ဂျာမနီ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ဝက်ဖိုဒ့် အသင်း နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ နဲ့ နော်တင်ဟမ် ဖောရက် အသင်း နဲ့ ကာရာဘောင်း ဖလားပွဲ တွေမှာသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

အိုဇေးလ် က ဒီရာသီ အသင်းရဲ့ လူစာရင်းမှာ ရွေးချယ် ခံရချိန်တိုင်း ပါဝင် ကစားခွင့် ရဖို့ အဆင်သင့် ဖြစ်နေခဲ့ကြောင်း နဲ့ အာဆင်နယ် အသင်းပွဲကို အိမ်ကနေပဲ ကြည့်ရတဲ့ အချိန်များလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကို အားကိုးရာမဲ့သူ တစ်ယောက်လို ခံစားလာရကြောင်း ရင်ဖွင့် ပြောကြား သွားခဲ့ပါတယ် ။

ဒါပေမယ့်လည်း အိုဇေးလ် က အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင် ကစားခွင့်ရဖို့ ကြံ့ခိုင်ရေး နည်းပြ နဲ့ အချိန်ပို လေ့ကျင့်ခန်းတွေ လုပ်ကာ သူ့ရဲ့ လိုအပ်ချက်တွေကို ကြိုးစား ပြင်ဆင် နေကြောင်းလည်း ထပ်လောင်း ပြောကြား လိုက်ပါတယ် ။

အိုဇေးလ် က The Athletic နဲ့ အင်တာဗျူးမှာ နည်းပြ အမ်မရီရဲ့ အိုဇေးလ် ထက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ ရှိနေကြောင်း ပြောစကား အပေါ် ” ကျနော် သိထားသမျှကလည်း အားလုံး ပြောဆို သိထားကြသလိုပါပဲ ၊ တကယ့်ကို စိတ်ပျက်မိပါတယ်၊ဒါပေမယ့် ကျနော်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက် ဖြစ်တဲ့ အတွက် နည်းပြရဲ့ ဆုံးဖြတ်ချက်ကိုတော့ လေးစားရမှာပါ ။ ”

” လူစာရင်းမှာ ပါဝင်ခွင့် မရဘဲ အိမ်ကနေပဲ ဘောလုံးပွဲ ကြည့်နေရတဲ့ အချိန်က ကိုယ့်ကိုယ်ကို အားကိုးရာမဲ့ လူတစ်ယောက်လို ခံစား ရပါတယ်။အသင်းရဲ့ လူစာရင်းမှာ ပါဝင်ချင်သလို အသင်းဖော်တွေကို အောင်မြင်မှု ရရှိအောင် ပံ့ပိုး ပေးချင်ပါတယ် ။ ”

” လူစာရင်းကနေ ချန်လှပ် ခံရဖို့ ကျနော် လေ့ကျင့်ခန်း ဆင်းနေတာ မဟုတ်ပါဘူး ၊ ကျနော် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ၊ အသင်းအတွက် ကြံ့ခိုင်မှု အပြည့်နဲ့ အစွမ်းကုန် ပေးဆပ်ပြီး ကစားချင်ပါတယ် ၊ အသင်းအတွက် အဆင်သင့် ဖြစ်နေဖို့ အပြင်းအထန် ကြိုးစား နေပါတယ် ။ ”

” ရာသီကြိုပွဲတွေတုန်းက အားလုံးက အဆင်ပြေပြေပါပဲ ၊ ဆိုင်ကယ်နဲ့ လုယက်သူတွေရဲ့ အန္တရယ်ကို ကြုံတွေ့ ရခဲ့တာတောင် အေးဆေးပါပဲ ၊ နည်းပြ က ကျနော့်ကို လူစာရင်းမှာ ရွေးချယ်တဲ့ အချိန်မှာ အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားဖို့ပဲ စိတ်အားထက်သန်နေခဲ့တာပါ ။ ”

” ကျနော့် ကစားသမားဘဝ တစ်လျှောက်လုံး လေ့ကျင့်ခန်းကို ပုံမှန် လုပ်ဆောင် ခဲ့တာပါ ၊ ဒါပေမယ့် အခု အချိန်မှာ ပွဲကစားခွင့် မိနစ် သိပ်မရတော့ ကြံ့ခိုင်ရေး နည်းပြ နဲ့ အချိန်ပို လေ့ကျင့်ခန်း ဆင်းနေသလို gym မှာလည်း ပုံမှန်ထက် ပိုမို ကြံ့ခိုင်အောင် လေ့ကျင့်နေပါတယ် ၊ ကျနော့်ရဲ့ လိုအပ်ချက် တွေကို သိသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ရှိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR

Zawgyi

ပြဲထြက္ကစားခြင့္ မရတဲ့အေပၚ သူ႔ရဲ့ ခံစားခ်က္ နဲ႔ ပြဲထြက္ခြင့္ ျပန္လည္ ရရွိေအာင္ ဘယ္လို ႀကိဳးစားျပင္ဆင္ေနသလဲဆိုတာ ေျပာျပလိုက္တဲ့ အိုေဇးလ္
==================================

ဂ်ာမနီ ကြင္းလယ္လူေဟာင္း မီဆြတ္ အိုေဇးလ္ ဟာ ဒီရာသီမွာ အာဆင္နယ္ အသင္းအတြက္ ဝက္ဖိုဒ့္ အသင္း နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ နဲ႔ ေနာ္တင္ဟမ္ ေဖာရက္ အသင္း နဲ႔ ကာရာေဘာင္း ဖလားပြဲ ေတြမွာသာ ပြဲထြက္ ကစားခြင့္ ရထားပါတယ္ ။

အိုေဇးလ္ က ဒီရာသီ အသင္းရဲ့ လူစာရင္းမွာ ေရြးခ်ယ္ ခံရခ်ိန္တိုင္း ပါဝင္ ကစားခြင့္ ရဖို႔ အဆင္သင့္ ျဖစ္ေနခဲ့ေၾကာင္း နဲ႔ အာဆင္နယ္ အသင္းပြဲကို အိမ္ကေနပဲ ၾကည့္ရတဲ့ အခ်ိန္မ်ားလာတဲ့ အခါမွာ ကိုယ့္ကိုယ္ကို အားကိုးရာမဲ့သူ တစ္ေယာက္လို ခံစားလာရေၾကာင္း ရင္ဖြင့္ ေျပာၾကား သြားခဲ့ပါတယ္ ။

ဒါေပမယ့္လည္း အိုေဇးလ္ က အသင္းရဲ့ လူစာရင္းမွာ ျပန္လည္ ပါဝင္ ကစားခြင့္ရဖို႔ ႀကံ့ခိုင္ေရး နည္းၿပ နဲ႔ အခ်ိန္ပို ေလ့က်င့္ခန္းေတြ လုပ္ကာ သူ႔ရဲ့ လိုအပ္ခ်က္ေတြကို ႀကိဳးစား ျပင္ဆင္ ေနေၾကာင္းလည္း ထပ္ေလာင္း ေျပာၾကား လိုက္ပါတယ္ ။

အိုေဇးလ္ က The Athletic နဲ႔ အင္တာဗ်ဴးမွာ နည္းၿပ အမ္မရီရဲ့ အိုေဇးလ္ ထက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္တဲ့ ကစားသမားေတြ ရွိေနေၾကာင္း ေျပာစကား အေပၚ ” က်ေနာ္ သိထားသမၽွကလည္း အားလုံး ေျပာဆို သိထားၾကသလိုပါပဲ ၊ တကယ့္ကို စိတ္ပ်က္မိပါတယ္၊ဒါေပမယ့္ က်ေနာ္က ပေရာ္ဖက္ရွင္နယ္ ေဘာလုံးသမားတစ္ေယာက္ ျဖစ္တဲ့ အတြက္ နည္းျပရဲ့ ဆုံးျဖတ္ခ်က္ကိုေတာ့ ေလးစားရမွာပါ ။ ”

” လူစာရင္းမွာ ပါဝင္ခြင့္ မရဘဲ အိမ္ကေနပဲ ေဘာလုံးပြဲ ၾကည့္ေနရတဲ့ အခ်ိန္က ကိုယ့္ကိုယ္ကို အားကိုးရာမဲ့ လူတစ္ေယာက္လို ခံစား ရပါတယ္။အသင္းရဲ့ လူစာရင္းမွာ ပါဝင္ခ်င္သလို အသင္းေဖာ္ေတြကို ေအာင္ျမင္မွု ရရွိေအာင္ ပံ့ပိုး ေပးခ်င္ပါတယ္ ။ ”

” လူစာရင္းကေန ခ်န္လွပ္ ခံရဖို႔ က်ေနာ္ ေလ့က်င့္ခန္း ဆင္းေနတာ မဟုတ္ပါဘူး ၊ က်ေနာ္ ကစားဖို႔ အဆင္သင့္ ျဖစ္ေနပါၿပီ ၊ အသင္းအတြက္ ႀကံ့ခိုင္မွု အျပည့္နဲ႔ အစြမ္းကုန္ ေပးဆပ္ၿပီး ကစားခ်င္ပါတယ္ ၊ အသင္းအတြက္ အဆင္သင့္ ျဖစ္ေနဖို႔ အျပင္းအထန္ ႀကိဳးစား ေနပါတယ္ ။ ”

” ရာသီႀကိဳပြဲေတြတုန္းက အားလုံးက အဆင္ေျပေျပပါပဲ ၊ ဆိုင္ကယ္နဲ႔ လုယက္သူေတြရဲ့ အႏၲရယ္ကို ၾကဳံေတြ႕ ရခဲ့တာေတာင္ ေအးေဆးပါပဲ ၊ နည္းၿပ က က်ေနာ့္ကို လူစာရင္းမွာ ေရြးခ်ယ္တဲ့ အခ်ိန္မွာ အသင္းအတြက္ အေကာင္းဆုံး ေပးဆပ္ ကစားဖို႔ပဲ စိတ္အားထက္သန္ေနခဲ့တာပါ ။ ”

” က်ေနာ့္ ကစားသမားဘဝ တစ္ေလၽွာက္လုံး ေလ့က်င့္ခန္းကို ပုံမွန္ လုပ္ေဆာင္ ခဲ့တာပါ ၊ ဒါေပမယ့္ အခု အခ်ိန္မွာ ပြဲကစားခြင့္ မိနစ္ သိပ္မရေတာ့ ႀကံ့ခိုင္ေရး နည္းၿပ နဲ႔ အခ်ိန္ပို ေလ့က်င့္ခန္း ဆင္းေနသလို gym မွာလည္း ပုံမွန္ထက္ ပိုမို ႀကံ့ခိုင္ေအာင္ ေလ့က်င့္ေနပါတယ္ ၊ က်ေနာ့္ရဲ့ လိုအပ္ခ်က္ ေတြကို သိသလို ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မွု ရွိပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

SPORTS MYANMAR