ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာမှာ ရပ်တည် နေတဲ့ လီဗာပူး အသင်း ဟာ ယခု အပတ် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင်ကစား ရမှာ ဖြစ် ပါတယ် ။ မန် ချက် စတာ ယူနိုက်တက် ဟာ လီဗာပူး နဲ့ ၁၅ မှတ် အကွာ အဆင့် ၁၂ မှာ ရှိနေပြီး ဒီရာသီ မှာ နိုင်ပွဲ ၂ ပွဲ သာ ရရှိ ထားခဲ့ ပါတယ် ။

လက်ရှိ အသင်း ၂ သင်း ရဲ့ အခြား က ခြေစွမ်း နဲ့ ရလဒ် ပိုင်းတွေ ဟာ အလွန် ကွာဟ နေခဲ့တာ ကြောင့် ဘွတ်ကီဒိုင်တွေ ၊ သုံးသပ်သူတွေ အားလုံး က ဧည့်သည် လီဗာပူး ကို အလေးပေး ထားခဲ့ကြ ပါတယ် ။ ဒါပေမယ့် လီဗာပူး ရဲ့ မန်ချက်စတာ ခရီးစဉ် ဟာ ထင်သလောက် လွယ်ကူ နိုင်ဖို့ မရှိ ပါဘူး ။

ဘာကြောင့်လည်း ဆိုတော့ လီဗာပူး ရဲ့ ယူနိုက်တက် နဲ့ ဆုံတွေ့မှု ရလဒ်တွေ ကြောင့် ပါပဲ ။ လီဗာပူး ဟာ မန်ချက် စတာ ယူနိုက်တက် ကစားရတဲ့ ပွဲ တွေ မှာ ရလဒ် တွေ မကောင်းခဲ့ ဘဲနောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲ မှာ နိုင်ပွဲ တစ်ပွဲ သာ ရရှိ ခဲ့ပြီး ၅ ပွဲ အထိ အရေးနိမ့် ထားခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖိုဒ့် မှာ လီဗာပူး တို့ နိုင်ပွဲမရခဲ့တာ ကြာမြင့် ခဲ့ပြီး နောက်ဆုံး ကစား ခဲ့တဲ့ ၅ ရာသီ မှာ ၃ ကြိမ် ရှုံးနိမ့် ထားခဲ့ ပါတယ် ။ ယမန်နှစ် က လီဗာပူး တို့ ခြေစွမ်း ထက်မြက် နေချိန် မှာ ပင် ယူနိုက်တက် ကွင်းမှာ သရေ သာ ကစားနိုင် ခဲ့ပြီး ဒီသရေ ပွဲ ဟာ မန်စီးတီး ကို အမှတ်ပေး ချန်ပီယံ လုပွဲ မှာ အရေးနိမ့် စေခဲ့တဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်စေ ခဲ့ ပါတယ် ။

ယူနိုက်တက် ရဲ့ အဓိက နံပါတ် ၁ ဂိုး သမား ဒေးဗစ် ဒီဂီယာ ဟာ စပိန်် အသင်း နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိ ခဲ့တာ ကြောင့် ယခု ပွဲစဉ် ကို လွဲချော် မယ်လို့ အတည်ပြု ချက် ရရှိ ခဲ့ ပါတယ် ။ ဒါကြောင့် အရန် ဂိုး သမား ဆာဂျီယို ရိုမဲရိုး ဟာ လီဗာပူး နဲ့ ပွဲ မှာ ယူနိုက်တက် ဂိုးပေါက် ကို ကာကွယ်မယ့် သူဖြစ်လာ ခဲ့ရ ပါတယ် ။ ဒါကလည်း လီဗာပူး အတွက် ပျော်ရွှင်စရာ ကိစ္စ မဟုတ်ခဲ့ ပါဘူး ။

