Liverpool

ပရိသတ်တွေ စောင့်စား မျှော်လင့်နေကြတဲ့ ဥရောပ က ထိပ်တန်း ဘောလုံးလိဂ် ပြိုင်ပွဲတွေဟာ ဒီတစ်ပတ်မှာတော့ ပြန်လည် စတင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်လည် စတင်လာခြင်းနဲ့ ပရီးမီးယားလိဂ် ရဲ့ မဟာပြိုင်ဘက်ကြီး နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကလဲ စောင့်ကြိုလို့နေပါတယ်။

အဲဒီပွဲစဉ်ကတော့ သမိုင်းနဲ့ ချီပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကြတဲ့ လီဗာပူး နဲ့ ယူနိုက်တက် တို့ ပွဲစဉ် ဖြစ်ပြီး ၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားသွားကြမှာပါ။

လီဗာပူး အတွက် သတင်းကောင်း တစ်ခုက ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ နောက်တန်း ကစားသမား မာတစ်ဟာ ဒီပွဲမှာ ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်သလို ၊ အဓိက ဂိုးသမားကြီး အလီဆွန် ကလဲ ပြန်လည် စတင် ကစားပေးလာဖွယ် ရှိနေပါတယ်။ ယူနိုက်တက် အတွက်တော့ လီဗာပူး နဲ့ ပြောင်းပြန် ဖြစ်ပြီး ၊ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီဂီယာ နဲ့ ပေါ့ဘာ တို့ဟာ ဒီပွဲမှာ ပါဝင် ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ ဆိုးရှား ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုသွားခဲ့ပါပြီ။

လီဗာပူးဟာ ဒီရာသီ 8 ပွဲ ကစားအပြီးမှာ ပွဲစဉ်အားလုံးကို အနိုင်ရရှိထားပြီး ၊ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်မှာ မားမားမတ်မတ် ရပ်တည်လျှက် ရှိနေပါတယ်။ ဒါ့အပြင် ဒီပွဲကိုသာ ဆက်ပြီး အနိုင်ရမယ် ဆိုပါက သူတု့ိ အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး မှတ်တမ်းကြီး နှစ်ခုကို အမှီလိုက်သွားနိုင်မှာ ဖြစ်ပါတယ်။

ပထမ မှတ်တမ်းကတော့ ချဲဆီးအသင်း ရယူထားတဲ့ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး ရာသီ ကန့်လန့်ကာ အဖွင့်ကို တူညီသွားမယ့် မှတ်တမ်းမျိုးပါ။ နည်းပြ မော်ရင်ဟိုဟာ 2005-2006 ဘောလုံးရာသီက သူ့ရဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် ကြိုးစားလာခဲ့စဉ် ၊ ပထမဆုံး ရာသီ အဖွင့်ပွဲ 9 ပွဲ စလုံး အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ၊ ပွဲစဉ် 10 မှာတော့ အဲဗာတန် နဲ့ သရေ ကျကာ နိုင်ပွဲဆက် စံချိန် ရပ်တန့် သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးဟာ အိုးထရက်ဖို့မှာသာ ရပ်လာဒ်ကောင်း ရယူနိုင်မယ် ဆိုပါက အဲဒီ မှတ်တမ်း နဲ့ တူညီသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် မှတ်တမ်း တစ်ခုကတော့ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် မန်စီးတီး အသင်း တင်ရှိထားတဲ့ နိုင်ပွဲဆက် အများဆုံး စံချိန်ကို အမှီလိုက်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးဟာ စုစုပေါင်း နိုင်ပွဲ 17 ပွဲ အထိ ရရှိထားပြီးပြီ ဖြစ်ပြီး ၊ မန်စီးတီး ရဲ့ မှတ်တမ်း ကို အမှီလိုက်ဖို့ 1 ပွဲသာ လိုတော့သာ ဖြစ်ပါတယ်။

အနေအထားတွေ အရ လီဗာပူး အတွက် အခွင့်အရေးတွေ က အဲဒီလို ဖြစ်ပေါ်နေပေမယ့် ၊ သူတို့ နဲ့ ယူနိုက်တက် တို့ အကြား ထိပ်တိုက်တွေ့ဆုံမှု မှတ်တမ်းတွေမှာ စိုးရိမ်စရာတွေ ရှိနေခဲ့ပါတယ်။ ကလော့ပ်ဟာ အိုးထရက်ဖို့မှာ ယူနိုက်တက်ကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် 5 ပွဲမှာ တစ်ပွဲမှ နိုင်ပွဲ ရယူထားနိုင်ခြင်း မရှိသေးသလို ၊ လီဗာပူး တို့ နောက်ဆုံးအကြိမ် အနိုင်ရရှိခဲ့တာက 2014 ခုနှစ် က ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူး တိုက်စစ်ကို ဦးဆောင်လာမယ့် မိုဆာလတ် ကလဲ ယူနိုက်တက်ကို ရင်ဆိုင် ကစားခဲ့တဲ့ 4 ပွဲ မှာ တစ်ပွဲမှာ ဂိုးလဲ သွင်းယူနိုင်ခြင်း မရှိသလို ၊ ဂိုးဖန်တီးမှုလဲ ပြုလုပ်ထားနိုင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ ပရီးမီးယားလိဂ် မှာ ယှဉ်ပြိုင်နေတဲ့ အသင်းတိုင်းဘက်ကို သွင်းဂိုး သော်လည်းကောင်း ၊ ဂိုးဖန်တီးမှုသော်လည်းကောင်း ၊ ပြုလုပ်ထားနိုင်ခဲ့သည့်တိုင်အောင် ယူနိုက်တက် တစ်သင်းထဲကိုပဲ အဲဒီလို စွမ်းဆောင်ပြနိုင်ခြင်း မရှိတာပါ။

