Robertson

နိုင်ငံတကာ ပွဲစဉ်တွေကြောင့် ရပ်နားထားခဲ့တဲ့ ဥရောပထိပ်တန်း လိဂ်တွေရဲ့ပွဲတွေကို ယခုအပတ်အတွင်း ပြန်လည်ကစားသွားဖို့ရှိနေတာ ဖြစ်ပါတယ်။အင်္ဂလန် ပရီးမီးယားလိဂ်ပရိသတ်တွေ အတွက်တော့ ယူနိုက်တက် နဲ့ လီဗာပူး တို့ရဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်က စောင့်ကြိုုနေပါတယ်။

နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းဟာပြီးခဲ့တဲ့ရာသီမှာမန်စီးတီးအသင်းရဲ့ အောက် တမှတ်အကွာ ဒုတိယနေရာသာရထားခဲ့မှုကို ချေဖြတ်နိုင်ဖို့ဒီရာသီမှာ အတော်လေးကြိုးစားနေပြီး ၈ပွဲကစား ၈ပွဲအနိုင်နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေပါတယ်။ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းကတော့ ၈ပွဲကစား၉မှတ်သာရရှိထားသေးတာဖြစ်ပါတယ်။

လတ်တလော အနေအထားတွေအရ လီဗာပူး အသင်းက အပြတ်အသာရနေပေမယ့် အခုပွဲစဉ်ကို အိုးထရက်ဖို့ဒ်မှာကစားသွားရမှာဖြစ်ပါတယ်။လီဗာပူး အသင်းဟာ အဆိုပါကွင်းကြီးမှာကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်၅ပွဲဆက် နိုင်ပွဲပျောက်ထားပြီး သရေရလဒ်သာအမြင့်ဆုံးရထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ခံစစ်အစွန်ကစားသမား ရော်ဘတ်ဆန်က သတိထားကစားသွားဖို့ လီဗာပူးအသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။အင်တာဗျူးတခုမှာ ရော်ဘတ်ဆန်က –

” ဒီပွဲစဉ်ကို စပယ်ရှယ်ဖြစ်ပေမယ့်အရာကတော့ သမိုင်းကြောင်းအစဉ်အလာတွေဖြစ်ပါတယ်။အတိတ်ကာလတွေအတွင်းကြီးကျယ်ခန်းနားတဲ့ ပြိုင်ဆိုင်မှုတွေရှိထားခဲ့ပြီလည်းဖြစ်ပါတယ်။ကွင်းအတွင်းမှာ အရာရာတိုင်းကိုတိုက်ပွဲဝင်နိုင်တဲ့ လူစာရင်းကို ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့ အသင်းတွေလည်းဖြစ်ပါတယ်။

ဒါဟာအမြဲတမ်းပဲဖြစ်ပါတယ်။အဲ့ဒီနေရာမှာသွားကစားရတာကလည်း ကွဲပြားခြားနားပါတယ်။သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ အမြဲတမ်းကစားချင်တဲ့ပွဲလည်းဖြစ်ပါတယ်။ကျွန်တော်လီဗာပူး အသင်းသားဖြစ်လာအပြီးကတည်းက အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်းမရထားသေးပါဘူး။

အခုတနင်္ဂနွေ နေ့မှာတော့ဒါကိုအပြောင်းအလဲလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။အိုးထရက်ဖို့ဒ်ဆိုတာ ကစားလို့ကောင်းတဲ့ သမိုင်းကွင်းတကွင်းဖြစ်ပါတယ်။အတော်လေးလည်းမိုက်ပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့ အန်ဖီးလ်ကိုပဲပိုကြိုက်ပါတယ်။

