Pogba

မန်ချက်စတာ ယူနိုက်တက် နဲ့ ပြင်သစ် လက်ရွေးစင် အသင်း တို့ရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇနက်ဒင်း ဇီဒန်း နဲ့ ဒူဘိုင်း မြေမှာ တွေ့ဆုံ ခဲ့ ကြတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ထို့အတူ ဒါဟာ ယခင် တုန်းက ထွက်ပေါ် နေခဲ့တဲ့ ရီးယဲ မက်ဒရစ် နဲ့ ပေါ့ဂ်ဘာ အကြား အပြောင်း အရွှေ့ သတင်း တွေကို ထပ်မံ တောက်လောင် စေလိုက် ခြင်းလား ဆိုတဲ့ သတင်း တွေ ဟာလည်း လူမုှ ကွန်ယက် အထက် မှာ တစ်ဖန် ပြန်လည် ပျံ့နှံ့ လာခဲ့ ပါတယ် ။

ဒီတစ်ပါတ် လီဗာပူး အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ပါဝင် နိုင်ဖို့ မသေချာ သေးတဲ့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ဟာ ခြေချင်းဝတ် ဒဏ်ရာ ကို ရရှိ ထားခဲ့ တာကြောင့် မတူညီ တဲ့ အပူပိုင်း ဒေသ မှာ ကြံ့ခိုင် မှု ပြန်လည် ပြည့်ဝ နိုင်ဖို့ အတွက် လေ့ကျင့် မှုတွေ ပြုလုပ် နိုင်ဖို့ ဒူဘိုင်း မြေကို ရောက်ရှိ နေခဲ့ သူပဲ ဖြစ်ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဇီဒန်း ဟာ ဘောလုံး အား ကစား နဲ့ ပတ်သက် တဲ့ အကြောင်း အရာ တွေကို ဆွေးနွေး ဖို့ အတွက် နိုင်ငံတကာ ပွဲစဉ် တွေ ကစား နေ ကြတဲ့ အခိုက် အတန့် မှာ အရှေ့ အလယ်ပိုင်း ဒေသ ကို ခရီးထွက် ပွဲတက် ခဲ့သူ ပဲ ဖြစ် ပါတယ် ။

အခုတော့ ထွက်ပေါ် လာတဲ့ သတင်း တွေနဲ့ ဓါတ်ပုံ တွေ အရ ပြင်သစ် နိုင်ငံသား တွေ ဖြစ်ကြ တဲ့ ဇီဒန်း နဲ့ ပေါ့ဂ်ဘာ တို့ဟာ ဒူဘိုင်း မှာ ရှိတဲ့ ရေကူးကန် တစ်ခု မှာ တွေ့ဆုံ ခဲ့ ကြပြီး စကား တွေ ပြောဆို ခဲ့ ကြတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ပြီးခဲ့တဲ့ အပြောင်း အရွှေ့ တွေ တုန်းက ပဲ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ပေါ့ဂ်ဘာ ဟာ စိန်ခေါ် မှု အသစ် တွေကို ရင်ဆိုင် ဖို့ အတွက် အသင်း ပြောင်းရွှေ့ လိုတဲ့ အကြောင်း တရားဝင် ဝန်ခံ စကား ပြောကြား ခဲ့ပါ သေးတယ် ။

ဒါ့အပြင် ဇနက်ဒင်း ဇီဒန်း ဦးဆောင် တဲ့ ရီးယဲ မက်ဒရစ် အသင်း မှာ ကစား ခွင့် ရရှိ ရေး ဆိုတာ အိပ်မက် တစ်ခု ဖြစ်ကြောင်း ပေါ့ဂ်ဘာ က ပြောကြား ထားခဲ့ သေးတာ ကြောင့် သာနဲ့ ပတ်သက် တဲ့ အပြောင်း အရွှေ့ သတင်း တွေဟာ ဟိုးလေး တကြော် ဖြစ်ခဲ့ ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း ကလည်း ပေါ့ဂ်ဘာ ဟာ ထူူခြား တဲ့ အရည် အသွေး တွေကို ပိုင်ဆိုင် ထားသူ ဖြစ်ကြောင်း ချီးကျူး ထားခဲ့ သလို ခေါ်ယူ ဖို့ အတွက် စိတ်ဝင်စား မှု ရှိတဲ့ အကြောင်း အရိပ်အမြွတ် ပြောကြား ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဖလော်ရန်တီနို ပီးရက်ဇ် က က ပြောင်းရွှေ့ ကြေး နည်းပါး တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် အဲရစ်ဆင် ကို ခေါ်ယူ စေလို ပေမယ့် ဇီဒန်း က ပေါ့ဂ်ဘာ ကိုသာ အလိုရှိ ကြောင်း သတင်း တွေလည်း ထွက်ပေါ် ခဲ့ပါ သေးတယ် ။

ဒါ့ကြောင့် လည်း ပေါ့ဂ်ဘာ နဲ့ ရီးယဲ မက်ဒရစ် အပြောင်း အရွှေ့ ဟာ ဘယ်တော့ ဖြစ်ပေါ် လာလိမ့် မလဲ ဆိုတဲ့ သတင်း တွေဟာ ပြီးခဲ့တဲ့ နွေ တုန်းက ခေါင်းစဉ် ကြီး အဖြစ် အမြဲ ဖော်ပြ ခံခဲ့ ရ ပေမယ့် ယူနိုက်တက် ဖက်မှ မရောင်းချ လိုခဲ့ တာကြောင့် ဖြစ်ပေါ် မလာခဲ့ ပါဘူး ။

လက်ရှိ ရာသီ မှာတော့ ယူနိုက်တက် အသင်း ရဲ့ ရလဒ် တွေဟာ အတော်လေး ဆိုးရွား ခဲ့ပြီး ပေါ့ဂ်ဘာ ဟာလည်း ဝေဖန်မှု တွေကို ဆက်တိုက် ခံနေခဲ့ ရတာ ကြောင့် ပြင်သစ် လက်ရွေးစင် ဟာ ဇန်နဝါရီ အပြောင်း အရွှေ့ မှာ အသင်းပြောင်း နိုင်ဖွယ် ရှိတယ် ဆိုတဲ့ သတင်း တွေ တစ်ဖန် ပြန်လည် ပျံ့နှံ့ နေခဲ့ ပါတယ် ။

ဒီလို အချိန် မှာ ပေါ့ဂ်ဘာ နဲ့ ဇီဒန်း တို့ ဒူဘိုင်း မြေမှာ အတူတကွ စကား ပြောနေ ကြတာ ကို မြင်တွေ့ လိုက်ရ ခြင်းက ပြင်သစ် လက်ရွေးစင် ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် ရှိနေ စေလို ကြတဲ့ ယူနိုက်တက် ပရိသတ် တွေကို ရတက်မအေး တဲ့ ခံစားချက် တွေ ဖြစ်ပေါ် စေမှာ ဖြစ်ပြီး အမြင် မကြည် တဲ့ ပရိသတ် တွေကို တော့ ဒေါသ ထပ်မံ ဖြစ်စေ မှာ အသေအချာ ပါပဲ ။

#Sports_Myanmar

Zawgyi

အေျပာင္းအေရႊ့ သတင္းေတြကို ထပ္မံ ေတာက္ေလာင္ေစလိုက္တဲ့ #ေပါ့ဂ္ဘာ

===================

မန္ခ်က္စတာ ယူနုိက္တက္ နဲ့ ျပင္သစ္ လက္ေရြးစင္ အသင္း တုိ့ရဲ့ အားထား ရတဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ ေပါလ္ ေပါ့ဂ္ဘာ ဟာ ရီးယဲ မက္ဒရစ္ အသင္း ရဲ့ နည္းျပ ျဖစ္သူ ဇနက္ဒင္း ဇီဒန္း နဲ့ ဒူဘိုင္း ေျမမွာ ေတြ့ဆံု ခဲ့ ၾကတယ္ လို႔ သိရွိ လိုက္ရ ပါတယ္ ။

ထုိ့အတူ ဒါဟာ ယခင္ တုန္းက ထြက္ေပၚ ေနခဲ့တဲ့ ရီးယဲ မက္ဒရစ္ နဲ့ ေပါ့ဂ္ဘာ အၾကား အေျပာင္း အေရႊ့ သတင္း ေတြကို ထပ္မံ ေတာက္ေလာင္ ေစလိုက္ ျခင္းလား ဆုိတဲ့ သတင္း ေတြ ဟာလည္း လူမဳွ ကြန္ယက္ အထက္ မွာ တစ္ဖန္ ျပန္လည္ ပ်ံ့ႏွံ့ လာခဲ့ ပါတယ္ ။

ဒီတစ္ပါတ္ လီဗာပူး အသင္း နဲ့ ကစား ရမယ့္ ပြဲစဥ္ မွာ ပါဝင္ နုိင္ဖုိ့ မေသခ်ာ ေသးတဲ့ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္လူ ေပါ့ဂ္ဘာ ဟာ ေျခခ်င္းဝတ္ ဒဏ္ရာ ကို ရရွိ ထားခဲ့ တာေၾကာင့္ မတူညီ တဲ့ အပူပိုင္း ေဒသ မွာ ၾကံ့ခိုင္ မွဳ ျပန္လည္ ျပည့္ဝ နုိင္ဖုိ့ အတြက္ ေလ့က်င့္ မွဳေတြ ျပဳလုပ္ နုိင္ဖုိ႔ ဒူဘိုင္း ေျမကို ေရာက္ရွိ ေနခဲ့ သူပဲ ျဖစ္ပါတယ္ ။

အျခား တစ္ဖက္ မွာေတာ့ ဇီဒန္း ဟာ ေဘာလံုး အား ကစား နဲ့ ပတ္သက္ တဲ့ အေၾကာင္း အရာ ေတြကို ေဆြးေႏြး ဖုိ႔ အတြက္ နုိင္ငံတကာ ပြဲစဥ္ ေတြ ကစား ေန ၾကတဲ့ အခိုက္ အတန့္ မွာ အေရွ့ အလယ္ပိုင္း ေဒသ ကို ခရီးထြက္ ပြဲတက္ ခဲ့သူ ပဲ ျဖစ္ ပါတယ္ ။

အခုေတာ့ ထြက္ေပၚ လာတဲ့ သတင္း ေတြနဲ့ ဓါတ္ပံု ေတြ အရ ျပင္သစ္ နုိင္ငံသား ေတြ ျဖစ္ၾက တဲ့ ဇီဒန္း နဲ့ ေပါ့ဂ္ဘာ တုိ့ဟာ ဒူဘိုင္း မွာ ရွိတဲ့ ေရကူးကန္ တစ္ခု မွာ ေတြ့ဆံု ခဲ့ ၾကျပီး စကား ေတြ ေျပာဆုိ ခဲ့ ၾကတာ ကို ေတြ့ရွိ ခဲ့ရ ပါတယ္ ။

ျပီးခဲ့တဲ့ အေျပာင္း အေရႊ့ ေတြ တုန္းက ပဲ ယူနုိက္တက္ ကြင္းလယ္ ကစားသမား ျဖစ္တဲ့ ေပါ့ဂ္ဘာ ဟာ စိန္ေခၚ မွဳ အသစ္ ေတြကို ရင္ဆုိင္ ဖုိ႔ အတြက္ အသင္း ေျပာင္းေရႊ့ လိုတဲ့ အေၾကာင္း တရားဝင္ ဝန္ခံ စကား ေျပာၾကား ခဲ့ပါ ေသးတယ္ ။

ဒါ့အျပင္ ဇနက္ဒင္း ဇီဒန္း ဦးေဆာင္ တဲ့ ရီးယဲ မက္ဒရစ္ အသင္း မွာ ကစား ခြင့္ ရရွိ ေရး ဆုိတာ အိပ္မက္ တစ္ခု ျဖစ္ေၾကာင္း ေပါ့ဂ္ဘာ က ေျပာၾကား ထားခဲ့ ေသးတာ ေၾကာင့္ သာနဲ့ ပတ္သက္ တဲ့ အေျပာင္း အေရႊ့ သတင္း ေတြဟာ ဟိုးေလး တေၾကာ္ ျဖစ္ခဲ့ ပါ ေသးတယ္ ။

အျခား တစ္ဖက္ မွာေတာ့ ရီးယဲ မက္ဒရစ္ အသင္း ရဲ့ နည္းျပ ျဖစ္သူ ဇီဒန္း ကလည္း ေပါ့ဂ္ဘာ ဟာ ထူူျခား တဲ့ အရည္ အေသြး ေတြကို ပိုင္ဆုိင္ ထားသူ ျဖစ္ေၾကာင္း ခ်ီးက်ဴး ထားခဲ့ သလို ေခၚယူ ဖုိ႔ အတြက္ စိတ္ဝင္စား မွဳ ရွိတဲ့ အေၾကာင္း အရိပ္အျမြတ္ ေျပာၾကား ခဲ့သူ ပဲ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ရီးယဲ မက္ဒရစ္ အသင္း ရဲ့ ဥကၠ႒ ျဖစ္သူ ဖေလာ္ရန္တီနုိ ပီးရက္ဇ္ က က ေျပာင္းေရႊ့ ေၾကး နည္းပါး တဲ့ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း ရဲ့ ကြင္းလယ္ ဖန္တီးရွင္ အဲရစ္ဆင္ ကို ေခၚယူ ေစလို ေပမယ့္ ဇီဒန္း က ေပါ့ဂ္ဘာ ကိုသာ အလိုရွိ ေၾကာင္း သတင္း ေတြလည္း ထြက္ေပၚ ခဲ့ပါ ေသးတယ္ ။

ဒါ့ေၾကာင့္ လည္း ေပါ့ဂ္ဘာ နဲ့ ရီးယဲ မက္ဒရစ္ အေျပာင္း အေရႊ့ ဟာ ဘယ္ေတာ့ ျဖစ္ေပၚ လာလိမ့္ မလဲ ဆုိတဲ့ သတင္း ေတြဟာ ျပီးခဲ့တဲ့ ေႏြ တုန္းက ေခါင္းစဥ္ ၾကီး အျဖစ္ အျမဲ ေဖာ္ျပ ခံခဲ့ ရ ေပမယ့္ ယူနုိက္တက္ ဖက္မွ မေရာင္းခ် လိုခဲ့ တာေၾကာင့္ ျဖစ္ေပၚ မလာခဲ့ ပါဘူး ။

လက္ရွိ ရာသီ မွာေတာ့ ယူနုိက္တက္ အသင္း ရဲ့ ရလဒ္ ေတြဟာ အေတာ္ေလး ဆိုးရြား ခဲ့ျပီး ေပါ့ဂ္ဘာ ဟာလည္း ေဝဖန္မွဳ ေတြကုိ ဆက္တုိက္ ခံေနခဲ့ ရတာ ေၾကာင့္ ျပင္သစ္ လက္ေရြးစင္ ဟာ ဇန္နဝါရီ အေျပာင္း အေရႊ့ မွာ အသင္းေျပာင္း နုိင္ဖြယ္ ရွိတယ္ ဆုိတဲ့ သတင္း ေတြ တစ္ဖန္ ျပန္လည္ ပ်ံ့ႏွံ႔ ေနခဲ့ ပါတယ္ ။

ဒီလို အခ်ိန္ မွာ ေပါ့ဂ္ဘာ နဲ့ ဇီဒန္း တုိ့ ဒူဘိုင္း ေျမမွာ အတူတကြ စကား ေျပာေန ၾကတာ ကို ျမင္ေတြ့ လိုက္ရ ျခင္းက ျပင္သစ္ လက္ေရြးစင္ ကို အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ဆက္လက္ ရွိေန ေစလို ၾကတဲ့ ယူနုိက္တက္ ပရိသတ္ ေတြကို ရတက္မေအး တဲ့ ခံစားခ်က္ ေတြ ျဖစ္ေပၚ ေစမွာ ျဖစ္ျပီး အျမင္ မၾကည္ တဲ့ ပရိသတ္ ေတြကို ေတာ့ ေဒါသ ထပ္မံ ျဖစ္ေစ မွာ အေသအခ်ာ ပါပဲ ။

#Sports_Myanmar