ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ နောက်ပိုင်း ကောလဟလ သတင်း တွေ အရ ချယ်လ်ဆီး ကနေ ထွက်ခွာ ဖို့ သတင်း တွေ ပြေးနေခဲ့ပေမယ့် ယနေ့ ညနေ ကပဲ အသင်း နဲ့ အတူ နောက်ထပ် တနှစ် စာချုပ် သက်တမ်း ထပ်တိုး နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် မှာ အာဆင်နယ် အသင်း မှ ချယ်လ်ဆီး သို့ ပေါင် ၁၈ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး မနှစ်က အက်ဖ်အေ ဖလား အောင်မြင်မှု ရယူ နိုင်ခဲ့ရာမှာ အရေးပါ တဲ့ ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။ ယခုနှစ် ယူရိုပါလိဂ် မှာလည်း ဂျရူး ဟာ ချယ်လ်ဆီး အသင်း အတွက် သွင်းဂိုး ၁၀ ဂိုး သွင်းယူ ကာ ယူရိုပါလိဂ် ပြိုင်ပွဲ ရဲ့ ဂိုးအများဆုံး ကစားသမား စာရင်း ကို ဦးဆောင်လျက် ရှိနေပါတယ် ။

ဂျရူး ဟာ လက်ရှိ အချိန် အထိ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ ၆၂ ပွဲ ပါဝင် ကစား ပေးခဲ့ပြီး ၁၇ ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ လာမယ့် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထား ရတဲ့ ချယ်လ်ဆီး အတွက် အသင်း ရဲ့ ကစားသမား တွေကို တတ်နိုင် သလောက် ထိန်းထား နိုင်ဖို့က လူစာရင်း တောင့်တင်းဖို့ အတွက် အဓိက သော့ချက် ဖြစ်ပါတယ် ။

ဂျရူး ဟာ ချယ်လ်ဆီး အတွက် အလိုအပ်ဆုံး တိုက်စစ်မှူး မဟုတ်ရင်တောင် လိုအပ် တဲ့ အချိန် မှာ လိုသလို သုံးလို့ ရတဲ့ တိုက်စစ်မှူး ဆိုရင်လည်း မမှား နိုင်ပါဘူး ။ ဂျရူး ဟာ ယခင် ကတည်းက သူ့ကို ချိတ်ဆက် နေတဲ့ ကလပ် အသင်း တွေ ရှိခဲ့ကြောင်း ဆိုခဲ့ပေမယ့် သူဟာ လန်ဒန် မှာ ၊ ပရီးမီးယားလိဂ် မှာ ဆက်ကစားဖို့ အတွက် အဓိက ဦးတည် ထားကြောင်း ဆိုခဲ့တဲ့ အတိုင်း အခု အခါမှာ ချယ်လ်ဆီး အသင်း နဲ့ နောက်ထပ် တနှစ် စာချုပ် ထပ်ချုပ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။

စာချုပ်သစ် ချုပ်ဆို ခဲ့ပြီးနောက် ဂျရူး က ” နောက်ထပ် စာချုပ် သက်တမ်း တနှစ် ထပ်တိုး နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ပျော်ရွှင် မိပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး မှာ ၊ ပရီးမီးယားလိဂ် မှာ နောက်ထပ် တနှစ် ထပ်နေဖို့ အတွက် တကယ်ပဲ အလို ရှိနေခဲ့ မိပါတယ် ။ ကျွန်တော် ဟာ ဒီ အသင်း ရဲ့ တစိတ်တပိုင်း ဖြစ်နေပြီ လို့ ခံစား ရသလို ဒီကို ရောက်ရှိ လာကတည်းက မိသားစု လို ခံစား ရပါတယ် ။ နောက်ထပ် ဆုဖလား အောင်မြင်မှု တွေ ထပ်ရဖို့ လည်း မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား ကလည်း အခုလို ဂျရူး ကို စာချုပ် ထပ်တိုး နိုင်ခဲ့ခြင်း နဲ့ ပတ်သက်ပြီး ” အိုလီဗီယာ ဂျရူး ဟာ ချယ်လ်ဆီး အတွက် နောက်တနှစ် ထပ်ကစား ပေးတော့မှာ ဖြစ်လို့ ကျွန်မ တို့ အရမ်း ဝမ်းမြောက် မိပါတယ် ။ လွန်ခဲ့တဲ့ ၁၈ လက သူ ချယ်လ်ဆီး ကို ရောက်လာ ကတည်းက ပွဲထွက်ခွင့် ရဖို့ ပွဲကစားခွင့် ရဖို့ စိတ်ရှည်ရှည် နဲ့ စောင့်ဆိုင်း ခဲ့ပါတယ် ။ ”

” ဒါပေမယ့် သူဟာ အခု အချိန် ထိ ချယ်လ်ဆီး အတွက် ကြီးမား တဲ့ ပံ့ပိုးမှု တွေ ပြုလုပ် ပေးထား နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ တကိုယ်ကောင်း မဆန် တဲ့ ကစားဟန် တွေနဲ့ အတူ ဒီရာသီ မှာလည်း ယူရိုပါလိဂ် မှာ သွင်းဂိုး ၁၀ ဂိုး သွင်းပြီး အသင်း ကို ကူညီ ထားပေးပါပြီ ။ သူဟာ ကျွန်မ တို့ အသင်း ရဲ့ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ရပ်တည် နေခဲ့ပြီး ဘာကူမှာ ကစားမယ့် ယူရိုပါလိဂ် ဖလား ဖိုင်နယ် မှာ နောက်ထပ် ဆုဖလား တလုံး ၊ ဒုတိယမြောက် ဆုတံဆိပ် ထပ်ရဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR