ပွဲကစားချိန်သစ်ဟာ လာမည့် ရာသီ ပရီးမီးယားလိဂ် ကို စတင် မိတ်ဆက်တော့မှာ ဖြစ်တဲ့ အရာတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က လာမည့် ၂၀၁၉-၂၀ ဘောလုံး ရာသီကို သက်ရောက်မှု ရှိလာမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အပြောင်းအလဲ အချို့ကို ဖော်ပြ ခဲ့ကြပါတယ်။

အဆိုပါ စည်းမျဉ်းတွေ မှာတော့ လက်ထိဘော စည်မျဉ်းကို update လုပ်ခြင်း ၊ ဖရီးကစ် အတွက် လူတံတိုင်းကာမှု အပေါ် အပြောင်းအလဲ လုပ်ခြင်း ၊ လူစားလဲချိန်ကို waste မဖြစ်စေရန် လုပ်ဆောင်ခြင်း ၊ နည်းပြတွေ အနေနဲ့ စည်မျဉ်းတွေ ဖောက်ဖျောက်တဲ့ အခါ ကစားသမား တွေကဲ့သို့ အပြစ်ပေး ခံရမှာ ဖြစ်ခြင်း ၊ ပင်နယ်တီ စည်မျဉ်းကို အပြောင်းအလဲ လုပ်ခြင်း နဲ့ Drop Balls စည်မျဉ်းကို ပယ်ဖျက်လိုက်ခြင်း တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့ အပြောင်းအလဲ ၃ ခုလည်း ရှိနေသေးပြီး ဒါတွေဟာ လာမည့် ပရီးမီးယားလိဂ် ဘောလုံး ရာသီမှာ အသင်းတိုင်းကို သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲ ၃ ခုကို အသေးစိတ် ဖော်ပြပေးမှာ ဖြစ်ပြီး ပရိတ်သတ်တွေ ၊ ကစားသမားတွေ အနေနဲ့ လာမည့် ၂၀၁၉-၂၀ ဘောလုံး ရာသီမှာ အနည်းငယ် ခြားနားမှုကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

ပွဲကစားချိန်သစ် ထည့်သွင်းခြင်း

ကျွန်တော်တို့ အနေနဲ့ လူတော်တော်များများ အနည်းငယ် အံ့အားသင့်သွား နိုင်တဲ့ အပြောင်းအလဲ တစ်ခု နဲ့ စတင် သွားပါမယ်။ ပွဲကစားချိန် တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် ကတည်းက အပြောင်းအလဲတွေ ရှိလာ ခဲ့ပြီး စကိုင်းစပေါ့ ရုပ်သံဋ္ဌာနဟာ ပြီးခဲ့တဲ့ ရာသီက ဗြိတိန်စံတော်ချိန် 2.05 pm မှာ ကန်ရမယ့် ပွဲတွေကို ထည့်သွင်း ခဲ့ပါတယ်။

ဒါပေမယ့် ရုပ်သံဋ္ဌာန တွေဟာ ပြိုင်ပွဲ အပေါ် ဆက်လက် လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်ပြီး လာမည့် ရာသီ အတွက် ပုံမှန် schedule ထဲကိုမှ နောက်ထပ် ပွဲကစားချိန်သစ် ထပ်မံ ဖြည့်သွင်း ခဲ့ပါတယ်။ ဒါကတော့ စနေနေ့ည ဗြိတိန် စံတော်ချိန် 7.45 pm ပွဲကို ကို ကြည့်ရှု ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ပြီး ဆိုးရွားတဲ့ အချိန် မဟုတ်ဘဲ အထူးသဖြင့် pub owners တွေ အတွက် ကတော့ စိတ်ကျေနပ်စရာ အချိန်ပဲ ဖြစ်ပါတယ်။ အရင်တုန်း ကလည်း အဆိုပါ အချိန်မှာ ပွဲစဉ် အချို့ကို ရံဖန်ရံခါ ကစား စေခဲ့တာ ရှိခဲ့ဖူး ပါတယ်။ ၂၀၁၉-၂၀ ဘောလုံး ရာသီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကို ဒီအချိန်မှာ ကျင်းပ သွားမှာ ဖြစ်ပြီး Calendar ထဲမှာ ပါတဲ့ ပွဲပေါင်း ၃၈၀ ထဲက တစ်ဝက်ကျော်ကို တစ်ကမ္ဘာလုံးကို ရုပ်သံ တိုက်ရိုက် ထုတ်လွှင့် သွားမှာပါ။

VAR ကို စတင်မိတ်ဆက်ခြင်း

ဒီရာသီ အက်ဖ်အေဖလား နဲ့ ကာရာဘောင် ဖလား ပွဲစဉ် တွေမှာတော့ ဗီဒီယို အကူဒိုင် နည်းပညာကို အသုံးပြု ခဲ့ပါတယ်။ ဒါပေမယ့် VAR ကို လာမည့် ပ၇ီးမီးယားလိဂ် ရာသီ မှာတော့ စတင် မိတ်ဆက် တော့မှာ ဖြစ်ပြီး ဒါကို ပြီးခဲ့တဲ့ ၂၀၁၈ နိုဝင်ဘာလ တုန်းက အတည်ပြု ခဲ့ကာ ကလပ် အသင်းတွေဟာ VAR သုံးစွဲမယ့် အပေါ် အခြေခံ သဘောတူညီမှု ရှိခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ နည်းပညာကို ပွဲကို အပြောင်းအလဲ ဖြစ်စေ နိုင်တဲ့ အခြေအနေ ၄ ခု အပေါ်မှာသာ အသုံးပြု သွားမှာ ဖြစ်ပြီး သွင်းဂိုး ၊ အနီကတ် ၊ ပင်နယ်တီ နဲ့ မှားယွင်းတဲ့ အခြေအနေတွေ ဖြစ်ခဲ့တဲ့ အခါတွေမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှ ဒိုင်လူကြီးများ

ပရီးမီးယားလိဂ် ဟာ ကမ္ဘာ့ အကောင်းဆုံး လိဂ် ဖြစ်ပါတယ်။ အကြောင်းရင်းတွေ ထဲက တစ်ခု ကတော့ ကမ္ဘာတစ်ဝန်းက အရည်အသွေးမြင့် ကစားသမားတွေ ဒီပြိုင်ပွဲမှာ လာကစား တာကြောင့် ဖြစ်ပါတယ်။ လာမည့် ရာသီ ပရီးမီးယားလိဂ် မှာတော့ ပထမဦးဆုံး အကြိမ် အဖြစ် နိုင်ငံရပ်ခြားက ဒိုင်လူကြီးတွေလည်း ရှိလာ နိုင်ပါတယ်။ သြစတေးလျ ဒိုင်လူကြီး ဂျီလက် ၎င်းနိုင်ငံရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံး ဒိုင်လူကြီးတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ ဂျီလက်ဟာ ယူကေ ကို ပြောင်းရွေ့ လာခဲ့ပြီးနောက် Professional Game Match Officials Limited (PFMOL) နဲ့ ပူးပေါင်းမှာ ဖြစ်ပြီး ၎င်းဟာ ကနဦး အနေနဲ့ ချန်ပီယံရှစ် ပွဲတွေကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။

အားလုံး အလုပ် ဖြစ်ခဲ့မယ် ဆိုရင်တော့ ၎င်းအနေနဲ့ ပရီးမီးယားလိဂ် မှာ ဒိုင်လူကြီး အဖြစ် တာဝန်ယူမယ့် ပထမဦးဆုံး ပြည်ပ နိုင်ငံသား ဖြစ်လာမှာပါ။

SM