ဒီရာသီ ရဲ့ ဒုတိယမြောက် နိုင်ငံတကာ ပွဲစဉ် ကာလ ပြီးဆုံး ပြီးနောက် ပရီးမီးယားလိဂ် ပွဲတွေ ပြန်လာ ပါပြီ။ ၁၇ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲဆက် မှတ်တမ်း ရရှိ ထားခဲ့တဲ့ ထိပ််ဆုံး နေရာက လီဗာပူး အသင်းဟာ တနင်္ဂနွေနေ့မှာ အိုးထရပ်ဖို့ဒ်ကို သွားကစား ရမှာ ဖြစ်ပြီး ဒီပွဲဟာ ရာသီ တစ်ခုမှာ ပရိတ်သတ်တွေ စိတ်ဝင်စားမှု အရှိဆုံး ပွဲတွေ ထဲက တစ်ခု ဖြစ်ပါတယ်။

၁~ တော့တင်ဟမ် Vs ၀က်ဖို့ဒ်
၀က်ဖို့ဒ် အသင်းဟာ ဒီရာသီ နိုင်ပွဲ တစ်ပွဲမှ မရသေးပါဘူး။ ဒါပေမယ့် ၎င်းတို့ဟာ ရှက်ဖီးနဲ့ Bramall Lane မှာ ကစား ခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာ clean sheet ရခဲ့ပြီး ဒါဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ပေးဂိုး ၁၀ ဂိုး အထိ ရှိထားခဲ့ပြီး ပိုချက်တီနို ရဲ့ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိ နိုင်ဖို့ အတွက် အနိုင် ၃ မှတ်ကို အထူး လိုအပ် နေပါတယ်။

စပါးဟာ ဒီရာသီ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၄ ပွဲမှာ ၃ ပွဲ အနိုင် ရရှိ ထားခဲ့ပါတယ်။ ကျွန်တော် ကတော့ စပါး ဟာ အမှတ်ပေးဇယား အောက်ခြေမှာ ကျောက်ချနေတဲ့ ၀က်ဖို့ဒ် အသင်းနဲ့ ပွဲမှာ အဖိုးတန် အနိုင် ၃ မှတ် ရရှိလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ .. တော့တင်ဟမ် ၃ – ၁ ၀က်ဖို့ဒ်

၂~ ချဲလ်ဆီး Vs နယူးကာဆယ်
နယူးကာဆယ်ဟာ စိန့်ဂျိမ်းပက်မှာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ပုံစံကောင်း မပြသ နိုင်ခဲ့တဲ့ မန်ယူနိုက်တက် အသင်းကို တစ်ပွဲလုံး အသာစီးနဲ့ ခြေစွမ်းပြ ကစားကာ ထိုက်ထိုက်တန်တန် အနိုင် ရခဲ့ပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် အနေနဲ့ ဒီတစ်ပတ် စတန်းဖို့ဒ်ဘရစ်ချ်မှာ လန်းဆန်း တက်ကြွပြီး စိတ်လှုပ်ရှား စရာ ကောင်းတဲ့ ချဲလ်ဆီး အသင်းကို တားဆီးဖို့ အတွက် အကောင်းဆုံး လုပ်ပြဖို့ လိုအပ် ပါတယ်။

ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၄ ပွဲစလုံးကို အနိုင် ရရှိခဲ့ပြီး လက်ရှိ အချိန်မှာ ဂိုးသွင်းစွမ်းရည်လည်း ထက်မြက် နေပါတယ်။ ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ရာသီ အဖွင့် ပွဲစဉ်မှာ ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ဂိုးပြတ် ရှုံးခဲ့ ပေမယ့်လည်း အချိန်တိုလေး အတွင်းမှာတင် လမ်းကြောင်း မှန်ပေါ်ကို ရောက်နေတာကို တွေ့ရပါတယ်။

မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ .. ချဲလ်ဆီး ၃ – ၁ နယူးကာဆယ်

၃~ ခရစ်စတယ်ပဲလေ့စ် Vs မန်စီးတီး
ကျွန်တော် ကတော့ ပဲလေ့စ်ဟာ လန်ဒန်စတေဒီယမ်မှာ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ်မှာ အရမ်း ကောင်းခဲ့ တယ်လို့ ထင်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာ လီဗာပူး (၃၀) နဲ့ စနေနေ့ ဆဲဟတ်ပက် ကို လာကစားမယ့် မန်စီးတီး (၃၃) တို့သာ ခရစ်စတယ်ပဲလေ့စ်ထက် အဝေးဂိုးမှာ ရမှတ် ပိုမို စုဆောင်း နိုင်တဲ့ အသင်းတွေ ဖြစ်ကြ ပါတယ်။

ပဲလေ့စ်ဟာ ဒီရာသီ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၄ ပွဲစလုံး ရှံုးနိမ့် ထားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ရွိုင်းဟော့ဆန် ရဲ့ အသင်းဟာ မန်စီးတီးလို အရည်အသွေးမျိုးနဲ့ အသင်းနဲ့တော့ မဆုံတွေ့ ရသေးပါဘူး။ ကျွန်တော် ကတော့ မန်စီးတီးပဲ အဝေးကွင်းမှာ အမြင့်ဆုံး ရမှတ် ရယူ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ .. ခရစ်စတယ်ပဲလေ့စ် ၀ – ၂ မန်စီးတီး

၄~ မန်ယူနိုက်တက် Vs လီဗာပူး

မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၁၃ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပြီး ၅ ပွဲသရေ ၆ ပွဲရှံုးထား ခဲ့ပါတယ်။ စိန့်ဂျိမ်းပက်မှာ နောက်ဆုံး ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာ လိုက်မယ် ဆိုရင်တော့ ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ နယူးကာဆယ် ပင်နယ်တီ ဧရိယာထဲမှာ ဘောလုံး ထိချက် ၄ ကြိမ် ရှိခဲ့ပြီး အခြား ယူနိုက်တက် ကစားသမားတွေထက် များနေပါတယ်။

လီဗာပူးဟာ အိုးထရပ်ဖို့ဒ်မှာသာ အနိုင် ရခဲ့မယ် ဆိုရင် မန်စီးတီးရဲ့ ၁၈ ပွဲဆက် လိဂ်နိုင်ပွဲ စံချိန်ကို လို်က်မှီ သွားမှာ ဖြစ်ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အပတ်တွေမှာ ကံတရားရဲ့ ဖေးမမှုတွေ ရခဲ့ပေမယ့် ကျွန်တော် ကတော့ လီဗာပူးဟာ ယူနိုက်တက် အတွက်တော့ အရမ်းမြန်လွန်းတဲ့ အပြင် အရမ်းကိုလည်း စိတ်ဓာတ် ပြင်းထန် နေပါတယ်။ အိုလီဂန်နာဆိုးရှားရဲ့ အသင်း အနေနဲ့ ကတော့ ဒဏ်ရာ ကနေ ပြန်လာတော့မယ့် အဓိက ကစားသမား တွေရဲ့ လုပ်အားကိုသာ မျှော်လင့် နေရမှာပါ။

မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ .. မန်ယူနိုက်တက် ၁ – ၂ လီဗာပူး

၅~ ရှက်ဖီးယူနိုက်တက် Vs အာဆင်နယ်

ရှက်ဖီး ယူနို်က်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။ ဒါပေမယ့် ရှက်ဖီးဟာ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ လီဗာပူး ဆီက သရေ တစ်မှတ် မရ ခဲ့တာ ကတော့ ကံမကောင်း ခဲ့တာပါ။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ပေးဂိုး တစ်ဂိုးသာ ရှိထားပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဂန်းနားတို့ Bramall Lane မှာ သရေတစ်မှတ်နဲ့ ကျေနပ် ခဲ့ရတယ် ဆို၇င် အံ့သြ မိမှာတော့ မဟုတ်ပါဘူး။ ခရစ်ဝိုင်ဒါရဲ့ အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ တစ်ဂိုးထက် ပိုရှံုး ထားတာ မရှိ ခဲ့ပါဘူး။ ကျွန်တော် ကတော့ ၎င်းတို့ ဂန်းနားတို့ ဆီက သရေ တစ်မှတ် ရယူ သွားလိမ့်မယ်လို့ ထင်ပါတယ်။
မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက် ကတော့ .. ရှက်ဖီးယူနိုက်တက် ၁ – ၁ အာဆင်နယ်

