Odoi

ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် လူငယ် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ နောက်ဆုံး ကစား သွားခဲ့တဲ့ ယူ ၂၁ ဥရောပ ချန်ပီယံရှစ် ခြေစစ် ပွဲစဉ် တပွဲ ဖြစ်တဲ့ အင်္ဂလန် ယူ ၂၁ အသင်း က သြစတြီးယား ယူ ၂၁ အသင်း ကို ၅ – ၁ နဲ့ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲစဉ် မှာ ကိုယ်တိုင် သွင်းဂိုး ၂ဂိုး ရယူပြီး ခြေစွမ်း ပြနိုင် ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ကာလရှည် အနားယူ နေခဲ့ရပြီးမှ ပြီးခဲ့တဲ့ ဘရိုက်တန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ အိုဒွိုင်း တယောက် ချယ်လ်ဆီး အတွက် ပြန်လည် ကစား ပေးနိုင် ခဲ့ပြီး ကလပ် အတွက် နောက်ဆုံး ကစား ပေးခဲ့တဲ့ ၃ပွဲဆက် ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့ပါတယ် ။

ဆောက်သမ်တန် နဲ့ ပွဲမှာ အိုဒွိုင်း ဟာ ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး သွင်းဂိုး ရဖို့ နီးစပ် ခဲ့ပါတယ် ။ အင်္ဂလန် ယူ ၂၁ အသင်း အတွက် နောက်ထပ် သွင်းဂိုး ၂ဂိုး ရယူ ပေးခဲ့ပြီးနောက် အိုဒွိုင်း က သူ့ အနေနဲ့ အခုထက် ခြေစွမ်း တိုးတက်အောင် ကြိုးစား သွားချင်သလို ၊ ချယ်လ်ဆီး အသင်း အတွက် ရနိုင်သလောက် သွင်းဂိုး တွေ စတင် သွင်းပေး သွားချင်ကြောင်း ဆိုခဲ့ပါတယ် ။

အိုဒွိုင်း က ” ကျွန်တော် ဟာ အခု ထက် ပိုပြီး တိိုးတက် လာနိုင်တယ် ဆိုတာ မုချ ယုံကြည်ပါတယ် ။ ကျွန်တော် ဟာ ပြီးပြည့်စုံ တဲ့ ကစားသမား တယောက် မဟုတ်သေးပါဘူး ။ ဘယ် ကစားသမား မှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး ။ ကစားခွင့် ရတဲ့ အခါတိုင်းမှာ ကျွန်တော် အကောင်းဆုံး ကြိုးစား သွားမှာ ဖြစ်သလို ၊ ခြေစွမ်းပိုင်း ဆက်လက် တိုးတက်လာဖို့ အတတ်နိုင်ဆုံး လုပ်ဆောင် သွားမှာပါ ။ ”

” ကျွန်တော် ကိုယ့်ကိုယ်ကို အမြဲ ပြောလေ့ ရှိတာက အမြတမ်း အလုပ် ကြိုးစားဖို့ပါပဲ ။ ဒီတော့မှာ ကိုယ့်အတွက် အခွင့်အရေး တွေ ရလာမှာ ဖြစ်ပါတယ် ။ ဒီနေ့ ပွဲမှာ ကျွန်တော် ဂိုးရခဲ့လို့ အရမ်း ဝမ်းသာ အားရမိပါတယ် ။ ကျွန်တော် ဟာ သွင်းဂိုး တွေ ၊ ဂိုးဖန်တီးမှု တွေကို အသင်း အတွက် အမြဲ ပြုလုပ် ပေးသွားချင်ပါတယ် ။ ဒီနေ့ ပွဲစဉ် က အဆုံးသတ်ပိုင်း ကောင်းမွန်မှု တွေ အတွက် အရမ်း ပျော်ရွှင် နေပါတယ် ။ ”