ရိုမဲရိုး ဟာ ဒီဂီယာ ကို မကျော်နိုင် ခဲ့ ပေမယ့် ကစားခွင့် ရတဲ့ ပွဲစဉ် တွေ မှာ လက်စွမ်း ကောင်းတွေ ပြသ ထားပြီး ဂိုးပေးရမှု လည်း နည်းပါး ခဲ့ ပါတယ် ။ ယူရိုပါ လိဂ် ရရှိခဲ့တဲ့ ရာသီမှာ ရိုမဲရိုး ဟာ ဖိုင်နယ် မတိုင်ခင် အသင်းရဲ့ ယူရိုပါလိဂ် ပွဲစဉ် အားလုံး ကို ပါ၀င် ကစားခဲ့ သလို အာဂျင်တီးနား အသင်းမှာ လည်း ပွဲပေါင်း ၁၀၀ နီးပါး ကစားပေးထားတဲ့ ၀ါရင့် ဂိုး သမားကြီး တစ်ဦး ဖြစ် ပါတယ် ။

ရိုမဲရိုး ဟာ ပရီးမီးယားလိဂ် မှာ 7 ပွဲ သာ ကစားထား ရပေမယ့် ၆ ပွဲ ကို ဂိုးမပေး ရအောင် စွမ်းဆောင် ထားနိုင်ခဲ့တာ ကြောင့် ဒီဂီယာ မပါ၀င် နိုင်မှု ဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် သောက ပွားစရာ ကိစ္စ အဖြစ် ရှိနေ မှာ မဟုတ်ပါဘူး ။ ဒါ့အပြင် ခံစစ် ပိုင်း က ကစား သမား အားလုံး ဒဏ်ရာ က နေ ပြန်လာကြပြီ ဖြစ်တာ ကြောင့် လီဗာပူး ရဲ့ တိုက်စစ်ကို ခုခံနိုင်ဖို့ အခွင့်အရေးတွေ ရှိလာနိုင် ပါတယ် ။

during the Premier League match between Manchester United and Liverpool FC at Old Trafford on February 24, 2019 in Manchester, United Kingdom.

ယူနိုက်တက် – လီဗာပူး နောက်ဆုံး ဆယ်ပွဲ ရလဒ် –

ဒီဇင်ဘာ ၂၀၁၄ ၊ မန်ချက်စတာ ယူနိုက်တက် ၃ – ၀ လီဗာပူး
မတ် ၂၀၁၅ ၊ လီဗာပူး ၁ – ၂ မန်ယူနိုက်တက်
စက်တင်ဘာ ၂၀၁၅ ၊ မန်ယူနိုက်တက် ၃ – ၁ လီဗာပူး

ဇန်နဝါရီ ၂၀၁၆ ၊ လီဗာပူး ၀ – ၁ မန်ယူနိုက်တက်
အောက်တိုဘာ ၂၀၁၆ ၊ လီဗာပူး ၀ – ၀ မန်ယူနိုက်တက်
ဇန်နဝါရီ ၂၀၁၇ ၊ မန်ယူနိုက်တက် ၁ – ၁ လီဗာပူး

အောက်တိုဘာ ၂၀၁၇ ၊ လီဗာပူး ၀ – ၀ မန်ယူနိုက်တက်
မတ်လ ၂၀၁၈ ၊ မန်ယူနိုက်တက် ၂ – ၁ လီဗာပူး
ဒီဇင်ဘာ ၂၀၁၈ ၊ လီဗာပူး ၃ – ၁ မန်ယူနိုက်တက်
ဖေဖော်ဝါရီ ၂၀၁၉ ၊ မန်ယူနိုက်တက် ၀ – ၀ လီဗာပူး

ဒီ တစ်ကြိမ် မှာ ရော ဘယ်လို ရလဒ်မျိုး ထွက်ပေါ် လာဦးမလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR

Zawgyi

ယူႏုိက္တက္ နဲ႔ ပြဲ အတြက္ လီဗာပူး တို႔ သတိျပဳရမယ့္ အရာမ်ား

=========================================

ပရီးမီးယားလိဂ္ အမွတ္ေပး ဇယား ရဲ႕ အဆင့္ ၁ ေနရာမွာ ရပ္တည္ ေနတဲ့ လီဗာပူး အသင္း ဟာ ယခု အပတ္ မွာေတာ့ မန္ခ်က္စတာ ယူႏုိက္တက္ အသင္း ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ကစား ရမွာ ျဖစ္ ပါတယ္ ။ မန္ ခ်က္ စတာ ယူနုိက္တက္ ဟာ လီဗာပူး နဲ႔ ၁၅ မွတ္ အကြာ အဆင့္ ၁၂ မွာ ရွိေနၿပီး ဒီရာသီ မွာ ႏုိင္ပြဲ ၂ ပြဲ သာ ရရွိ ထားခဲ့ ပါတယ္ ။

