ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်းကြီး ဇာဗီဟာ ဗယ်ဗာဒီရဲ့ နေရာကို ဆက်ခံမယ့် သူတစ်ယောက်လို့ သတင်းကြီးနေခဲ့သူ ဖြစ်ပြီး ၊ ဘာစီလိုနာ ပရိသတ်တွေက ပက်ဂွာဒီယိုလာ လက်သစ် ဖြစ်လာဖို့ မျှော်လင့်နေတာ နဲ့ ပတ်သက်လို့လဲ စိုးရိမ်စိတ် မရှိဘူးလို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

သူဟာ မကြာခင်ကမှ ဘောလုံးသမားဘ၀ ကနေ အနားယူထားတဲ့ သူဖြစ်ပြီး ၊ ဘာစီလိုနာ အသင်းကိုလဲ နည်းပြ ဘ၀နဲ့ ပြန်လာ ချင်တဲ့ အကြောင်း ၀န်ခံသွားခဲ့သလို ၊ ပြင်ဆင်စရာတွေ ၊ လေ့လာ စရာတွေလဲ အများကြီး ရှိသေးတယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

Sports နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာတော့ ဇာဗီ က ” လူတွေက ကျနော့်ကို ပက်ဂွာဒီယိုလာ လက်သစ် ဖြစ်လာဖို့ မျှော်လင့်နေကြတာ သတိထားမိပါတယ်။ အဲဒီ အတွက်လဲ ဘာစိုးရိမ်မှုမှ မရှိပါဘူး။

ပြီးတော့ ခင်ဗျားတို့ ၀ဘ်ဆိုဒ်က ကမကထ ပြုခဲ့တဲ့ စစ်တမ်းမှာလဲ ဇာဗီဟာ ဘာစီလိုနာ နည်းပြ ဖြစ်ဖို့ အသင့်တော်ဆုံး လူတစ်ယောက် အဖြစ် မဲအများဆုံး ပေးခံလိုက်ရတာလဲ တွေ့လိုက်ပါတယ်။ ကျနော်လဲ ဘောလုံး လောက ကနေ ဖြတ်သန်းလာခဲ့တာ ဖြစ်သလို ၊ ဘာစီလိုနာမှာ တစ်ဘ၀ လုံး ပေးဆပ်ခဲ့တာ ဆိုတော့ ပရိသတ်တွေရဲ့ ခံစားချက်တွေကို နားလည်တာပေါ့ဗျာ။

သူတို့ရဲ့ အားပေးမှုတွေကိုလဲ အများကြီး ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် လောလောဆယ်တော့ ကျနော်ဟာ ဒီရာထူးကို ရယူဖို့ အသင့် အဖြစ်သေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဇာဗီဟာ သူနဲ့ လက်ရှိ ဘုတ်အဖွဲ့ဝင်တွေ အကြား အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာမှု နဲ့ ပတ်သက်ပြီး ဖြေကြားရမှာတော့ ” ဘုတ် အဖွဲ့ဝင်တွေ နဲ့ ကျနော်နဲ့ မတည့်ဘူး ဆိုတဲ့သတင်းတွေရော ၊ မက်ဆီ ဘောလုံးသမား ဘ၀ကနေ အနားယူမှ ဘာစီလိုနာ နည်းပြ ရာထူးကို ရယူသွားမယ် ဆိုတဲ့ သတင်းရောက လုံးဝ အမှားကြီးတွေပါ။

ကျနော်ဟာ လက်ရှိ ဘုတ်အဖွဲ့ဝင်တွေ နဲ့ ဘာပြသနာ မှ မရှိသလို ၊ ဆက်ဆံရေးကောင်းတွေတောင် ရှိနေတဲ့ သူပါ။ မက်ဆီ ကတော့ နည်းပြတိုင်း လိုချင်တဲ့ ကစားသမား တစ်ယောက် ဆိုတာတော့ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ သူဟာ ကျနော့်ရဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သလို ၊ တကယ်လို့ နည်းပြ ရာထူးမှာ ရယူဖြစ်ခဲ့ရင်တော့ အရင်ဆုံး မျက်နှာချင်းဆိုင် စကားပြောဖြစ်မယ့် ကစားသမား ဆိုတာ သေချာပါတယ်။

ထပ်ပြောရင် ဘာကာကို ကိုင်တွယ်ဖို့ အတွက် ကျနော့်မှာ အတွေ့အကြုံတွေ အများကြီး လိုပါသေးတယ်။ တကယ်လို B အသင်းဆိုရင်တော့ စိန်ခေါ်မှုတွေ နဲ့ပေါ့ဗျာ” လို့ ထပ်မံ ပြောဆိုသွားခဲ့ ပါတယ်။