” လာမယ့် ပွဲစဉ် တွေမှာ အခွင့်အရေး ရရင် ဒီထက် ပိုပြီး သေသပ် သေချာတဲ့ အဆုံးသတ် တွေကို ရယူ နိုင်ဖို့ ကြိုးစား သွားမှာပါ ။ ကျွန်တော် ဟာ တကိုယ်တော် ထိုးဖောက်မှု ကနေ တဆင့် သွင်းဂိုး တချို့ ရခဲ့ဖူးပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲက လိုတော့ တခါမှ မလုပ်ခဲ့ဖူးပါဘူး ။ ဒီလို သွင်းဂိုးမျိုး ရခဲ့လို့ ကျွန်တော် ကျေနပ် ဝမ်းသာ မိပါတယ် ။ နောက်ပိုင်း လည်း ဒီလို သွင်းဂိုး တွေ ဆက်တိုက် ရရှိလာဖို့ မျှော်လင့် ထားပါတယ် ။ ”

” အခုတော့ ကျွန်တော် ချယ်လ်ဆီး အသင်း ကို ပြန်ပြီး လာမယ့် စနေနေ့ မှာ ကစားမယ့် ပွဲစဉ် မှာ ၃မှတ် ရယူနိုင်ဖို့ ကြိုးစား သွားမှာပါ ။ ဒဏ်ရာ ကနေ ပထမဆုံး ပြန်လာနိုင်ခဲ့တဲ့ အခိုက်အတန့် တုန်းက ကိုယ့်ရဲ့ ကြံ့ခိုင်မှု အခြေအနေ မြန်နိုင်သမျှ မြန်မြန် တိုးတက် လာဖို့ပဲ မျှော်လင့် ခဲ့ပါတယ် ။ အဲ့ဒီ နောက် ကျွန်တော့ ရဲ့ အလိမ်အခေါက် စွမ်းရည် ၊ ကွင်းတွင်း ခြေစွမ်း တဖြည်းဖြည်း တိုးတက် လာဖို့ ကြိုးစား ခဲ့ပါတယ် ။ ”

” အခုတော့ ကျွန်တော် ဟာ ဘောလုံး ပြန်ကစား ရတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိနေပြီ လို့ ခံစား နေရပါတယ် ။ ပွဲကစားခွင့် တွေ ပိုရလာလေလေ ၊ ကျွန်တော့ ရဲ့ စွမ်းဆောင်ရည် တွေ ပိုပြီး ထက်မြက် လာလေလေ ဖြစ်လာဖို့ ယုံကြည် ထားပါတယ် ။ အခု အချိန် ကာလ ဟာ ကျွန်တော့ အတွက် ရာသီကြို ကာလ တခု ကို စတင်နေတယ် လို့ မယူဆ ထားပါဘူး ။ ”

” ဒဏ်ရာ က ပြန်သက်သာ လာတုန်းက လေ့ကျင့်တဲ့ အချိန် ကိုပဲ ကျွန်တော့ ရဲ့ ရာသီကြို ကာလ လို့ သတ်မှတ် ခဲ့ပါတယ် ။ အခုတော့ ကျွန်တော် ဟာ ၂ခုလုံး ကို တပြိုင်နက် လုပ်နိုင်ပါပြီ ။ ဘောလုံး ကစားတာရော ၊ ကြံ့ခိုင်မှု အတွက် လေ့ကျင့်တာရောပေါ့ ။ အရာရာ လည်း အားလုံး အဆင်ပြန်ပြေ နေပြီ ဖြစ်တာကြောင့် အရင် ကထက် ပိုပြီး ကြံ့ခိုင် လာဖို့ ၊ ခြေစွမ်း ပိုကောင်း လာဖို့ပဲ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အဂၤလန္ ယူ ၂၁ အသင္း နဲ႕ ဂိုးျမဴး ခဲ့ျပီးေနာက္ ခ်ယ္လ္ဆီး အသင္း အတြက္ ဂိုးေတြ ဆက္တိုက္ ရရွိေအာင္ ၾကိဳးစားသြားမယ္ လို႕ ၾကံဳးဝါး ေျပာဆိုခဲ့တဲ့ #အိုဒိြဳင္း