လက္ရွိ အသင္း ၂ သင္း ရဲ႕ အျခား က ေျခစြမ္း နဲ႔ ရလဒ္ ပုိင္းေတြ ဟာ အလြန္ ကြာဟ ေနခဲ့တာ ေၾကာင့္ ဘြတ္ကီဒိုင္ေတြ ၊ သံုးသပ္သူေတြ အားလံုး က ဧည့္သည္ လီဗာပူး ကို အေလးေပး ထားခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ လီဗာပူး ရဲ႕ မန္ခ်က္စတာ ခရီးစဥ္ ဟာ ထင္သေလာက္ လြယ္ကူ ႏုိင္ဖို႔ မရွိ ပါဘူး ။

ဘာေၾကာင့္လည္း ဆိုေတာ့ လီဗာပူး ရဲ႕ ယူႏုိက္တက္ နဲ႔ ဆံုေတြ႕မႈ ရလဒ္ေတြ ေၾကာင့္ ပါပဲ ။ လီဗာပူး ဟာ မန္ခ်က္ စတာ ယူႏုိက္တက္ ကစားရတဲ့ ပြဲ ေတြ မွာ ရလဒ္ ေတြ မေကာင္းခဲ့ ဘဲေနာက္ဆံုး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၀ ပြဲ မွာ ႏုိင္ပြဲ တစ္ပြဲ သာ ရရွိ ခဲ့ၿပီး ၅ ပြဲ အထိ အေရးနိမ့္ ထားခဲ့ ပါတယ္ ။

ယူႏုိက္တက္ ရဲ႕ အိမ္ကြင္း ျဖစ္တဲ့ အုိးထရက္ဖိုဒ့္ မွာ လီဗာပူး တုိ႔ ႏုိင္ပြဲမရခဲ့တာ ၾကာျမင့္ ခဲ့ၿပီး ေနာက္ဆံုး ကစား ခဲ့တဲ့ ၅ ရာသီ မွာ ၃ ႀကိမ္ ရွဳံးနိမ့္ ထားခဲ့ ပါတယ္ ။ ယမန္ႏွစ္ က လီဗာပူး တို႔ ေျခစြမ္း ထက္ျမက္ ေနခ်ိန္ မွာ ပင္ ယူႏုိက္တက္ ကြင္းမွာ သေရ သာ ကစားနုိင္ ခဲ့ၿပီး ဒီသေရ ပြဲ ဟာ မန္စီးတီး ကို အမွတ္ေပး ခ်န္ပီယံ လုပြဲ မွာ အေရးနိမ့္ ေစခဲ့တဲ့ အေၾကာင္းအရင္း တစ္ရပ္ ျဖစ္ေစ ခဲ့ ပါတယ္ ။

ယူႏုိက္တက္ ရဲ႕ အဓိက နံပါတ္ ၁ ဂုိး သမား ေဒးဗစ္ ဒီဂီယာ ဟာ စပိန္္ အသင္း နဲ႔ ကစားခဲ့တဲ့ ပြဲမွာ ဒဏ္ရာ ရရွိ ခဲ့တာ ေၾကာင့္ ယခု ပြဲစဥ္ ကို လြဲေခ်ာ္ မယ္လို႔ အတည္ျပဳ ခ်က္ ရရွိ ခဲ့ ပါတယ္ ။ ဒါေၾကာင့္ အရန္ ဂုိး သမား ဆာဂ်ီယို ရိုမဲရိုး ဟာ လီဗာပူး နဲ႔ ပြဲ မွာ ယူႏုိက္တက္ ဂုိးေပါက္ ကို ကာကြယ္မယ့္ သူျဖစ္လာ ခဲ့ရ ပါတယ္ ။ ဒါကလည္း လီဗာပူး အတြက္ ေပ်ာ္ရႊင္စရာ ကိစၥ မဟုတ္ခဲ့ ပါဘူး ။