အခြား ပွဲစဉ်တွေ အတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

အဲဗာတန် ၁ – ၂ ၀က်ဟမ်း
အက်စတွန်ဗီလာ ၂ – ၂ ဘရိုက်တန်
၀ုဖ် ၂ – ၀ ဆောက်သမ်တန်
ဘုန်းမောက် ၂ – ၀ နော့ဝှစ်
လက်စတာ ၁ – ၁ ဘန်လေ

SM

Zawgyi

ယူႏုိက္တက္ Vs လီဗာပူး ?? – မုိက္ကယ္အုိ၀င္ရဲ႕ ပရီးမီးယားလိဂ္ ခန္႕မွန္းခ်က္မ်ား

ဒီရာသီ ရဲ႕ ဒုတိယေျမာက္ ႏုိင္ငံတကာ ပြဲစဥ္ ကာလ ျပီးဆံုး ျပီးေနာက္ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္လာ ပါျပီ။ ၁၇ ပြဲဆက္ ပရီးမီးယားလိဂ္ ႏုိင္ပြဲဆက္ မွတ္တမ္း ရရွိ ထားခဲ့တဲ့ ထိပ္္ဆံုး ေနရာက လီဗာပူး အသင္းဟာ တနဂၤေႏြေန႕မွာ အုိးထရပ္ဖို႕ဒ္ကုိ သြားကစား ရမွာ ျဖစ္ျပီး ဒီပြဲဟာ ရာသီ တစ္ခုမွာ ပရိတ္သတ္ေတြ စိတ္၀င္စားမွဳ အရိွဆံုး ပြဲေတြ ထဲက တစ္ခု ျဖစ္ပါတယ္။

၁~ ေတာ့တင္ဟမ္ Vs ၀က္ဖို႕ဒ္
၀က္ဖို႕ဒ္ အသင္းဟာ ဒီရာသီ ႏုိင္ပြဲ တစ္ပြဲမွ မရေသးပါဘူး။ ဒါေပမယ့္ ၎တို႕ဟာ ရွက္ဖီးနဲ႕ Bramall Lane မွာ ကစား ခဲ့တဲ့ ေနာက္ဆံုး ပြဲစဥ္မွာ clean sheet ရခဲ့ျပီး ဒါဟာ ေနာက္ဆံုး ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ ပထမဦးဆံုး အၾကိမ္ ျဖစ္ပါတယ္။ စပါးဟာ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္ ၂ ပြဲမွာ ေပးဂုိး ၁၀ ဂိုး အထိ ရွိထားခဲ့ျပီး ပိုခ်က္တီႏုိ ရဲ႕ အသင္းဟာ လမ္းေၾကာင္းမွန္ေပၚ ျပန္လည္ ေရာက္ရွိ ႏုိင္ဖို႕ အတြက္ အႏုိင္ ၃ မွတ္ကို အထူး လိုအပ္ ေနပါတယ္။

စပါးဟာ ဒီရာသီ ေနာက္ဆံုး ကစားခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္ ၄ ပြဲမွာ ၃ ပြဲ အႏုိင္ ရရွိ ထားခဲ့ပါတယ္။ ကၽြန္ေတာ္ ကေတာ့ စပါး ဟာ အမွတ္ေပးဇယား ေအာက္ေျခမွာ ေက်ာက္ခ်ေနတဲ့ ၀က္ဖို႕ဒ္ အသင္းနဲ႕ ပြဲမွာ အဖိုးတန္ အႏုိင္ ၃ မွတ္ ရရွိလိမ့္မယ္လို႕ ေမွ်ာ္လင့္ ထားပါတယ္။

မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္ ကေတာ့ .. ေတာ့တင္ဟမ္ ၃ – ၁ ၀က္ဖို႕ဒ္

၂~ ခ်ဲလ္ဆီး Vs နယူးကာဆယ္
နယူးကာဆယ္ဟာ စိန္႕ဂ်ိမ္းပက္မွာ ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္မွာ ပံုစံေကာင္း မျပသ ႏုိင္ခဲ့တဲ့ မန္ယူႏုိက္တက္ အသင္းကို တစ္ပြဲလံုး အသာစီးနဲ႕ ေျခစြမ္းျပ ကစားကာ ထုိက္ထုိက္တန္တန္ အႏုိင္ ရခဲ့ပါတယ္။ ဒါေပမယ့္လည္း နယူးကာဆယ္ အေနနဲ႕ ဒီတစ္ပတ္ စတန္းဖို႕ဒ္ဘရစ္ခ်္မွာ လန္းဆန္း တက္ၾကြျပီး စိတ္လွဳပ္ရွား စရာ ေကာင္းတဲ့ ခ်ဲလ္ဆီး အသင္းကို တားဆီးဖို႕ အတြက္ အေကာင္းဆံုး လုပ္ျပဖို႕ လိုအပ္ ပါတယ္။

ခ်ဲလ္ဆီးဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားခဲ့တဲ့ ပြဲစဥ္ ၄ ပြဲစလံုးကို အႏိုင္ ရရွိခဲ့ျပီး လက္ရွိ အခ်ိန္မွာ ဂိုးသြင္းစြမ္းရည္လည္း ထက္ျမက္ ေနပါတယ္။ ဖရန္႕လမ္းပတ္ရဲ႕ အသင္းဟာ ရာသီ အဖြင့္ ပြဲစဥ္မွာ ယူႏုိက္တက္ကို အုိးထရပ္ဖို႕ဒ္မွာ ဂိုးျပတ္ ရွံဳးခဲ့ ေပမယ့္လည္း အခ်ိန္တုိေလး အတြင္းမွာတင္ လမ္းေၾကာင္း မွန္ေပၚကို ေရာက္ေနတာကို ေတြ႕ရပါတယ္။

မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္ ကေတာ့ .. ခ်ဲလ္ဆီး ၃ – ၁ နယူးကာဆယ္

၃~ ခရစ္စတယ္ပဲေလ့စ္ Vs မန္စီးတီး
ကၽြန္ေတာ္ ကေတာ့ ပဲေလ့စ္ဟာ လန္ဒန္စေတဒီယမ္မွာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပြဲစဥ္မွာ အရမ္း ေကာင္းခဲ့ တယ္လို႕ ထင္ပါတယ္။ ၂၀၁၉ ခုႏွစ္ အတြင္းမွာ လီဗာပူး (၃၀) နဲ႕ စေနေန႕ ဆဲဟတ္ပက္ ကို လာကစားမယ့္ မန္စီးတီး (၃၃) တုိ႕သာ ခရစ္စတယ္ပဲေလ့စ္ထက္ အေ၀းဂိုးမွာ ရမွတ္ ပိုမို စုေဆာင္း ႏုိင္တဲ့ အသင္းေတြ ျဖစ္ၾက ပါတယ္။

ပဲေလ့စ္ဟာ ဒီရာသီ ေနာက္ဆံုး ကစားခဲ့တဲ့ အိမ္ကြင္း ၄ ပြဲစလံုး ရွံဳးနိမ့္ ထားခဲ့ျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္လည္း ရြိဳင္းေဟာ့ဆန္ ရဲ႕ အသင္းဟာ မန္စီးတီးလို အရည္အေသြးမ်ိဳးနဲ႕ အသင္းနဲ႕ေတာ့ မဆံုေတြ႕ ရေသးပါဘူး။ ကၽြန္ေတာ္ ကေတာ့ မန္စီးတီးပဲ အေ၀းကြင္းမွာ အျမင့္ဆံုး ရမွတ္ ရယူ ႏုိင္လိမ့္မယ္လို႕ ထင္ပါတယ္။

မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္ ကေတာ့ .. ခရစ္စတယ္ပဲေလ့စ္ ၀ – ၂ မန္စီးတီး

၄~ မန္ယူႏုိက္တက္ Vs လီဗာပူး

မန္ခ်က္စတာယူႏုိက္တက္ အသင္းဟာ ေနာက္ဆံုး ကစားခဲ့တဲ့ လိဂ္ပြဲစဥ္ ၁၃ ပြဲမွာ ႏုိင္ပြဲ ၂ ပြဲသာ ရထားခဲ့ျပီး ၅ ပြဲသေရ ၆ ပြဲရွံဳးထား ခဲ့ပါတယ္။ စိန္႕ဂ်ိမ္းပက္မွာ ေနာက္ဆံုး ကစားခဲ့တဲ့ ယူႏုိက္တက္ရဲ႕ စြမ္းေဆာင္ရည္ကို တုိင္းတာ လိုက္မယ္ ဆုိရင္ေတာ့ ဗဟုိေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားဟာ နယူးကာဆယ္ ပင္နယ္တီ ဧ၇ိယာထဲမွာ ေဘာလံုး ထိခ်က္ ၄ ၾကိမ္ ရွိခဲ့ျပီး အျခား ယူႏုိက္တက္ ကစားသမားေတြထက္ မ်ားေနပါတယ္။

လီဗာပူးဟာ အုိးထရပ္ဖို႕ဒ္မွာသာ အႏုိင္ ရခဲ့မယ္ ဆုိရင္ မန္စီးတီးရဲ႕ ၁၈ ပြဲဆက္ လိဂ္ႏုိင္ပြဲ စံခ်ိန္ကို လို္က္မွီ သြားမွာ ျဖစ္ပါတယ္။ ယာဂန္ကေလာ့ရဲ႕ အသင္းဟာ ျပီးခဲ့တဲ့ အပတ္ေတြမွာ ကံတရားရဲ႕ ေဖးမမွဳေတြ ရခဲ့ေပမယ့္ ကၽြန္ေတာ္ ကေတာ့ လီဗာပူးဟာ ယူႏုိက္တက္ အတြက္ေတာ့ အရမ္းျမန္လြန္းတဲ့ အျပင္ အရမ္းကိုလည္း စိတ္ဓာတ္ ျပင္းထန္ ေနပါတယ္။ အုိလီဂန္နာဆုိးရွားရဲ႕ အသင္း အေနနဲ႕ ကေတာ့ ဒဏ္၇ာ ကေန ျပန္လာေတာ့မယ့္ အဓိက ကစားသမား ေတြရဲ႕ လုပ္အားကိုသာ ေမွ်ာ္လင့္ ေနရမွာပါ။

မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္ ကေတာ့ .. မန္ယူႏုိက္တက္ ၁ – ၂ လီဗာပူး

၅~ ရွက္ဖီးယူႏုိက္တက္ Vs အာဆင္နယ္

ရွက္ဖီး ယူႏုိ္က္တက္ဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ကစားခဲ့တဲ့ ၃ ပြဲမွာ ဂိုးသြင္းႏုိင္ခဲ့ျခင္း မရွိခဲ့ ပါဘူး။ ဒါေပမယ့္ ရွက္ဖီးဟာ ေနာက္ဆံုး ကစားခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္မွာ လီဗာပူး ဆီက သေရ တစ္မွတ္ မရ ခဲ့တာ ကေတာ့ ကံမေကာင္း ခဲ့တာပါ။

အာဆင္နယ္ အသင္းဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ျပိဳင္ပြဲစံု ၄ ပြဲမွာ ေပးဂိုး တစ္ဂိုးသာ ရွိထားပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ ကေတာ့ ဂန္းနားတုိ႕ Bramall Lane မွာ သေရတစ္မွတ္နဲ႕ ေက်နပ္ ခဲ့၇တယ္ ဆုိ၇င္ အံ့ၾသ မိမွာေတာ့ မဟုတ္ပါဘူး။ ခရစ္၀ုိင္ဒါရဲ႕ အသင္းဟာ ဒီရာသီ လိဂ္ျပိဳင္ပြဲမွာ တစ္ဂိုးထက္ ပုိရွံဳး ထားတာ မရွိ ခဲ့ပါဘူး။ ကၽြန္ေတာ္ ကေတာ့ ၎တို႕ ဂန္းနားတုိ႕ ဆီက သေရ တစ္မွတ္ ရယူ သြားလိမ့္မယ္လို႕ ထင္ပါတယ္။
မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္ ကေတာ့ .. ရွက္ဖီးယူႏုိက္တက္ ၁ – ၁ အာဆင္နယ္

အျခား ပြဲစဥ္ေတြ အတြက္ မုိက္ကယ္အုိ၀င္ရဲ႕ ခန္႕မွန္းခ်က္မ်ား

အဲဗာတန္ ၁ – ၂ ၀က္ဟမ္း
အက္စတြန္ဗီလာ ၂ – ၂ ဘရုိက္တန္
၀ုဖ္ ၂ – ၀ ေဆာက္သမ္တန္
ဘုန္းေမာက္ ၂ – ၀ ေနာ့၀ွစ္
လက္စတာ ၁ – ၁ ဘန္ေလ

SM