မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တွေ တုန်းက ကွင်းလယ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဖယ်လိုင်နီ နဲ့ ဟာရဲရား တို့ကို ဆုံးရှုံး ထားခဲ့ ပေမယ့် ကွင်းလယ် ပိုင်း အင်အား မဖြည့်တင်း နိုင်ခဲ့ ပါဘူး ။
ဒါ့ကြောင့် ဆိုးလ်ရှား ဟာ လက်တလော ယိုင်နဲ့ နေတဲ့ ကွင်းလယ် ကို အင်အား ဖြည့်တင်း နိုင်ရေး အတွက် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာ ဗြိတိန် နိုင်ငံဖွား လူငယ် ကစားသမား လေးတွေ ကို စောင့်ကြည့် နေခဲ့ ပြီး ဝက်စ်ဟမ်း ကွင်းလယ်လူ ကို ပစ်မှတ် ထားနေ ခဲ့ ပါတယ် ။
ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဟောင်း ဖြစ်သူ ပေါလ် အင့်စ် ဟာ ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ်လူ ဒီကလန် ရိုက်စ် ဟာ ယူနိုက်တက် မှာ ကစား ခွင့် ရရှိ ဖို့ အတွက် လုံလောက်စွာ ခြေစွမ်း ကောင်းမွန်ခြင်း မရှိ သေးဘူး လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့ကြောင့် ကစားသမား တစ်ဦး အဖြစ် အပြည့်အဝ တိုးတက် ကောင်းမွန် လာခြင်း မရှိ သေးတဲ့ ဒီကလန် ရိုက်စ် အတွက် ယူနိုက်တက် တို့ ပေါင် သန်း 80 အထိ အသုံးပြု ခေါ်ယူ သွားဖို့ မသင့်တော် သေးကြောင်း ပေါလ် အင့်စ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” လူတွေ ကတော့ သူတို့ ရဲ့ ထင်မြင်ချက် တွေကို ပြောနေ ကြမှာ ပါပဲ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း အနေ နဲ့ ဒီကလန် ရိုက်စ် အတွက် ပေါင် သန်း 80 အထိ သုံးစွဲ သင့်တယ် လို့ ကျွန်တော် တော့ မထင် ပါဘူး ။ အထူး သဖြင့် ဒီလို အချိန် မှာပေါ့ ၊ ဒါဟာ သေချာ ပါတယ် ”
” သူဟာ ဗဟို ကွင်းလယ် ကစားသမား တစ်ဦး ဆိုတာ ကို ခင်ဗျား တို့ သတိ ရသင့် ပါတယ် ။ ကျွန်တော် ကိုယ်တိုင် က ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး အနေ နဲ့ သူ ကစားတာ ကို ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အတော်လေး ကြည့်ခဲ့ ပါတယ် ။ သူဟာ လမ်း အရှည်ကြီး ဆက်လျှောက် ရပါ ဦးမယ် ”
” သူဟာ အခု မှန်ကန် သင့်တော် တဲ့ ကလပ် အသင်း မှာ ရှိ နေတယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ အသင်း အတွက် အပါတ်စဉ် ပါဝင် ကစား ပေးနေ ရတယ် လေ ။ ဒါဟာ တစ်ကယ့် ကို အရေး ကြီးလှ ပါတယ် ။ သူ့ရဲ့ အနား မှာလည်း မှန်ကန် သင့်တော် တဲ့ ကစားသမား တွေ ဝန်းရံ နေကြ ပါတယ် ”
” မာ့ခ် နိုဘယ်လ် ဟာ ဒီ ဝက်စ်ဟမ်း အသင်း မှာ အချိန် တွေ အကြာ ကြီး ကစား ပေးထား ခဲ့တဲ့ သူ တစ်ဦး ပါ ။ ရိုက်စ် ဟာ သူ့ ဆီက နေ ပညာ တွေ အများကြီး လေ့လာ သင်ယူ နိုင်ပါ သေးတယ် ” လို့ ပေါလ် အင့်စ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဲ့ဒီနောက် ပေါလ် အင့်စ် က အသက် 20 သာ ရှိနေ သေးတဲ့ ကစားသမား လေး အတွက် ဝက်စ်ဟမ်း အသင်း ဖက်မှ ပေါင် သန်း 80 အထိ တောင်းဆို နေခြင်း က ရူးသွပ်မှု တစ်ခု သာ ဖြစ်ကြောင်း ပေါလ် အင့်စ် က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျေးဇူး ပြုပြီး ဒီ ဟာသ ဆန်နဲ့ စျေးနှုန်း အကြောင်း မပြော ပါနဲ့ ။ ဒါဟာ ရူးသွပ်မုှ တစ်ခု ပါပဲ ။ တစ်ကယ် ပြောတာ ပါ ။ နောက်ထပ် နှစ်နှစ် ၊ သုံးနှစ် လောက် ကြာရင် တော့ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ။ ဒါပေမယ့် အခုတော့ သူဟာ လေ့လာ မှုတွေ အများ ကြီး ပြုလုပ် ရဦးမယ် လေ ”
” သူ့ အနေ နဲ့ ဆက်လက် တိုးတက် ရဦး မှာ ဖြစ်ပြီး ပြိုင်ဖက် အသင်း ရဲ့ ဂိုး ဧရိယာ ထဲ ဝင်ရောက် ရင်း လိုအပ် တဲ့ အခါ မှာ ဂိုးတွေ သွင်းယူ နိုင်ဖို့ ကြိုးစား ရပါ ဦးမယ် ။ အဲ့တာ ဆိုရင် တော့ သူဟာ ပေါင် သန်း 80 – 90 လောက် အထိ ထိုက်တန် လာမှာ အသေ အချာ ပါပဲ ” လို့ ပေါလ် အင့်စ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar
Zawgyi
ဒီအချိန်မှာ ဒီကလန် ရိုက်စ်ကို ခေါ်ယူခြင်းက ရူးသွပ်မှု တစ်ရပ်ပဲလို့ ပြောလိုက်တဲ့ #ပေါလ်အင့်စ်
==================
#Sports_Myanmar