Pogba

• ယူနိုက်တက် ရဲ့ ပဲ့ကိုင်ရှင်ကြီး အက်ဝုဒ်ဝပ် ကတော့ သူတို့အသင်းကို ဘောလုံးအကြောင်း နာမလည်တဲ့ သူက ဦးဆောင်ပြီး Run နေတယ်လို့ ပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ပြီး ၊ ကစားသမား ခေါ်ယူမှု အပိုင်းတွေမှာလဲ ကင်းထောက် ဌာန နဲ့ စီနီယာ အသင်းကြီး မန်နေဂျာ က သတ်မှတ် လုပ်ဆောင်တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိ ဖိအားတွေ အောက်မှာ ကျရောက်နေတဲ့ နည်းပြ ဆိုးရှား ကို ထောက်ခံမှု အပြည့်ပေးသွားခဲ့ပါတယ်။

• မန်စီးတီး အသင်းရဲ့ ပရိသတ်တွေ ဟာ ဒိုင်နမို ဇာဂရက် အသင်းကို အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ပရိသတ်တွေဆီ အရာဝတ္ထု ပစ္စည်းတွေ နဲ့ ပစ်ပေါက်ခဲ့တာကြောင့် ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကလပ် အသင်းကို ဒဏ်ငွေ ယူရို 15750 ချမှတ်လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ မန်စီးတီး ပရိသတ်တွေကို ပြန်လည် ပစ်ပေါက်ခဲ့တဲ့ ဒိုင်နမို ဇာဂရက် ပရိသတ်တွေ ကိုတော့ အဝေးကွင်း ပွဲကြည့်ခွင့် တစ်ပွဲ ပိတ်ပင်လိုက်ပြီး ၊ ကလပ် အသင်းကိုလဲ ယူရို 20000 ဒဏ်ရိုတ် သွားခဲ့ပါတယ်။

• ဇဲလ်ဘု အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး ပရိသတ်တွေဟာ ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံခဲ့တာကြောင့် ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ယူရို 10000 ဒဏ်ရိုတ်လိုက်ပါတယ်။

• ဘာစီလိုနာ အသင်းမှာ နေရာမရပဲ ဖြစ်နေတဲ့ ခရိုရေးရှား ကွင်းလယ် ကစားသမား ရာကီတစ် ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ယူနိုက်တက် ကိုတော့ ပြောင်းမှာ မဟုတ်ဘူးလို့ မိသားစုဝင်တွေက မှတ်ချက်ပေးလိုက်ပါတယ်။ ကစားသမားဟာ အင်တာမီလန် ကိုသော်လည်းကောင်း ၊ ပီအက်စ်ဂျီ ကိုသော်လည်းကောင်း ပြောင်းရွှေ့ခွင့် ရဖို့ မျှော်လင့်နေပြီး ၊ ဘာစီလိုနာ မှာလဲ မကြာခင်မှာ ကစားခွင့်တွေ ပြန်လည် ရရှိလာလိမ့်မယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။

• ဇဲလ်ဘု အသင်းရဲ့ တိုက်စစ်မှုးလေး ဟာလန်း ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေ ထဲမှာ ရီးရဲ မက်ဒရစ် ၊ ဘာစီလိုနာ တို့အပြင် မန်စီးတီးလဲ ပါဝင် လာခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ 11 ပွဲ ပါဝင် ကစားပြီး စုစုပေါင်း 18 ဂိုး အထိ သွင်းယူထားခဲ့တာကြောင့် ဥရောပ ထိပ်သီး ကလပ်တွေက အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ကာ ၊ တန်ဖိုးအားဖြင့် ပေါင် သန်း 50 အထိ မြင့်တက်လာဖွယ် ရှိနေပါတယ်။ မန်စီးတီး ကတော့ သူတို့ရဲ့ ကင်းထောက်တွေကို စောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ အချက်ပြထားလိုက်ပါပြီ။

• ယူနိုက်တက်ဟာ ဒီဂီယာ နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေဖြစ်နေခဲ့စဉ် နွေရာသီ အပြောင်းအရွှေ့က ဂိုးသမား တစ်ဦးကို တိတ်တိတ်လေး ရှာဖွေနေခဲ့တယ်လို့ Goal က အခိုင်အမာ ဖော်ပြလိုက်ပါတယ်။ သူတို့ဟာ ဂျူဗီ ဂိုးသမား ဆက်ဇက်နီ ရဲ့ အနေအထားကိုတောင် စုံစမ်းခဲ့တယ်လို့ သိရပြီး ၊ အကယ်၍ ဒီဂီယာ ကိုသာ ဆုံးရှုံးရမယ် ဆိုပါကာ ဆက်ဇက်နီ နဲ့ အစားထိုးဖို့ ပြင်ဆင် ထားခဲ့ဟန်ပါ။

• ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လိုသာမားသပ် ကတော့ အဲရစ်ဆင် အနေနဲ့ လက်ရှိ စပါးမှာ ကစားပေးနေတဲ့ ခြေစွမ်းမျိုး နဲ့ ဆိုရင် ဘိုင်ယန် မြူးနစ်မှာလဲ နေရာ ရမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးလိုက်ပြီး ၊ အခု အနေအထားနဲ့တော့ ဘိုင်ယန် ဟာ သူ့ကို ခေါ်ယူဖို့ ကြိုးစားလာမယ် မထင်ဘူးလို့ ပြောဆိုသွားခဲ့ ပါတယ်။

• လယ်လာနာ အနေနဲ့ လက်ရှိ ခြေစွမ်း အတိုင်းသာ ဆက်ဖြစ်နေမယ် ဆိုပါက လီဗာပူးဟာ သူ့ကို ဒီရာသီ အကုန်မှာ ရောင်းချဖို့ ဆုံးဖြတ်ချ ချမှတ်လာဖွယ် ရှိနေပါတယ်။ ဒီနှစ် အစောပိုင်းမှာတော့ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပေါ်ထွက်ခဲ့သည့်တိုင်အောင် ကလော့ပ် ကိုယ်တိုင်က ကစားသမားကို ထိန်းထားဖို့ ဆန္ဒရှိခဲ့တာကြောင့် သူ့အတွက် ကမ်းလှမ်းလာမှုတွေ အားလုံးကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

• အေဂျက် အသင်းရဲ့ ပရိသတ်တွေဟာ ဗလင်စီယာမှာ သောင်းကျန်းခဲ့လို့ ၊ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေ ယူရို 50000 သတ်မှတ်လိုက်သလို ၊ အဝေးကွင်း ပွဲစဉ် လက်မှတ်ရောင်းချမှုကိုလဲ 1 ပွဲ ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် အေဂျက်ဟာ ချဲဆီး နဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားမယ့် ပွဲစဉ်မှာ အဝေးကွင်း ပရိသတ်တွေ မပါပဲ ကစားရတော့မှာပါ။

• ချဲဆီးကို နောက်ဆုံး ပြန်လည်ရရှိလာတဲ့ ကစားသမားဟောင်းကတော့ အက်ရှ်လေးကိုး ဖြစ်ပြီး ၊ အသင်းရဲ့ ယူ 15 နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ချဲဆီးဟာ လမ်းပတ် ကို နည်းပြ ခန့်အပ်ပြီး နောက်ပိုင်း နည်းပြ အဖွဲ့ဝင်တွေ အားလုံးဟာ ကစားသမားဟောင်းတွေ အများစု နဲ့ ဖွဲ့စည်း တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

• ယူနိုက်တက် ကစားသမား ပေါ့ဘာဟာ ရီးရဲ နည်းပြ ဇီဒန်း နဲ့ အရှေ့အလယ်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ၊ သူ ရဲ့ အပြောင်းအရွှေ့ သတင်းတွေကလဲ ပြန်လည် လှုပ်ခတ်လာခဲ့ပါတယ်။

• အရွတ် စုတ်ပြတ်သွားတဲ့ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ဂျူဗီ အသင်းခေါင်းဆောင် ချီရယ်လီနီဟာ ဇန်နဝါရီ နဲ့ မတ်လ အတွင်းမှာ ဘောလုံး ပြန်ကစားပေးနိုင်လိမ့်မယ်လို့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ ကစားသမားဟာ အီတလီ အတွက် ယူရို 2020 ပြိုင်ပွဲကို သေချာပေါက် ကိုယ်စားပြု ကစားမယ်လို့ ဆိုသွားခဲ့ပါတယ်။

• PSG အတွက် သတင်းကောင်း တစ်ခုကတော့ ဒဏ်ရာ ပြသနာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ ဘာပေ နဲ့ ကာဗာနီ တို့ဟာ ဒီတစ်ပတ် အန်းဂါး အသင်းကို ရင်ဆိုင်မယ့် ကစားသမား စာရင်းမှာ ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ နေမာ ကတော့ အခုချိန်ထိ အနားယူနေရဆဲပါ။

• ဘရာဇီး ဘောလုံး မှော်ဆရာကြီး ရော်နယ်ဒင်ဟို ကတော့ လက်ရှိ ရီးရဲမက်ဒရစ် ရဲ့ တောင်ပံ ကစားသမားလေး ဗီနီစီးယပ် ဟာ လာမယ့်နှစ် အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စာရင်းဝင် ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။

SM

Zawgyi

ဒူဘိုင္းမွာ ဇီဒန္း နဲ႔ ေတြ႕ဆုံခဲ့တဲ့ ေပါ့ဘာ နဲ႔ နံနက္ခင္း သတင္းမ်ား

• ယူနိုက္တက္ ရဲ့ ပဲ့ကိုင္ရွင္ႀကီး အက္ဝုဒ္ဝပ္ ကေတာ့ သူတို႔အသင္းကို ေဘာလုံးအေၾကာင္း နာမလည္တဲ့ သူက ဦးေဆာင္ၿပီး Run ေနတယ္လို႔ ေျပာဆိုမွုေတြကို ျပင္းျပင္းထန္ထန္ တုန႔္ျပန္လိုက္ၿပီး ၊ ကစားသမား ေခၚယူမွု အပိုင္းေတြမွာလဲ ကင္းေထာက္ ဌာန နဲ႔ စီနီယာ အသင္းႀကီး မန္ေနဂ်ာ က သတ္မွတ္ လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ လက္ရွိ ဖိအားေတြ ေအာက္မွာ က်ေရာက္ေနတဲ့ နည္းၿပ ဆိုးရွား ကို ေထာက္ခံမွု အျပည့္ေပးသြားခဲ့ပါတယ္။

• မန္စီးတီး အသင္းရဲ့ ပရိသတ္ေတြ ဟာ ဒိုင္နမို ဇာဂရက္ အသင္းကို အနိုင္ရရွိတဲ့ ပြဲစဥ္မွာ ၿပိဳင္ဘက္ ပရိသတ္ေတြဆီ အရာဝတၳဳ ပစၥည္းေတြ နဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္က ကလပ္ အသင္းကို ဒဏ္ေငြ ယူရို 15750 ခ်မွတ္လိုက္ပါတယ္။ တစ္ဆက္တည္းမွာပဲ မန္စီးတီး ပရိသတ္ေတြကို ျပန္လည္ ပစ္ေပါက္ခဲ့တဲ့ ဒိုင္နမို ဇာဂရက္ ပရိသတ္ေတြ ကိုေတာ့ အေဝးကြင္း ပြဲၾကည့္ခြင့္ တစ္ပြဲ ပိတ္ပင္လိုက္ၿပီး ၊ ကလပ္ အသင္းကိုလဲ ယူရို 20000 ဒဏ္ရိုတ္ သြားခဲ့ပါတယ္။

• ဇဲလ္ဘု အသင္းကို အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ လီဗာပူး ပရိသတ္ေတြဟာ ပြဲအၿပီးမွာ ကြင္းအတြင္း ဝင္ေရာက္ ေအာင္ပြဲခံခဲ့တာေၾကာင့္ ၊ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္က ယူရို 10000 ဒဏ္ရိုတ္လိုက္ပါတယ္။

• ဘာစီလိုနာ အသင္းမွာ ေနရာမရပဲ ျဖစ္ေနတဲ့ ခရိုေရးရွား ကြင္းလယ္ ကစားသမား ရာကီတစ္ ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ယူနိုက္တက္ ကိုေတာ့ ေျပာင္းမွာ မဟုတ္ဘူးလို႔ မိသားစုဝင္ေတြက မွတ္ခ်က္ေပးလိုက္ပါတယ္။ ကစားသမားဟာ အင္တာမီလန္ ကိုေသာ္လည္းေကာင္း ၊ ပီအက္စ္ဂ်ီ ကိုေသာ္လည္းေကာင္း ေျပာင္းေရႊ႕ခြင့္ ရဖို႔ ေမၽွာ္လင့္ေနၿပီး ၊ ဘာစီလိုနာ မွာလဲ မၾကာခင္မွာ ကစားခြင့္ေတြ ျပန္လည္ ရရွိလာလိမ့္မယ္လို႔ ယုံၾကည္လၽွက္ ရွိေနပါတယ္။

