Unicode

ဘောလုံး သမား တစ်ယောက် အသင်း ပြောင်းရွှေ့မှု မှာ ဘယ် အရာတွေ က အရေးပါ နေသလဲ . . . ကလပ် အသင်း ရဲ့ အနေ အထား ၊ ရရှိမယ့် လစာ ၊ ပတ်ဝန်းကျင် ၊ အနာဂါတ် အလား အလာ စတဲ့ အချက်တွေ လိုပဲ ဘယ်သူ က နည်းပြ နေတယ် ဆိုတာ ကိုလည်း ထည့်သွင်း စဉ်းစား လေ့ ရှိကြပါတယ် ။ နည်းပြ ကောင်းတွေ ရှိတဲ့ အသင်း ကို ကစား သမား ကောင်းတွေ လာချင် ကြသလို အပြန် အလှန် အားဖြင့် အရှိန် အဝါ နဲ့ အောင်မြင်မှု မရှိတဲ့ နည်းပြ ဆီ ကို ကစား သမားကောင်းတွေ လာရောက်ဖို့ တွန့်ဆုတ် တတ်ကြ တာ သဘာဝ ပါပဲ ။

မန်ချက် စတာ ယူနိုက်တက် ဟာ ဆာအဲလက်စ် ဖာဂူဆန် လက်ထက် မှာ အင်္ဂလန် ရဲ့ အအောင်မြင် ဆုံး အသင်း ဖြစ်ခဲ့ ပါတယ် ။ အမှတ်ပေး ဖလား တွေကို နှစ်တိုင်း လိုလို ရယူ နိုင်ခဲ့ တဲ့ အပြင် ဥရောပ ပြိုင်ပွဲ တွေ မှာ လည်း ဗိုလ်စွဲ ခဲ့ ပါတယ် ။ ဒါကြောင့် ကစား သမား ကောင်းတွေ ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ကစား ဖို့ အိပ်မက် မက်ခဲ့ ကြပါတယ် ။

ဒါပေမယ့် ဖာဂူဆန် အနားယူ သွားတဲ့ ၂၀၁၃ ခုနှစ် နွေရာသီ က စလို့ ဒါတွေ ဟာ ပြောင်းလဲ သွားခဲ့ ပါတယ် ။ ဒေးဗစ် မိုရက်စ် ၊ လူးဝစ် ဗန်ဟား ၊ ဟိုဆေး မော်ရင်ဟို နဲ့ ဆိုးရှား တို့ အထိ နည်းပြ ၄ ဦး ပြောင်းလဲ လာခဲ့ ချိန် မှာ ယူနိုက်တက် ရဲ့ အရှိန် အဝါ ဟာ ကျဆင်း လာခဲ့ပြီး ကစား သမား တွေ ကလည်း အိုးထရက်ဖိုဒ့် မှာ လာရောက် စွန့်စားဖို့ တွန့်ဆုတ် လာခဲ့ ကြပါတယ် ။

ဒီ အထဲ မှာ ဗန်ဟား ၊ မော်ရင်ဟို လို ထိပ်တန်း နည်းပြတွေ တောင် ပါ၀င်ခဲ့ ပါတယ် ။ သူတို့ ဟာ နည်းပြ ဘဝ မှာ အောင်မြင်မှု တွေ ရရှိ ထားခဲ့ ပေမယ့် နာမည်ကျော် တိုက်စစ် သမားတွေ နဲ့ မကိုက်ညီတဲ့ ကစားပုံတွေ ကြောင့် အိုးထရက်ဖိုဒ့် ကို လူကောင်းတွေ ရောက်မလာ နိုင်ခဲ့ ကြပါဘူး ။ မိုရက်စ် နဲ့ ဆိုးရှား တို့ ကတော့ အရှိန် အဝါ ကင်းမဲ့ သူတွေဖြစ်လို့ ထိပ်တန်း ကစား သမားတွေ ကို မဆွဲဆောင် နိုင်ခဲ့ ကြပါဘူး ။

အခု ဖော်ပြမယ့် စာရင်း ကတော့ ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီး နောက်ပိုင်း မှာ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှု ကို ရရှိပြီး ငြင်းပယ် ခဲ့တယ်လို့ ထုတ်ဖော် ပြောဆို ခဲ့တဲ့ လူစာရင်းပဲ ဖြစ် ပါတယ် –

၁ ။ ဖာဘရီဂတ်
ဒေးဗစ် မိုရက်စ် ဟာ ဘာစီလိုနာ မှာ ကစားနေတဲ့ စပိန်သား ကို ကြိုးစားခဲ့ ဖူးပေမယ့် ဖာဘရီဂတ် က ငြင်းပယ် ခဲ့ ပါတယ် ။ ဒါပေမယ့် နောက် ၁ နှစ် အကြာ မှာ အသင်းဟောင်း အာဆင်နယ် ရဲ့ ခါးသီးလှတဲ့ မြို့ခံပြိုင်ဘက် ချဲလ်ဆီး ကို ဖာဘရီဂတ် ပြောင်းရွှေ့ လာခဲ့ တာကတော့ ယူနိုက်တက် ပရိသတ်တွေ မချင့်မရဲ ဖြစ်စရာ ပါပဲ ။