ဒီနှစ်သင်းတွေ့ဆုံတဲ့ ပွဲတွေကို ဖလားပွဲတွေမှာ ရှုံးထွက်ကစားသလိုကစားလေ့ရှိကြပါတယ်။ဒါပေမယ့် ကိုယ့်အသင်းကထပ်တန်းအနေအထားမျိုးနဲ့ ထွက်လာနိုင်မှပဲ အခြေအနေကောင်းတာဖြစ်ပါတယ်။တနင်္ဂနွေညမှာအောင်ပွဲခံမယ့်အသင်းက ကျွန်တော်တို့ဖြစ်နိုင်မယ်လို့ တော့ မျှော်လင့်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်းဟာ လက်ရှိမှာ ယူနိုက်တက် အသင်းထက် ရမှတ်၁၅ မှတ်အသာ ၊ရပ်တည်မှု ၁၁ဆင့်အထိအသာရနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း လောင်းကစားဒိုင်တွေက အဝေးကွင်းမှာကစားရမယ့် လီဗာပူးကို အနိုင်ရဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် ကြေးဖွင့်ထားပါတယ်။

ဒီအနေအထားနဲ့ ပတ်သက်ပြီး ရော်ဘတ်ဆန်က – ” ကျွန်တော်တို့အသင်း ၈ပွဲဆက် အနိုင်ရထားတာတွေ ၊ သူတို့ အသင်းရုန်းကန်နေရတာတွေက ဒီပွဲမှာ လုံးဝအရေးမပါပါဘူး။ယူနိုက်တက်vsလီဗာပူး ပွဲစဉ်ဖြစ်ပါတယ်။ ပွဲရဲ့ အခြေအနေကို ပြိုင်ဘက်၂သင်းရဲအမည်တွေက အလိုလိုပြောပြနေတာဖြစ်ပါတယ်။

အဆုံးအဖြတ်ကို ပွဲပြီးမှသိရမှာဖြစ်ပြီးဘယ်အသင်းက ထိပ်တန်းအဆင့်လဲဆိုတာ ထွက်ပေါ်လာပါလိမ့်မယ်။နယူးကာဆယ်နဲ့ ပွဲမှာ ဆိုးရွားတဲ့ ခြေစွမ်းမျိုးပြသခဲ့အပြီးသူတို့ ပြန်ရုန်းထွက်လာကြမယ်ဆိုတာ ကျွန်တော် သံသယတောင်မဝင်မိပါဘူး။

သူတို့ရဲ့ ဆိုးရွားတဲ့ ရာသီအစကိုလည်းကန်ထုတ်ချင်နေကြ ပြီဆိိုတာ သေချာပါတယ်။ဒီလိုလုပ်ဖို့ကျွန်တော်တို့နဲ့ ကစားရမယ့်ထက်ပွဲ ပိုကောင်းတဲ့ အချိန်အခါမျိုး သူတို့မှာ မရှိပါဘူး။ဒါပေမယ့်ကျွန်တော်တို့မှာလည်း ကိုယ့်ရဲ့ ရည်မှန်းချက် အိပ်မက်တွေရှိနေကြတာဖြစ်ပါတယ်။ဒါတွေကို ရဖို့အတွက်ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR

Zawgyi

ယူႏိုက္တက္ အသင္းကိုဘာေျကာင့္သတိထားကစားသင့္တယ္ဆိုတာေျပာျပလိုက္တဲ႔ #ေရာ္ဘတ္ဆန္
===================================

ႏိုင္ငံတကာ ပြဲစဥ္ေတြေျကာင့္ ရပ္နားထားခဲ႔တဲ႔ ဥေရာပထိပ္တန္း လိဂ္ေတြရဲ႕ပြဲေတြကို ယခုအပတ္အတြင္း ျပန္လည္ကစားသြားဖို႕ရွိေနတာ ျဖစ္ပါတယ္။အဂၤလန္ ပရီးမီးယားလိဂ္ပရိသတ္ေတြ အတြက္ေတာ့ ယူႏိုက္တက္ နဲ႔ လီဗာပူး တို႔ရဲ႔ အဂၤလန္ဒါဘီ ပြဲစဥ္က ေစာင့္ျကုိုေနပါတယ္။

နည္းျပကေလာ့ပ္ရဲ႕ လီဗာပူး အသင္းဟာျပီးခဲ႔တဲ႔ရာသီမွာမန္စီးတီးအသင္းရဲ႕ ေအာက္ တမွတ္အကြာ ဒုတိယေနရာသာရထားခဲ႔မွဳကို ေခ်ျဖတ္ႏိုင္ဖို႔ဒီရာသီမွာ အေတာ္ေလးျကုိးစားေနျပီး ၈ပြဲကစား ၈ပြဲအႏိုင္နဲ႕ အမွတ္ေပးဇယားကိုဦးေဆာင္ေနပါတယ္။ဆိုးလ္ရွားရဲ႔ ယူႏိုက္တက္အသင္းကေတာ့ ၈ပြဲကစား၉မွတ္သာရရွိထားေသးတာျဖစ္ပါတယ္။

လတ္တေလာ အေနအထားေတြအရ လီဗာပူး အသင္းက အျပတ္အသာရေနေပမယ့္ အခုပြဲစဥ္ကို အိုးထရက္ဖို႔ဒ္မွာကစားသြားရမွာျဖစ္ပါတယ္။လီဗာပူး အသင္းဟာ အဆိုပါကြင္းျကီးမွာကစားခဲ႔တဲ႔ ေနာက္ဆံုး ပရီးမီးယားလိဂ္၅ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားျပီး သေရရလဒ္သာအျမင့္ဆံုးရထားခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္လည္း ခံစစ္အစြန္ကစားသမား ေရာ္ဘတ္ဆန္က သတိထားကစားသြားဖို႔ လီဗာပူးအသင္းေဖာ္ေတြကို တိုက္တြန္းခဲ႕ပါတယ္။အင္တာဗ်ဴးတခုမွာ ေရာ္ဘတ္ဆန္က –

” ဒီပြဲစဥ္ကို စပယ္ရွယ္ျဖစ္ေပမယ့္အရာကေတာ့ သမိုင္းေျကာင္းအစဥ္အလာေတြျဖစ္ပါတယ္။အတိတ္ကာလေတြအတြင္းျကီးက်ယ္ခန္းနားတဲ႔ ျပိဳင္ဆိုင္မွဳေတြရွိထားခဲ႔ျပီလည္းျဖစ္ပါတယ္။ကြင္းအတြင္းမွာ အရာရာတိုင္းကိုတိုက္ပြဲဝင္ႏိုင္တဲ႔ လူစာရင္းကို ကိုယ္စီပိုင္ဆိုင္ခဲ႔ျကတဲ႔ အသင္းေတြလည္းျဖစ္ပါတယ္။

ဒါဟာအျမဲတမ္းပဲျဖစ္ပါတယ္။အဲ႔ဒီေနရာမွာသြားကစားရတာကလည္း ကြဲျပားျခားနားပါတယ္။သူတို႔နဲ႔ ရင္ဆိုင္ရမယ့္ပြဲဟာ အျမဲတမ္းကစားခ်င္တဲ႔ပြဲလည္းျဖစ္ပါတယ္။က်ြန္ေတာ္လီဗာပူး အသင္းသားျဖစ္လာအျပီးကတည္းက အိုးထရက္ဖုိ႔ဒ္မွာ ရလဒ္ေကာင္းမရထားေသးပါဘူး။

အခုတနဂၤေႏြ ေန႔မွာေတာ့ဒါကိုအေျပာင္းအလဲလုပ္ႏိုင္ဖို႔ ေမ်ွာ္လင့္ပါတယ္။အိုးထရက္ဖို႔ဒ္ဆိုတာ ကစားလို႔ေကာင္းတဲ႔ သမိုင္းကြင္းတကြင္းျဖစ္ပါတယ္။အေတာ္ေလးလည္းမိုက္ပါတယ္။ဒါေပမယ့္က်ြန္ေတာ္ကေတာ့ အန္ဖီးလ္ကိုပဲပိုျကိုက္ပါတယ္။

ဒီႏွစ္သင္းေတြ႔ဆံုတဲ႕ ပြဲေတြကို ဖလားပြဲေတြမွာ ရွံုးထြက္ကစားသလိုကစားေလ့ရွိျကပါတယ္။ဒါေပမယ့္ ကိုယ့္အသင္းကထပ္တန္းအေနအထားမ်ိဳးနဲ႔ ထြက္လာႏိုင္မွပဲ အေျခအေနေကာင္းတာျဖစ္ပါတယ္။တနဂၤေႏြညမွာေအာင္ပြဲခံမယ့္အသင္းက က်ြန္ေတာ္တို႔ျဖစ္ႏိုင္မယ္လို႔ ေတာ့ ေမွ်ာ္လင့္မိပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

လီဗာပူး အသင္းဟာ လက္ရွိမွာ ယူႏိုက္တက္ အသင္းထက္ ရမွတ္၁၅ မွတ္အသာ ၊ရပ္တည္မွဳ ၁၁ဆင့္အထိအသာရေနတာျဖစ္ပါတယ္။ဒါေျကာင့္လည္း ေလာင္းကစားဒိုင္ေတြက အေဝးကြင္းမွာကစားရမယ့္ လီဗာပူးကုိ အႏိုင္ရဖို႕ ေရပန္းစားတဲ႕ အသင္းအျဖစ္ ေျကးဖြင့္ထားပါတယ္။

ဒီအေနအထားနဲ႔ ပတ္သက္ျပီး ေရာ္ဘတ္ဆန္က – ” က်ြန္ေတာ္တို႔အသင္း ၈ပြဲဆက္ အႏိုင္ရထားတာေတြ ၊ သူတို႔ အသင္းရုန္းကန္ေနရတာေတြက ဒီပြဲမွာ လံုးဝအေရးမပါပါဘူး။ယူႏိုက္တက္vsလီဗာပူး ပြဲစဥ္ျဖစ္ပါတယ္။ ပြဲရဲ႕ အေျခအေနကို ျပိဳင္ဘက္၂သင္းရဲအမည္ေတြက အလိုလိုေျပာျပေနတာျဖစ္ပါတယ္။

အဆံုးအျဖတ္ကို ပြဲျပီးမွသိရမွာျဖစ္ျပီးဘယ္အသင္းက ထိပ္တန္းအဆင့္လဲဆိုတာ ထြက္ေပၚလာပါလိမ့္မယ္။နယူးကာဆယ္နဲ႔ ပြဲမွာ ဆိုးရြားတဲ႔ ေျခစြမ္းမ်ိဳးျပသခဲ႔အျပီးသူတို႔ ျပန္ရုန္းထြက္လာျကမယ္ဆိုတာ က်ြန္ေတာ္ သံသယေတာင္မဝင္မိပါဘူး။

သူတို႔ရဲ႕ ဆိုးရြားတဲ႔ ရာသီအစကိုလည္းကန္ထုတ္ခ်င္ေနျက ျပီဆိုိတာ ေသခ်ာပါတယ္။ဒီလိုလုပ္ဖို႔က်ြန္ေတာ္တို႔နဲ႔ ကစားရမယ့္ထက္ပြဲ ပိုေကာင္းတဲ႔ အခ်ိန္အခါမ်ိဳး သူတို႔မွာ မရွိပါဘူး။ဒါေပမယ့္က်ြန္ေတာ္တို႔မွာလည္း ကိုယ့္ရဲ႕ ရည္မွန္းခ်က္ အိပ္မက္ေတြရွိေနျကတာျဖစ္ပါတယ္။ဒါေတြကို ရဖို႔အတြက္က်ြန္ေတာ္တို႔ျကိုးစားသြားမွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

SPORTS MYANMAR