ဒါကြောင့် ကလော့ပ် နဲ့ ဆာလတ် ဟာ သူတို့ရဲ့ အစဉ်အလာ မကောင်းခဲ့တဲ့ မှတ်တမ်းတွေကို ချေဖျက်ပြမလား ၊ ယူနိုက်တက် ကပဲ အိုးထရက်ဖို့မှာ လီဗာပူး ရဲ့ နိုင်ပွဲကို ရပ်တန့်ပြမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါပြီ။

ဒီပွဲကိုတော့ ဒိုင်လူကြီး မာတင် အစ်ကင်ဆန် က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

SPORTS MYANMAR

Zawgyi

ယူနိုက္တက္ နဲ႔ ပြဲမွာ ပရီးမီးယားလိဂ္ သမိုင္းေၾကာင္းတစ္ေလၽွာက္ အေကာင္းဆုံး မွတ္တမ္း ႏွစ္ခုကို အမွီလိုက္ဖို႔ အခြင့္အေရး ရွိေနတဲ့ #လီဗာပူး

ပရိသတ္ေတြ ေစာင့္စား ေမၽွာ္လင့္ေနၾကတဲ့ ဥေရာပ က ထိပ္တန္း ေဘာလုံးလိဂ္ ၿပိဳင္ပြဲေတြဟာ ဒီတစ္ပတ္မွာေတာ့ ျပန္လည္ စတင္ယွဥ္ၿပိဳင္ေတာ့မွာ ျဖစ္ပါတယ္။ အဲဒီလို ျပန္လည္ စတင္လာျခင္းနဲ႔ ပရီးမီးယားလိဂ္ ရဲ့ မဟာၿပိဳင္ဘက္ႀကီး ႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံမွုကလဲ ေစာင့္ႀကိဳလို႔ေနပါတယ္။

အဲဒီပြဲစဥ္ကေတာ့ သမိုင္းနဲ႔ ခ်ီၿပီး ၿပိဳင္ဆိုင္မွု ျပင္းထန္ၾကတဲ့ လီဗာပူး နဲ႔ ယူနိုက္တက္ တို႔ ပြဲစဥ္ ျဖစ္ၿပီး ၊ အိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ ကစားသြားၾကမွာပါ။

လီဗာပူး အတြက္ သတင္းေကာင္း တစ္ခုက ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ ေနာက္တန္း ကစားသမား မာတစ္ဟာ ဒီပြဲမွာ ျပန္လည္ ပါဝင္လာနိုင္ေတာ့မွာ ျဖစ္သလို ၊ အဓိက ဂိုးသမားႀကီး အလီဆြန္ ကလဲ ျပန္လည္ စတင္ ကစားေပးလာဖြယ္ ရွိေနပါတယ္။ ယူနိုက္တက္ အတြက္ေတာ့ လီဗာပူး နဲ႔ ေျပာင္းျပန္ ျဖစ္ၿပီး ၊ အသင္းအတြက္ အားထားရတဲ့ ကစားသမားေတြ ျဖစ္တဲ့ ဒီဂီယာ နဲ႔ ေပါ့ဘာ တို႔ဟာ ဒီပြဲမွာ ပါဝင္ ကစားေပးနိုင္မွာ မဟုတ္ဘူးလို႔ နည္းၿပ ဆိုးရွား ကိုယ္တိုင္က ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါၿပီ။

လီဗာပူးဟာ ဒီရာသီ 8 ပြဲ ကစားအၿပီးမွာ ပြဲစဥ္အားလုံးကို အနိုင္ရရွိထားၿပီး ၊ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယားထိပ္မွာ မားမားမတ္မတ္ ရပ္တည္လၽွက္ ရွိေနပါတယ္။ ဒါ့အျပင္ ဒီပြဲကိုသာ ဆက္ၿပီး အနိုင္ရမယ္ ဆိုပါက သူတု႔ိ အေနနဲ႔ ပရီးမီးယားလိဂ္ သမိုင္းေၾကာင္း တစ္ေလၽွာက္ အေကာင္းဆုံး မွတ္တမ္းႀကီး ႏွစ္ခုကို အမွီလိုက္သြားနိုင္မွာ ျဖစ္ပါတယ္။

ပထမ မွတ္တမ္းကေတာ့ ခ်ဲဆီးအသင္း ရယူထားတဲ့ ပရီးမီးယားလိဂ္ သမိုင္းေၾကာင္း တစ္ေလၽွာက္ အေကာင္းဆုံး ရာသီ ကန႔္လန႔္ကာ အဖြင့္ကို တူညီသြားမယ့္ မွတ္တမ္းမ်ိဳးပါ။ နည္းၿပ ေမာ္ရင္ဟိုဟာ 2005-2006 ေဘာလုံးရာသီက သူ႔ရဲ့ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ အတြက္ ႀကိဳးစားလာခဲ့စဥ္ ၊ ပထမဆုံး ရာသီ အဖြင့္ပြဲ 9 ပြဲ စလုံး အနိုင္ရရွိခဲ့တာ ျဖစ္ၿပီး ၊ ပြဲစဥ္ 10 မွာေတာ့ အဲဗာတန္ နဲ႔ သေရ က်ကာ နိုင္ပြဲဆက္ စံခ်ိန္ ရပ္တန႔္ သြားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးဟာ အိုးထရက္ဖို႔မွာသာ ရပ္လာဒ္ေကာင္း ရယူနိုင္မယ္ ဆိုပါက အဲဒီ မွတ္တမ္း နဲ႔ တူညီသြားမွာ ျဖစ္ပါတယ္။

ေနာက္ထပ္ မွတ္တမ္း တစ္ခုကေတာ့ ပရီးမီးယားလိဂ္ သမိုင္းေၾကာင္း တစ္ေလၽွာက္ မန္စီးတီး အသင္း တင္ရွိထားတဲ့ နိုင္ပြဲဆက္ အမ်ားဆုံး စံခ်ိန္ကို အမွီလိုက္နိုင္မွာ ျဖစ္ပါတယ္။ လက္ရွိမွာ လီဗာပူးဟာ စုစုေပါင္း နိုင္ပြဲ 17 ပြဲ အထိ ရရွိထားၿပီးၿပီ ျဖစ္ၿပီး ၊ မန္စီးတီး ရဲ့ မွတ္တမ္း ကို အမွီလိုက္ဖို႔ 1 ပြဲသာ လိုေတာ့သာ ျဖစ္ပါတယ္။

အေနအထားေတြ အရ လီဗာပူး အတြက္ အခြင့္အေရးေတြ က အဲဒီလို ျဖစ္ေပၚေနေပမယ့္ ၊ သူတို႔ နဲ႔ ယူနိုက္တက္ တို႔ အၾကား ထိပ္တိုက္ေတြ႕ဆုံမွု မွတ္တမ္းေတြမွာ စိုးရိမ္စရာေတြ ရွိေနခဲ့ပါတယ္။ ကေလာ့ပ္ဟာ အိုးထရက္ဖို႔မွာ ယူနိုက္တက္ကို သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ 5 ပြဲမွာ တစ္ပြဲမွ နိုင္ပြဲ ရယူထားနိုင္ျခင္း မရွိေသးသလို ၊ လီဗာပူး တို႔ ေနာက္ဆုံးအႀကိမ္ အနိုင္ရရွိခဲ့တာက 2014 ခုႏွစ္ က ျဖစ္ပါတယ္။

ဒါ့အျပင္ လီဗာပူး တိုက္စစ္ကို ဦးေဆာင္လာမယ့္ မိုဆာလတ္ ကလဲ ယူနိုက္တက္ကို ရင္ဆိုင္ ကစားခဲ့တဲ့ 4 ပြဲ မွာ တစ္ပြဲမွာ ဂိုးလဲ သြင္းယူနိုင္ျခင္း မရွိသလို ၊ ဂိုးဖန္တီးမွုလဲ ျပဳလုပ္ထားနိုင္ျခင္း မရွိခဲ့ပါဘူး။ သူဟာ ပရီးမီးယားလိဂ္ မွာ ယွဥ္ၿပိဳင္ေနတဲ့ အသင္းတိုင္းဘက္ကို သြင္းဂိုး ေသာ္လည္းေကာင္း ၊ ဂိုးဖန္တီးမွုေသာ္လည္းေကာင္း ၊ ျပဳလုပ္ထားနိုင္ခဲ့သည့္တိုင္ေအာင္ ယူနိုက္တက္ တစ္သင္းထဲကိုပဲ အဲဒီလို စြမ္းေဆာင္ျပနိုင္ျခင္း မရွိတာပါ။

ဒါေၾကာင့္ ကေလာ့ပ္ နဲ႔ ဆာလတ္ ဟာ သူတို႔ရဲ့ အစဥ္အလာ မေကာင္းခဲ့တဲ့ မွတ္တမ္းေတြကို ေခ်ဖ်က္ျပမလား ၊ ယူနိုက္တက္ ကပဲ အိုးထရက္ဖို႔မွာ လီဗာပူး ရဲ့ နိုင္ပြဲကို ရပ္တန႔္ျပမလား ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းေနခဲ့ပါၿပီ။

ဒီပြဲကိုေတာ့ ဒိုင္လူႀကီး မာတင္ အစ္ကင္ဆန္ က တာဝန္ယူ ကိုင္တြယ္သြားမွာ ျဖစ္ပါတယ္။

SPORTS MYANMAR