အာဆင်နယ် အသင်း ကွင်းလယ် ကြယ်ပွင့် မီဆွတ် အိုဇေးလ် ဟာ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းပြ ကစား နိုင်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေ အပေါ် တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် နှစ်ပွဲသာ ပါဝင် ကစားခွင့် ရထားပြီး ပရီးမီးယားလိဂ်မှာလည်း တစ်ပွဲသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။ ဒါ့အပြင် အိုဇေးလ် ဟာ လီဗာပူး ၊ တော့တင်ဟမ် ၊ မန်ယူနိုက်တက် တို့နဲ့ တွေ့ဆုံတဲ့ ပွဲကြီးပွဲကောင်းတွေမှာလည်း ပါဝင် ကစားခွင့် မရခဲ့ပါဘူး ။

အသက် ၃၁ အရွယ်ရှိပြီ ဖြစ်တဲ့ အိုဇေးလ် ဟာ အာဆင်နယ် အသင်းရဲ့ နောက်ဆုံး သုံးပွဲဆက်တိုက် လူစာရင်း ကနေ ချန်လှပ် ခံခဲ့ရပြီး နည်းပြ အမ်မရီ ကတော့ အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ချန်လှပ်ခဲ့ရတာ ဖြစ်တယ်လို့ ဖြေရှင်း ထားပါတယ်။

အိုဇေးလ် က The Athletic နဲ့ အင်တာဗျူးမှာပွဲကြီးပွဲကောင်းတွေမှာ ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန် ခံနေရတဲ့ အပေါ် ” ပွဲကြီးပွဲကောင်းတွေမှာ အသင်းရလဒ် မကောင်းရင် ကျနော့်ကြောင့်လို့ အမြဲ ပြောခံရပါတယ် ၊ ဒါဆို ကျနော် ကစားခွင့် မရတဲ့ ပွဲကြီးပွဲကောင်းတွေမှာ အသင်းရဲ့ ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီးကော ခင်ဗျားတို့ ဘယ်လို ပြောချင်သလဲဗျာ။ ဘာမှ ကွဲပြားသွားတာ မရှိပါဘူး ။ ”

” ပရိသတ်တွေက ကျနော့်ဆီက အများကြီး မျှော်လင့်ထားကြတာကို သိပါတယ် ၊ ကျနော်ကိုယ်တိုင်ကည်း အသင်းအတွက် အများကြီး စွမ်းဆောင် ပေးချင်တာပေါ့ဗျာ ၊ ဒါပေမယ့် အဲ့လောက် မရိုးရှင်းဘူးလေ ၊ အသင်းမှာ ကျနော် တစ်ယောက်တည်း ကစားနေတာ မဟုတ်ဘူးဆိုတာ မမေ့စေချင်ပါဘူး၊ အချို့ ပြိုင်ဘက်တွေက ကျနော်တို့ထက် ပိုကောင်းတယ်ဆိုတာကိုလည်း လက်ခံရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဒါ့အပြင် အိုဇေးလ် က အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မှာလား ဆိုတဲ့ မေးခွန်းကိုလည်း ” မထွက်ပါဘူး ၊ ဒီမှာ ကျနော့်ရဲ့ စာချုပ် သက်တမ်းက ၂၀၂၁ ခုနှစ် နွေရာသီ အထိ ကျန်ရှိ နေပါသေးတယ် ၊ အဲ့အချိန်အထိ အာဆင်နယ်မှာပဲ ဆက်ရှိ နေမှာပါ ။ ”

” အာဆင်နယ် နဲ့ စာချုပ်သစ် ချုပ်ကတည်းက သေချာ စဉ်းစားတွေးတောပြီးမှ လတ်မှတ်ထိုးခဲ့တာပါ ၊ ကျနော့် ကစားသမား ဘဝ အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် တစ်ခုလည်း ဖြစ်ပါတယ် ၊ ကျနော့်ရဲ့ အနာဂတ်ကို အာဆင်နယ် အသင်းမှာပဲ ကုန်ဆုံး ချင်ခဲ့တာ ဖြစ်ပြီး ကလပ်ဘက်ကလည်း ကျနော့်လို ပါပဲ ။ ”

” အခုလို ခက်ခဲတဲ့ အချိန်တွေကတော့ ကြုံတွေ့ ရမှာပါ ၊ ဒီအခက်အခဲတွေကနေ ရှောင်ပြေးဖို့ ကျနော့်မှာ အကြောင်းပြချက် လုံးဝ မရှိပါဘူး ၊ ဒါကြောင့် ဘယ်ကိုမှ ပြောင်းမှာ မဟုတ်သလို အသင်းမှာ အနည်းဆုံးတော့ စာချုပ် သက်တမ်းကုန်မယ့် ၂၀၂၁အထိ ဆက်ကစား သွားမှာပါ ။ “လို့ ဆိုပါတယ် ။

SPORTS MYANMAR

Zawgyi

ပြဲႀကီးပြဲေကာင္းေတြမွာ ေျခစြမ္းမျပနိုင္ဘူးလို႔ ေဝဖန္ ခံေနရတဲ့ အေပၚ တုန႔္ျပန္ ေျပာၾကားလိုက္တဲ့ အိုေဇးလ္
==================================

အာဆင္နယ္ အသင္း ကြင္းလယ္ ၾကယ္ပြင့္ မီဆြတ္ အိုေဇးလ္ ဟာ အသင္းႀကီး အခ်င္းခ်င္း ထိပ္တိုက္ ေတြ႕ဆုံတဲ့ ပြဲႀကီးပြဲေကာင္းေတြမွာ ေျခစြမ္းၿပ ကစား နိုင္ျခင္း မရွိဘူးလို႔ ေဝဖန္မွုေတြ အေပၚ တုန႔္ျပန္ ေျပာၾကား လိုက္ပါတယ္ ။

အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္း အတြက္ ႏွစ္ပြဲသာ ပါဝင္ ကစားခြင့္ ရထားၿပီး ပရီးမီးယားလိဂ္မွာလည္း တစ္ပြဲသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။ ဒါ့အျပင္ အိုေဇးလ္ ဟာ လီဗာပူး ၊ ေတာ့တင္ဟမ္ ၊ မန္ယူနိုက္တက္ တို႔နဲ႔ ေတြ႕ဆုံတဲ့ ပြဲႀကီးပြဲေကာင္းေတြမွာလည္း ပါဝင္ ကစားခြင့္ မရခဲ့ပါဘူး ။

အသက္ ၃၁ အရြယ္ရွိၿပီ ျဖစ္တဲ့ အိုေဇးလ္ ဟာ အာဆင္နယ္ အသင္းရဲ့ ေနာက္ဆုံး သုံးပြဲဆက္တိုက္ လူစာရင္း ကေန ခ်န္လွပ္ ခံခဲ့ရၿပီး နည္းၿပ အမ္မရီ ကေတာ့ အိုေဇးလ္ ထက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ကစားသမားေတြ ရွိေနတာေၾကာင့္ ခ်န္လွပ္ခဲ့ရတာ ျဖစ္တယ္လို႔ ေျဖရွင္း ထားပါတယ္။

အိုေဇးလ္ က The Athletic နဲ႔ အင္တာဗ်ဴးမွာပြဲႀကီးပြဲေကာင္းေတြမွာ ေျခစြမ္းမျပနိုင္ဘူးလို႔ ေဝဖန္ ခံေနရတဲ့ အေပၚ ” ပြဲႀကီးပြဲေကာင္းေတြမွာ အသင္းရလဒ္ မေကာင္းရင္ က်ေနာ့္ေၾကာင့္လို႔ အျမဲ ေျပာခံရပါတယ္ ၊ ဒါဆို က်ေနာ္ ကစားခြင့္ မရတဲ့ ပြဲႀကီးပြဲေကာင္းေတြမွာ အသင္းရဲ့ ရလဒ္ပိုင္းနဲ႔ ပတ္သက္ၿပီးေကာ ခင္ဗ်ားတို႔ ဘယ္လို ေျပာခ်င္သလဲဗ်ာ။ ဘာမွ ကြဲျပားသြားတာ မရွိပါဘူး ။ ”

” ပရိသတ္ေတြက က်ေနာ့္ဆီက အမ်ားႀကီး ေမၽွာ္လင့္ထားၾကတာကို သိပါတယ္ ၊ က်ေနာ္ကိုယ္တိုင္ကည္း အသင္းအတြက္ အမ်ားႀကီး စြမ္းေဆာင္ ေပးခ်င္တာေပါ့ဗ်ာ ၊ ဒါေပမယ့္ အဲ့ေလာက္ မရိုးရွင္းဘူးေလ ၊ အသင္းမွာ က်ေနာ္ တစ္ေယာက္တည္း ကစားေနတာ မဟုတ္ဘူးဆိုတာ မေမ့ေစခ်င္ပါဘူး၊ အခ်ိဳ႕ ၿပိဳင္ဘက္ေတြက က်ေနာ္တို႔ထက္ ပိုေကာင္းတယ္ဆိုတာကိုလည္း လက္ခံရမွာပါ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

ဒါ့အျပင္ အိုေဇးလ္ က အာဆင္နယ္ အသင္းကေန ထြက္ခြာေတာ့မွာလား ဆိုတဲ့ ေမးခြန္းကိုလည္း ” မထြက္ပါဘူး ၊ ဒီမွာ က်ေနာ့္ရဲ့ စာခ်ဳပ္ သက္တမ္းက ၂၀၂၁ ခုႏွစ္ ေႏြရာသီ အထိ က်န္ရွိ ေနပါေသးတယ္ ၊ အဲ့အခ်ိန္အထိ အာဆင္နယ္မွာပဲ ဆက္ရွိ ေနမွာပါ ။ ”

” အာဆင္နယ္ နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ကတည္းက ေသခ်ာ စဥ္းစားေတြးေတာၿပီးမွ လတ္မွတ္ထိုးခဲ့တာပါ ၊ က်ေနာ့္ ကစားသမား ဘဝ အတြက္ အေရးပါတဲ့ ဆုံးျဖတ္ခ်က္ တစ္ခုလည္း ျဖစ္ပါတယ္ ၊ က်ေနာ့္ရဲ့ အနာဂတ္ကို အာဆင္နယ္ အသင္းမွာပဲ ကုန္ဆုံး ခ်င္ခဲ့တာ ျဖစ္ၿပီး ကလပ္ဘက္ကလည္း က်ေနာ့္လို ပါပဲ ။ ”

” အခုလို ခက္ခဲတဲ့ အခ်ိန္ေတြကေတာ့ ၾကဳံေတြ႕ ရမွာပါ ၊ ဒီအခက္အခဲေတြကေန ေရွာင္ေျပးဖို႔ က်ေနာ့္မွာ အေၾကာင္းျပခ်က္ လုံးဝ မရွိပါဘူး ၊ ဒါေၾကာင့္ ဘယ္ကိုမွ ေျပာင္းမွာ မဟုတ္သလို အသင္းမွာ အနည္းဆုံးေတာ့ စာခ်ဳပ္ သက္တမ္းကုန္မယ့္ ၂၀၂၁အထိ ဆက္ကစား သြားမွာပါ ။ “လို႔ ဆိုပါတယ္ ။

SPORTS MYANMAR