လာလီဂါ ဘောလုံး အဖွဲ့ချုပ် ဟာ အောက်တိုဘာ လ ၂၆ ရက်နေ့ မှာ ယှဉ်ပြိုင် ကစားမယ့် ဘာစီလိုနာ – ရီးရဲ မက်ဒရစ် ပွဲစဉ် ကို ဒီဇင်ဘာ လ ထဲ အထိ ရွှေ့ဆိုင်း ဖို့ စဉ်းစား နေကြပြီ လို့ သိရ ပါတယ် ။ ကတ်တလန် ဒေသ အတွင်း ဖြစ်ပွား နေတဲ့ မငြိမ်သက် မှုတွေ ကြောင့် ဘာစီလိုနာ ကွင်း အစား ရီးရဲမက်ဒရစ် ကွင်းကို ပြောင်းလဲ ကစားပေး ဖို့ အကြံပြု ခဲ့ ပေမယ့် ကလပ် အသင်း ၂ သင်းစလုံး က ငြင်းပယ် ခဲ့တာ ကြောင့် အခုလို ပွဲ ရွှေ့ဆိုင်း ဖို့ စဉ်းစား လာရတာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ အသင်းရဲ့ တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် ဟာ ပွဲဆက် တွေ များလွန်း တာ ကြောင့် ပင်ပန်း နွမ်းနယ် နေတယ် လို့ ပြောဆို သွားခဲ့ ပေမယ့် ရက်ဖိုဒ့် ကို အနားပေး လို့ မဖြစ်သေး ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒေါ့မွန် အသင်း ကတော့ သူတို့ရဲ့ ကွင်းလယ် ကစား သမား ရာဖေး ဂွာရဲရိုး ကို ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးလိုက်ပြီ လို့ သိရ ပါတယ် ။

ယူနိုက်တက် ကစား သမား ဟောင်း ပေါလ် အင့်စ် ကတော့ ဆိုးရှား ကိုင်တွယ် နေတဲ့ အသင်း ဟာ ရာသီ အကုန် မှာ အဆင့် ၁၀ အပြင်ဘက် မှာ ရှိနေမယ် လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ၊ ဘိုင်ယန် နဲ့ ဒေါ့မွန် အသင်း တို့ ဟာ မိုချန် ဂလာဘတ် အသင်း မှာ ကစားနေတဲ့ ကွင်းလယ် ကစား သမားလေး ဇာကာရီယာ ကို အပြိုင် စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။

ဒီရာသီ မှာ ရက်ဘူး ဆဲလ်ဘု အသင်းနဲ့ ခြေစွမ်းပြ နေတဲ့ လူငယ် တိုက်စစ်မှုးလေး အာလင်း ဟာလန်း ကို မန်စီးတီး အသင်း ကလည်း စိတ်ဝင်စား လာခဲ့တယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

စပါး အသင်း ထံ ဖူလ်ဟမ် ကနေ ရောက်ရှိ လာခဲ့တဲ့ လူငယ် နောက်ခံလူ ရိုင်ယန် ဆစ်ဆဂ်နွန် ဟာ ယူ-၂၃ အသင်းနဲ့ လေ့ကျင့် နေပြီ ဖြစ်ကာ နို၀င်ဘာလ အတွင်းမှာ စပါး အသင်းကြီး အတွက် ပထမဆုံး ပွဲထွက် ကစားဖို့ ပစ်မှတ် ထားနေပြီ လို့ ကြားသိရ ပါတယ် ။

စပါး နည်းပြ ပိုချက်တီနို ကတော့ လာမယ့် ဇန်နဝါရီ မှာ ကစား သမား သစ် ၀ယ်ယူဖို့ စိတ်ကူး မရှိ ပါဘူး လို့ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီ ကတော့ နောက်ခံလူ ဂျော်ဒီ အယ်ဘာ ဟာ အီဘာ အသင်းနဲ့ ပွဲ မှာ ပါ၀င် ကစားမယ် လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် နဲ့ ဗီလာရီးရဲ အသင်းတို့ ဟာ ဒီဇင်ဘာ ထဲမှာ ကစားမယ့် လာလီဂါ ပွဲစဉ် ကို အမေရိကန် နိုင်ငံ မိုင်ယာမီ မှာ သွားရောက် ကစားဖို့ သဘောတူညီ ခဲ့ကြတယ် လို့ သိရ ပါတယ် ။ ဒါဟာ လာလီဂါ သမိုင်း တစ်လျောက် အမှတ်ပေး ပွဲစဉ် ကို စပိန်ပြင်ပ မှာ ပထမဆုံး ကစားခြင်း ဖြစ်လာမှာ ဖြစ် ပါတယ် ။

ယူဗင်တပ် မှာ နေရာမရ ဖြစ်နေတဲ့ ကွင်းလယ်လူ အမ်မရီချန် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ဇန်နဝါရီ မှာ ပြောင်းရွှေ့ လိမ့်မယ်လို့ သတင်းကြီး နေခဲ့ ပါတယ် ။

ယူဗင်တပ် နည်းပြ ဟောင်း အယ်လီဂရီ ကတော့ အသင်းသစ် ပြောင်းရွှေ့ ရေး ကို မှတ်ချက် မပေး သွားခဲ့ ပေမယ့် အင်္ဂလိပ်စာ သင်ယူ နေ ကြောင်း ကို တော့ အတည်ပြု သွားခဲ့ သလို ယူဗင်တပ် တိုက်စစ်မှုး မာရီယို မန်ဇူကစ် ဟာ လည်း ထိပ်တန်း ကစား သမား တစ်ဦး ဖြစ်ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR

Zawgyi

ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

============================================













SPORTS MYANMAR