David luiz

အာဆင်နယ် အသင်းရဲ့ ဘရာဇီး နောက်ခံလူ ဒေးဗစ်လူးဝဇ် က သူ့ရဲ့ စံပြ ကစားသမား နဲ့ မက်ဆီ ရဲ့စံပြ ကစားသမားဟာ ထပ်တူကျကြောင်း ရဝမ်ဒမ် မှာ ပြုလုပ်ခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေ နဲ့ အမေး ၊ အဖြေ ကဏ္ဏမှာ ဖြေကြား ခဲ့ပါတယ် ။

ဒေးဗစ် လူးဝဇ် က သူ နဲ့ တွဲကစားဖူးသမျှ အသင်းဖော်တွေထဲမှာ အကောင်းဆုံး နဲ့ သူ လေးစား အားကျရတဲ့ ကစားသမား ဟာ အာဂျင်တီးနား နဲ့ ဘင်ဖီကာ ကွင်းလယ်လူဟောင်း ပါဘလို အိုင်းမား ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ဒေးဗစ်လူးဝဇ် နဲ့ ပါဘလို အိုင်းမား တို့ဟာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းမှာ သုံးနှစ်ကြာ တွဲကစားခဲ့ဖူးကြတဲ့ အသင်းဖော်ဟောင်း တွေလည်း ဖြစ်ပါတယ် ။ လူးဝဇ် က အိုင်မား ဟာ သူ့ရဲ့ စံပြ ကစားသမား ဖြစ်သလို လီယွန်နယ် မက်ဆီ ရဲ့စံပြ ကစားသမားလည်း ဖြစ်ကြောင်း ဆိုပါတယ် ။

” ကစားသမား ဘဝ တစ်လျှောက် ကျနော့်ကို အကူအညီ ပေးကြတဲ့သူတွေကတော့ အများကြီးပါပဲ ၊ ဒါပေမယ့် ကျနော် လုံးဝ အမြဲတမ်း အမှတ် ရနေမယ့် သူကတော့ ပါဘလို အိုင်းမား ပါ ၊ ကျနော်တို့ လို လူငယ် ကစားသမားတွေကော အတွေ့အကြုံ ရှိတဲ့သူတွေကောကို သင်ကြား​ပြသဖို့ အမြဲ တံခါးဖွင့်ထားသူပါ ။ ”

” တစ်နေ့တော့ ပါဘလို က ကျနော့် အခန်းထဲ လာပြီး ခံစစ်ကနေ တိုက်စစ်ကို ဘောလုံး ရောက်ရင် ပေးပို့ ရမလဲ ဆိုတာ သေချာ သင်ကြား ပြသ ပေးပါတယ် ၊ နေရာလွှတ်တွေ ဘယ်လို ရှာဖွေ ဖန်တီး ပေးရမလဲ ၊ပြိုင်ဘက် အသင်းရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဘယ်လို ဟန့်တား ရမလဲ ဆိုတာက အစ သင်ပေးပါတယ် ။ ”

” အရင်တုန်းက အဲ့လို အကြံဉာဏ် ပေးတာမျိုး ဘယ်သူ့ဆီကမှ မရခဲ့ဖူးပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။ ဆက်လက်ပြီး လူးဝဇ် က အိုင်မား ဟာ သူ့ရဲ့ စံပြ ကစားသမား ဖြစ်သလို လီယွန်နယ် မက်ဆီ ရဲ့စံပြ ကစားသမားလည်း ဖြစ်ကြောင်း ဆိုပါတယ် ။

” အိုင်မား က ကျနော် တွဲကစားဖူးသမျှ အသင်းဖော်တွေထဲမှာ အကောင်းဆုံး ကစားသမား ပါပဲ ။ သူက မက်ဆီ ရဲ့ စံပြ ကစားသမားလည်း ဖြစ်သလို ကျနော့်ရဲ့ စံပြ ကစားသမားဆိုလည်း မှန်ပါတယ် ၊ သူ့ဆီကနေ ပညာတွေ အများကြီး ရခဲ့သလို သူကလည်း ကျနော့်ကို အများကြီး သင်ကြား ပြသ ပေးခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗလန်စီယာ နဲ့ ဘင်ဖီကာ ကွင်းလယ် တိုက်စစ် ကစားသမား ပါဘလို အိုင်းမား ဟာ ဘောလုံး ကစားခြင်းကနေ အနားယူသွားပြီ ဖြစ်ပြီး ယခု လက်ရှိ အချိန်မှာ အာဂျင်တီးနား ယူ-၁၇ နည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက် နေပါတယ် ။

SPORTS MYANMAR

Zawgyi

မက္ဆီ ရဲ့စံၿပ ကစားသမား နဲ႔ သူ႔ရဲ့ စံၿပ ကစားသမားခ်င္း ထပ္တူက်ေၾကာင္း ဖြင့္ဟ ေျပာၾကားလိုက္တဲ့ ေဒးဗစ္လူးဝဇ္
==================================

