အစ္စတန်ဘူလ် ဆိုတာ တူရကီ နိုင်ငံ ရဲ့ အထင် ကရ မြို့ကြီး တစ်မြို့ ဖြစ် ပါတယ် ။ လီဗာပူး ပရိသတ် တွေ ကတော့ ၂၀၀၅ ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် ကြောင့် အစ္စတန်ဘူလ် ကို မေ့နိုင် မှာ မဟုတ်ပါဘူး ။ အရှေ့ အလယ်ပိုင်း နဲ့ နီးကပ် တဲ့ ဒီမြို့ ကြီး ဟာ ၂၀၂၀ ခုနှစ် ချန်ပီယံ လိဂ် ဖိုင်နယ် ကို လည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ဖို့ ပြင်ဆင် ထားခဲ့ ပါတယ် ။ ဒါပေမယ့် အခု အချိန် မှာတော့ ဒီ အခွင့် အရေး ကို ဆုံးရှုံး ရတော့ မှာပါ ။

အစ္စတန်ဘူ မြို့ ထဲ မှာ ရှိတဲ့ ဘာဆက်ဆီဟာ အသင်းပိုင် အိုလံပစ် အားကစား ကွင်းမှာ ပြုလုပ် မယ့် ၂၀၂၀ ချန်ပီယံ လိဂ် ဗိုလ်လုပွဲ ကို ကွင်းပြောင်း ကစား ဖို့ UEFA က စဉ်းစား နေပြီ လို့ သိရ ပါတယ် ။ အကြောင်း အရင်း ကတော့ ဆရီးယား နယ်စပ် မှာ ရှိတဲ့ ကာဒ့် ပြောက်ကျား ( Kurds ) တွေ နဲ့ တူရကီ စစ်တပ် တို့ ရဲ့ တိုက်ပွဲ ဖြစ်ပေါ် နိုင်မှု တွေ ကြောင့် လို့ သိရ ပါတယ် ။

ဒါကြောင့် အစ္စတန်ဘူလ် မှာ ကစားမယ့် ဖိုင်နယ် ပွဲ ကို ကွင်း ပြောင်းလဲ ကစားဖို့ စဉ်းစား နေကြောင်း UEFA ဒု ဥက္ကဌ မစ်ချယ် အူဘာ က အတည်ပြု ပြောဆို သွားခဲ့ပြီး အီတလီ ကွင်း တွေ က ထပ်ဆုံး ကနေ ရေပန်း စား နေခဲ့ တယ်လို့ သိရ ပါတယ် ။

UEFA ဟာ သူတို့ရဲ့ ပြိုင်ပွဲ တွေ ကို နိုင်ငံရေး ၊ စီးပွားရေး နဲ့ အခြား ကိစ္စတွေ ပတ်သတ် ဆက်နွယ်ခြင်း မရှိရ အောင် ကြပ်မတ် လုပ်ဆောင် နေပြီး တူရကီ နိုင်ငံ အတွင်းက ကိစ္စ ရပ်တွေ ဟာ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကို ထိခိုက် လာမှာ ကို မလိုလား ကြဘူး လို့ သိရ ပါတယ် ။

တူရကီ အသင်း ဟာ ပြီးခဲ့တဲ့ တနင်္လာ နေ့ က ပြင်သစ် အသင်း နဲ့ ယူရို ခြေစစ်ပွဲ ကို ယှဉ်ပြိုင် ကစား ခဲ့ပြီး ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ချေပဂိုး ရရှိ အပြီး မှာ ပရိသတ်တွေ ဘက်ကို တန်းစီပြီး စစ်တပ် အလေးပြုဟန် နဲ့ အောင်ပွဲ ခံသွား ခဲ့ကြ ပါတယ် ။

ပြီးခဲ့တဲ့ အပတ် သောကြာနေ့ ကလည်း အယ်ဘေးနီးယား ကို ၁ – ၀ နဲ့ အနိုင် ရရှိတဲ့ ပွဲမှာ တူရကီ ကစား သမားတွေ ဟာ ဒီလို အလေးပြုမှု ပုံစံ နဲ့ အောင်ပွဲခံ ခဲ့တဲ့ အတွက် UEFA က စုံစမ်း စစ်ဆေး နေစဉ် မှာ ထပ်မံ ပြုလုပ် ခဲ့တာပဲ ဖြစ် ပါတယ် ။ ဒါဟာ ဆရီးယား မြောက်ပိုင်း က တူရကီ စစ်တပ် ရဲ့ ထိုးစစ်တွေ အောင်ပွဲဆင်မှု ကို ရည်ညွှန်းတာ ဖြစ်တယ် ဆိုတဲ့ ပြောဆို မှု တွေ လည်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဒါကြောင့် အီတလီ အားကစားဝန်ကြီး ဟာ UEFA ဥက္ကဌ ဆီဖာရင် ထံ စာရေးသား ပေးပိုု့ ခဲ့ပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ကို တူရကီ မှာ ကျင်းပဖို့ ကိစ္စ အတွက် ပြန်လည် သုံးသပ် သင့်ကြောင်း အကြံပြု ခဲ့ ပါတယ် ။ ၂၀၂၀ ချန်ပီယံ လိဂ် ဖို်င်နယ် ကို မေလ ၃၀ ရက်နေ့ မှာ ယှဉ်ပြိုင် ကစားဖို့ အစီအစဉ် ရေးဆွဲ ထားပြီး ကွင်း ရွှေ့ပြောင်းဖြစ် မဖြစ် ကိုတော့ ဆောင်းရာသီ ပိတ်ရက် မတိုင်ခင် ဆုံးဖြတ် ဖို့ ရှိတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR

Zawgyi

ချန်ပီယံလိဂ် ဖိုင်နယ် အိမ်ရှင် အဖြစ် ကနေ ရုတ်သိမ်းခံရတော့မယ့် အစ္စတန်ဘူလ်

========================================







ဒါကြောင့် အီတလီ အားကစားဝန်ကြီး ဟာ UEFA ဥက္ကဌ ဆီဖာရင် ထံ စာရေးသား ပေးပို့ ခဲ့ပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ကို တူရကီ မှာ ကျင်းပဖို့ ကိစ္စ အတွက် ပြန်လည် သုံးသပ် သင့်ကြောင်း အကြံပြု ခဲ့ ပါတယ် ။ ၂၀၂၀ ချန်ပီယံ လိဂ် ဖိုင်နယ် ကို မေလ ၃၀ ရက်နေ့ မှာ ယှဉ်ပြိုင် ကစားဖို့ အစီအစဉ် ရေးဆွဲ ထားပြီး ကွင်း ရွှေ့ပြောင်းဖြစ် မဖြစ် ကိုတော့ ဆောင်းရာသီ ပိတ်ရက် မတိုင်ခင် ဆုံးဖြတ် ဖို့ ရှိတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR