Unicode

၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ကို စတင် လာတာ ပွဲစဉ် ၉ ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ် ။ အခု အချိန် ဟာ ပြိုင်ပွဲ ရဲ့ ၄ပုံတပုံ လောက်သာ ရှိသေးတာကြောင့် ဘယ်အသင်း က ချန်ပီယံ ဖြစ်မယ် ၊ ဘယ် အသင်း တွေကတော့ ဥရောပ ဝင်ခွင့် တွေ ရရှိမယ် ၊ ဘယ် အသင်း တွေကတော့ တန်းဆင်း သွားမယ် ဆိုပြီး ခန့်မှန်းလို့ မရသေးတဲ့ အနေအထား ဖြစ်ပါတယ် ။

သို့ပေမယ့် လည်း ကစားသမား တွေ အထဲမှာ ခြေစွမ်း သိသိသာသာ တိုးတက် လာတဲ့ ကစားသမား တွေ ၊ ခြေစွမ်း ထိုးကျ သွားတဲ့ ကစားသမား တွေကတော့ ရှိနေပါတယ် ။ အံ့အား သင့်စရာ ကောင်းလောက်အောင် ခြေစွမ်း တိုးတက် လာတဲ့ ကစားသမား တွေထဲမှာတော့ ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် က တယောက် အပါအဝင် ဖြစ်လို့ နေပါတယ် ။

အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း ကစားသမား ခေါ်ယူခွင့် အပိတ် ခံထား ရတာကြောင့် နဲ့ ဖရန့် လမ်းပတ် ချယ်လ်ဆီး နည်းပြ ဖြစ်လာခြင်း တို့ကြောင့် ထွန်းတောက် လာတဲ့ ကစားသမား တဦး ဖြစ်ပါတယ် ။ အခု အချိန် အထိ အေဘရာဟမ် ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၈ဂိုး သွင်းယူ ထားပြီး မန်စီးတီး တိုက်စစ်မှူး ဆာဂျီယို အဂွေရို နဲ့ အတူတူ ဂိုးသွင်း အများဆုံး ကစားသမား စာရင်း ကို ဦးဆောင်လျက် ရှိပါတယ် ။

Sky Sports ရဲ့ ဘောလုံးပွဲ သုံးသပ်သူ များ ဖြစ်ကြတဲ့ ချားလ်စ် နီကိုးလက်စ် နဲ့ မတ် လီတစ်ဆီယာ တို့ကတော့ အေဘရာဟမ် ဟာ ၄င်းတို့ကို ဒီနှစ် ဘောလုံး ရာသီ မှာ အံ့အား အသင့်စေဆုံး ဖြစ်အောင် လုပ်ပြ နိုင်တဲ့ ကစားသမား ဖြစ်တဲ့ အပြင် ကစား ပြီးသမျှ ပရီးမီးယားလိဂ် ပွဲစဉ် တွေထဲက အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ခဲ့ပါတယ် ။

နီကိုးလက်စ် က ” အခု ကစားထားပြီး သမျှ ကျွန်တော့ ကို အထင်ကြီးအောင် လုပ်နိုင်တဲ့ ကစားသမား ဆို တမ်မီ အေဘရာဟမ် ကို ကျွန်တော် လက်ညှိုး ထိုးရပါမယ် ။ ကျွန်တော့ ဟာ သူ့ကို ဒီ အတိုင်း ပုံမှန် ဂိုးတွေ သွင်းပေးနေတဲ့ ကစားသမား လို့ မထင်ပါဘူး ။ သူ့ကို အီမန်နူရယ် အဒီဘာယော လက်သစ် လို့ တင်စား ချင်ပါတယ် ။ ခြေတံ ရှည်ရှည် နဲ့ အဆုံးသတ်ပိုင်း ရဲရင့် ပြောင်မြောက် တာကြောင့် အဒီဘာယော နဲ့ အေဘရာဟမ် က ကျွန်တော့ အမြင်မှာ ဆင်တူ ပါတယ် ။ ”

” ဗီလာ မှာ အငှား ကစားတုန်း က သူ့ရဲ့ ခြေစွမ်း ကို ကျွန်တော် အတော်လေး သဘောကျ မိပါတယ် ။ သူဟာ ကျွန်တော့ ကို မျက်စိကျ စေတဲ့ လူငယ် တိုက်စစ်မှူး တယောက် ဖြစ်ပါတယ် ။ မေဆင်မောင့် နဲ့ ဂျိမ်းစ် မက်ဒီဆင် တို့ရဲ့ စွမ်းဆောင်ရည် ကလည်း အားရ စရာပါ ။ ဒါပေမယ့် အေဘရာဟမ် အတွက်တော့ ဒီနှစ် ဟာ အရမ်း လှပတဲ့ စတင်မှု တခု ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

မတ် လီတစ်ဆီယာ ကလည်း ” ကိုယ် မျှော်လင့် ထားတာထက် ပိုပြီး စွမ်းဆောင် ပြထားတဲ့ ကစားသမား ဆိုရင် ကျွန်တော့ အနေနဲ့ တမ်မီ အေဘရာဟမ် ကို ရွေးချယ် ရပါမယ် ။ မကြာခင် ကာလ အတွင်း မှာ သူဟာ အခြား ထိပ်တန်း တိုက်စစ်မှူး တွေရဲ့ အဆင့်အတန်း ကို ရောက်လာ နိုင်ပါတယ် ။ ”

” အခုလို ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ အထိ ကစားထားပြီးချိန် မှာ အေဘရာဟမ် ဟာ အဂွေရို နဲ့ ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းသူ စာရင်း ကို ဦးဆောင် နေလိမ့်မယ် လို့ ဘယ်သူ မှ ခန့်မှန်း မိမှာ မဟုတ်ပါဘူး ။ ဒါကြောင့်မို့ ကျွန်တော် သူ့ကို လက်ရှိ ကစားပြီးသမျှ ပရီးမီးယားလိဂ် ပွဲစဉ် တွေ အပြီး အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ချင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

ခ်ယ္လ္ဆီး လူငယ္ ကို ကစားျပီးသမွ် ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြထဲမွ အေကာင္းဆံုး ကစားသမား အျဖစ္ ေရြးခ်ယ္ လိုက္ၾကတဲ့ Sky Sports မွ ဂုရု ၂ဦး

၂၀၁၉ – ၂၀၂၀ ေဘာလံုး ရာသီ ရဲ႕ ပရီးမီးယားလိဂ္ ျပိဳင္ပြဲ ကို စတင္ လာတာ ပြဲစဥ္ ၉ ကို ေရာက္ရွိ လာျပီ ျဖစ္ပါတယ္ ။ အခု အခ်ိန္ ဟာ ျပိဳင္ပြဲ ရဲ႕ ၄ပံုတပံု ေလာက္သာ ရွိေသးတာေၾကာင့္ ဘယ္အသင္း က ခ်န္ပီယံ ျဖစ္မယ္ ၊ ဘယ္ အသင္း ေတြကေတာ့ ဥေရာပ ဝင္ခြင့္ ေတြ ရရွိမယ္ ၊ ဘယ္ အသင္း ေတြကေတာ့ တန္းဆင္း သြားမယ္ ဆိုျပီး ခန္႕မွန္းလို႕ မရေသးတဲ့ အေနအထား ျဖစ္ပါတယ္ ။

သို႕ေပမယ့္ လည္း ကစားသမား ေတြ အထဲမွာ ေျခစြမ္း သိသိသာသာ တိုးတက္ လာတဲ့ ကစားသမား ေတြ ၊ ေျခစြမ္း ထိုးက် သြားတဲ့ ကစားသမား ေတြကေတာ့ ရွိေနပါတယ္ ။ အံ့အား သင့္စရာ ေကာင္းေလာက္ေအာင္ ေျခစြမ္း တိုးတက္ လာတဲ့ ကစားသမား ေတြထဲမွာေတာ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ အကယ္ဒမီ ထြက္ လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ က တေယာက္ အပါအဝင္ ျဖစ္လို႕ ေနပါတယ္ ။

ေအဘရာဟမ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း ကစားသမား ေခၚယူခြင့္ အပိတ္ ခံထား ရတာေၾကာင့္ နဲ႕ ဖရန္႕ လမ္းပတ္ ခ်ယ္လ္ဆီး နည္းျပ ျဖစ္လာျခင္း တို႕ေၾကာင့္ ထြန္းေတာက္ လာတဲ့ ကစားသမား တဦး ျဖစ္ပါတယ္ ။ အခု အခ်ိန္ အထိ ေအဘရာဟမ္ ဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၈ဂိုး သြင္းယူ ထားျပီး မန္စီးတီး တိုက္စစ္မွဴး ဆာဂ်ီယို အေဂြရို နဲ႕ အတူတူ ဂိုးသြင္း အမ်ားဆံုး ကစားသမား စာရင္း ကို ဦးေဆာင္လ်က္ ရွိပါတယ္ ။

