ပီးခဲ့တဲ့ နှစ်တွေ အတွင်းအနစ်နာဆုံး အပြောင်း အရွှေ့တွေကို ရင်နာနာနဲ့ ပြုလုပ်ခဲ့ရတဲ့ အသင်းကို ပြပါဆိုရင် အာဆင်နယ် အသင်းကို ပြရမှာဖြစ်ပါတယ်။တော်ရုံ ကစားသမား တဦးကို ကာလ ရှည်စာချုပ် ချုပ်ဆိုဖို့ လက်တွန့်တက် တဲ့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အဓိက ကစားသမား တွေကို ခြေစွမ်းပိုင်း အမြင့်မားဆုံး အချိန်အခါမျိုးတွေမှငွေကြေး တပြားတချပ်မှ မရပဲ လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။

အမြင်သာဆုံး ဥပမာ တွေ အနေနဲ့ယူနိုက်တက် အသင်းကို မစ်ခီတာရန်း နဲ့ အလဲအထပ်အဖြစ် ပြောင်းရွှေ့ခဲ့တဲ့ ဆန်းချက်၊ ဝက်စ်ဟမ်းကိုအလွတ်ပြောင်းရွှေ့သွားတဲ့ ဝီရှီးယား နဲ့ ဂျူဗီ အသင်းကို အလွတ်ပြောင်းသွားခဲ့ပြီ ဖြစ်တဲ့ အာရွန်ရမ်ဆေး တို့ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန် တိုက်စစ် ကစားသမား ဝဲလ်ဘတ်ဟာ လည်း အခုနွေ မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာတော့မှာ လည်းဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ အဆိုပါ ကစားသမား အားလုံးနီးပါကို သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် စာချုပ်အဆုံးသတ်ချိန်ရောက်နေချိန်မှာ ကစားသမား အချို့ဘက်က အကျပ်ကိုင်တောင်းဆိုမှုများပြားခဲ့တာကြောင့်လည်း လက်လွှတ်ခံခဲ့ပုံပါပဲ။

ဒါကြောင့် လည်း အာဆင်နယ်အသင်းဟာ အခုနွေရာသီ မှာ စာချုပ်သက်တမ်း ၂နှစ်နဲ့ အောက်သာ ကျန်ရှိနေတဲ့ ကစားသမား ၈ဦးကို စာချုပ်သစ် တွေအတွက် ညှိနှိုင်းမှုတွေ ပြု လုပ်တော့မှာဖြစ်ပါတယ်။အဆိုပါ ကစားသမားတွေထဲမှာ အူဘာမီယန်၊ မစ်ခီတာရန်း ၊ အိုဇေးလ်နဲ့ကိုစီရယ်နီတို့လို နာမည်ကြီးအချို့လည်း ပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ စီမံခန့် ခွဲမှုဒါရိုက်တာတဦးဖြစ်တဲ့ ဗန်ကာတီရှန်ကတော့ သူတို့အသင်းဟာ ဈေးကွက်အတွင်း မှာ ထိုးထွင်းဥာဏ်ရှိဖို့လိုနေသေးတယ်လို့ဆိုပါတယ်။ဗန်ကာတီရှန်က – – – ” ကျွန်တော်တို့ ဟာ ကစားသမားတွေကို ရောင်းချရာမှာ အမြင့်မားဆုံး ဈေးနှုန်းရဖို့လိုပါတယ်။ဒါမှလည်း ကစားသမား သစ်တွေပြန်ခေါ်ပြီးရင်း နှီးမြှပ်နှံဖို့ အတွက် ဘက်ဂျက်အင်အားတောင့်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အသင်းရဲ့ စီနီ ယာ ကစားသမား တွေရဲ့ စာချုပ်သက်တမ်း အခြေအနေတွေကို ကိုင်တွယ်ရာမှာ စည်းကမ်းတကျရှိဖို့ လိုပါတယ်။အထူးသဖြင့်အဲ့ဒီစီနီယာ ကစားသမားတွေဟာ ကစားသမားဘဝကနေ အနားမယူသေးရင်ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကစားသမား တဦး အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်အတွင်း ကို ရောက်လာခဲ့ရင် ရောင်းချဖို့ သို့မဟုတ် စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲ ချမှတ်ရတောမှာဖြစ်ပါတယ်။

ဒီလို ဆုံးဖြတ်ရာမှာလည်း ကျွန်တော်တို့ အနေနဲ့ သတ္တိရှိဖို့လိုပါတယ်။ဘာကြောင့် လည်းဆိုတော့ ကျွန်တော်တို့ အနေနဲ့ မကြာခင် မှာသက်တမ်း ပြည့်မြောက်ဖို့ရှိနေတဲ့ကစားသမား တဦးကို ဘာမှမရပဲ လက်လွှတ်ရမယ့် အခြေအနေမျိုးဖြစ်လို့မရတာကြောင့်ဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့်၅နေရာသာရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ် ဖိုင်နယ်မှာချဲဆီးလ်အသင်းကို အနိုင်ကစားဖို့ လိုနေတာဖြစ်ပါတယ်။ချန်ပီယံလိဂ်ဝင် ခွင့်ရရှိခဲ့ပါကလည်း အသင်းကို အင်အားဖြည့်တင်းမှုတွေမဖြစ်မနေ ပြုလုပ်သွားရဖို့ရှိနေပါတယ်။