ဒီရာသီ မှာ လီဗာပူး တို့ အရှိန် အဟုန် ပြင်းပြင်း တောက် လောင် နေပါတယ် ။ ပွဲစဉ် ၈ အပြီး မှာ ၈ ပွဲ စလုံး အနိုင် ကစား ထားပြီး ဒုတိယ နေရာ က အသင်း ကို ၈ မှတ် ဖြတ် ထားနိုင် ခဲ့ ပါတယ် ။ တိုက်စစ် ပိုင်း မှာလည်း မန်စီးတီး ပြီးရင် ဒုတိယ ဂိုး အများဆုံး သွင်းယူ ထားခဲ့ ပြီး ဆယ်စုနှစ် ၂ စု ကြာ ဝေးကွာ နေတဲ့ အမှတ်ပေး ချန်ပီယံ ဆု ကို ပြန်လည် ရယူ နိုင်ဖို့ အလား အလာ ကောင်း နေခဲ့ ပါတယ် ။

လီဗာပူး ဟာ ယမန်နှစ် က ချန်ပီယံ လိဂ် ဖလား ကို ရယူ ခဲ့ပြီး နည်းပြ ယာဂင် ကလော့ ရဲ့ ပဲ့ကိုင် လမ်းညွှန် မှု အောက်မှာ တစ်ချိန် တုန်းက အရှိန် အဝါ တွေ ကို ပြန်လည် ရရှိ ခဲ့ ပါတယ် ။ အသင်းရဲ့ ခံစစ် မှာ ဗန်ဒိုက် ၊ အဲလစ်ဆွန် တို့ လို ထိပ်တန်း ကစား သမားတွေ ရှိနေ သလို နောက်တန်း အစွန် တွေ ဖြစ်တဲ့ ရောဘတ်ဆန် နဲ့ အာနိုး တို့ ဟာ လည်း လက်ရှိ ဘောလုံး လောက ရဲ့ ထိပ်တန်း နောက်ခံလူ တွေ အဖြစ် ရှိနေခဲ့ ပါတယ် ။

လီဗာပူး ကို ဒီလိုမျိုး ပြိုင်ဘက် အသင်း တွေ ထိတ်လန့် ခြောက်ခြား စေ မယ့် အဓိက အကြောင်း အရင်း ကတော့ အစွမ်း ထက်မြက် တဲ့ တိုက်စစ်ပိုင်း ပဲ ဖြစ် ပါတယ် ။ မိုဟာမက် ဆာလာ ၊ ဆာဒီယို မာနေး နဲ့ ရော်ဘတ်တို ဖာမီနို တို့ ၃ ဦး ဟာ လီဗာပူး ရဲ့ တိုက်စစ်ပိုင်း မှာ အတွဲ ညီညီ နဲ့ အစွမ်းပြ နေပြီး မနှစ် က ရာသီ မှာ ရော ယခု ရာသီမှာ ပါ ဂိုးတွေ သွင်းယူ ပေးထားခဲ့ ပါတယ် ။

ဒီလို အတွဲ ညီညီ နဲ့ ပြိုင်ဘက် ခံစစ်တွေ ကြောက်လန့် ရ စေမယ့် တိုက်စစ် အတွဲ မျိုး ကို တစ်ချိန် က မန်ချက် စတာ ယူနိုက်တက် ရဲ့ ကြောက်မက်ဖွယ် တိုက်စစ် အတွဲ နဲ့ ခိုင်းနှိုင်းမှု တွေ ရှိလာ ခဲ့ ပါတယ် ။ ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ် နေတဲ့ ၂၀၀၇-၂၀၀၈ ရာသီ မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ၀ိန်းရွန်းနီ ၊ ခရစ္စတီယာနို ရိုနယ်ဒို ၊ ကားလိုစ့် တိဗက် တို့ တိုက်စစ် အတွဲ နဲ့ ပြိုင်ဘက်တွေ ကို အနိုင်ယူခဲ့ပြီး အောင်မြင်မှုတွေ စိုက်ထူ နိုင်ခဲ့ ပါတယ် ။

ရိုနယ်ဒို ၊ ရွန်းနီ ၊ တိဗက် တိုက်စစ် အတွဲ ဟာ မော်ဒန် ဘောလုံး လောက ရဲ့ ကြောက်မက်ဖွယ် တိုက်စစ် အတွဲ ( Deadliest Trio ) တွေ ထဲ က တစ်ခု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ ပါတယ် ။ အခု အချိန် မှာတော့ ဒီလို တို်က်စစ် အတွဲမျိုး ကို လီဗာပူး က ပိုင်ဆိုင်လို့ နေခဲ့ ပါပြီ ။

