နိုင်ငံ တကာ ပွဲစဉ်တွေ အပြီး မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေး ပြိုင်ပွဲကြီး ပြန်လည် စတင် လာခဲ့ ပါပြီ ။ ယခု အပတ် မှာတော့ ပွဲစဉ် ၉ ကို ယှဉ်ပြိုင် ကစား သွား ကြမှာ ဖြစ်ပြီး ပွဲကောင်း များစွာ ပါ၀င် လို့ နေခဲ့ ပါတယ် ။ အိုးထရက်ဖို်ဒ့် မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူး ၊ ပဲလေ့စ် နဲ့ မန်စီးတီး ၊ စပါး နဲ့ ၀က်ဖိုဒ့် တို့ရဲ့ လန်ဒန် ဒါဘီ အပါ အဝင် အခြား သော ပွဲကြီး ပွဲကောင်းများစွာ ကို ကြည့်ရှု ခံစား ကြရဦး မှာပဲ ဖြစ် ပါတယ် ။

ဒါကြောင့် ယခု အပတ် ယှဉ်ပြိုင် ကစား ကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာ ဘယ်လို ရလဒ်တွေ ထွက်ပေါ် နိုင်မလဲ ဆိုတာ ကို ချာလီ နီကိုလပ်စ် ( Sky Sport ) ရဲ့ ခန့်မှန်း သုံးသပ်မှုတွေ ကို လေ့လာကြည့်ကြရ အောင်ဗျာ . . .

၁ ။ ပဲလေ့စ် – မန်ချက်စတာ စီးတီး
နိုင်ငံ ပွဲတွေ မတိုင်ခင် မှာ မန်စီးတီး တို့ ရှုံးပွဲ ကြုံတွေ့ သွားခဲ့ ပါတယ် ။ ဒါဟာ လီဗာပူး နဲ့ ၈ မှတ် အထိ ပြတ်သွား စေခဲ့ပြီး ဂွာဒီယိုလာ အတွက်တော့ လက်ခံလို့ မရတဲ့ ကိစ္စ ဖြစ်စေ ခဲ့ မှာပါ ။ ဒီပွဲ မှာ သူတို့ ပြန်ပြီး ပေါက်ကွဲ ပြပါလိမ့်မယ် ။ ပဲလေ့စ် မှာ က ဇာဟာ တစ်ယောက် ပဲ ရှိပါတယ် ။ သူက မန်စီးတီး ခံစစ် ကို အနှောက် အယှက် ပေးနိုင်သည့်တိုင်အောင် စီးတီး တိုက်စစ် က သွင်းမယ့် ဂိုးတွေ ကို ပြန် ဖာထေးပေး နိုင်မှာ မဟုတ် ပါဘူး ။
ခန့်မှန်းချက် – ပဲလေ့စ် ၁ – ၅ မန်စီးတီး

၂ ။ မန်ချက်စတာ ယူနိုက်တက် – လီဗာပူး
ဒီပွဲ ဟာ မန်ချက်စတာ ယူနိုက်တက် တို့ လက်ရှိ အခြေအနေ တွေကို ပြောင်းလဲ ပစ်မယ့် အလှည့် အပြောင်း နေရာလို့ ထင်မိ ပါတယ် ။ လီဗာပူး ကို ယူနိုက်တက်တို့ မယှဉ် နိုင်ပါဘူး ။ ဒါပေမယ့် ခံ ကစားနိုင် ပါတယ် ။ အသင်းကြီး တွေ နဲ့ ဆုံတွေ့မှု မှာလည်း ယူနိုက်တက် တို့ ရလဒ် ကောင်းနေ ဆဲပါ ။

လီဗာပူး အနေနဲ့ ဒီပွဲ ကို အနိုင် မရလို့လည်း ဘာမှ ထူးထူး ခြားခြား ဖြစ်သွားမှာ မဟုတ်ပါဘူး ။ ယူနိုက်တက် ဘက်မှာတော့ ဒီပွဲ ကို ရှုံးခဲ့ မယ် ဆိုရင် ကြီးမားတဲ့ အပြောင်း အလဲ တွေ ဖြစ်လာနိုင် ပါတယ် ။ ဒါကြောင့် ယူနိုက်တက်တို့ ဒီပွဲ ကို အသေအချာ ပြင်ဆင် ပြီး ကစား သွားမှာပါ ။ တိုက်စစ်မှာ ရက်ဖိုဒ့် ပဲ သုံးစရာ ရှိ ပါတယ် ။ ယူနိုက်တက် ၁ ဂိုး ထက် ပိုရမှာ မဟုတ်တာ သေချာ ပါတယ် ။ လီဗာပူး တိုက်စစ် ကို ခုခံနိုင်မယ် ဆိုရင်တော့ သရေ ဟာ အိမ်ရှင် အတွက် အကောင်းဆုံး အဖြေဖြစ်လာ မှာပါ ။
ခန့်မှန်းချက် – မန်ချက်စတာ ယူနိုက်တက် ၁ – ၁ လီဗာပူး

၃ ။ ရှက်ဖီး ယူနိုက်တက် – အာဆင်နယ်
ရှက်ဖီး ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ စမ်းသပ်ချက် တစ်ခု ဖြစ်လာ မှာပါ ။ ရှက်ဖီး ယူနိုက်တက် ဟာ ခွန်အား အပြည့် နဲ့ ရှေ့ကို တိုက်စစ် ဆင်ကစား တတ် ပါတယ် ။ အာဆင်နယ် ရဲ့ ခံစစ် ကို သူတို့ ဒုက္ခ ပေးနိုင် မှာပါ ။

ဒါပေမယ့် အာဆင်နယ် ဘက်မှာလည်း အင်အား အပြည့် နဲ့ ရှက်ဖီး ကို ထိုးနှက် မှာ အသေအချာ ပါပဲ ။ လာကာဇက် လည်း အရန်စာရင်းမှာ ပြန်ပါ လာလောက် ပါတယ် ။ တိုင်ယာနီ တို့လည်း အရန် လူအဖြစ် နဲ့ မြင်တွေ့ ရနိုင် ပါတယ် ။ ခံစစ် မှာ အားနည်းပေမယ့် အာဆင်နယ် ရဲ့ တိုက်စစ်ကလည်း ပွဲတိုင်း ဂိုးသွင်းနေတာပါ ။ အပြန်အလှန်သွင်းဂိုးတွေ နဲ့ ကြည့်ကောင်းမယ့် ပွဲ တစ်ပွဲ ပါပဲ ။
ခန့်မှန်းချက် – ရှက်ဖီး ယူနိုက်တက် ၂ – ၃ အာဆင်နယ်

၄ ။ ချဲလ်ဆီး – နယူးကာဆယ်
တန်းဆင်းဇုန် နားမှာ ၀ဲ နေတဲ့ နယူးကာဆယ် ကို ချဲလ်ဆီး တို့ လျော့မတွက် သင့် ပါဘူး ။ သူတို့ ဒီရာသီ မှာ စပါး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ကို အနိုင် ကစားထားလို့ပါ ။ ဖရန့် လမ်းပတ် ရဲ့ အသင်း ကတော့ လူငယ် တွေ နဲ့ ရဲရဲ ၀ံ့ဝံ့ ချီတက် နေပါတယ် ။ သူတို့ တွေ မှာ ယုံကြည်မှု အပြည့် ရှိနေကြတာ ကို တစ်ပွဲပြီး တစ်ပွဲ တွေ့ လာရ ပါပြီ ။

နယူးကာဆယ် ကတော့ စပါး နဲ့ တုန်းကလို ပဲ ကစားမှာပါ ။ ချဲလ်ဆီး အတွက်တော့ နယူးကာဆယ် ခံစစ် ကို ခက်ခက် ခဲခဲ ထိုးဖောက် ရပါလိမ့်မယ် ။ ဂိုး ဘယ် အချိန် မှာ စ ရမလဲ ဆိုတာ က ဒီပွဲ ရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍ ဖြစ်မှာပါ ။ အနိုင် ရလဒ် ကတော့ အိမ်ရှင် အတွက်ပဲ ဖြစ်မှာပါ ။
ခန့်မှန်းချက် – ချဲလ်ဆီး ၂ – ၁ နယူး ကာဆယ်

၅ ။ တော့တင်ဟမ် ဟော့စပါး – ၀က်ဖိုဒ့်
ဘယ်လို ရလဒ် ထွက်ပေါ် မလဲ ဆိုတာ ခန့်မှန်း ရခက် ပါတယ် ။ စပါး ဟာ မတည်ငြိမ်တဲ့ အသင်း တစ်သင်း ဖြစ်နေ ပြီး အနိုင် ၊ သရေ ၊ အရှုံး ရလဒ် ၃ မျိုး စလုံးဟာ သူတို့ အပေါ် မှာ မူတည် နေပါတယ် ။ ၀က်ဖိုဒ့် ကလည်း ဒီရာသီ မှာ အခြေအနေမကောင်း သေးပါဘူး ။ ဒါပေမယ့် လန်ဒန် ဒါဘီ ဖြစ်တာ နဲ့ အညီ အကျိတ် အနယ်တော့ ရှိကြ မှာပါ ။ စပါး ကလည်း မဟန် ပါဘူး ။ အိမ်ရှင် နိုင်ဖို့ အလားအလာ ရှိပေမယ့် သရေ ရလဒ် ကိုပဲ ရွေးချယ် ချင် ပါတယ် ။
ခန့်မှန်းချက် – စပါး ၁ – ၁ ၀က်ဖိုဒ့်

အခြား ပွဲစဉ် ခန့်မှန်းချက်များ –

၆ ။ ဗီလာ ၃ – ၁ ဘရိုက်တန်

၇ ။ ဘုန်းမောက် ၄ – ၁ နောဝှစ်ချ်

၈ ။ လက်စတာ ၁ – ၁ ဘန်လေ

၉ ။ ၀ုဗ် ၃ – ၀ ဆောက်သမ်တန်

၁၀ ။ အဲဗာတန် ၁ – ၂ ၀က်စ်ဟမ်း

ပရိသတ်ကြီးတို့ရဲ့ ခန့်မှန်းချက် က ရော ဘာဖြစ်မလဲဗျာ . . . . .

SPORTS MYANMAR

Zawgyi

လီဗာပူး တို႔ ကို ယူႏုိက္တက္ ရပ္တန္႔ႏုိင္ လိမ့္မယ္ ဆုိတဲ့ . . . ခ်ာလီနီကိုလပ္စ္ ရဲ႕ ပရီးမီးယားလိဂ္ ပဲြစဥ္ ( ၉ ) အတြက္ ခန္႔မွန္းသံုးသပ္ခ်က္မ်ား

===========================================

ႏုိင္ငံ တကာ ပြဲစဥ္ေတြ အၿပီး မွာေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပး ၿပဳိင္ပြဲႀကီး ျပန္လည္ စတင္ လာခဲ့ ပါၿပီ ။ ယခု အပတ္ မွာေတာ့ ပြဲစဥ္ ၉ ကို ယွဥ္ၿပဳိင္ ကစား သြား ၾကမွာ ျဖစ္ၿပီး ပြဲေကာင္း မ်ားစြာ ပါ၀င္ လို႔ ေနခဲ့ ပါတယ္ ။ အိုးထရက္ဖို္ဒ့္ မွာ ကစားမယ့္ မန္ခ်က္စတာ ယူႏုိက္တက္ နဲ႔ လီဗာပူး ၊ ပဲေလ့စ္ နဲ႔ မန္စီးတီး ၊ စပါး နဲ႔ ၀က္ဖိုဒ့္ တို႔ရဲ႕ လန္ဒန္ ဒါဘီ အပါ အ၀င္ အျခား ေသာ ပြဲႀကီး ပြဲေကာင္းမ်ားစြာ ကို ၾကည့္ရွဳ ခံစား ၾကရဦး မွာပဲ ျဖစ္ ပါတယ္ ။

ဒါေၾကာင့္ ယခု အပတ္ ယွဥ္ၿပဳိင္ ကစား ၾကမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ မွာ ဘယ္လို ရလဒ္ေတြ ထြက္ေပၚ ႏုိင္မလဲ ဆုိတာ ကို ခ်ာလီ နီကိုလပ္စ္ ( Sky Sport ) ရဲ႕ ခန္႔မွန္း သံုးသပ္မႈေတြ ကို ေလ့လာၾကည့္ၾကရ ေအာင္ဗ်ာ . . .

၁ ။ ပဲေလ့စ္ – မန္ခ်က္စတာ စီးတီး
ႏုိင္ငံ ပြဲေတြ မတုိင္ခင္ မွာ မန္စီးတီး တို႔ ရွဳံးပြဲ ႀကဳံေတြ႕ သြားခဲ့ ပါတယ္ ။ ဒါဟာ လီဗာပူး နဲ႔ ၈ မွတ္ အထိ ျပတ္သြား ေစခဲ့ၿပီး ဂြာဒီယိုလာ အတြက္ေတာ့ လက္ခံလို႔ မရတဲ့ ကိစၥ ျဖစ္ေစ ခဲ့ မွာပါ ။ ဒီပြဲ မွာ သူတို႔ ျပန္ၿပီး ေပါက္ကြဲ ျပပါလိမ့္မယ္ ။ ပဲေလ့စ္ မွာ က ဇာဟာ တစ္ေယာက္ ပဲ ရွိပါတယ္ ။ သူက မန္စီးတီး ခံစစ္ ကို အေႏွာက္ အယွက္ ေပးႏိုင္သည့္တုိင္ေအာင္ စီးတီး တိုက္စစ္ က သြင္းမယ့္ ဂုိးေတြ ကို ျပန္ ဖာေထးေပး ႏုိင္မွာ မဟုတ္ ပါဘူး ။
ခန္႔မွန္းခ်က္ – ပဲေလ့စ္ ၁ – ၅ မန္စီးတီး

၂ ။ မန္ခ်က္စတာ ယူႏုိက္တက္ – လီဗာပူး
ဒီပြဲ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ တို႔ လက္ရွိ အေျခအေန ေတြကို ေျပာင္းလဲ ပစ္မယ့္ အလွည့္ အေျပာင္း ေနရာလို႔ ထင္မိ ပါတယ္ ။ လီဗာပူး ကို ယူႏုိက္တက္တို႔ မယွဥ္ ႏုိင္ပါဘူး ။ ဒါေပမယ့္ ခံ ကစားနိုင္ ပါတယ္ ။ အသင္းႀကီး ေတြ နဲ႔ ဆံုေတြ႕မႈ မွာလည္း ယူႏုိက္တက္ တို႔ ရလဒ္ ေကာင္းေန ဆဲပါ ။

လီဗာပူး အေနနဲ႔ ဒီပြဲ ကို အႏုိင္ မရလုိ႔လည္း ဘာမွ ထူးထူး ျခားျခား ျဖစ္သြားမွာ မဟုတ္ပါဘူး ။ ယူႏုိက္တက္ ဘက္မွာေတာ့ ဒီပြဲ ကို ရွဳံးခဲ့ မယ္ ဆုိရင္ ႀကီးမားတဲ့ အေျပာင္း အလဲ ေတြ ျဖစ္လာႏုိင္ ပါတယ္ ။ ဒါေၾကာင့္ ယူႏုိက္တက္တုိ႔ ဒီပြဲ ကို အေသအခ်ာ ျပင္ဆင္ ၿပီး ကစား သြားမွာပါ ။ တုိက္စစ္မွာ ရက္ဖိုဒ့္ ပဲ သံုးစရာ ရွိ ပါတယ္ ။ ယူႏုိက္တက္ ၁ ဂုိး ထက္ ပုိရမွာ မဟုတ္တာ ေသခ်ာ ပါတယ္ ။ လီဗာပူး တုိက္စစ္ ကို ခုခံႏုိင္မယ္ ဆုိရင္ေတာ့ သေရ ဟာ အိမ္ရွင္ အတြက္ အေကာင္းဆံုး အေျဖျဖစ္လာ မွာပါ ။
ခန္႔မွန္းခ်က္ – မန္ခ်က္စတာ ယူႏုိက္တက္ ၁ – ၁ လီဗာပူး

၃ ။ ရွက္ဖီး ယူႏုိက္တက္ – အာဆင္နယ္
ရွက္ဖီး ယူႏုိက္တက္ အတြက္ ေကာင္းမြန္တဲ့ စမ္းသပ္ခ်က္ တစ္ခု ျဖစ္လာ မွာပါ ။ ရွက္ဖီး ယူနုိက္တက္ ဟာ ခြန္အား အျပည့္ နဲ႔ ေရွ႕ကို တုိက္စစ္ ဆင္ကစား တတ္ ပါတယ္ ။ အာဆင္နယ္ ရဲ႕ ခံစစ္ ကို သူတုိ႔ ဒုကၡ ေပးႏုိင္ မွာပါ ။

ဒါေပမယ့္ အာဆင္နယ္ ဘက္မွာလည္း အင္အား အျပည့္ နဲ႔ ရွက္ဖီး ကို ထုိးနွက္ မွာ အေသအခ်ာ ပါပဲ ။ လာကာဇက္ လည္း အရန္စာရင္းမွာ ျပန္ပါ လာေလာက္ ပါတယ္ ။ တိုင္ယာနီ တို႔လည္း အရန္ လူအျဖစ္ နဲ႔ ျမင္ေတြ႕ ရႏုိင္ ပါတယ္ ။ ခံစစ္ မွာ အားနည္းေပမယ့္ အာဆင္နယ္ ရဲ႕ တုိက္စစ္ကလည္း ပြဲတုိင္း ဂုိးသြင္းေနတာပါ ။ အျပန္အလွန္သြင္းဂုိးေတြ နဲ႔ ၾကည့္ေကာင္းမယ့္ ပြဲ တစ္ပြဲ ပါပဲ ။
ခန္႔မွန္းခ်က္ – ရွက္ဖီး ယူႏုိက္တက္ ၂ – ၃ အာဆင္နယ္

၄ ။ ခ်ဲလ္ဆီး – နယူးကာဆယ္
တန္းဆင္းဇုန္ နားမွာ ၀ဲ ေနတဲ့ နယူးကာဆယ္ ကို ခ်ဲလ္ဆီး တို႔ ေလ်ာ့မတြက္ သင့္ ပါဘူး ။ သူတို႔ ဒီရာသီ မွာ စပါး နဲ႔ မန္ခ်က္စတာ ယူႏုိက္တက္ တို႔ ကို အႏုိင္ ကစားထားလုိ႔ပါ ။ ဖရန႔္ လမ္းပတ္ ရဲ႕ အသင္း ကေတာ့ လူငယ္ ေတြ နဲ႔ ရဲရဲ ၀ံ့၀ံ့ ခ်ီတက္ ေနပါတယ္ ။ သူတို႔ ေတြ မွာ ယံုၾကည္မႈ အျပည့္ ရွိေနၾကတာ ကို တစ္ပြဲၿပီး တစ္ပြဲ ေတြ႕ လာရ ပါၿပီ ။

နယူးကာဆယ္ ကေတာ့ စပါး နဲ႔ တုန္းကလို ပဲ ကစားမွာပါ ။ ခ်ဲလ္ဆီး အတြက္ေတာ့ နယူးကာဆယ္ ခံစစ္ ကို ခက္ခက္ ခဲခဲ ထိုးေဖာက္ ရပါလိမ့္မယ္ ။ ဂုိး ဘယ္ အခ်ိန္ မွာ စ ရမလဲ ဆုိတာ က ဒီပြဲ ရဲ႕ အေရးပါတဲ့ အခန္း က႑ ျဖစ္မွာပါ ။ အႏုိင္ ရလဒ္ ကေတာ့ အိမ္ရွင္ အတြက္ပဲ ျဖစ္မွာပါ ။
ခန္႔မွန္းခ်က္ – ခ်ဲလ္ဆီး ၂ – ၁ နယူး ကာဆယ္

၅ ။ ေတာ့တင္ဟမ္ ေဟာ့စပါး – ၀က္ဖိုဒ့္
ဘယ္လုိ ရလဒ္ ထြက္ေပၚ မလဲ ဆုိတာ ခန္႔မွန္း ရခက္ ပါတယ္ ။ စပါး ဟာ မတည္ၿငိမ္တဲ့ အသင္း တစ္သင္း ျဖစ္ေန ၿပီး အႏုိင္ ၊ သေရ ၊ အရွဳံး ရလဒ္ ၃ မ်ဳိး စလံုးဟာ သူတို႔ အေပၚ မွာ မူတည္ ေနပါတယ္ ။ ၀က္ဖိုဒ့္ ကလည္း ဒီရာသီ မွာ အေျခအေနမေကာင္း ေသးပါဘူး ။ ဒါေပမယ့္ လန္ဒန္ ဒါဘီ ျဖစ္တာ နဲ႔ အညီ အက်ိတ္ အနယ္ေတာ့ ရွိၾက မွာပါ ။ စပါး ကလည္း မဟန္ ပါဘူး ။ အိမ္ရွင္ ႏုိင္ဖို႔ အလားအလာ ရွိေပမယ့္ သေရ ရလဒ္ ကိုပဲ ေရြးခ်ယ္ ခ်င္ ပါတယ္ ။
ခန္႔မွန္းခ်က္ – စပါး ၁ – ၁ ၀က္ဖိုဒ့္

အျခား ပြဲစဥ္ ခန္႔မွန္းခ်က္မ်ား –

၆ ။ ဗီလာ ၃ – ၁ ဘရုိက္တန္

၇ ။ ဘုန္းေမာက္ ၄ – ၁ ေနာ၀ွစ္ခ်္

၈ ။ လက္စတာ ၁ – ၁ ဘန္ေလ

၉ ။ ၀ုဗ္ ၃ – ၀ ေဆာက္သမ္တန္

၁၀ ။ အဲဗာတန္ ၁ – ၂ ၀က္စ္ဟမ္း

ပရိသတ္ႀကီးတို႔ရဲ႕ ခန္႔မွန္းခ်က္ က ေရာ ဘာျဖစ္မလဲဗ်ာ . . . . .

SPORTS MYANMAR