ရိုမဲရိုး ဟာ ဒီဂီယာ ကို မေက်ာ္ႏုိင္ ခဲ့ ေပမယ့္ ကစားခြင့္ ရတဲ့ ပြဲစဥ္ ေတြ မွာ လက္စြမ္း ေကာင္းေတြ ျပသ ထားၿပီး ဂုိးေပးရမႈ လည္း နည္းပါး ခဲ့ ပါတယ္ ။ ယူရိုပါ လိဂ္ ရရွိခဲ့တဲ့ ရာသီမွာ ရိုမဲရိုး ဟာ ဖုိင္နယ္ မတုိင္ခင္ အသင္းရဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ အားလံုး ကို ပါ၀င္ ကစားခဲ့ သလို အာဂ်င္တီးနား အသင္းမွာ လည္း ပြဲေပါင္း ၁၀၀ နီးပါး ကစားေပးထားတဲ့ ၀ါရင့္ ဂုိး သမားႀကီး တစ္ဦး ျဖစ္ ပါတယ္ ။

ရိုမဲရိုး ဟာ ပရီးမီးယားလိဂ္ မွာ 7 ပြဲ သာ ကစားထား ရေပမယ့္ ၆ ပြဲ ကို ဂုိးမေပး ရေအာင္ စြမ္းေဆာင္ ထားႏိုင္ခဲ့တာ ေၾကာင့္ ဒီဂီယာ မပါ၀င္ ႏုိင္မႈ ဟာ ယူႏုိက္တက္ ပရိသတ္ေတြ အတြက္ ေသာက ပြားစရာ ကိစၥ အျဖစ္ ရွိေန မွာ မဟုတ္ပါဘူး ။ ဒါ့အျပင္ ခံစစ္ ပုိင္း က ကစား သမား အားလံုး ဒဏ္ရာ က ေန ျပန္လာၾကၿပီ ျဖစ္တာ ေၾကာင့္ လီဗာပူး ရဲ႕ တိုက္စစ္ကို ခုခံႏိုင္ဖို႔ အခြင့္အေရးေတြ ရွိလာနုိင္ ပါတယ္ ။

ယူႏုိက္တက္ – လီဗာပူး ေနာက္ဆံုး ဆယ္ပြဲ ရလဒ္ –

ဒီဇင္ဘာ ၂၀၁၄ ၊ မန္ခ်က္စတာ ယူႏုိက္တက္ ၃ – ၀ လီဗာပူး
မတ္ ၂၀၁၅ ၊ လီဗာပူး ၁ – ၂ မန္ယူႏုိက္တက္
စက္တင္ဘာ ၂၀၁၅ ၊ မန္ယူနုိက္တက္ ၃ – ၁ လီဗာပူး

ဇန္န၀ါရီ ၂၀၁၆ ၊ လီဗာပူး ၀ – ၁ မန္ယူႏုိက္တက္
ေအာက္တိုဘာ ၂၀၁၆ ၊ လီဗာပူး ၀ – ၀ မန္ယူႏုိက္တက္
ဇန္န၀ါရီ ၂၀၁၇ ၊ မန္ယူႏုိက္တက္ ၁ – ၁ လီဗာပူး

ေအာက္တိုဘာ ၂၀၁၇ ၊ လီဗာပူး ၀ – ၀ မန္ယူႏုိက္တက္
မတ္လ ၂၀၁၈ ၊ မန္ယူႏုိက္တက္ ၂ – ၁ လီဗာပူး
ဒီဇင္ဘာ ၂၀၁၈ ၊ လီဗာပူး ၃ – ၁ မန္ယူႏုိက္တက္
ေဖေဖာ္၀ါရီ ၂၀၁၉ ၊ မန္ယူႏုိက္တက္ ၀ – ၀ လီဗာပူး

ဒီ တစ္ႀကိမ္ မွာ ေရာ ဘယ္လို ရလဒ္မ်ဳိး ထြက္ေပၚ လာဦးမလဲ ဆိုတာ စိတ္၀င္စားဖြယ္ ေစာင့္ၾကည့္ ရမွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR