Ozil

အာဆင်နယ် အသင်း ကွင်းလယ် ကြယ်ပွင့် အိုဇေးလ် က နည်းပြ အူနိုင်း အမ်မရီ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ပျောက်ဆုံး နေပေမယ့် အသင်းကနေ ထွက်ခွာဖို့ လုံးဝ အစီအစဉ် မရှိကြောင်း တုန့်ပြန် ပြောကြားလိုက်ပြီး စာချုပ် သက်တမ်းကုန်တဲ့ အထိ ကစားသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိုဇေးလ် က အာဆင်နယ် အသင်း ကစားသမား ဖြစ်ရတာ ဂုဏ်ယူမိကြောင်း နဲ့ အာဆင်နယ် ဟာ သူ့ရဲ့ အိမ် လို ဖြစ်နေတာကြောင့် ဘယ် အသင်း ကိုမှ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း အတိအလင်း ပြောကြား လိုက်ပါတယ် ။

၂၀၁၃ ခုနှစ်က ရီးရဲလ် မက်ဒရစ် အသင်းကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ရောက်ရှိ လာတဲ့ အိုဇေးလ် ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အာဆင်နယ် အသင်းနဲ့ သုံးနှစ်ခွဲ စာချုပ် သက်တမ်း တိုးထားပြီး တစ်ပတ် လစာ ပေါင် ၃၅၀၀၀၀ အထိ ရရှိနေသူပါ ။

အိုဇေးလ် ဟာ အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ရဲ့အသင်းခေါင်းဆောင် ငါးဦး စာရင်းထဲမှာတော့ ပါဝင် နေပေမယ့် ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၂ ပွဲသာ ပါဝင် ကစားပေးထားရပါတယ် ။ အိုဇေးလ် ဟာ ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကမှ အသက် ၃၁ နှစ် ပြည့်သွားခဲ့တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ငါးပွဲမှာ တစ်ပွဲသာ ကစားခွင့် ရထားပြီး လေးပွဲ အထိ ကစားခွင့် မရခဲ့ပါဘူး ။ ဂန်းနား ဂန္တဝင် ကစားသမားတွေ နဲ့ ပရိသတ်တွေကတော့ အိုဇေးလ် ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒ ရှိနေကြပါတယ် ။

အိုဇေးလ် က The Athletic နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မှာလား ဆိုတဲ့ မေးခွန်းကို ” မထွက်ပါဘူး ၊ ဒီမှာ ကျနော့်ရဲ့ စာချုပ် သက်တမ်းက ၂၀၂၁ ခုနှစ် နွေရာသီ အထိ ကျန်ရှိ နေပါသေးတယ် ၊ အဲ့အချိန်အထိ အာဆင်နယ်မှာပဲ ဆက်ရှိ နေမှာပါ ။ ”

” အာဆင်နယ် နဲ့ စာချုပ်သစ် ချုပ်ကတည်းက သေချာ စဉ်းစားတွေးတောပြီးမှ လတ်မှတ်ထိုးခဲ့တာပါ ၊ ကျနော့် ကစားသမား ဘဝ အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုလည်း ဖြစ်ပါတယ် ၊ ကျနော့်ရဲ့ အနာဂတ်ကို အာဆင်နယ် အသင်းမှာပဲ ကုန်ဆုံး ချင်ခဲ့တာ ဖြစ်ပြီး ကလပ်ဘက်ကလည်း ကျနော့်လို ပါပဲ ။ ”

” အခုလို ခက်ခဲတဲ့ အချိန်တွေကတော့ ကြုံတွေ့ ရမှာပါ ၊ ဒီအခက်အခဲတွေကနေ ရှောင်ပြေးဖို့ ကျနော့်မှာ အကြောင်းပြချက် လုံးဝ မရှိပါဘူး ၊ ဒါကြောင့် ဘယ်ကိုမှ ပြောင်းမှာ မဟုတ်သလို အသင်းမှာ အနည်းဆုံးတော့ စာချုပ် သက်တမ်းကုန်မယ့် ၂၀၂၁အထိ ဆက်ကစား သွားမှာပါ ။ ”

” အာဆင်နယ် ကို ပြောင်းလာတာက အာဆင်ဝင်းဂါး ကြောင့်လို့ ကျနော် ပြောဖူးပါတယ် ၊ အာဆင်း အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်တဲ့ အချိန်မှာတောင် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။ အကြောင်းကတော့ ကျနော်ကိုယ်တိုင်က အာဆင်နယ် အသင်းအတွက် ကစားပေးရတာ ခုံမင်လို့ပါ ၊ အသင်းမှာ ကစားလာတာလည်း ၆ နှစ် ရှိခဲ့ပါပြီ ။ ”