ခ်ယ္လ္ဆီး အသင္း ရဲ႕ ဆယ္ေက်ာ္သက္ လူငယ္ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ဟာ ေနာက္ဆံုး ကစား သြားခဲ့တဲ့ ယူ ၂၁ ဥေရာပ ခ်န္ပီယံရွစ္ ေျခစစ္ ပြဲစဥ္ တပြဲ ျဖစ္တဲ့ အဂၤလန္ ယူ ၂၁ အသင္း က ၾသစၾတီးယား ယူ ၂၁ အသင္း ကို ၅ – ၁ နဲ႕ ဂိုးျပတ္ အႏိုင္ ရခဲ့တဲ့ ပြဲစဥ္ မွာ ကိုယ္တိုင္ သြင္းဂိုး ၂ဂိုး ရယူျပီး ေျခစြမ္း ျပႏိုင္ ခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ ေဘာလံုး ရာသီ က ျပင္းထန္တ့ဲ ေျခက်င္းဝတ္ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူ ေနခဲ့ရျပီးမွ ျပီးခဲ့တဲ့ ဘရိုက္တန္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ အိုဒိြဳင္း တေယာက္ ခ်ယ္လ္ဆီး အတြက္ ျပန္လည္ ကစား ေပးႏိုင္ ခဲ့ျပီး ကလပ္ အတြက္ ေနာက္ဆံုး ကစား ေပးခဲ့တဲ့ ၃ပြဲဆက္ ဂိုးဖန္တီးမႈ ျပဳလုပ္ ႏိုင္ခဲ့ပါတယ္ ။

ေဆာက္သမ္တန္ နဲ႕ ပြဲမွာ အိုဒိြဳင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး သြင္းဂိုး ရဖို႕ နီးစပ္ ခဲ့ပါတယ္ ။ အဂၤလန္ ယူ ၂၁ အသင္း အတြက္ ေနာက္ထပ္ သြင္းဂိုး ၂ဂိုး ရယူ ေပးခဲ့ျပီးေနာက္ အိုဒိြဳင္း က သူ႕ အေနနဲ႕ အခုထက္ ေျခစြမ္း တိုးတက္ေအာင္ ၾကိဳးစား သြားခ်င္သလို ၊ ခ်ယ္လ္ဆီး အသင္း အတြက္ ရႏိုင္သေလာက္ သြင္းဂိုး ေတြ စတင္ သြင္းေပး သြားခ်င္ေၾကာင္း ဆိုခဲ့ပါတယ္ ။

အိုဒိြဳင္း က ” ကြ်န္ေတာ္ ဟာ အခု ထက္ ပိုျပီး တိိုးတက္ လာႏိုင္တယ္ ဆိုတာ မုခ် ယံုၾကည္ပါတယ္ ။ ကြ်န္ေတာ္ ဟာ ျပီးျပည့္စံု တဲ့ ကစားသမား တေယာက္ မဟုတ္ေသးပါဘူး ။ ဘယ္ ကစားသမား မွ ျပီးျပည့္စံုတယ္ ဆိုတာ မရွိပါဘူး ။ ကစားခြင့္ ရတဲ့ အခါတိုင္းမွာ ကြ်န္ေတာ္ အေကာင္းဆံုး ၾကိဳးစား သြားမွာ ျဖစ္သလို ၊ ေျခစြမ္းပိုင္း ဆက္လက္ တိုးတက္လာဖို႕ အတတ္ႏိုင္ဆံုး လုပ္ေဆာင္ သြားမွာပါ ။ ”

” ကြ်န္ေတာ္ ကိုယ့္ကိုယ္ကို အျမဲ ေျပာေလ့ ရွိတာက အျမတမ္း အလုပ္ ၾကိဳးစားဖို႕ပါပဲ ။ ဒီေတာ့မွာ ကိုယ့္အတြက္ အခြင့္အေရး ေတြ ရလာမွာ ျဖစ္ပါတယ္ ။ ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ ဂိုးရခဲ့လို႕ အရမ္း ဝမ္းသာ အားရမိပါတယ္ ။ ကြ်န္ေတာ္ ဟာ သြင္းဂိုး ေတြ ၊ ဂိုးဖန္တီးမႈ ေတြကို အသင္း အတြက္ အျမဲ ျပဳလုပ္ ေပးသြားခ်င္ပါတယ္ ။ ဒီေန႕ ပြဲစဥ္ က အဆံုးသတ္ပိုင္း ေကာင္းမြန္မႈ ေတြ အတြက္ အရမ္း ေပ်ာ္ရႊင္ ေနပါတယ္ ။ ”

