Enrich

လီဗာပူး အသင်းရဲ့ ဘယ်နောက်ခံလူ ကစားသမားဟောင်း ဟိုဆေး အင်းနရစ် ကတော့ 2019 ခုနှစ် အတွက် ဖီဖာ အကောင်းဆုံး ကစားသမား 11 ယောက် စာရင်းမှာ ဘယ်နောက်ခံလူနေရာအတွက် မာဆယ်လို က အရွေးချယ် ခံရပြီး ၊ ရော်ဘတ်ဆန် ပါမလာတာ တော်တော်ကို မတရားဘူးလို့ မှတ်ချက်ပေးလိုက်ပြီး ၊ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူဟာ စကော့တလန် အသင်းခေါင်းဆောင် သာ ဖြစ်တယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။

ဟိုဆေး အင်းနရစ်ဟာ 2011 ခုနှစ် က လီဗာပူး အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် 11 သန်း နဲ့ နယူးကာဆယ် ကနေ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး ၊ 5 နှစ် အတွင်း စုစုပေါင်း 99 ပွဲ အထိ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပါတယ်။

Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အင်းနရစ် က “ ရိုဘို ဟာ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းတဲ့ ဘောလုံးသမား တစ်ယောက်ပါ။ မနှစ် ကတည်းက သူဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူ တစ်ယောက်ဆိုတာ ကျနော် ပြောခဲ့ပြီးပါပြီ။

ဒါပေမယ့် အဲဒီ ဂုဏ်ပုဒ်ကို မာဆယ်လို ကို ပေးလိုက်တာ သတိထားမိပါတယ်။ တကယ်တော့ အဲဒီ ဖီဖာ အကောင်းဆုံး စာရင်းမှာ ရော်ဘတ်ဆန် ပါ မလာတာ လုံး၀ ကို မတရားတာပါ။ ဒါက လီဗာပူး ချန်ပီယံလိဂ် ဖလား ရလို့ ကျနော် ပြောတာ မဟုတ်ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်လျှောက်လုံး ဘယ်လို စွမ်းဆောင် ပြသွားလဲ ဆိုတာ ပရိသတ်တိုင်း သိပါတယ်။

သူကြောင့် တိုက်စစ်ရော ၊ ခံစစ်ပါ ပိုပြီး သက်ဝင်လာခဲ့သလို ၊ ဘယ်ဘက်အခြမ်း မှာ ဆိုရင် သူနဲ့ မာနေး တို့အတွဲက တော်တော်လေးကို စိတ်လှုပ်ရှား ဖို့ ကောင်းလွန်းပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် 9 မှာတော့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူး နဲ့ သူ့ရဲ့ မဟာပြိုင်ဘက်ကြီး ယူနိုက်တက်တို့ ဟာ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက် တွေ့ဆုံး ကစားကြမှာ ဖြစ်ပါတယ်။

8 ပွဲ ကစားအပြီးမှာ ဒီနှစ်သင်းအကြား အမှတ်ကွာဟချက်ဟာ 15 မှတ် အထိ ရှိနေသည့်တိုင်အောင် ၊ ပြိုင်ဆိုင်မှု ပြင်းထန်ပုံတွေကတော့ အရှိန်လျှော့ကျသွားမှာ မဟုတ်ဘူးလို့ အင်းနရစ် က ယုံကြည်နေပြီး ၊ ဒီပွဲဟာ အင်္ဂလန် ဒါဘီ ဖြစ်တာနဲ့ အညီ ပရိသတ်တွေကို ဆွဲဆောင်မှု အပြည့် ရှိနေဆဲလို့ သုံးသပ်သွားခဲ့ပါတယ်။

“ ဒီပွဲဟာ ပရီးမီးယားလိဂ် ဘောလုံးရာသီ တစ်ခုလုံးရဲ့ အကြီးမားဆုံး ပွဲစဉ် တစ်ပွဲအဖြစ် ဆက်ရှိနေဦးမှာပါ။ ယူနိုက်တက် ရဲ့ စွမ်းဆောင်ရည်တွေ မကောင်းသေးဘူး ဆိုပေမယ့် ၊ ပြိုင်ဆိုင်မှု ဆိုတာ ဘယ်တော့မှာ ယုတ်လျှော့သွားတာ မဟုတ်ပါဘူး။

ကစားသမားတွေ အတွက် ၊ ပရိသတ်တွေ အတွက်တော့ ဒီပွဲက အရမ်းကို အရေးပါနေဆဲပါပဲ။ လက်ရှိ လီဗာပူး အနေအထား က မန်စီးတီး နဲ့ ပုခုံးချင်း ယှဉ်နေရတယ ်ဆိုပေမယ့် ၊ ယူနိုက်တက် နဲ့ လီဗာပူး အကြား က ယှဉ်ပြိုင်မှုဟာ အဲဒါနဲ့ လုံး၀ မတူပါဘူး။