၂ ။ တိုနီ ကရူးစ်
ဘိုင်ယန် မှာ ရှိနေစဉ် က ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့တဲ့ အတွက် တိုနီ ကရူးစ် တစ်ယောက် နောင်တရ မိမှာ မဟုတ်တာ အသေအချာ ပါပဲ ။ ယူနိုက်တက် ကို သာ ပြောင်းခဲ့ရင် ချန်ပီယံ လိဂ် ၀င်ခွင့် အတွက် တိုက်ပွဲ ၀င်ကောင်း ၀င်နေ ရမှာ ဖြစ်ပြီး ရီးရဲ ကို ပြောင်းခဲ့တဲ့ အတွက် ချန်ပီယံ လိဂ် ဖလား ၄ လုံးရှင် ဖြစ်လာခဲ့ ရ ပါတယ် ။

၃ ။ သီယာဂို အယ်ကန်ထရာ
ဘာကာ လူငယ် လေး အယ်ကန်ထရာ ကို ဒေးဗစ် မိုရက်စ် စိတ်ဝင်စား ခဲ့ ပါတယ် ။ လူငယ် တစ်ယောက် အတွက် တော့ မန်ချက်စတာ ယူနိုက်တက် က ကမ်းလှမ်းတယ် ဆိုတဲ့ အသိဟာ ရင်ခုန် စိတ်လှုပ်ရှားစေ မှာ အမှန် ပါပဲ ။ ဒါပေမယ့် ဒီဂီယာ နဲ့ အတူ စပိန် လူငယ် အသင်းမှာ ကစားခဲ့့တဲ့ အယ်ကန်ထရာ ဟာ ဘိုင်ယန်မြုးနစ် ကို ရွေးချယ် သွားခဲ့ ပါတယ် ။ ဖာဂူဆန် သာ ဆိုရင် ကျိန်းသေ ပေါက် ရောက်လာနိုင်တဲ့ ကစား သမားမျိုး ကို ယူနိုက်တက် တို့ လက်လွှတ် ခဲ့ရ တာပါပဲ ။

၄ ။ ဂါရတ်ဘေးလ်
ရီးရဲ မက်ဒရစ် ထက် ပိုပြီး စျေးပေးခဲ့ ပေမယ့် ဝေးလ် တောင်ပံ ကစား သမား ကတော့ သူ့ရဲ့ အိပ်မက် ကို မစွန့် လွှတ် ခဲ့ ပါဘူး ။ အခု အချိန် မှာ ဘေးလ် အနေနဲ့ ဒီဆုံးဖြတ်ချက် ကို ပြန်တွေးပြီး ကျေနပ်နေမှာပါ ။ ၂၀၁၃ ကနေ ၂၀၁၉ အထိ ၆ နှစ် ကြာသွားခဲ့ ပေမယ့် ဘေးလ် နဲ့ ယူနိုက်တက် တို့ရဲ့ သတင်းတွေကတော့ ထွက်ဆဲ ထွက်မြဲ ပါပဲ ။

၅ ။ သောမတ်စ်မူလာ
ယူနိုက်တက် ကို ဗန်ဟား ရောက်လာချိန် မှာ တပည့်ဟောင်း မူလာ ကို ဘိုင်ယန် ကနေ ခေါ်ဖို့ ကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် မူလာ ရဲ့ စိတ်ထဲမှာ ဘိုင်ယန်မြုးနစ် ဟာ သူ ခေါင်းချမယ့် အသင်းလို့ ခံယူထားတာ ကြောင့် အင်္ဂလန် ကို လာဖို့ ငြင်းပယ် ခဲ့ ပါတယ် ။ မော်ရင်ဟို ယူနိုက်တက် ကို စတင် ကိုင်တွယ် ချိန် မှာလည်း မူလာ ကို သန်း ၈၀ ကျော် အထိ ပေးပြီး ခေါ်ဖို့ ဘုတ်အဖွဲ့ ရဲ့ ထောက်ခံမှု ကို ရရှိ ခဲ့ ပေမယ့် မူလာ က ထပ်မံ ငြင်းဆန် ခဲ့ပြန် ပါတယ် ။


၆ ။ ဆာဂျီယို ရာမိုစ့်
၂၀၁၅ နွေရာသီ တုန်းက ရီးရဲ ဥက္ကဌ ပီရက်စ် နဲ့ အဆင်မပြေ မှုတွေ ရှိနေတယ် လို့ သတင်း ထွက်ပေါ် အပြီး မှာ ရာမိုစ့် ကို မန်ချက်စတာ ယူနိုက်တက် က စိတ်ဝင် စားလာခဲ့ ပါတယ် ။ မက်ဒရစ် ရဲ့ သံမဏိ အသင်း ခေါင်းဆောင် ကို အိုးထရက်ဖိုဒ့် မှာ မြင်တွေ့ လိုသူ တွေ ရှိခဲ့ ပေမယ့် နောက်ဆုံး မှာတော့ ရာမိုစ့် ဟာ ရီးရဲ နဲ့ ကာလရှည် စာချုပ် ကို ချုပ်ဆို သွားခဲ့ ပါတယ် ။