ရိုနယ်ဒို ၊ ရွန်းနီ နဲ့ တိဗက် တို့ ဟာ ယူနိုက်တက် မှာ ၂ ရာသီကြာ တွဲဖက် ကစားခဲ့ ပြီး ဂိုးပေါင်း ၁၄၀ သွင်းယူ နိုင်ခဲ့ ကြပါတယ် ။ ဒါပေမယ့် လက်ရှိ လီဗာပူး ရဲ့ တိုက်စစ် အတွဲ ကတော့ ယူနိုက်တက် တိုက်စစ် အတွဲ ထက် ပိုပြီး စွမ်းဆောင် နိုင်ခဲ့ ကာ နောက်ဆုံး ၂ ရာသီ အတွင်း မှာ ဂိုးပေါင်း ၁၆၀ သွင်းယူ ထားနိုင် ခဲ့ပြီ ပဲ ဖြစ် ပါတယ် ။

အောင်မြင်မှု အပိုင်း မှာတော့ ယူနိုက်တက် တိုက်စစ် အတွဲ ဟာ လီဗာပူး တိုက်စစ် အတွဲ ထက် သာလွန် ခဲ့ ပါတယ် ။ ရွန်းနီ ၊ ရိုနယ်ဒို နဲ့ တိဗက် တို့ ဟာ ၂၀၀၇ – ၀၈ နဲ့ ၂၀၀၈ – ၀၉ ရာသီ တွေ မှာ အမှတ်ပေး ဖလား ၂ လုံး ၊ ချန်ပီယံ လိဂ် ၁ လုံး ၊ ကလပ် ကမ္ဘာ့ ဖလား ၊ ကွန်မြူ နတီဒိုင်း ၂ လုံး နဲ့ ကာလင်း ဖလား ( လိဂ် ဖလား ) တို့ ကို ရယူ ကိုင်မြှောက် နိုင်ခဲ့ ကြပါတယ် ။

လီဗာပူး ရဲ့ တိုက်စစ် အတွဲ ကတော့ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မှာ ချန်ပီယံ လိဂ် ဖလား နဲ့ ဥရောပ စူပါ ဖလား တို့ကို သာ ရယူ ပိုင်ဆိုင် ခဲ့ ပါတယ် ။ ယခု ရာသီ မှာတော့ လီဗာပူး ဟာ အမှတ်ပေး ချန်ပီယံ ဆု အတွက် ထိပ်ဆုံး က ရေပန်းစား နေသလို ဒီဇင်ဘာ အတွင်းမှာ ကစားမယ့် ကလပ် ကမ္ဘာ့ ဖလားမှာ လည်း ဗိုလ်စွဲဖို့ အလားအလာ ကောင်း နေခဲ့ ပါတယ် ။

လာမယ့် တနင်္ဂနွေနေ့ မှာတော့ မန်ချက် စတာ ယူနို်က်တက် ဟာ လီဗာပူး နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး မာနေး ၊ ဖာမီနို ၊ ဆာလာ တို့ကို ထိန်းချုပ် နိုင်ဖို့ အစွမ်းကုန် ကြိုးစား ရတော့မှာ ဖြစ် ပါတယ် ။ မနှစ်က အိုးထရက်ဖိုဒ့် မှာ ဂိုး မရှိ သရေ ကျခဲ့ သလိုမျိုး ထက်မြက်တဲ့ လီဗာပူး တိုက်စစ် ကို ယူနိုက်တက် ခံစစ် က ထိန်းချုပ် နိုင်မလား ဆိုတာ ကတော့ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် . . .

SPORTS MYANMAR

Zawgyi

ရိုနယ္ဒို – ရြန္းနီ – တိဗက္ VS ဆာလာ – မာေနး – ဖာမီႏို . . . . ဘယ္ တိုက္စစ္ အတြဲ က ပိုၿပီးေကာင္းသလဲ

===========================================

ဒီရာသီ မွာ လီဗာပူး တို႔ အရွိန္ အဟုန္ ျပင္းျပင္း ေတာက္ ေလာင္ ေနပါတယ္ ။ ပြဲစဥ္ ၈ အၿပီး မွာ ၈ ပြဲ စလံုး အႏုိင္ ကစား ထားၿပီး ဒုတိယ ေနရာ က အသင္း ကို ၈ မွတ္ ျဖတ္ ထားႏိုင္ ခဲ့ ပါတယ္ ။ တိုက္စစ္ ပုိင္း မွာလည္း မန္စီးတီး ၿပီးရင္ ဒုတိယ ဂိုး အမ်ားဆံုး သြင္းယူ ထားခဲ့ ၿပီး ဆယ္စုႏွစ္ ၂ စု ၾကာ ေ၀းကြာ ေနတဲ့ အမွတ္ေပး ခ်န္ပီယံ ဆု ကို ျပန္လည္ ရယူ ႏုိင္ဖို႔ အလား အလာ ေကာင္း ေနခဲ့ ပါတယ္ ။

လီဗာပူး ဟာ ယမန္ႏွစ္ က ခ်န္ပီယံ လိဂ္ ဖလား ကို ရယူ ခဲ့ၿပီး နည္းျပ ယာဂင္ ကေလာ့ ရဲ႕ ပဲ့ကိုင္ လမ္းညႊန္ မႈ ေအာက္မွာ တစ္ခ်ိန္ တုန္းက အရွိန္ အ၀ါ ေတြ ကို ျပန္လည္ ရရွိ ခဲ့ ပါတယ္ ။ အသင္းရဲ႕ ခံစစ္ မွာ ဗန္ဒိုက္ ၊ အဲလစ္ဆြန္ တို႔ လို ထိပ္တန္း ကစား သမားေတြ ရွိေန သလို ေနာက္တန္း အစြန္ ေတြ ျဖစ္တဲ့ ေရာဘတ္ဆန္ နဲ႔ အာႏိုး တို႔ ဟာ လည္း လက္ရွိ ေဘာလံုး ေလာက ရဲ႕ ထိပ္တန္း ေနာက္ခံလူ ေတြ အျဖစ္ ရွိေနခဲ့ ပါတယ္ ။

လီဗာပူး ကုိ ဒီလိုမ်ဳိး ၿပဳိင္ဘက္ အသင္း ေတြ ထိတ္လန္႔ ေျခာက္ျခား ေစ မယ့္ အဓိက အေၾကာင္း အရင္း ကေတာ့ အစြမ္း ထက္ျမက္ တဲ့ တုိက္စစ္ပုိင္း ပဲ ျဖစ္ ပါတယ္ ။ မိုဟာမက္ ဆာလာ ၊ ဆာဒီယို မာေနး နဲ႔ ေရာ္ဘတ္တို ဖာမီႏို တို႔ ၃ ဦး ဟာ လီဗာပူး ရဲ႕ တုိက္စစ္ပုိင္း မွာ အတြဲ ညီညီ နဲ႔ အစြမ္းျပ ေနၿပီး မႏွစ္ က ရာသီ မွာ ေရာ ယခု ရာသီမွာ ပါ ဂုိးေတြ သြင္းယူ ေပးထားခဲ့ ပါတယ္ ။

ဒီလို အတြဲ ညီညီ နဲ႔ ၿပဳိင္ဘက္ ခံစစ္ေတြ ေၾကာက္လန္႔ ရ ေစမယ့္ တုိက္စစ္ အတြဲ မ်ဳိး ကို တစ္ခ်ိန္ က မန္ခ်က္ စတာ ယူနုိက္တက္ ရဲ႕ ေၾကာက္မက္ဖြယ္ တုိက္စစ္ အတြဲ နဲ႔ ခိုင္းႏႈိင္းမႈ ေတြ ရွိလာ ခဲ့ ပါတယ္ ။ ဆာအဲလက္စ္ ဖာဂူဆန္ ကိုင္တြယ္ ေနတဲ့ ၂၀၀၇-၂၀၀၈ ရာသီ မွာ မန္ခ်က္စတာ ယူႏုိက္တက္ ဟာ ၀ိန္းရြန္းနီ ၊ ခရစၥတီယာႏို ရိုနယ္ဒို ၊ ကားလုိစ့္ တိဗက္ တို႔ တုိက္စစ္ အတြဲ နဲ႔ ၿပဳိင္ဘက္ေတြ ကို အႏုိင္ယူခဲ့ၿပီး ေအာင္ျမင္မႈေတြ စိုက္ထူ ႏုိင္ခဲ့ ပါတယ္ ။

ရိုနယ္ဒို ၊ ရြန္းနီ ၊ တိဗက္ တုိက္စစ္ အတြဲ ဟာ ေမာ္ဒန္ ေဘာလံုး ေလာက ရဲ႕ ေၾကာက္မက္ဖြယ္ တုိက္စစ္ အတြဲ ( Deadliest Trio ) ေတြ ထဲ က တစ္ခု အျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရ ပါတယ္ ။ အခု အခ်ိန္ မွာေတာ့ ဒီလို တုိ္က္စစ္ အတြဲမ်ဳိး ကို လီဗာပူး က ပိုင္ဆုိင္လုိ႔ ေနခဲ့ ပါၿပီ ။

ရိုနယ္ဒို ၊ ရြန္းနီ နဲ႔ တိဗက္ တို႔ ဟာ ယူနုိက္တက္ မွာ ၂ ရာသီၾကာ တြဲဖက္ ကစားခဲ့ ၿပီး ဂုိးေပါင္း ၁၄၀ သြင္းယူ ႏုိင္ခဲ့ ၾကပါတယ္ ။ ဒါေပမယ့္ လက္ရွိ လီဗာပူး ရဲ႕ တုိက္စစ္ အတြဲ ကေတာ့ ယူႏုိက္တက္ တုိက္စစ္ အတြဲ ထက္ ပုိၿပီး စြမ္းေဆာင္ ႏုိင္ခဲ့ ကာ ေနာက္ဆံုး ၂ ရာသီ အတြင္း မွာ ဂုိးေပါင္း ၁၆၀ သြင္းယူ ထားနုိင္ ခဲ့ၿပီ ပဲ ျဖစ္ ပါတယ္ ။

ေအာင္ျမင္မႈ အပုိင္း မွာေတာ့ ယူႏုိက္တက္ တိုက္စစ္ အတြဲ ဟာ လီဗာပူး တုိက္စစ္ အတြဲ ထက္ သာလြန္ ခဲ့ ပါတယ္ ။ ရြန္းနီ ၊ ရိုနယ္ဒို နဲ႔ တိဗက္ တို႔ ဟာ ၂၀၀၇ – ၀၈ နဲ႔ ၂၀၀၈ – ၀၉ ရာသီ ေတြ မွာ အမွတ္ေပး ဖလား ၂ လံုး ၊ ခ်န္ပီယံ လိဂ္ ၁ လံုး ၊ ကလပ္ ကမၻာ့ ဖလား ၊ ကြန္ျမဴ နတီဒိုင္း ၂ လံုး နဲ႔ ကာလင္း ဖလား ( လိဂ္ ဖလား ) တို႔ ကို ရယူ ကိုင္ေျမွာက္ ႏုိင္ခဲ့ ၾကပါတယ္ ။

လီဗာပူး ရဲ႕ တုိက္စစ္ အတြဲ ကေတာ့ ၿပီးခဲ့တဲ့ ၂ ႏွစ္ အတြင္း မွာ ခ်န္ပီယံ လိဂ္ ဖလား နဲ႔ ဥေရာပ စူပါ ဖလား တို႔ကို သာ ရယူ ပုိင္ဆုိင္ ခဲ့ ပါတယ္ ။ ယခု ရာသီ မွာေတာ့ လီဗာပူး ဟာ အမွတ္ေပး ခ်န္ပီယံ ဆု အတြက္ ထိပ္ဆံုး က ေရပန္းစား ေနသလို ဒီဇင္ဘာ အတြင္းမွာ ကစားမယ့္ ကလပ္ ကမၻာ့ ဖလားမွာ လည္း ဗိုလ္စြဲဖို႔ အလားအလာ ေကာင္း ေနခဲ့ ပါတယ္ ။

လာမယ့္ တနဂၤေႏြေန႔ မွာေတာ့ မန္ခ်က္ စတာ ယူႏုိ္က္တက္ ဟာ လီဗာပူး နဲ႔ ရင္ဆုိင္ ရမွာ ျဖစ္ၿပီး မာေနး ၊ ဖာမီႏို ၊ ဆာလာ တို႔ကို ထိန္းခ်ဳပ္ ႏုိင္ဖို႔ အစြမ္းကုန္ ႀကဳိးစား ရေတာ့မွာ ျဖစ္ ပါတယ္ ။ မႏွစ္က အိုးထရက္ဖုိဒ့္ မွာ ဂုိး မရွိ သေရ က်ခဲ့ သလိုမ်ဳိး ထက္ျမက္တဲ့ လီဗာပူး တိုက္စစ္ ကို ယူႏုိက္တက္ ခံစစ္ က ထိန္းခ်ဳပ္ ႏိုင္မလား ဆုိတာ ကေတာ့ ေစာင့္ၾကည့္ ရမွာ ျဖစ္ပါတယ္ . . .

SPORTS MYANMAR