥ္ ေတြ တစ္ေလ်ွာက္ 672 ဂိုး အထိ သြင္းယူ ရင္း လက္ရွိ ေဘာလံုး ကစား ေနတဲ့ သူေတြ အနက္ ေရာ္နယ္ဒုိ ရဲ့ အေနာက္ ဒုတိယ အမ်ားဆံုး အျဖစ္ ရွိေန ပါတယ္ ။

#Sports_Myanmar