အာဆင္နယ္ အသင္းရဲ့ ဘရာဇီး ေနာက္ခံလူ ေဒးဗစ္လူးဝဇ္ က သူ႔ရဲ့ စံၿပ ကစားသမား နဲ႔ မက္ဆီ ရဲ့စံၿပ ကစားသမားဟာ ထပ္တူက်ေၾကာင္း ရဝမ္ဒမ္ မွာ ျပဳလုပ္ခဲ့တဲ့ အာဆင္နယ္ ပရိသတ္ေတြ နဲ႔ အေမး ၊ အေၿဖ ကဏၰမွာ ေျဖၾကား ခဲ့ပါတယ္ ။

ေဒးဗစ္ လူးဝဇ္ က သူ နဲ႔ တြဲကစားဖူးသမၽွ အသင္းေဖာ္ေတြထဲမွာ အေကာင္းဆုံး နဲ႔ သူ ေလးစား အားက်ရတဲ့ ကစားသမား ဟာ အာဂ်င္တီးနား နဲ႔ ဘင္ဖီကာ ကြင္းလယ္လူေဟာင္း ပါဘလို အိုင္းမား ျဖစ္တယ္လို႔ ဖြင့္ဟ ေျပာၾကား လိုက္ပါတယ္ ။

ေဒးဗစ္လူးဝဇ္ နဲ႔ ပါဘလို အိုင္းမား တို႔ဟာ ေပၚတူဂီ ကလပ္ ဘင္ဖီကာ အသင္းမွာ သုံးႏွစ္ၾကာ တြဲကစားခဲ့ဖူးၾကတဲ့ အသင္းေဖာ္ေဟာင္း ေတြလည္း ျဖစ္ပါတယ္ ။ လူးဝဇ္ က အိုင္မား ဟာ သူ႔ရဲ့ စံၿပ ကစားသမား ျဖစ္သလို လီယြန္နယ္ မက္ဆီ ရဲ့စံၿပ ကစားသမားလည္း ျဖစ္ေၾကာင္း ဆိုပါတယ္ ။

” ကစားသမား ဘဝ တစ္ေလၽွာက္ က်ေနာ့္ကို အကူအညီ ေပးၾကတဲ့သူေတြကေတာ့ အမ်ားႀကီးပါပဲ ၊ ဒါေပမယ့္ က်ေနာ္ လုံးဝ အျမဲတမ္း အမွတ္ ရေနမယ့္ သူကေတာ့ ပါဘလို အိုင္းမား ပါ ၊ က်ေနာ္တို႔ လို လူငယ္ ကစားသမားေတြေကာ အေတြ႕အၾကဳံ ရွိတဲ့သူေတြေကာကို သင္ၾကား​ျပသဖို႔ အျမဲ တံခါးဖြင့္ထားသူပါ ။ ”

” တစ္ေန႔ေတာ့ ပါဘလို က က်ေနာ့္ အခန္းထဲ လာၿပီး ခံစစ္ကေန တိုက္စစ္ကို ေဘာလုံး ေရာက္ရင္ ေပးပို႔ ရမလဲ ဆိုတာ ေသခ်ာ သင္ၾကား ျပသ ေပးပါတယ္ ၊ ေနရာလႊတ္ေတြ ဘယ္လို ရွာေဖြ ဖန္တီး ေပးရမလဲ ၊ၿပိဳင္ဘက္ အသင္းရဲ့ တိုက္စစ္ လမ္းေၾကာင္းေတြကို ဘယ္လို ဟန႔္တား ရမလဲ ဆိုတာက အစ သင္ေပးပါတယ္ ။ ”

” အရင္တုန္းက အဲ့လို အႀကံဉာဏ္ ေပးတာမ်ိဳး ဘယ္သူ႔ဆီကမွ မရခဲ့ဖူးပါဘူး ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။ ဆက္လက္ၿပီး လူးဝဇ္ က အိုင္မား ဟာ သူ႔ရဲ့ စံၿပ ကစားသမား ျဖစ္သလို လီယြန္နယ္ မက္ဆီ ရဲ့စံၿပ ကစားသမားလည္း ျဖစ္ေၾကာင္း ဆိုပါတယ္ ။

” အိုင္မား က က်ေနာ္ တြဲကစားဖူးသမၽွ အသင္းေဖာ္ေတြထဲမွာ အေကာင္းဆုံး ကစားသမား ပါပဲ ။ သူက မက္ဆီ ရဲ့ စံၿပ ကစားသမားလည္း ျဖစ္သလို က်ေနာ့္ရဲ့ စံၿပ ကစားသမားဆိုလည္း မွန္ပါတယ္ ၊ သူ႔ဆီကေန ပညာေတြ အမ်ားႀကီး ရခဲ့သလို သူကလည္း က်ေနာ့္ကို အမ်ားႀကီး သင္ၾကား ျပသ ေပးခဲ့ပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

အသက္ ၃၉ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ဗလန္စီယာ နဲ႔ ဘင္ဖီကာ ကြင္းလယ္ တိုက္စစ္ ကစားသမား ပါဘလို အိုင္းမား ဟာ ေဘာလုံး ကစားျခင္းကေန အနားယူသြားၿပီ ျဖစ္ၿပီး ယခု လက္ရွိ အခ်ိန္မွာ အာဂ်င္တီးနား ယူ-၁၇ နည္းၿပ အျဖစ္ တာဝန္ယူ ေဆာင္ရြက္ ေနပါတယ္ ။

SPORTS MYANMAR