” ရီးရဲလ် ကနေ ပြောင်းလာတဲ့ အချိန်မှာ အာဆင်နယ် အသင်းမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ် ၊ ဒါပေမယ့် ကျနော်တို့ အားလုံး ဒီ အခက်အခဲတွေကို အတူတကွ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့် ရှိခဲ့ပါတယ် ၊ အခု လက်တစ်လောက ကျနော့်အတွက် ခက်ခဲ ရုန်းကန်နေရတဲ့ အချိန် ဖြစ်ပေမယ့် အာဆင်နယ် ကစားသမား ၊ ပရိသတ် ဖြစ်ရတာ ဂုဏ်ယူနေဆဲပါ ။ ”

” ကျနော် အာဆင်နယ်မှာ ပျော်နေပါတယ် ၊ လမ်းမှာ ပရိသတ်တွေနဲ့ တွေ့ရင်တောင် ဒီနေရာက ကျနော့် အိမ် ဖြစ်တာကြောင့် ဘယ်ကိုမှ သွားမှာ မဟုတ်ဘူးလို့ အမြဲ ပြောလေ့ ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

အာဆင္နယ္ အသင္းကေန ထြက္ခြာေတာ့မယ္ဆိုတဲ့ သတင္းေတြကို တုန႔္ျပန္လိုက္ၿပီး အသင္းအေပၚ ထားရွိတဲ့ သူ႔ရဲ့ သေဘာထား အျမင္ကို ေျပာျပလိုက္တဲ့ အိုေဇးလ္
==================================

အာဆင္နယ္ အသင္း ကြင္းလယ္ ၾကယ္ပြင့္ အိုေဇးလ္ က နည္းၿပ အူနိုင္း အမ္မရီ လက္ေအာက္မွာ ပုံမွန္ ပြဲထြက္ ကစားခြင့္ ေပ်ာက္ဆုံး ေနေပမယ့္ အသင္းကေန ထြက္ခြာဖို႔ လုံးဝ အစီအစဥ္ မရွိေၾကာင္း တုန႔္ျပန္ ေျပာၾကားလိုက္ၿပီး စာခ်ဳပ္ သက္တမ္းကုန္တဲ့ အထိ ကစားသြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အိုေဇးလ္ က အာဆင္နယ္ အသင္း ကစားသမား ျဖစ္ရတာ ဂုဏ္ယူမိေၾကာင္း နဲ႔ အာဆင္နယ္ ဟာ သူ႔ရဲ့ အိမ္ လို ျဖစ္ေနတာေၾကာင့္ ဘယ္ အသင္း ကိုမွ ေျပာင္းေရႊ႕မွာ မဟုတ္ေၾကာင္း အတိအလင္း ေျပာၾကား လိုက္ပါတယ္ ။

၂၀၁၃ ခုႏွစ္က ရီးရဲလ္ မက္ဒရစ္ အသင္းကေန ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ယူရိုသန္း ၅၀ နဲ႔ ေရာက္ရွိ လာတဲ့ အိုေဇးလ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႕ တုန္းက အာဆင္နယ္ အသင္းနဲ႔ သုံးႏွစ္ခြဲ စာခ်ဳပ္ သက္တမ္း တိုးထားၿပီး တစ္ပတ္ လစာ ေပါင္ ၃၅၀၀၀၀ အထိ ရရွိေနသူပါ ။

အိုေဇးလ္ ဟာ အာဆင္နယ္ အသင္း နည္းၿပ အူနိုင္း အမ္မရီ ရဲ့အသင္းေခါင္းေဆာင္ ငါးဦး စာရင္းထဲမွာေတာ့ ပါဝင္ ေနေပမယ့္ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ၂ ပြဲသာ ပါဝင္ ကစားေပးထားရပါတယ္ ။ အိုေဇးလ္ ဟာ ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

ၿပီးခဲ့တဲ့ ရက္ပိုင္း အတြင္းကမွ အသက္ ၃၁ ႏွစ္ ျပည့္သြားခဲ့တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္း ရဲ့ ေနာက္ဆုံး ငါးပြဲမွာ တစ္ပြဲသာ ကစားခြင့္ ရထားၿပီး ေလးပြဲ အထိ ကစားခြင့္ မရခဲ့ပါဘူး ။ ဂန္းနား ဂႏၲဝင္ ကစားသမားေတြ နဲ႔ ပရိသတ္ေတြကေတာ့ အိုေဇးလ္ ကို ပုံမွန္ ပြဲထြက္ခြင့္ ေပးနိုင္မယ့္ အသင္းတစ္သင္းကို ေျပာင္းေရႊ႕ကစားဖို႔ ဆႏၵ ရွိေနၾကပါတယ္ ။

