နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းဟာ ဒီရာသီမှာ အခြေအနေ ဆိုးတွေကို ဆက်တိုက်ကြုံတွေ့ နေခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၈အပြီး ၉မှတ်သာရရှိထားလို့ နှစ်ပေါင်း ၃၀ အတွင်းအဆိုးရွားဆုံး ရာသီအစကိုကြံုတွေ့နေရတာဖြစ်ပါတယ်။

သူတို့ဟာ ရာသီအဖွင့် ပွဲမှာ ချဲဆီးလ် အသင်းကို ၄-၀ ဂိုးနဲ့ အပြတ်အသတ် ချေမှုန်းထားနိုင် ခဲ့ပေမယ့် နောက်ပိုင်းကစားခဲ့တဲ့ ပြိုင်ပွဲစုံမှာတော့ တိုက်စစ်က တပွဲ တဂိုးပုံမှန်သွင်းယူနိုင်ဖို့တောင်ရုန်းကန်နေရသလို ခံစစ်ကလည်း တပွဲတဂိုးနှုန်းလောက်ကို ပေးနေခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ လိဂ်ပွဲ၈ ပွဲအပြီး နိုင်ပွဲဲ ၂ပွဲသာရရှိထားလို့ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူး အသင်းနဲ့ ၁၅ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။ဒါ့အပြင်လာမယ့်ပွဲမှာလည်း ရာနှုန်းပြည့်အနိုင်ရထားတဲ့လီဗာပူးနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ ရလဒ်ကောင်းနိုင်ဖို့ မလွယ်ကူသေးတာဖြစ်ပါတယ်။

solskjaer

ယူနိုက်တက် အသင်းဟာ နွေရာသီစျေးကွက် အတွင်းမှာ ဘစ်ဆာကာ၊ ဒန်နီရယ်ဂျိန်းစ် ၊ မက်ဂွိုင်းယားတို့ ၃ဦးပေါင်း အတွက် စုစုပေါင်း ပေါင်သန်း ၁၄၀ ဝန်းကျင် သုံးစွဲထားခဲ့ပေမယ့် အခြေအနေတွေက ထင်သလောက်တိုးတက် ကောင်းမွန် မလာသေးတာဖြစ်ပါတယ်။

ဆန်းချက်၊ လူကာကူတို့ကို အင်တာမီလန် အသင်းထံ ထွက်ခွာခွင့်ပြုထားခဲ့ပေမယ့် အစားထိုး တိုက်စစ်မှူးပြန်မခေါ်ထားခဲ့တဲ့ အကျိုးဆက်ကို လည်းခံနေရာတာဖြစ်ပါတယ်။ဒါကြောင့်လည်း သူတို့ရဲ့ ရည်မှန်းချက်အိပ်မက်တွေအတွက် ဇန်နဝါရီ စျေးကွက်အတွင်းမှာ အားဖြည့်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အင်တာမှာ ခြေစွမ်းပြနေတဲ့ ဒီတိုက်စစ်မှူး ၂ ဦးကို လက်လွှတ်ခဲ့ရပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ နောင်တမရဘူးလို့ ဆိုပါတယ်။ဒါပေမယ့် ဆောင်းသီစျေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အလားအလာတွေ ရှိတယ်လို့ အရိပ်အမြွက်ဆိုသွားခဲ့ပါတယ်။

sanchez

Sky Sports နဲ့ အင်တာဗျူးမှာ ဆိုးလ်ရှားက – ” တပွဲတည်းနဲ့ အနိုင်အရှံုး ဆုံးဖြတ်တဲ့ ပွဲတွေမှာ ဆိုရင် အတွေ့အကြံုရင့် ကစားသမားတွေ ပိုပြီးရှိသင့်တယ်လို့ ခင်ဗျားတို့ တွေးမိပါလိမ့်မယ်။လူကာကူနဲ့ ဆန်းချက်က ဂိုးသွင်းကောင်းသူတွေဖြစ်ပေမယ့် ကျွန်တော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အာရုံစိုက်လုပ်စရာတခုတည်းရှိပါတယ်။ကစားသမားတွေ အကုန်လုံးက အသင်းအတွက် အသင်းရဲ့ ဂျာစီ အတွက် အလုံးစုံပေးဆပ်ချင်ကြပါတယ်။ဒါဟာအတော်လေးကြီးကျယ်တဲ့ အရာမျိုးဖြစ်ပါတယ်။

လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ နေ့တိုင်း၊ ကွင်းအတွင်းမှာ အသင်းရဲ့ ဂျာစီ ဝတ်ဆင်ရတဲ့ နေ့တိုင်းမှာ သူတို့က ရှိသမျှ အစွမ်းကုန်ပေးဆပ်ကြပါတယ်။ဒါကြောင့်လည်း ခင်ဗျားတို့ အနေနဲ့ ” ငါတို့ ဒါကို မလုပ်ခဲ့မိဘူးလို့ ဆုတောင်းမိပါတ် ” ဆိုပြီးပြောလို့မရပါဘူး။

ကျွန်တော်တို့ဟာ လိုချ င်တဲ့ ရလဒ်တွေ မရ ထားခဲ့သလို ရောင်းထားပြီးသား ကစားသမားတွေကို လည်း ထိန်းမထားနိုင်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ အသိပါပဲ။ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

ကျွန်တော်တို့ အခုဆိုရင် ကစားသမား တဦး သို့မဟုတ် ၂ဦးကို ခေါ်ယူသွားဖို့ ရှာဖွေနေပြီ ဖြစ်ပါတယ်။ဒီလိုပြောထားပေမယ့် ဇန်နဝါရီမှာ သင့်တော်မယ့်သးတွေကို ခေါ်လို့ရမှပဲ တခုခုပြုလုပ်မှာဖြစ်ပါတယ်။ ဒီလိုဖြစ်မလာရင်တော့ ရှိတဲ့ ကစားသမားတွေက ပဲ အလုံးစုံပေးဆပ်ကြပါလိမ့်မယ်။

ဇန်နဝါရီစျေးကွက်ဆိုတာ မလွယ်ပါဘူး။သင့်တော်မယ့်သူတွေကိုသာ သင့်ောတ်တဲ့ စျေးနဲ့ ရမယ်ဆိုရင်တော့သေချာပေါက် ငွေသုံးမှာဖြစ်ပါတယ်။အတွေ့အကြံုရှိတဲ့ ကစားသမားတွေရောက်လာပြီး လူငယ်တွေကို အကူအညီဖြစ်စေမယ်ဆိုရင်တော့ ငွေသုံးရတာတန်ပါလိမ့်မယ်။

ကျွန်တော်တို့ဟာ ပိုက်ဆံရှိသလို ကစားသမားတွေကို ခေါ်ယူဖို့ လည်းနီးစပ်ခဲ့ပါတယ်။ဒါပေမယ့် သင့်တော်တဲ့ သူတွေကို ုမရရင်တော့မဖြစ်ပါဘူး။ဆောင်းရာသီနဲ့ လာမယ့်နွေမှာ သုံးစွဲဖို့ ပိုက်ဆံရှိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

Zawgyi

ဇန္နဝါရီေစ်းကြက္အတြင္းမွာ ကစားသမားသစ္ ဘယ္ႏွစ္ေယာက္ ေခၚေပးသြားမယ္ဆိုတာပရိသတ္ေတြကိုအသိေပးလိုက္ျပီျဖစ္တဲ႕ #ဆိုးလ္ရွား
====================================

နည္းျပဆိုးလ္ရွားရဲ႕ ယူႏိုက္တက္ အသင္းဟာ ဒီရာသီမွာ အေျခအေန ဆိုးေတြကို ဆက္တိုက္ျကံုေတြ႔ ေနခဲ႔ရတာျဖစ္ပါတယ္။သူတို႕ဟာ ပရီးမီးယားလိဂ္ပြဲစဥ္ ၈အျပီး ၉မွတ္သာရရွိထားလို႕ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးရြားဆံုး ရာသီအစကိုျကံုေတြ႔ေနရတာျဖစ္ပါတယ္။

သူတို႔ဟာ ရာသီအဖြင့္ ပြဲမွာ ခ်ဲဆီးလ္ အသင္းကို ၄-၀ ဂိုးနဲ႔ အျပတ္အသတ္ ေခ်မွုန္းထားႏိုင္ ခဲ႔ေပမယ့္ ေနာက္ပိုင္းကစားခဲ႔တဲ႔ ျပိဳင္ပြဲစံုမွာေတာ့ တိုက္စစ္က တပြဲ တဂိုးပံုမွန္သြင္းယူႏိုင္ဖို႔ေတာင္ရုန္းကန္ေနရသလို ခံစစ္ကလည္း တပြဲတဂိုးႏွဳန္းေလာက္ကို ေပးေနခဲ႔ရတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ လိဂ္ပြဲ၈ ပြဲအျပီး ႏိုင္ပဲြဲ ၂ပြဲသာရရွိထားလို႔ အမွတ္ေပးဇယား ထိပ္ဆံုးက လီဗာပူး အသင္းနဲ႔ ၁၅ မွတ္အထိ ကြာဟေနျပီျဖစ္ပါတယ္။ဒါ့အျပင္လာမယ့္ပြဲမွာလည္း ရာႏွုန္းျပည့္အႏိုင္ရထားတဲ႔လီဗာပူးနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနလို႕ ရလဒ္ေကာင္းႏိုင္ဖို႔ မလြယ္ကူေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ ေႏြရာသီေစ်းကြက္ အတြင္းမွာ ဘစ္ဆာကာ၊ ဒန္နီရယ္ဂ်ိန္းစ္ ၊ မက္ဂြိဳင္းယားတို႔ ၃ဦးေပါင္း အတြက္ စုစုေပါင္း ေပါင္သန္း ၁၄၀ ဝန္းက်င္ သံုးစြဲထားခဲ႔ေပမယ့္ အေျခအေနေတြက ထင္သေလာက္တိုးတက္ ေကာင္းမြန္ မလာေသးတာျဖစ္ပါတယ္။

ဆန္းခ်က္၊ လူကာကူတို႔ကို အင္တာမီလန္ အသင္းထံ ထြက္ခြာခြင့္ျပဳထားခဲ႔ေပမယ့္ အစားထိုး တိုက္စစ္မွဴးျပန္မေခၚထားခဲ႔တဲ႔ အက်ိဳးဆက္ကို လည္းခံေနရာတာျဖစ္ပါတယ္။ဒါေျကာင့္လည္း သူတို႔ရဲ႕ ရည္မွန္းခ်က္အိပ္မက္ေတြအတြက္ ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ အားျဖည့္ဖို႔ လုိအပ္ေနတာျဖစ္ပါတယ္။

အင္တာမွာ ေျခစြမ္းျပေနတဲ႔ ဒီတိုက္စစ္မွဴး ၂ ဦးကို လက္လႊတ္ခဲ႔ရေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ ေနာင္တမရဘူးလို႕ ဆုိပါတယ္။ဒါေပမယ့္ ေဆာင္းသီေစ်းကြက္မွာ ကစားသမားသစ္ေတြ ေခၚယူဖို႔အလားအလာေတြ ရွိတယ္လို႕ အရိပ္အျမြက္ဆိုသြားခဲ႔ပါတယ္။

Sky Sports နဲ႔ အင္တာဗ်ဴးမွာ ဆိုးလ္ရွားက – ” တပြဲတည္းနဲ႕ အႏိုင္အရွံုး ဆံုးျဖတ္တဲ႕ ပြဲေတြမွာ ဆိုရင္ အေတြ႔အျကံုရင္႔ ကစားသမားေတြ ပိုျပီးရွိသင့္တယ္လို႕ ခင္ဗ်ားတို႕ ေတြးမိပါလိမ့္မယ္။လူကာကူနဲ႕ ဆန္းခ်က္က ဂိုးသြင္းေကာင္းသူေတြျဖစ္ေပမယ့္ က်ြန္ေတာ္တို႔ မွန္ကန္တဲ႔ ဆံုးျဖတ္ခ်က္ေတြခ်ခဲ႕တာျဖစ္ပါတယ္။

လက္ရွိမွာ အာရံုစုိက္လုပ္စရာတခုတည္းရွိပါတယ္။ကစားသမားေတြ အကုန္လံုးက အသင္းအတြက္ အသင္းရဲ႕ ဂ်ာစီ အတြက္ အလံုးစံုေပးဆပ္ခ်င္ျကပါတယ္။ဒါဟာအေတာ္ေလးျကီးက်ယ္တ႔ဲ အရာမ်ိဳးျဖစ္ပါတယ္။

ေလ့က်င့္ေရးကြင္းကို ေရာက္လာတဲ႔ ေန႔တိုင္း၊ ကြင္းအတြင္းမွာ အသင္းရဲ႕ ဂ်ာစီ ဝတ္ဆင္ရတဲ႕ ေန႔တိုင္းမွာ သူတို႔က ရွိသမ်ွ အစြမ္းကုန္ေပးဆပ္ျကပါတယ္။ဒါေျကာင့္လည္း ခင္ဗ်ားတို႔ အေနနဲ႔ ” ငါတို့ ဒါကို မလုပ္ခဲ႕မိဘူးလို႔ ဆုေတာင္းမိပါတ္ ” ဆိုျပီးေျပာလို႕မရပါဘူး။

က်ြန္ေတာ္တို႔ဟာ လိုခ် င္တဲ႔ ရလဒ္ေတြ မရ ထားခဲ႔သလို ေရာင္းထားျပီးသား ကစားသမားေတြကို လည္း ထိန္းမထားႏိုင္ခဲ႔ဘူးဆိုတာ ခင္ဗ်ားတို႔ အသိပါပဲ။ဒါဟာ မွန္ကန္တဲ႔ ဆံုးျဖတ္ခ်က္ျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ အခုဆိုရင္ ကစားသမား တဦး သို႔မဟုတ္ ၂ဦးကို ေခၚယူသြားဖို႔ ရွာေဖြေနျပီ ျဖစ္ပါတယ္။ဒီလိုေျပာထားေပမယ့္ ဇန္နဝါရီမွာ သင့္ေတာ္မယ့္သးေတြကို ေခၚလို႔ရမွပဲ တခုခုျပဳလုပ္မွာျဖစ္ပါတယ္။ ဒီလိုျဖစ္မလာရင္ေတာ့ ရွိတဲ႔ ကစားသမားေတြက ပဲ အလံုးစံုေပးဆပ္ျကပါလိမ့္မယ္။

ဇန္နဝါရီေစ်းကြက္ဆိုတာ မလြယ္ပါဘူး။သင့္ေတာ္မယ့္သူေတြကိုသာ သင့္ောတ္တဲ႔ ေစ်းနဲ႕ ရမယ္ဆိုရင္ေတာ့ေသခ်ာေပါက္ ေငြသံုးမွာျဖစ္ပါတယ္။အေတြ႔အျကံုရွိတဲ႔ ကစားသမားေတြေရာက္လာျပီး လူငယ္ေတြကို အကူအညီျဖစ္ေစမယ္ဆုိရင္ေတာ့ ေငြသံုးရတာတန္ပါလိမ့္မယ္။

က်ြန္ေတာ္တို႔ဟာ ပိုက္ဆံရွိသလို ကစားသမားေတြကို ေခၚယူဖို႔ လည္းနီးစပ္ခဲ႔ပါတယ္။ဒါေပမယ့္ သင့္ေတာ္တဲ႔ သူေတြကို ုမရရင္ေတာ့မျဖစ္ပါဘူး။ေဆာင္းရာသီနဲ႔ လာမယ့္ေႏြမွာ သံုးစြဲဖို႔ ပိုက္ဆံရွိပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။