• ဇဲလ္ဘု အသင္းရဲ့ တိုက္စစ္မွုးေလး ဟာလန္း ကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္းေတြ ထဲမွာ ရီးရဲ မက္ဒရစ္ ၊ ဘာစီလိုနာ တို႔အျပင္ မန္စီးတီးလဲ ပါဝင္ လာခဲ့ၿပီ ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ 11 ပြဲ ပါဝင္ ကစားၿပီး စုစုေပါင္း 18 ဂိုး အထိ သြင္းယူထားခဲ့တာေၾကာင့္ ဥေရာပ ထိပ္သီး ကလပ္ေတြက အနီးကပ္ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ကာ ၊ တန္ဖိုးအားျဖင့္ ေပါင္ သန္း 50 အထိ ျမင့္တက္လာဖြယ္ ရွိေနပါတယ္။ မန္စီးတီး ကေတာ့ သူတို႔ရဲ့ ကင္းေထာက္ေတြကို ေစာင့္ၾကည့္မွုေတြ ျပဳလုပ္ဖို႔ အခ်က္ျပထားလိုက္ပါၿပီ။

• ယူနိုက္တက္ဟာ ဒီဂီယာ နဲ႔ စာခ်ဳပ္သစ္ကိစၥ အဆင္မေျပျဖစ္ေနခဲ့စဥ္ ေႏြရာသီ အေျပာင္းအေရႊ႕က ဂိုးသမား တစ္ဦးကို တိတ္တိတ္ေလး ရွာေဖြေနခဲ့တယ္လို႔ Goal က အခိုင္အမာ ေဖာ္ျပလိုက္ပါတယ္။ သူတို႔ဟာ ဂ်ဴဗီ ဂိုးသမား ဆက္ဇက္နီ ရဲ့ အေနအထားကိုေတာင္ စုံစမ္းခဲ့တယ္လို႔ သိရၿပီး ၊ အကယ္၍ ဒီဂီယာ ကိုသာ ဆုံးရွုံးရမယ္ ဆိုပါကာ ဆက္ဇက္နီ နဲ႔ အစားထိုးဖို႔ ျပင္ဆင္ ထားခဲ့ဟန္ပါ။

• ဘိုင္ယန္ျမဴးနစ္ အသင္းရဲ့ ဂႏၲဝင္ ကစားသမားေဟာင္းႀကီး လိုသာမားသပ္ ကေတာ့ အဲရစ္ဆင္ အေနနဲ႔ လက္ရွိ စပါးမွာ ကစားေပးေနတဲ့ ေျခစြမ္းမ်ိဳး နဲ႔ ဆိုရင္ ဘိုင္ယန္ ျမဴးနစ္မွာလဲ ေနရာ ရမွာ မဟုတ္ဘူးလို႔ မွတ္ခ်က္ေပးလိုက္ၿပီး ၊ အခု အေနအထားနဲ႔ေတာ့ ဘိုင္ယန္ ဟာ သူ႔ကို ေခၚယူဖို႔ ႀကိဳးစားလာမယ္ မထင္ဘူးလို႔ ေျပာဆိုသြားခဲ့ ပါတယ္။

• လယ္လာနာ အေနနဲ႔ လက္ရွိ ေျခစြမ္း အတိုင္းသာ ဆက္ျဖစ္ေနမယ္ ဆိုပါက လီဗာပူးဟာ သူ႔ကို ဒီရာသီ အကုန္မွာ ေရာင္းခ်ဖို႔ ဆုံးျဖတ္ခ် ခ်မွတ္လာဖြယ္ ရွိေနပါတယ္။ ဒီႏွစ္ အေစာပိုင္းမွာေတာ့ သူ႔ရဲ့ အေျပာင္းအေရႊ႕ သတင္းေတြ ေပၚထြက္ခဲ့သည့္တိုင္ေအာင္ ကေလာ့ပ္ ကိုယ္တိုင္က ကစားသမားကို ထိန္းထားဖို႔ ဆႏၵရွိခဲ့တာေၾကာင့္ သူ႔အတြက္ ကမ္းလွမ္းလာမွုေတြ အားလုံးကို ပယ္ခ်ခဲ့တာ ျဖစ္ပါတယ္။

• ေအဂ်က္ အသင္းရဲ့ ပရိသတ္ေတြဟာ ဗလင္စီယာမွာ ေသာင္းက်န္းခဲ့လို႔ ၊ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္က ဒဏ္ေငြ ယူရို 50000 သတ္မွတ္လိုက္သလို ၊ အေဝးကြင္း ပြဲစဥ္ လက္မွတ္ေရာင္းခ်မွုကိုလဲ 1 ပြဲ ပိတ္ပင္လိုက္ပါတယ္။ ဒါေၾကာင့္ ေအဂ်က္ဟာ ခ်ဲဆီး နဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားမယ့္ ပြဲစဥ္မွာ အေဝးကြင္း ပရိသတ္ေတြ မပါပဲ ကစားရေတာ့မွာပါ။

• ခ်ဲဆီးကို ေနာက္ဆုံး ျပန္လည္ရရွိလာတဲ့ ကစားသမားေဟာင္းကေတာ့ အက္ရွ္ေလးကိုး ျဖစ္ၿပီး ၊ အသင္းရဲ့ ယူ 15 နည္းၿပ အျဖစ္ တာဝန္ယူ လုပ္ကိုင္သြားမွာ ျဖစ္ပါတယ္။ ခ်ဲဆီးဟာ လမ္းပတ္ ကို နည္းၿပ ခန႔္အပ္ၿပီး ေနာက္ပိုင္း နည္းၿပ အဖြဲ႕ဝင္ေတြ အားလုံးဟာ ကစားသမားေဟာင္းေတြ အမ်ားစု နဲ႔ ဖြဲ႕စည္း တည္ေဆာက္ထားခဲ့တာ ျဖစ္ပါတယ္။

• ယူနိုက္တက္ ကစားသမား ေပါ့ဘာဟာ ရီးရဲ နည္းၿပ ဇီဒန္း နဲ႔ အေရွ႕အလယ္ပိုင္းမွာ ေတြ႕ဆုံခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး ၊ သူ ရဲ့ အေျပာင္းအေရႊ႕ သတင္းေတြကလဲ ျပန္လည္ လွုပ္ခတ္လာခဲ့ပါတယ္။

• အရြတ္ စုတ္ျပတ္သြားတဲ့ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူေနရတဲ့ ဂ်ဴဗီ အသင္းေခါင္းေဆာင္ ခ်ီရယ္လီနီဟာ ဇန္နဝါရီ နဲ႔ မတ္လ အတြင္းမွာ ေဘာလုံး ျပန္ကစားေပးနိုင္လိမ့္မယ္လို႔ ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူ႔ ကစားသမားဟာ အီတလီ အတြက္ ယူရို 2020 ၿပိဳင္ပြဲကို ေသခ်ာေပါက္ ကိုယ္စားျပဳ ကစားမယ္လို႔ ဆိုသြားခဲ့ပါတယ္။

• PSG အတြက္ သတင္းေကာင္း တစ္ခုကေတာ့ ဒဏ္ရာ ျပသနာ ကေန ျပန္လည္ သက္သာလာၿပီ ျဖစ္တဲ့ ဘာေပ နဲ႔ ကာဗာနီ တို႔ဟာ ဒီတစ္ပတ္ အန္းဂါး အသင္းကို ရင္ဆိုင္မယ့္ ကစားသမား စာရင္းမွာ ပါဝင္လာခဲ့ၿပီ ျဖစ္ပါတယ္။ ေနမာ ကေတာ့ အခုခ်ိန္ထိ အနားယူေနရဆဲပါ။

• ဘရာဇီး ေဘာလုံး ေမွာ္ဆရာႀကီး ေရာ္နယ္ဒင္ဟို ကေတာ့ လက္ရွိ ရီးရဲမက္ဒရစ္ ရဲ့ ေတာင္ပံ ကစားသမားေလး ဗီနီစီးယပ္ ဟာ လာမယ့္ႏွစ္ အနည္းငယ္ အတြင္းမွာ ကမၻာ့အေကာင္းဆုံး ေဘာလုံးသမား စာရင္းဝင္ ျဖစ္လာလိမ့္မယ္လို႔ ေဟာကိန္း ထုတ္လိုက္ပါတယ္။

SM