၇ ။ ပက်ဒရို
လူးဝစ် အင်းနရစ် ရဲ့ အသင်း မှာ နေရာ ပျောက်ခဲ့တာ ကြောင့် ၂၀၁၅ နွေရာသီ မှာ ပက်ဒရို ဟာ ဘာစီလိုနာ ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ က အပြိုင် ချဉ်းကပ် ခဲ့ကြပြီး ပက်ဒရို က ချဲလ်ဆီး ကို ရွေးချယ် ကာ ပရီးမီးယားလိဂ် ဖလား ၊ FA Cup နဲ့ ယူရိုပါလိဂ် တို့ကို ရယူ ကိုင်မြှောက် နိုင် ခဲ့ ပါတယ် ။

၈ ။ ရာဖေး ဗာရိန်း
ဗာရိန်း ဟာ ဖာဂူဆန် လက်ထက် ကတည်းက ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့ဖူး ပါတယ် ။ မော်ရင်ဟို ရောက်လာတဲ့ ၂၀၁၆ မှာ လည်း ယူနိုက်တက် ဟာ ဗာရိန်း ကိုနောက်တစ်ကြိမ် ကမ်းလှမ်းခဲ့ ပါတယ် ။ ဒါပေမယ့် ဗာရိန်း ကတော့ ယူနိုက်တက် ဟာ ထိပ်တန်း ကလပ် ဖြစ်ကြောင်း ပြောဆို ခဲ့ ပြီး လက်ရှိ မှာတော့ ရီးရဲ မှာသာ ဆက်လက် ကစားဖို့ ဆုံးဖြတ် ထားပါတယ် လို့ ပြောဆိုကာ သတင်းတွေကို အဆုံးသတ် ပေးခဲ့ ပါတယ် ။

၉ ။ ဆာဒီယို မာနေး
ဆောက်သမ်တန် မှာ ခြေစွမ်းပြ နေတဲ့ မာနေး ကို လူးဝစ် ဗန်ဟား က စိတ်ဝင်စား ခဲ့ ပါတယ် ။ မာနေး ကိုယ်တိုင် က လူးဝစ် ဗန်ဟား နဲ့ ဆုံတွေ့ ခဲ့ပြီး ယူနိုက်တက် က ကမ်းလှမ်းခဲ့ ကြောင်း ကို ထုတ်ဖော် ပြောပြ ခဲ့ ပါတယ် ။ ဒါပေမယ့် ဆီနီဂေါ တိုက်စစ်မှုး ဟာ ဗန်ဟား ရဲ့ ကစားပုံ ကြောင့် ယူနိုက်တက် ကို ငြင်းပယ် ခဲ့ပြီး နောက် တစ်နှစ် မှာတော့ လီဗာပူး ကို ပြောင်းရွှေ့ သွားခဲ့ ပါတယ် ။ မာနေး ရဲ့ အစွမ်းအစ ကတော့ အားလုံး သိကြပြီး ဖြစ် မှာပါ ။

၁၀ ။ ၀ီလ်ယံ
ပြီးခဲ့တဲ့ နှစ် နွေရာသီ မှာ ချဲလ်ဆီး က တပည့်ဟောင်း ကို မော်ရင်ဟို ကြိုးစား ကြည့်ခဲ့ ဖူး ပါတယ် ။ ဒါပေမယ့် ၀ီလ်ယံ ကတော့ အပြာရောင် ကို စွန့်ကာ အနီရောင် ကို ၀တ်ဆင် ဖို့ ဆန္ဒ မရှိခဲ့ ပါဘူး ။ အခု အချိန် မှာတော့ ၀ီလ်ယံ ဟာ ချဲလ်ဆီး အတွက် ပွဲပေါင်း ၃၀၀ ပြည့်မြောက် သွားခဲ့ပြီး အသံတိတ် ဂန္ထဝင် တစ်ယောက် ဖြစ်လာ ခဲ့ ပါတယ် ။

၁၁ ။ အန်ဂိုလို ကန်တီ
လက်စတာ ရဲ့ ကွင်းလယ် မှာ မမောတမ်း မပန်းတမ်း ပြေးလွှား ဖျက်ထုတ် ပြီး ပရီးမီးယားလိဂ် ဖလားကြီးကို ရယူပေးခဲ့တဲ့ ကန်တီ ကို မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာချိန် မှာ မော်ရင်ဟို က ခေါ်ယူ ဖို့ ကြိုးစား ခဲ့ ပါတယ် ။ ဒါပေမယ့် မအောင်မြင် ခဲ့ ပါဘူး ။ ကန်တီ ဆီ ကိုယ်တိုင် ဆက်သွယ် ခဲ့ ပေမယ့် ကစား သမား က ချဲလ်ဆီး ကို ရွေးချယ် သွားခဲ့ ပါတယ် ။ ကန်တီ လည်း ပရီးမီးယားလိဂ် ဖလား ကို ၂ နှစ်ဆက် တိုက် ရခဲ့ပါတယ် ။