အိုေဇးလ္ က The Athletic နဲ႔ အင္တာဗ်ဴးမွာ အာဆင္နယ္ အသင္းကေန ထြက္ခြာေတာ့မွာလား ဆိုတဲ့ ေမးခြန္းကို ” မထြက္ပါဘူး ၊ ဒီမွာ က်ေနာ့္ရဲ့ စာခ်ဳပ္ သက္တမ္းက ၂၀၂၁ ခုႏွစ္ ေႏြရာသီ အထိ က်န္ရွိ ေနပါေသးတယ္ ၊ အဲ့အခ်ိန္အထိ အာဆင္နယ္မွာပဲ ဆက္ရွိ ေနမွာပါ ။ ”

” အာဆင္နယ္ နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ကတည္းက ေသခ်ာ စဥ္းစားေတြးေတာၿပီးမွ လတ္မွတ္ထိုးခဲ့တာပါ ၊ က်ေနာ့္ ကစားသမား ဘဝ အတြက္ အေရးပါတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုလည္း ျဖစ္ပါတယ္ ၊ က်ေနာ့္ရဲ့ အနာဂတ္ကို အာဆင္နယ္ အသင္းမွာပဲ ကုန္ဆုံး ခ်င္ခဲ့တာ ျဖစ္ၿပီး ကလပ္ဘက္ကလည္း က်ေနာ့္လို ပါပဲ ။ ”

” အခုလို ခက္ခဲတဲ့ အခ်ိန္ေတြကေတာ့ ၾကဳံေတြ႕ ရမွာပါ ၊ ဒီအခက္အခဲေတြကေန ေရွာင္ေျပးဖို႔ က်ေနာ့္မွာ အေၾကာင္းျပခ်က္ လုံးဝ မရွိပါဘူး ၊ ဒါေၾကာင့္ ဘယ္ကိုမွ ေျပာင္းမွာ မဟုတ္သလို အသင္းမွာ အနည္းဆုံးေတာ့ စာခ်ဳပ္ သက္တမ္းကုန္မယ့္ ၂၀၂၁အထိ ဆက္ကစား သြားမွာပါ ။ ”

” အာဆင္နယ္ ကို ေျပာင္းလာတာက အာဆင္ဝင္းဂါး ေၾကာင့္လို႔ က်ေနာ္ ေျပာဖူးပါတယ္ ၊ အာဆင္း အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ေၾကညာလိုက္တဲ့ အခ်ိန္မွာေတာင္ အသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ ခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ က်ေနာ္ကိုယ္တိုင္က အာဆင္နယ္ အသင္းအတြက္ ကစားေပးရတာ ခုံမင္လို႔ပါ ၊ အသင္းမွာ ကစားလာတာလည္း ၆ ႏွစ္ ရွိခဲ့ပါၿပီ ။ ”

” ရီးရဲလ္ ကေန ေျပာင္းလာတဲ့ အခ်ိန္မွာ အာဆင္နယ္ အသင္းမွာ ျပႆနာေတြ အမ်ားႀကီး ရွိေနပါတယ္ ၊ ဒါေပမယ့္ က်ေနာ္တို႔ အားလုံး ဒီ အခက္အခဲေတြကို အတူတကြ ေက်ာ္ျဖတ္နိုင္လိမ့္မယ္လို႔ ယုံၾကည္မွု အျပည့္ ရွိခဲ့ပါတယ္ ၊ အခု လက္တစ္ေလာက က်ေနာ့္အတြက္ ခက္ခဲ ႐ုန္းကန္ေနရတဲ့ အခ်ိန္ ျဖစ္ေပမယ့္ အာဆင္နယ္ ကစားသမား ၊ ပရိသတ္ ျဖစ္ရတာ ဂုဏ္ယူေနဆဲပါ ။ ”

” က်ေနာ္ အာဆင္နယ္မွာ ေပ်ာ္ေနပါတယ္ ၊ လမ္းမွာ ပရိသတ္ေတြနဲ႔ ေတြ႕ရင္ေတာင္ ဒီေနရာက က်ေနာ့္ အိမ္ ျဖစ္တာေၾကာင့္ ဘယ္ကိုမွ သြားမွာ မဟုတ္ဘူးလို႔ အျမဲ ေျပာေလ့ ရွိပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။

SPORTS MYANMAR