ဒီလို ပွဲမျိုး ကစားရပြီ ဆိုရင် ဘောလုံးသမားတွေ ရဲ့ ရင်ထဲမှာလဲ အရမ်းကို စိတ်လှုပ်ရှားနေသလို ၊ တိုက်ခိုက်မှုကလဲ အပြည့် မောင်းတင်ထားကြတာလေ။ အနိုင်ရလို့ နောက်ထပ် 3 မှတ် ရတယ် ဆိုပေမယ့် ၊ ပရိသတ်တွေ ၊ ကစားသမားတွေ ရဲ့ ရင်ဘတ်ထဲက ခံစားချက်က အဲဒီအထက် ပိုပါတယ်။

အနိုင်ရတဲ့ အသင်းကလဲ အဲဒီ အရသာကို နောက်တစ်နေ့ အထိ ပီတိတွေ ခံစားကြတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဒီပွဲမှာတော့ ယူနိုက်တက် ရဲ့ အားထားရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ နဲ့ ဒီဂီယာ တို့ ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုထားပြီး ၊ လီဗာပူး ဘက်မှာတော့ အလီဆွန် နဲ့ မာတစ် တို့ နှစ်ယောက် စလုံး ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

SPORTS MYANMAR

Zawgyi

“ဖီဖာ အေကာင္းဆုံး 11 ေယာက္ စာရင္းမွာ ေရာ္ဘတ္ဆန္ မပါပဲ ၊ မာဆယ္လို ပါလာတာ လုံး၀ မတရားပါဘူး” #အင္းနရစ္
******************************************

လီဗာပူး အသင္းရဲ့ ဘယ္ေနာက္ခံလူ ကစားသမားေဟာင္း ဟိုေဆး အင္းနရစ္ ကေတာ့ 2019 ခုႏွစ္ အတြက္ ဖီဖာ အေကာင္းဆုံး ကစားသမား 11 ေယာက္ စာရင္းမွာ ဘယ္ေနာက္ခံလူေနရာအတြက္ မာဆယ္လို က အေရြးခ်ယ္ ခံရၿပီး ၊ ေရာ္ဘတ္ဆန္ ပါမလာတာ ေတာ္ေတာ္ကို မတရားဘူးလို႔ မွတ္ခ်က္ေပးလိုက္ၿပီး ၊ လက္ရွိ ကမၻာ့အေကာင္းဆုံး ဘယ္ေနာက္ခံလူဟာ စေကာ့တလန္ အသင္းေခါင္းေဆာင္ သာ ျဖစ္တယ္လို႔ မွတ္ခ်က္ ေပးလိုက္ပါတယ္။

ဟိုေဆး အင္းနရစ္ဟာ 2011 ခုႏွစ္ က လီဗာပူး အသင္းဆီ ေျပာင္းေရႊ႕ေၾကး ေပါင္ 11 သန္း နဲ႔ နယူးကာဆယ္ ကေန ေျပာင္းေရႊ႕ လာခဲ့သူ ျဖစ္ၿပီး ၊ 5 ႏွစ္ အတြင္း စုစုေပါင္း 99 ပြဲ အထိ ပါဝင္ ကစားေပးခဲ့သူ ျဖစ္ပါတယ္။

Sky Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ အင္းနရစ္ က “ ရိုဘို ဟာ တကယ္ကို မယုံၾကည္နိုင္စရာ ေကာင္းလြန္းတဲ့ ေဘာလုံးသမား တစ္ေယာက္ပါ။ မႏွစ္ ကတည္းက သူဟာ ကမၻာ့အေကာင္းဆုံး ဘယ္ေနာက္ခံလူ တစ္ေယာက္ဆိုတာ က်ေနာ္ ေျပာခဲ့ၿပီးပါၿပီ။

ဒါေပမယ့္ အဲဒီ ဂုဏ္ပုဒ္ကို မာဆယ္လို ကို ေပးလိုက္တာ သတိထားမိပါတယ္။ တကယ္ေတာ့ အဲဒီ ဖီဖာ အေကာင္းဆုံး စာရင္းမွာ ေရာ္ဘတ္ဆန္ ပါ မလာတာ လုံး၀ ကို မတရားတာပါ။ ဒါက လီဗာပူး ခ်န္ပီယံလိဂ္ ဖလား ရလို႔ က်ေနာ္ ေျပာတာ မဟုတ္ပါဘူး။ သူဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ တစ္ေလၽွာက္လုံး ဘယ္လို စြမ္းေဆာင္ ျပသြားလဲ ဆိုတာ ပရိသတ္တိုင္း သိပါတယ္။

သူေၾကာင့္ တိုက္စစ္ေရာ ၊ ခံစစ္ပါ ပိုၿပီး သက္ဝင္လာခဲ့သလို ၊ ဘယ္ဘက္အျခမ္း မွာ ဆိုရင္ သူနဲ႔ မာေနး တို႔အတြဲက ေတာ္ေတာ္ေလးကို စိတ္လွုပ္ရွား ဖို႔ ေကာင္းလြန္းပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ 9 မွာေတာ့ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူး နဲ႔ သူ႔ရဲ့ မဟာၿပိဳင္ဘက္ႀကီး ယူနိုက္တက္တို႔ ဟာ အိုးထရက္ဖို႔ဒ္မွာ ထိပ္တိုက္ ေတြ႕ဆုံး ကစားၾကမွာ ျဖစ္ပါတယ္။

8 ပြဲ ကစားအၿပီးမွာ ဒီႏွစ္သင္းအၾကား အမွတ္ကြာဟခ်က္ဟာ 15 မွတ္ အထိ ရွိေနသည့္တိုင္ေအာင္ ၊ ၿပိဳင္ဆိုင္မွု ျပင္းထန္ပုံေတြကေတာ့ အရွိန္ေလၽွာ့က်သြားမွာ မဟုတ္ဘူးလို႔ အင္းနရစ္ က ယုံၾကည္ေနၿပီး ၊ ဒီပြဲဟာ အဂၤလန္ ဒါဘီ ျဖစ္တာနဲ႔ အညီ ပရိသတ္ေတြကို ဆြဲေဆာင္မွု အျပည့္ ရွိေနဆဲလို႔ သုံးသပ္သြားခဲ့ပါတယ္။

“ ဒီပြဲဟာ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ တစ္ခုလုံးရဲ့ အႀကီးမားဆုံး ပြဲစဥ္ တစ္ပြဲအျဖစ္ ဆက္ရွိေနဦးမွာပါ။ ယူနိုက္တက္ ရဲ့ စြမ္းေဆာင္ရည္ေတြ မေကာင္းေသးဘူး ဆိုေပမယ့္ ၊ ၿပိဳင္ဆိုင္မွု ဆိုတာ ဘယ္ေတာ့မွာ ယုတ္ေလၽွာ့သြားတာ မဟုတ္ပါဘူး။

ကစားသမားေတြ အတြက္ ၊ ပရိသတ္ေတြ အတြက္ေတာ့ ဒီပြဲက အရမ္းကို အေရးပါေနဆဲပါပဲ။ လက္ရွိ လီဗာပူး အေနအထား က မန္စီးတီး နဲ႔ ပုခုံးခ်င္း ယွဥ္ေနရတယ ္ဆိုေပမယ့္ ၊ ယူနိုက္တက္ နဲ႔ လီဗာပူး အၾကား က ယွဥ္ၿပိဳင္မွုဟာ အဲဒါနဲ႔ လုံး၀ မတူပါဘူး။

ဒီလို ပြဲမ်ိဳး ကစားရၿပီ ဆိုရင္ ေဘာလုံးသမားေတြ ရဲ့ ရင္ထဲမွာလဲ အရမ္းကို စိတ္လွုပ္ရွားေနသလို ၊ တိုက္ခိုက္မွုကလဲ အျပည့္ ေမာင္းတင္ထားၾကတာေလ။ အနိုင္ရလို႔ ေနာက္ထပ္ 3 မွတ္ ရတယ္ ဆိုေပမယ့္ ၊ ပရိသတ္ေတြ ၊ ကစားသမားေတြ ရဲ့ ရင္ဘတ္ထဲက ခံစားခ်က္က အဲဒီအထက္ ပိုပါတယ္။

အနိုင္ရတဲ့ အသင္းကလဲ အဲဒီ အရသာကို ေနာက္တစ္ေန႔ အထိ ပီတိေတြ ခံစားၾကတာပါ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

ဒီပြဲမွာေတာ့ ယူနိုက္တက္ ရဲ့ အားထားရတဲ့ ကစားသမားေတြ ျဖစ္တဲ့ ေပါ့ဘာ နဲ႔ ဒီဂီယာ တို႔ ပါဝင္ နိုင္မွာ မဟုတ္ဘူးလို႔ နည္းၿပ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုထားၿပီး ၊ လီဗာပူး ဘက္မွာေတာ့ အလီဆြန္ နဲ႔ မာတစ္ တို႔ ႏွစ္ေယာက္ စလုံး ျပန္လည္ ပါဝင္လာဖြယ္ ရွိေနပါတယ္။

SPORTS MYANMAR

Zawgyi