” လာမယ့္ ပြဲစဥ္ ေတြမွာ အခြင့္အေရး ရရင္ ဒီထက္ ပိုျပီး ေသသပ္ ေသခ်ာတဲ့ အဆံုးသတ္ ေတြကို ရယူ ႏိုင္ဖို႕ ၾကိဳးစား သြားမွာပါ ။ ကြ်န္ေတာ္ ဟာ တကိုယ္ေတာ္ ထိုးေဖာက္မႈ ကေန တဆင့္ သြင္းဂိုး တခ်ိဳ႕ ရခဲ့ဖူးပါတယ္ ။ ဒါေပမယ့္ ဒီေန႕ ပြဲက လိုေတာ့ တခါမွ မလုပ္ခဲ့ဖူးပါဘူး ။ ဒီလို သြင္းဂိုးမ်ိဳး ရခဲ့လို႕ ကြ်န္ေတာ္ ေက်နပ္ ဝမ္းသာ မိပါတယ္ ။ ေနာက္ပိုင္း လည္း ဒီလို သြင္းဂိုး ေတြ ဆက္တိုက္ ရရွိလာဖို႕ ေမွ်ာ္လင့္ ထားပါတယ္ ။ ”

” အခုေတာ့ ကြ်န္ေတာ္ ခ်ယ္လ္ဆီး အသင္း ကို ျပန္ျပီး လာမယ့္ စေနေန႕ မွာ ကစားမယ့္ ပြဲစဥ္ မွာ ၃မွတ္ ရယူႏိုင္ဖို႕ ၾကိဳးစား သြားမွာပါ ။ ဒဏ္ရာ ကေန ပထမဆံုး ျပန္လာႏိုင္ခဲ့တဲ့ အခိုက္အတန္႕ တုန္းက ကိုယ့္ရဲ႕ ၾကံ့ခိုင္မႈ အေျခအေန ျမန္ႏိုင္သမွ် ျမန္ျမန္ တိုးတက္ လာဖို႕ပဲ ေမွ်ာ္လင့္ ခဲ့ပါတယ္ ။ အဲ့ဒီ ေနာက္ ကြ်န္ေတာ့ ရဲ႕ အလိမ္အေခါက္ စြမ္းရည္ ၊ ကြင္းတြင္း ေျခစြမ္း တျဖည္းျဖည္း တိုးတက္ လာဖို႕ ၾကိဳးစား ခဲ့ပါတယ္ ။ ”

” အခုေတာ့ ကြ်န္ေတာ္ ဟာ ေဘာလံုး ျပန္ကစား ရတာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ အျပည့္အဝ ရွိေနျပီ လို႕ ခံစား ေနရပါတယ္ ။ ပြဲကစားခြင့္ ေတြ ပိုရလာေလေလ ၊ ကြ်န္ေတာ့ ရဲ႕ စြမ္းေဆာင္ရည္ ေတြ ပိုျပီး ထက္ျမက္ လာေလေလ ျဖစ္လာဖို႕ ယံုၾကည္ ထားပါတယ္ ။ အခု အခ်ိန္ ကာလ ဟာ ကြ်န္ေတာ့ အတြက္ ရာသီၾကိဳ ကာလ တခု ကို စတင္ေနတယ္ လို႕ မယူဆ ထားပါဘူး ။ ”

” ဒဏ္ရာ က ျပန္သက္သာ လာတုန္းက ေလ့က်င့္တဲ့ အခ်ိန္ ကိုပဲ ကြ်န္ေတာ့ ရဲ႕ ရာသီၾကိဳ ကာလ လို႕ သတ္မွတ္ ခဲ့ပါတယ္ ။ အခုေတာ့ ကြ်န္ေတာ္ ဟာ ၂ခုလံုး ကို တျပိဳင္နက္ လုပ္ႏိုင္ပါျပီ ။ ေဘာလံုး ကစားတာေရာ ၊ ၾကံ့ခိုင္မႈ အတြက္ ေလ့က်င့္တာေရာေပါ့ ။ အရာရာ လည္း အားလံုး အဆင္ျပန္ေျပ ေနျပီ ျဖစ္တာေၾကာင့္ အရင္ ကထက္ ပိုျပီး ၾကံ့ခိုင္ လာဖို႕ ၊ ေျခစြမ္း ပိုေကာင္း လာဖို႕ပဲ ေမွ်ာ္လင့္ ထားပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR