2019 ခုနှစ် အတွက် ဥရောပ ရွှေ ဖိနပ် ဆု ရယူ ဆွတ်ခူး ခဲ့တဲ့ နောက် မှာတော့ မက်ဆီ ဟာ Marca ရဲ့ အမေး အဖြေ ကဏ္ဍ ထဲ ပါဝင် ခဲ့ ရပြီး ပြိုင်ဖက် စီ ရော်နယ်ဒို မှ ပြောခဲ့ ဖူးတဲ့ အခြား လိဂ်ဆီ ပြောင်းရွှေ့ရေး ကိစ္စ ကို အမေးခံ ခဲ့ရ ပါတယ် ။
မေး : ခရစ္စတီယာနို နဲ့ ဇလာတန် တို့က တော့ သူတို့ ကိုယ် သူတို့ သက်သေ ပြနေ ကြ ပါတယ် ။ ခင်ဗျား ကတော့ အဲ့တာ မလုပ်ရ သေးဘူး နော် ။ ကစားသမား တစ်ယောက် အနေ နဲ့ အဲ့ဒီ အပေါ် ဘယ်လို ထင်မြင် သလဲ ?
ဖြေ : လူတွေ က ကျွန်တော့် အကြောင်း အများကြီး ပြောဆို ကြ ပါတယ် ။ ကျွန်တော် ကတော့ ကျွန်တော် ဘယ်သူလဲ ၊ ဘာလဲ ၊ ဘာတွေ လုပ်ပေး နိုင်သလဲ ဆိုတာ ကောင်းကောင်း သိရှိ ထား ပါတယ် ။ ကျွန်တော့် ခေါင်းထဲမှာ အဲ့တာ တွေ ကိုပဲ သိမ်းဆည်း ထား ပါတယ် ။ ကျန်တာ လူတွေ ပြောချင်တာ ပြောကြ ပါစေ ။ ကျွန်တော် ကတော့ ကျွန်တော့် တစ်ကိုယ်တော် အကြောင်း တွေကို မပြောချင် ပါဘူး ။ အသင်း အဖွဲ့ အကြောင်း ကိုပဲ ပိုပြောချင် ပါတယ် ။
ရော်နယ်ဒို ကတော့ ဘာကာ လို သက်သောင့် သက်သာ ရှိနေတဲ့ နေရာ ကနေ လွတ်ထွက် ဖို့ အမြဲ ပြောနေ ခဲ့ပြီး အခြား လိဂ် မှာ ကစားဖို့ အတွက် တိုက်တွန်း နေခဲ့ ပါတယ် ။ သူ ကိုယ်တိုင် လည်း လေးကြိမ် အထိ လုပ်ဆောင် ထားခဲ့ ပါပြီ ။ သူ့ စကား ကို နားထောင် ဖြစ် မလား ?
လူတိုင်း က သူတို့ ရဲ့ ပစ်မှတ် နဲ့ အတွေ့ အကြုံ တွေ အကြောင်း ကိုယ်စီ ရှေးရှု ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ ကမ႓ာ့ အကောင်းဆုံး ဘာကာ ကနေ ပြောင်းရွှေ့ ဖို့ လိုတယ် လို့ မထင် ပါဘူး ။ ဒီ ဘာစီလိုနာ ပေါ့ ၊ ကျွန်တော် ဒီမှာ လေ့ကျင့် ရတာ ၊ ပွဲတွေ ကစား ရတာ ၊ ဒီ မြို့မှာ နေထိုင် ရတာ ပျော်ရွှင် လှ ပါတယ် ။ ဒီ မြို့လေး က အရမ်း ကို ပြည့်စုံ လှပြီး အသင်း ရဲ့ ရည်မှန်းချက် ပစ်မှတ် တွေ ကလည်း အမြဲတမ်း အမြင့်ဆုံး ရှိနေ ခဲ့တာ ကြောင့် အခြား လိဂ်ကို ပြောင်းဖို့ မလိုအပ်ခဲ့ ပါဘူး ။
မေး : ခင်ဗျား ဟာ အောင်မြင်မှု တွေကို အတော် များများ ရယူ ခဲ့ပြီး ပါပြီ ။ ဒါပေမယ့် ဒီနှစ် ပွတ်စ်ကပ် ဆု မရ ခဲ့ဘူး နော် ။ အဲ့တာ အပေါ် ဘယ်လို ခံစားရ သလဲ ?
ဖြေ – တစ်ကိုယ်တော် ဆု တံဆိပ် တွေက ကျွန်တော့် ရဲ့ ရည်မှန်းချက် မဟုတ်ဘူး ဆိုတာ ကျွန်တော် အမြဲ ပြောခဲ့ ဖူး ပါတယ် ။ ဖီဖာ ရဲ့ အကောင်းဆုံး ဆု ၊ Balloon D’ Or နဲ့ ရွှေ ဖိနပ် ဆု တွေပေါ့ ။ အကောင်းဆုံး ဂိုး ကိုလည်း ဘေးဖယ် ထား ပါတယ် ။ အကယ်လို့ ကျွန်တော် ရမယ် ဆိုရင် တော့ ကောင်းတာ ပေါ့ ။ ဒါပေမယ့် အဲ့တာ တွေ မရလည်း ဘာမှ မဖြစ်သွား ပါဘူး ။
မေး – ဇိုရီ နဲ့ ပတ်သက် လို့ ဘယ်လို ထင်မြင် သလဲ ? နောက်ပြန် ကန်ချက် နဲ့ ဒီနှစ် ရဲ့ အကောင်းဆုံး သွင်းဂိုး ဆု ဆွတ်ခူး နိုင်တဲ့ အကြောင်း ကိုပေါ့ ?
ဖြေ – ဒါဟာ အရမ်းကို ကောင်းမွန် လှတဲ့ သွင်းဂိုး ပါပဲ ။ တစ်ကယ့် ကို အထင်ကြီး စရာ ပါ ။ တစ်ကယ့် အဝေးကြီး ၊ အမြင့်ကြီး ကနေ နောက်ပြန် ကန်ချက် နဲ့ ကန်သွင်း ခဲ့တာ လေ ။ ဒီဂိုး က ဆု ရဖို့ ထိုက်တန် လှ ပါတယ် ။
မေး – ဒီ ရာသီ ဒဏ်ရာ ပြသနာ တွေကြောင့် ပွဲ ကစား ခွင့်တွေ ဆုံးရှံုး ခဲ့ ရတယ် နော် ။ ခင်ဗျား ရဲ့ ခန္ဓာကိုယ် အဆင်ပြေ ကြံ့ခိုင် ဖို့ အနား ယူချိန် တွေကို ပိုပြီး လိုအပ် နေပြီ လား ?
ဖြေ – ဒါကို ဖြေဖို့ ခက်ခဲ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော့် စိတ်က အဆင်ပြေ နေတယ် လေ ။ ကျွန်တော့် စိတ်က မက်ဆီ က အသက် 25 နှစ်ပဲ ရှိနေ သေးတယ် လို့ တွေးတော နေဆဲ ပါ ။ ကျွန်တော် အဲ့ဒီ အချိန် တုန်းက လိုမျိုး လုပ်ဆောင် နိုင်ပါ သေးတယ် ပေါ့ ။ ဒါပေမယ့် ခန္ဓာကိုယ် က ဆန့်ကျင် ချင်နေ ပါတယ် ။ ကျွန်တော် တို့ အရင် တုန်းက ထက် ပိုပြီး ဂရုတစိုက် ကစား သွား ရဖို့ လိုအပ် နေ ပါပြီ ။ ကျွန်တော် မတူညီ တဲ့ လေ့ကျင့်မှု တွေ ပြုလုပ်ရင်း နဲ့ ပွဲစဉ် တွေကို ကစားရ ပါ့မယ် ။
မေး – ဂွာဒီယိုလာ လက်အောက် က ဘာကာ နဲ့ လက်ရှိ ဘာကာ နဲ့ ဘာတွေ ခြားနား နေ သလဲ ?
ဖြေ – အမှန်တရား တစ်ခု ကတော့ အချိန် တွေ အတော်ကြာပြီး အချို့ အရာ တွေ ပြောင်းလဲ သွားခဲ့ ပါပြီ ။ ကစားသမား အသစ် တွေလည်း အများကြီး ရောက်ရှိ လာခဲ့ ကြ ပါပြီ ။ ဒီ အသင်း မှာ အဲ့ဒီ အချိန် တုန်းက ကစားသမား သုံး ၊ လေးယောက် လောက်ပဲ ရှိနေ တော့တယ် လေ ။ အသင်း ကတော့ ရာသီ တိုင်း အသင်းသား သစ်တွေ ကို ကစားကွက် နဲ့ ကိုက်ညီ အောင် လေ့ကျင့် သင်ကြား ပေးနေ ဆဲ ပါပဲ ။
မေး – ဖရန်ကီ ဒီဂျောင်း ရဲ့ အကောင်းဆုံး အရည် အသွေး တွေက ဘာလဲ ? ကွင်း အတွင်း ခင်ဗျားနဲ့ သူ့ အကြား ဘယ်လို နားလည် မှုတွေ ရရှိ ထားကြ သလဲ ?
ဖြေ – သူ့ အတွက် ကတော့ အသင်း မှာ အထိုင်ကျ ဖို့ ပိုပြီး လွယ်ကူ လှ ပါတယ် ။ သူဟာ ဘာကာ နဲ့ အခြေခံ သဘောတရား တူညီ လှတဲ့ အေဂျက် အသင်း ကနေ ပြောင်းရွှေ့ လာတာ လေ ။ ဒီဟာ ဒါတွေ နဲ့ ရင်းနှီး ကျွမ်းဝင်ရင် ကြီးပြင်း လာခဲ့ တာပါ ။ ဒါ့အပြင် သူဟာ တိုက်စစ်ပိုင်း ကို အရမ်းကြီး လိုက်ပါ ကစား ရခြင်း ရှိသူ မဟုတ်ဘူး လေ ။
သူ ကတော့ ဗဟို ကွင်းလယ် ကစားသမား အဖြစ် ကစား ခွင့် ရတာ ပိုပြီး သက်သောင့် သက်သာ ခံစား နေရ သလို ပါပဲ ။ သူဟာ အသင်း မှာ အထိုင် ကျနေ ပါပြီ ။ သူဟာ ဘောလုံး ကိုင် ကစား ရတာ နှစ်သက် သလို ၊ ဘောလုံး အတိုပေး ကစား ရခြင်း ကိုလည်း ကျွမ်းကျင် ပါတယ် ။ သူဟာ အရမ်း မြန်ပြီး အားပါ တဲ့ ဘောလုံး ကန်ချက် တွေကို လည်း လုပ်ဆောင် နိုင်စွမ်း ရှိနေ ပါတယ် ။ သူဟာ တစ်ကယ့် ကို ပြည့်စုံ လှတဲ့ ကစားသမား တစ်ဦး ပါ ။
#Sports_Myanmar
Zawgyi
စီ ရော်နယ်ဒိုရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ရင်း သူ့ကိုယ်သူ အသက် ဘယ်လောက် ရှိနေပြီလို့ ခံစားနေရသလဲဆိုတာ ပြောကြားလိုက်တဲ့ မက်ဆီ ရဲ့ အမေးအဖြေ ကဏ္ဍ
=================
#Sports_Myanmar