Sky Sports ရဲ႕ ေဘာလံုးပြဲ သံုးသပ္သူ မ်ား ျဖစ္ၾကတဲ့ ခ်ားလ္စ္ နီကိုးလက္စ္ နဲ႕ မတ္ လီတစ္ဆီယာ တို႕ကေတာ့ ေအဘရာဟမ္ ဟာ ၄င္းတို႕ကို ဒီႏွစ္ ေဘာလံုး ရာသီ မွာ အံ့အား အသင့္ေစဆံုး ျဖစ္ေအာင္ လုပ္ျပ ႏိုင္တဲ့ ကစားသမား ျဖစ္တဲ့ အျပင္ ကစား ျပီးသမွ် ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြထဲက အေကာင္းဆံုး ကစားသမား အျဖစ္ ေရြးခ်ယ္ ခဲ့ပါတယ္ ။

နီကိုးလက္စ္ က ” အခု ကစားထားျပီး သမွ် ကြ်န္ေတာ့ ကို အထင္ၾကီးေအာင္ လုပ္ႏိုင္တဲ့ ကစားသမား ဆို တမ္မီ ေအဘရာဟမ္ ကို ကြ်န္ေတာ္ လက္ညိွဳး ထိုးရပါမယ္ ။ ကြ်န္ေတာ့ ဟာ သူ႕ကို ဒီ အတိုင္း ပံုမွန္ ဂိုးေတြ သြင္းေပးေနတဲ့ ကစားသမား လို႕ မထင္ပါဘူး ။ သူ႕ကို အီမန္ႏူရယ္ အဒီဘာေယာ လက္သစ္ လို႕ တင္စား ခ်င္ပါတယ္ ။ ေျခတံ ရွည္ရွည္ နဲ႕ အဆံုးသတ္ပိုင္း ရဲရင့္ ေျပာင္ေျမာက္ တာေၾကာင့္ အဒီဘာေယာ နဲ႕ ေအဘရာဟမ္ က ကြ်န္ေတာ့ အျမင္မွာ ဆင္တူ ပါတယ္ ။ ”

” ဗီလာ မွာ အငွား ကစားတုန္း က သူ႕ရဲ႕ ေျခစြမ္း ကို ကြ်န္ေတာ္ အေတာ္ေလး သေဘာက် မိပါတယ္ ။ သူဟာ ကြ်န္ေတာ့ ကို မ်က္စိက် ေစတဲ့ လူငယ္ တိုက္စစ္မွဴး တေယာက္ ျဖစ္ပါတယ္ ။ ေမဆင္ေမာင့္ နဲ႕ ဂ်ိမ္းစ္ မက္ဒီဆင္ တို႕ရဲ႕ စြမ္းေဆာင္ရည္ ကလည္း အားရ စရာပါ ။ ဒါေပမယ့္ ေအဘရာဟမ္ အတြက္ေတာ့ ဒီႏွစ္ ဟာ အရမ္း လွပတဲ့ စတင္မႈ တခု ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

မတ္ လီတစ္ဆီယာ ကလည္း ” ကိုယ္ ေမွ်ာ္လင့္ ထားတာထက္ ပိုျပီး စြမ္းေဆာင္ ျပထားတဲ့ ကစားသမား ဆိုရင္ ကြ်န္ေတာ့ အေနနဲ႕ တမ္မီ ေအဘရာဟမ္ ကို ေရြးခ်ယ္ ရပါမယ္ ။ မၾကာခင္ ကာလ အတြင္း မွာ သူဟာ အျခား ထိပ္တန္း တိုက္စစ္မွဴး ေတြရဲ႕ အဆင့္အတန္း ကို ေရာက္လာ ႏိုင္ပါတယ္ ။ ”

” အခုလို ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ ပြဲ အထိ ကစားထားျပီးခ်ိန္ မွာ ေအဘရာဟမ္ ဟာ အေဂြရို နဲ႕ ပရီးမီးယားလိဂ္ ဂိုးအမ်ားဆံုးသြင္းသူ စာရင္း ကို ဦးေဆာင္ ေနလိမ့္မယ္ လို႕ ဘယ္သူ မွ ခန္႕မွန္း မိမွာ မဟုတ္ပါဘူး ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ သူ႕ကို လက္ရွိ ကစားျပီးသမွ် ပရီးမီးယားလိဂ္ ပြဲစဥ္ ေတြ အျပီး အေကာင္းဆံုး ကစားသမား အျဖစ္ ေရြးခ်ယ္ ခ်င္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR