Unicode
အက်ပန်ညော် အသင်းရဲ့ နောက်ခံလူဟောင်း ဖြစ်သူ ဒေးဗစ်ဂါစီယာက လီယွန်နယ်မက်ဆီ ကို ပထမဦးဆုံး လူကပ် ကစားရတဲ့သူ ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပြီး ဂါစီယာက အာဂျင်တီးနားစတားဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် ၎င်းရဲ့ ပွဲဦးထွက်မှာတော့ ဘာမှ ထူးထူးခြားခြား မဟုတ်ခဲ့ဘူးလို့ ဖွင့်ဟ သွားပါတယ် ။ အဆိုပါ အချိန်က ဆယ်ကျော်သက် ကစားသမား အဖြစ်သာ ရှိသေးတဲ့ မက်ဆီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝကို အက်ပန်ညော် နဲ့ ပွဲမှာ စတင်ခဲ့တာ ဖြစ်ပြီး ဘာကာ တို့ ၁-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဥ်ရဲ့ နောက်ဆုံး ၇ မိနစ်ကို ကစား ခဲ့ရတာပါ။
ခြေစွမ်းပြ ကစားဖို့ အချိန် အနည်းငယ်သာ ရခဲ့တာကြောင့် မက်ဆီဟာ ပွဲအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိစေခဲ့ဘဲ ဂါစီယာ အနေနဲ့ ကတော့ ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တွေထဲက တစ်ဦး ဖြစ်လာမယ့် မက်ဆီကို သက်တောင့်သက်သာ ထိန်းချုပ် နိုင်ခဲ့ပါတယ်။
ဂါစီယာက “သူ ဘာလဲ ဆိုတာကို ကျွန်တော်နဲ့ အက်ပန်ညော် လူငယ် ကစားသမားတွေ သိခဲ့ ကြပါတယ်။ ဘာစီလိုနာ အသင်းမှာ ဘယ်လိုလူတွေ ပါသလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိထားပြီး သူဟာ စောင့်ကြည့်ရမယ့် သူတွေထဲက တစ်ဦးပါ။ B အသင်းမှာ သူ့ရဲ့ ကစားပုံ အချို့ကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ဖူးပါတယ်။ သူဘာလုပ် နိုင်စွမ်း ရှိသလဲ ဆိုတာ ကျွန်တော်တို့ သိထား ခဲ့ပါတယ်။
အဲဒီနေ့ကတော့ မက်ဆီကို လူကပ် ကစားရတာ သာမန်ပါပဲ။ သူဟာ အရမ်းကို အရည်အသွေး မြင့်မားပေမယ့် ဒီနေ့လို ကစားသမားမျိုးတော့ မဟုတ် သေးပါဘူး ။ ဒီနေ့မှာတော့ သူဟာ ယုံကြည်မှု ပြည့်ဝနေ့ပြီး အများကြီး တိုးတက်ကာ ရင့်ကျက် နေပါတယ်။ အဲဒီပွဲတုန်း ကနဲ့ တစ်ခြားစီ ပါပဲ။ သူ့ကို လူကပ် ကစားရာမှာ ထူးထူးခြားခြား ခံစားချက်ကို ကျွန်တော် မရခဲ့ ပါဘူး။ အခြား ကစားသမား တစ်ဦးကို လူကပ် ကစားရ သလိုပဲ ခံစား မိပါတယ်။” လို့ ဆိုသွားပါတယ်။
ဂါစီယာ ကလည်း သူ့ရဲ့ ဆယ်ကျော်သက် ကစားသမား ဘဝမှာ အက်ပန်ညော် မှာ ပွဲဦးထွက် ခဲ့သူ ဖြစ်ပြီး လာလီဂါ ကလပ်အတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့ကာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဂျီရိုနာ အသင်းမှာ အနားယူ ခဲ့တာ ဖြစ်ပါတယ်။ ဂါစီယာ ကတော့ မက်ဆီ အနေနဲ့ ယခုလို စူပါစတား ကစားသမားမျိုး ဖြစ်လာ လိမ့်မယ်လို့ လုံးဝ မထင်ထား ခဲ့ကြောင်း ဝန်ခံ သွားခဲ့ပါတယ်။
ဂါစီယာက “သူဟာ အရမ်းကောင်းတဲ့ ကစားသမား ဖြစ်လာမယ့် သူလို့ ကျွန်တော် ခံစားမိ ခဲ့ပေမယ့် ဒီနေ့လို ကစားသမားမျိုး ဖြစ်လာ မယ်လိုတော့ လုံးဝ မထင်ထား မိခဲ့ပါဘူး။ အမှန် ပြောရရင်တော့ အဲဒီအချိန်တုန်းက သူဘာဖြစ်လာမလဲ ကျွန်တော် မတွေးမိ ခဲ့ပါဘူး။ ကျွန်တော့် အတွေးက ဘာစီလိုနာ အက်ပန်ညော် တို့မှာ ရှိတဲ့ အခြား ကောင်လေးတွေ လိုပဲ သူဟာ အသင်းကြီး အတွက် ဒီအသက်အရွယ်လေးနဲ့ ပွဲဦးထွက် ကစားပြီး သူ့အိမ်မက်ကို အကောင်အထည်ဖေါ်နေတယ် လို့ပဲ တွေးခဲ့ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာတော့ သူဘာဖြစ်လာမလဲ ဆိုတာ မတွေးခဲ့ပါဘူး။” လို့ ဆိုသွားပါတယ်။
မက်ဆီဟာ အဆိုပါ ရာသီမှာ ဘာစီလိုနာ အတွက် နောက်ထပ် ကိုးပွဲ ထပ်ကစားခွင့် ရရှိခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဥ်လည်း ပါဝင် ခဲ့ကာ ကလပ်အတွက် သူ့ရဲ့ ပထမဦးဆုံး ဂိုးကိုတော့ ၂၀၀၅ ခုနှစ် မေလက အယ်ဘာစီတီ နဲ့ပွဲမှာ သွင်းယူ နိူင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမား ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူ့ကစားသမား ဘဝရဲ့ ၆ ကြိမ်မြောက် ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူး ခဲ့ပြီး ဒဏ်ရာ ပြသနာ​ကြောင့် ဒီရာသီ အစ ပွဲစဥ် အများစုကို လွဲချော် ခဲ့တဲ့ မက်ဆီဟာ လာမည့် စနေနေ့ အီဗာနဲ့ ရင်ဆိုင် ရမယ့် ပွဲမှာ သူမကစား နိုင်ခဲ့တဲ့ အချိန်တွေကို သွင်းဂိုးတွေနဲ့ ပြန်လည် ဖာထေး သွားဖို့ ဆုံးဖြတ် ထားပါတယ်။
SM
Zawgyi
မက်ဆီရဲ့ ဘာစီလိုနာ ပွဲဦးထွက်မှာ အာဂျင်တီးနားစတားကို လူကပ်ကစား ခဲ့ရတဲ့ ခံစားချက်ကို ပြန်ပြောပြခဲ့တဲ့ အက်ပန်ညော် နောက်ခံလူဟောင်း
SM