၁၂ ။ အယ်ဗာရို မိုရာတာ
မန်ချက်စတာ ယူနိုက်တက် ကို ငြင်းပယ်ပြီး ချဲလ်ဆီး ကို ပြောင်းရွှေ့ တဲ့ ကစား သမားတွေ ဟာ ဖာဂူဆန် နှောင်းပိုင်း ခေတ်တွေ မှာ ပိုမို များပြား လာခဲ့ ပါတယ် ။ ကန်တီ ၊ ပက်ဒရို တို့ ကိစ္စ တွေ မှာ ယူနိုက်တက် ပရိသတ်တွေ နှမြော တသ ဖြစ်ခဲ့ ပေမယ့် မိုရာတာ အပေါ် မှာ တော့ ၀မ်းမြောက် ၀မး်သာ ဖြစ်ခဲ့ကြ မှာ သေချာ ပါတယ် ။ ယူနိုက်တက် ကို ရွေးချယ် ဖို့ ငြင်းဆန် ခဲ့တဲ့ စပိန်တိုက်စစ်မှုး ဟာ ချဲလ်ဆီး မှာ ပုံစံ ကောင်းမပြသ နိုင် ခဲ့ဘဲ မက်ဒရစ် ကို ပြန်ပြေး ခဲ့ရ ပါတယ် ။ ယူနိုက်တက် ကတော့ အဆိုပါ နှစ် မှာ မိုရာတာ ကို မရလို့ ခေါ်ယူခဲ့တဲ့ လူကာကူ ရဲ့ သွင်းဂိုးတွေ ကြောင့် တစ်ရာသီစာ ပျော်ရွှင်မှု ကို ရရှိ ခဲ့ ပါတယ် ။

ဒီ ကစား သမားတွေ ဟာ ဆာအဲလက်စ် ဖာဂူဆန် အနားယူ သွားပြီး နောက်ပိုင်း မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့ပါတယ် လို့ ထုတ်ဖော် ပြောဆို ခဲ့ကြသူတွေ ဖြစ် ပါတယ် ။ ဒီလို ထုတ်ဖော် မပြောပြ တဲ့ သူတွေ ရှိကြဦးမှာပါ ။ တကယ်လို့ သာ ဖာဂူဆန် ဆက်ပြီး ရှိနေခဲ့ဦးမယ် ဆိုရင် ဒီစာရင်း ထဲက တစ်ဝက် လောက်ဟာ ယူနိုက်တက် ကစား သမားတွေ ဖြစ်လာ နိုင် ပါတယ် ။

ဒါကြောင့် ကလပ် အသင်း တစ်သင်း ဆီကို ကစား သမား ကောင်းတွေ ရောက်လာဖို့ အတွက် နည်းပြ ကောင်း တစ်ယောက် ရှိနေဖို့ ကလည်း လိုအပ် တယ်ဆိုတာ ကို သိသာ မြင်သာ စေခဲ့ ပါတယ် ။ အခု အချိန် မှာ ဆိုရင် ကစား သမား ကောင်းတွေ ဟာ ဆိုးရှား ထက် ဂွာဒီယိုလာ နဲ့ ယာဂင် ကလော့ တို့ ကို ရွေးချယ် ချင်ကြမှာ အသေအချာ ပါပဲ . . .

SPORTS MYANMAR

Zawgyi

ဆာအဲလက္စ္ မရွိေတာ့တဲ့ ေနာက္ မန္ခ်က္စတာ ယူႏုိက္တက္ ကို ျငင္းဆန္ခဲ့ၾကသူမ်ား

=============================================

ေဘာလံုး သမား တစ္ေယာက္ အသင္း ေျပာင္းေရႊ႕မႈ မွာ ဘယ္ အရာေတြ က အေရးပါ ေနသလဲ . . . ကလပ္ အသင္း ရဲ႕ အေန အထား ၊ ရရွိမယ့္ လစာ ၊ ပတ္၀န္းက်င္ ၊ အနာဂါတ္ အလား အလာ စတဲ့ အခ်က္ေတြ လိုပဲ ဘယ္သူ က နည္းျပ ေနတယ္ ဆုိတာ ကိုလည္း ထည့္သြင္း စဥ္းစား ေလ့ ရွိၾကပါတယ္ ။ နည္းျပ ေကာင္းေတြ ရွိတဲ့ အသင္း ကို ကစား သမား ေကာင္းေတြ လာခ်င္ ၾကသလုိ အျပန္ အလွန္ အားျဖင့္ အရွိန္ အ၀ါ နဲ႔ ေအာင္ျမင္မႈ မရွိတဲ့ နည္းျပ ဆီ ကို ကစား သမားေကာင္းေတြ လာေရာက္ဖို႔ တြန္႔ဆုတ္ တတ္ၾက တာ သဘာ၀ ပါပဲ ။

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ ဆာအဲလက္စ္ ဖာဂူဆန္ လက္ထက္ မွာ အဂၤလန္ ရဲ႕ အေအာင္ျမင္ ဆံုး အသင္း ျဖစ္ခဲ့ ပါတယ္ ။ အမွတ္ေပး ဖလား ေတြကို ႏွစ္တုိင္း လိုလို ရယူ ႏုိင္ခဲ့ တဲ့ အျပင္ ဥေရာပ ၿပဳိင္ပြဲ ေတြ မွာ လည္း ဗိုလ္စြဲ ခဲ့ ပါတယ္ ။ ဒါေၾကာင့္ ကစား သမား ေကာင္းေတြ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ မွာ ကစား ဖို႔ အိပ္မက္ မက္ခဲ့ ၾကပါတယ္ ။

ဒါေပမယ့္ ဖာဂူဆန္ အနားယူ သြားတဲ့ ၂၀၁၃ ခုႏွစ္ ေႏြရာသီ က စလို႔ ဒါေတြ ဟာ ေျပာင္းလဲ သြားခဲ့ ပါတယ္ ။ ေဒးဗစ္ မိုရက္စ္ ၊ လူး၀စ္ ဗန္ဟား ၊ ဟိုေဆး ေမာ္ရင္ဟို နဲ႔ ဆိုးရွား တို႔ အထိ နည္းျပ ၄ ဦး ေျပာင္းလဲ လာခဲ့ ခ်ိန္ မွာ ယူနုိက္တက္ ရဲ႕ အရွိန္ အ၀ါ ဟာ က်ဆင္း လာခဲ့ၿပီး ကစား သမား ေတြ ကလည္း အိုးထရက္ဖိုဒ့္ မွာ လာေရာက္ စြန္႔စားဖို႔ တြန္႔ဆုတ္ လာခဲ့ ၾကပါတယ္ ။

ဒီ အထဲ မွာ ဗန္ဟား ၊ ေမာ္ရင္ဟို လို ထိပ္တန္း နည္းျပေတြ ေတာင္ ပါ၀င္ခဲ့ ပါတယ္ ။ သူတို႔ ဟာ နည္းျပ ဘ၀ မွာ ေအာင္ျမင္မႈ ေတြ ရရွိ ထားခဲ့ ေပမယ့္ နာမည္ေက်ာ္ တုိက္စစ္ သမားေတြ နဲ႔ မကိုက္ညီတဲ့ ကစားပံုေတြ ေၾကာင့္ အုိးထရက္ဖိုဒ့္ ကို လူေကာင္းေတြ ေရာက္မလာ ႏုိင္ခဲ့ ၾကပါဘူး ။ မုိရက္စ္ နဲ႔ ဆုိးရွား တို႔ ကေတာ့ အရွိန္ အ၀ါ ကင္းမဲ့ သူေတြျဖစ္လို႔ ထိပ္တန္း ကစား သမားေတြ ကို မဆြဲေဆာင္ ႏုိင္ခဲ့ ၾကပါဘူး ။

အခု ေဖာ္ျပမယ့္ စာရင္း ကေတာ့ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူၿပီး ေနာက္ပုိင္း မွာ ယူႏုိက္တက္ ရဲ႕ ကမ္းလွမ္းမႈ ကို ရရွိၿပီး ျငင္းပယ္ ခဲ့တယ္လုိ႔ ထုတ္ေဖာ္ ေျပာဆို ခဲ့တဲ့ လူစာရင္းပဲ ျဖစ္ ပါတယ္ –

၁ ။ ဖာဘရီဂတ္
ေဒးဗစ္ မိုရက္စ္ ဟာ ဘာစီလိုနာ မွာ ကစားေနတဲ့ စပိန္သား ကို ႀကဳိးစားခဲ့ ဖူးေပမယ့္ ဖာဘရီဂတ္ က ျငင္းပယ္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ေနာက္ ၁ ႏွစ္ အၾကာ မွာ အသင္းေဟာင္း အာဆင္နယ္ ရဲ႕ ခါးသီးလွတဲ့ ၿမဳိ႕ခံၿပဳိင္ဘက္ ခ်ဲလ္ဆီး ကို ဖာဘရီဂတ္ ေျပာင္းေရႊ႕ လာခဲ့ တာကေတာ့ ယူႏုိက္တက္ ပရိသတ္ေတြ မခ်င့္မရဲ ျဖစ္စရာ ပါပဲ ။

၂ ။ တိုနီ ကရူးစ္
ဘုိင္ယန္ မွာ ရွိေနစဥ္ က ယူႏုိက္တက္ ရဲ႕ ကမ္းလွမ္းမႈ ကို ျငင္းပယ္ ခဲ့တဲ့ အတြက္ တိုနီ ကရူးစ္ တစ္ေယာက္ ေနာင္တရ မိမွာ မဟုတ္တာ အေသအခ်ာ ပါပဲ ။ ယူႏုိက္တက္ ကို သာ ေျပာင္းခဲ့ရင္ ခ်န္ပီယံ လိဂ္ ၀င္ခြင့္ အတြက္ တိုက္ပြဲ ၀င္ေကာင္း ၀င္ေန ရမွာ ျဖစ္ၿပီး ရီးရဲ ကို ေျပာင္းခဲ့တဲ့ အတြက္ ခ်န္ပီယံ လိဂ္ ဖလား ၄ လံုးရွင္ ျဖစ္လာခဲ့ ရ ပါတယ္ ။

၃ ။ သီယာဂို အယ္ကန္ထရာ
ဘာကာ လူငယ္ ေလး အယ္ကန္ထရာ ကို ေဒးဗစ္ မိုရက္စ္ စိတ္၀င္စား ခဲ့ ပါတယ္ ။ လူငယ္ တစ္ေယာက္ အတြက္ ေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ က ကမ္းလွမ္းတယ္ ဆိုတဲ့ အသိဟာ ရင္ခုန္ စိတ္လႈပ္ရွားေစ မွာ အမွန္ ပါပဲ ။ ဒါေပမယ့္ ဒီဂီယာ နဲ႔ အတူ စပိန္ လူငယ္ အသင္းမွာ ကစားခ့ဲ့တဲ့ အယ္ကန္ထရာ ဟာ ဘုိင္ယန္ျမဳးနစ္ ကို ေရြးခ်ယ္ သြားခဲ့ ပါတယ္ ။ ဖာဂူဆန္ သာ ဆိုရင္ က်ိန္းေသ ေပါက္ ေရာက္လာႏုိင္တဲ့ ကစား သမားမ်ဳိး ကို ယူႏုိက္တက္ တို႔ လက္လႊတ္ ခဲ့ရ တာပါပဲ ။

၄ ။ ဂါရတ္ေဘးလ္
ရီးရဲ မက္ဒရစ္ ထက္ ပိုၿပီး ေစ်းေပးခဲ့ ေပမယ့္ ေ၀းလ္ ေတာင္ပံ ကစား သမား ကေတာ့ သူ႔ရဲ႕ အိပ္မက္ ကို မစြန္႔ လႊတ္ ခဲ့ ပါဘူး ။ အခု အခ်ိန္ မွာ ေဘးလ္ အေနနဲ႔ ဒီဆံုးျဖတ္ခ်က္ ကို ျပန္ေတြးၿပီး ေက်နပ္ေနမွာပါ ။ ၂၀၁၃ ကေန ၂၀၁၉ အထိ ၆ ႏွစ္ ၾကာသြားခဲ့ ေပမယ့္ ေဘးလ္ နဲ႔ ယူႏုိက္တက္ တို႔ရဲ႕ သတင္းေတြကေတာ့ ထြက္ဆဲ ထြက္ၿမဲ ပါပဲ ။

၅ ။ ေသာမတ္စ္မူလာ
ယူႏုိက္တက္ ကို ဗန္ဟား ေရာက္လာခ်ိန္ မွာ တပည့္ေဟာင္း မူလာ ကို ဘုိင္ယန္ ကေန ေခၚဖို႔ ႀကဳိးစားခဲ့ ပါတယ္ ။ ဒါေပမယ့္ မူလာ ရဲ႕ စိတ္ထဲမွာ ဘုိင္ယန္ျမဳးနစ္ ဟာ သူ ေခါင္းခ်မယ့္ အသင္းလို႔ ခံယူထားတာ ေၾကာင့္ အဂၤလန္ ကို လာဖို႔ ျငင္းပယ္ ခဲ့ ပါတယ္ ။ ေမာ္ရင္ဟို ယူႏုိက္တက္ ကို စတင္ ကိုင္တြယ္ ခ်ိန္ မွာလည္း မူလာ ကို သန္း ၈၀ ေက်ာ္ အထိ ေပးၿပီး ေခၚဖို႔ ဘုတ္အဖြဲ႕ ရဲ႕ ေထာက္ခံမႈ ကို ရရွိ ခဲ့ ေပမယ့္ မူလာ က ထပ္မံ ျငင္းဆန္ ခဲ့ျပန္ ပါတယ္ ။
၆ ။ ဆာဂ်ီယို ရာမိုစ့္
၂၀၁၅ ေႏြရာသီ တုန္းက ရီးရဲ ဥကၠဌ ပီရက္စ္ နဲ႔ အဆင္မေျပ မႈေတြ ရွိေနတယ္ လို႔ သတင္း ထြက္ေပၚ အၿပီး မွာ ရာမိုစ့္ ကို မန္ခ်က္စတာ ယူႏုိက္တက္ က စိတ္၀င္ စားလာခဲ့ ပါတယ္ ။ မက္ဒရစ္ ရဲ႕ သံမဏိ အသင္း ေခါင္းေဆာင္ ကို အိုးထရက္ဖိုဒ့္ မွာ ျမင္ေတြ႕ လိုသူ ေတြ ရွိခဲ့ ေပမယ့္ ေနာက္ဆံုး မွာေတာ့ ရာမုိစ့္ ဟာ ရီးရဲ နဲ႔ ကာလရွည္ စာခ်ဳပ္ ကို ခ်ဳပ္ဆုိ သြားခဲ့ ပါတယ္ ။

၇ ။ ပက္ဒရို
လူး၀စ္ အင္းနရစ္ ရဲ႕ အသင္း မွာ ေနရာ ေပ်ာက္ခဲ့တာ ေၾကာင့္ ၂၀၁၅ ေႏြရာသီ မွာ ပက္ဒရို ဟာ ဘာစီလုိနာ ကို စြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့ ပါတယ္ ။ မန္ခ်က္စတာ ယူနုိက္တက္ နဲ႔ ခ်ဲလ္ဆီးတို႔ က အၿပဳိင္ ခ်ဥ္းကပ္ ခဲ့ၾကၿပီး ပက္ဒရို က ခ်ဲလ္ဆီး ကို ေရြးခ်ယ္ ကာ ပရီးမီးယားလိဂ္ ဖလား ၊ FA Cup နဲ႔ ယူရိုပါလိဂ္ တို႔ကို ရယူ ကိုင္ေျမွာက္ ႏုိင္ ခဲ့ ပါတယ္ ။

၈ ။ ရာေဖး ဗာရိန္း
ဗာရိန္း ဟာ ဖာဂူဆန္ လက္ထက္ ကတည္းက ယူႏုိက္တက္ ရဲ႕ ကမ္းလွမ္းမႈ ကို ျငင္းပယ္ ခဲ့ဖူး ပါတယ္ ။ ေမာ္ရင္ဟို ေရာက္လာတဲ့ ၂၀၁၆ မွာ လည္း ယူႏုိက္တက္ ဟာ ဗာရိန္း ကိုေနာက္တစ္ႀကိမ္ ကမ္းလွမ္းခဲ့ ပါတယ္ ။ ဒါေပမယ့္ ဗာရိန္း ကေတာ့ ယူႏုိက္တက္ ဟာ ထိပ္တန္း ကလပ္ ျဖစ္ေၾကာင္း ေျပာဆို ခဲ့ ၿပီး လက္ရွိ မွာေတာ့ ရီးရဲ မွာသာ ဆက္လက္ ကစားဖို႔ ဆံုးျဖတ္ ထားပါတယ္ လို႔ ေျပာဆိုကာ သတင္းေတြကို အဆံုးသတ္ ေပးခဲ့ ပါတယ္ ။

၉ ။ ဆာဒီယို မာေနး
ေဆာက္သမ္တန္ မွာ ေျခစြမ္းျပ ေနတဲ့ မာေနး ကို လူး၀စ္ ဗန္ဟား က စိတ္၀င္စား ခဲ့ ပါတယ္ ။ မာေနး ကိုယ္တုိင္ က လူး၀စ္ ဗန္ဟား နဲ႔ ဆံုေတြ႕ ခဲ့ၿပီး ယူႏုိက္တက္ က ကမ္းလွမ္းခဲ့ ေၾကာင္း ကို ထုတ္ေဖာ္ ေျပာျပ ခဲ့ ပါတယ္ ။ ဒါေပမယ့္ ဆီနီေဂါ တိုက္စစ္မႈး ဟာ ဗန္ဟား ရဲ႕ ကစားပံု ေၾကာင့္ ယူႏုိက္တက္ ကို ျငင္းပယ္ ခဲ့ၿပီး ေနာက္ တစ္ႏွစ္ မွာေတာ့ လီဗာပူး ကို ေျပာင္းေရႊ႕ သြားခဲ့ ပါတယ္ ။ မာေနး ရဲ႕ အစြမ္းအစ ကေတာ့ အားလံုး သိၾကၿပီး ျဖစ္ မွာပါ ။

၁၀ ။ ၀ီလ္ယံ
ၿပီးခဲ့တဲ့ ႏွစ္ ေႏြရာသီ မွာ ခ်ဲလ္ဆီး က တပည့္ေဟာင္း ကို ေမာ္ရင္ဟို ႀကဳိးစား ၾကည့္ခဲ့ ဖူး ပါတယ္ ။ ဒါေပမယ့္ ၀ီလ္ယံ ကေတာ့ အျပာေရာင္ ကို စြန္႔ကာ အနီေရာင္ ကို ၀တ္ဆင္ ဖို႔ ဆႏၵ မရွိခဲ့ ပါဘူး ။ အခု အခ်ိန္ မွာေတာ့ ၀ီလ္ယံ ဟာ ခ်ဲလ္ဆီး အတြက္ ပြဲေပါင္း ၃၀၀ ျပည့္ေျမာက္ သြားခဲ့ၿပီး အသံတိတ္ ဂႏၳ၀င္ တစ္ေယာက္ ျဖစ္လာ ခဲ့ ပါတယ္ ။

၁၁ ။ အန္ဂိုလို ကန္တီ
လက္စတာ ရဲ႕ ကြင္းလယ္ မွာ မေမာတမ္း မပန္းတမ္း ေျပးလႊား ဖ်က္ထုတ္ ၿပီး ပရီးမီးယားလိဂ္ ဖလားႀကီးကို ရယူေပးခဲ့တဲ့ ကန္တီ ကို မန္ခ်က္စတာ ယူႏုိက္တက္ နည္းျပ ျဖစ္လာခ်ိန္ မွာ ေမာ္ရင္ဟို က ေခၚယူ ဖို႔ ႀကဳိးစား ခဲ့ ပါတယ္ ။ ဒါေပမယ့္ မေအာင္ျမင္ ခဲ့ ပါဘူး ။ ကန္တီ ဆီ ကိုယ္တုိင္ ဆက္သြယ္ ခဲ့ ေပမယ့္ ကစား သမား က ခ်ဲလ္ဆီး ကို ေရြးခ်ယ္ သြားခဲ့ ပါတယ္ ။ ကန္တီ လည္း ပရီးမီးယားလိဂ္ ဖလား ကို ၂ ႏွစ္ဆက္ တုိက္ ရခဲ့ပါတယ္ ။

၁၂ ။ အယ္ဗာရို မုိရာတာ
မန္ခ်က္စတာ ယူနုိက္တက္ ကို ျငင္းပယ္ၿပီး ခ်ဲလ္ဆီး ကို ေျပာင္းေရႊ႕ တဲ့ ကစား သမားေတြ ဟာ ဖာဂူဆန္ ေႏွာင္းပိုင္း ေခတ္ေတြ မွာ ပိုမို မ်ားျပား လာခဲ့ ပါတယ္ ။ ကန္တီ ၊ ပက္ဒရို တိ႔ု ကိစၥ ေတြ မွာ ယူႏိုက္တက္ ပရိသတ္ေတြ ႏွေျမာ တသ ျဖစ္ခဲ့ ေပမယ့္ မိုရာတာ အေပၚ မွာ ေတာ့ ၀မ္းေျမာက္ ၀မး္သာ ျဖစ္ခဲ့ၾက မွာ ေသခ်ာ ပါတယ္ ။ ယူႏုိက္တက္ ကို ေရြးခ်ယ္ ဖို႔ ျငင္းဆန္ ခဲ့တဲ့ စပိန္တုိက္စစ္မႈး ဟာ ခ်ဲလ္ဆီး မွာ ပံုစံ ေကာင္းမျပသ ႏုိင္ ခဲ့ဘဲ မက္ဒရစ္ ကို ျပန္ေျပး ခဲ့ရ ပါတယ္ ။ ယူနုိက္တက္ ကေတာ့ အဆုိပါ ႏွစ္ မွာ မုိရာတာ ကို မရလုိ႔ ေခၚယူခဲ့တဲ့ လူကာကူ ရဲ႕ သြင္းဂုိးေတြ ေၾကာင့္ တစ္ရာသီစာ ေပ်ာ္ရႊင္မႈ ကို ရရွိ ခဲ့ ပါတယ္ ။

ဒီ ကစား သမားေတြ ဟာ ဆာအဲလက္စ္ ဖာဂူဆန္ အနားယူ သြားၿပီး ေနာက္ပုိင္း မွာ မန္ခ်က္စတာ ယူႏုိက္တက္ ရဲ႕ ကမ္းလွမ္းမႈ ကို ျငင္းပယ္ ခဲ့ပါတယ္ လို႔ ထုတ္ေဖာ္ ေျပာဆို ခဲ့ၾကသူေတြ ျဖစ္ ပါတယ္ ။ ဒီလို ထုတ္ေဖာ္ မေျပာျပ တဲ့ သူေတြ ရွိၾကဦးမွာပါ ။ တကယ္လို႔ သာ ဖာဂူဆန္ ဆက္ၿပီး ရွိေနခဲ့ဦးမယ္ ဆုိရင္ ဒီစာရင္း ထဲက တစ္၀က္ ေလာက္ဟာ ယူႏုိက္တက္ ကစား သမားေတြ ျဖစ္လာ ႏုိင္ ပါတယ္ ။

ဒါေၾကာင့္ ကလပ္ အသင္း တစ္သင္း ဆီကို ကစား သမား ေကာင္းေတြ ေရာက္လာဖို႔ အတြက္ နည္းျပ ေကာင္း တစ္ေယာက္ ရွိေနဖို႔ ကလည္း လုိအပ္ တယ္ဆိုတာ ကို သိသာ ျမင္သာ ေစခဲ့ ပါတယ္ ။ အခု အခ်ိန္ မွာ ဆုိရင္ ကစား သမား ေကာင္းေတြ ဟာ ဆုိးရွား ထက္ ဂြာဒီယိုလာ နဲ႔ ယာဂင္ ကေလာ့ တု႔ိ ကို ေရြးခ်ယ္ ခ်င္ၾကမွာ အေသအခ်ာ ပါပဲ . . .

SPORTS MYANMAR