Jame

ပရီးမီးယား လိဂ် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်း တို့ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ BT Sport မှာ သတင်း သုံးသပ်သူ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်း တို့ရဲ့ ဂိုးသမား ဟောင်း ဒေးဗစ် ဂျိမ်းစ် က ယူနိုက်တက် ရဲ့ အရံ ဂိုးသမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုး ကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အထူးသဖြင့် ယူနိုက်တက် အသင်း ရဲ့ နံပါတ် နှစ် ဂိုးသမား ဖြစ်သူ ရိုမဲရိုး ဟာ ဘောလုံး ကို ပိုင်ဆိုင် ထားတဲ့ အချိန် တွေမှာ လက်ရှိ လီဗာပူး နဲ့ မန်စီးတီး အသင်း တို့ရဲ့ ဂိုးသမား ဖြစ်ကြ တဲ့ အလစ်ဆွန် နဲ့ အီဒါဆွန် တို့လို ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း ဒေးဗစ် ဂျိမ်းစ် က ပြောကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒေးဗစ် ဂျိမ်းစ် ဟာ လက်ရှိ အချိန် အထိ ပရီးမီးယား လိဂ်ရဲ့ ပွဲထွက် ကစား ခွင့် အများဆုံး ရရှိ တဲ့ ကစားသမား စာရင်း မှာ နံပါတ် 4 နေရာ ( 572 ပွဲ ) ချိတ်ထား ဆဲ ဖြစ်ပြီး ပီတာချက် မကျော်ဖြတ် နိုင်သေးခင် အထိ ပရီးမီးယား လိဂ်ရဲ့ Clean Sheet အများဆုံး ( 169 ပွဲ အထိ ) ရယူ ထားတဲ့ ကစားသမား အဖြစ် လည်း မှတ်တမ်း ဝင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဂိုး သမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ စပိန် လက်ရွေးစင် အသင်း အတွက် ဆွီဒင် နဲ့ ကစား ပေး ခဲ့တဲ့ ပွဲစဉ် မှာ ပေါင်ခြံ ဒဏ်ရာ ရရှိ သွားခဲ့ တာကြောင့် ဒီ တစ်ပါတ် လီဗာပူး နဲ့ ကစား ရမယ့် ပွဲစဉ် ကို ပါဝင် နိုင်ခြေ မရှိ သလောက် ဖြစ်နေ ခဲ့ ပါတယ် ။

ဒီလို အခိုက်အတန့် မှာတော့ ယူနိုက်တက် အသင်း ရဲ့ နံပါတ် 2 ဂိုး သမား ဖြစ်သူ ဆာဂျီယို ရိုမဲရိုး က ပွဲထွက် ကစား ခွင့် ရရှိ သွားဖို့ ရှိနေ ပြီး ဒေးဗစ် ဂျိမ်းစ် က အာဂျင်တီနား လက်ရွေးစင် ဂိုး သမား ဖြစ်သူ ရဲ့ အစွမ်း အစ တွေကို အခုလို ထုတ်ဖော် ချီးကျူး သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် သူ့ကို ခွဲခြမ်း စိတ်ဖြာ ကြည့်ခဲ့ ဖူး ပါတယ် ။ လက်ရှိ အချိန် ပရီးမီးယား လိဂ်မှာ ဘောလုံး ပိုင်ဆိုင် ထားတဲ့ အချိန် လိုအပ် တဲ့ နေရာ ဆီကို ဘောလုံး အရောက် ပေးပို့ နိုင် ကြတဲ့ ဂိုးသမား တွေဟာ အတော်လေး နည်းပါး ကြ ပါတယ် ။ ဒါပေမယ့် ရိုမဲရိုး ကတော့ ဘောလုံး ပိုင်ဆိုင် ထားတဲ့ အချိန် ဘယ်ခြေ ၊ ညာခြေ တွေကို အသုံး ပြုတဲ့ အခါ တွေမှာ အီဒါဆွန် နဲ့ အလစ်ဆွန် တို့လို ပဲ ကောင်းမွန် သူ တစ်ဦး ဖြစ်ပါတယ် ”

” သေချာ ပါတယ် ၊ ဒေးဗစ် ဒီဂီယာ က နံပါတ် တစ် ပါပဲ ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း က ရိုမဲရိုး ကို ခေါ်ယူ လိုက်တဲ့ အချိန် မှာ ဒီ ကစားသမား ရဲ့ ခြေထောက် တွေက ဘယ်လောက် အထိ ထူးခြား ကောင်းမွန် သလဲ ဆိုတာ ကြည့်ရှု ပြီး ကျွန်တော် တစ်ကယ် ပဲ အံ့အား သင့်ခဲ့ ရ ပါတယ် ။ အဲ့ဒီ နောက်ပိုင်း ဒီဂီယာ ဟာ ပိုမို တိုးတက် ကောင်းမွန် လာခဲ့ တာကို ကျွန်တော် မြင်တွေ့ ခဲ့ရ ပါတယ် ”

” ကျွန်တော် တို့ အဲ့တာ ကို ကြည့်ရှု ခြင်း အားဖြင့် အသင်း တစ်သင်း မှာ ကောင်းမွန် လှတဲ့ ကစားသမား နှစ်ယောက် ၊ ဒါမှမဟုတ် ဂိုးသမား နှစ်ယောက် ကို ပိုင်ဆိုင် ထားခွင့် ရရှိမယ် ဆိုရင် သူတို့ တွေဟာ လေ့ကျင့်ရေး ကွင်းမှာ အတူ အလုပ် လုပ်ရင်း တစ်ဦး ကို တစ်ဦး ပိုကောင်း စေနိုင် တယ် ဆိုတာ သိရှိ ရပါ လိမ့်မယ် ”

” ခင်ဗျား ဟာ လေ့ကျင့်ရေး ကွင်းမှာ အလုပ် အတူ လုပ်ရင်း အခြား အသင်းဖော် တစ်ယောက် ဆီက အပေါင်း လက္ခဏာ ဆောင်တဲ့ အမူအကျင့် ၊ အလေ့အထ တွေကို အတုယူ နိုင် လိမ့်မယ် လေ ” လို့ ဒေးဗစ် ဂျိမ်းစ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ရိုမဲရိုး ဟာ ယူနိုက်တက် အသင်း ဆီကို ပြောင်းရွှေ့ ရောက်ရှိ လာ ခဲ့တဲ့ နောက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 7 ပွဲ အထိ သာ ပါဝင် ကစား ပေး ထားခဲ့ ပေမယ့် 6 ကြိမ် အထိ Clean Sheet ရယူ ထားနိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ကို ပိုင်ဆိုင် ထားသူ ပဲ ဖြစ် ပါတယ် ။ ဒါ့ကြောင့် လည်း ဒီဂီယာ ဒဏ်ရာ ရရှိ သွားခဲ့ ပေမယ့် ရိုမဲရိုး ကို ပိုင်ဆိုင် ထားတဲ့ ယူနိုက်တက် ပရိသတ် တွေက ဂိုးပေါက် ကာကွယ်ရေး အတွက် စိုးရိမ်စိတ် အရမ်း မဖြစ်မိ ကြတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။

#Sports_Myanmar

Zawgyi

ရိုမဲရိုးမွာ အလစ္ဆြန္ ၊ အီဒါဆြန္ တုိ့နဲ့ ဘယ္လို တူညီတဲ့ အရည္အေသြးေတြ ရွိေနသလဲဆုိတာ ေျပာၾကားလိုက္တဲ့ အဂၤလန္ လက္ေရြးစင္ ဂိုးသမားေဟာင္း

==================

ပရီးမီးယား လိဂ္ နဲ့ အဂၤလန္ လက္ေရြးစင္ အသင္း တုိ့ရဲ့ ဂႏၶဝင္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္သလို လက္ရွိ BT Sport မွာ သတင္း သံုးသပ္သူ တစ္ဦး အျဖစ္ တာဝန္ ထမ္းေဆာင္ ေနတဲ့ လီဗာပူး နဲ့ မန္စီးတီး အသင္း တုိ့ရဲ့ ဂုိးသမား ေဟာင္း ေဒးဗစ္ ဂ်ိမ္းစ္ က ယူနုိက္တက္ ရဲ့ အရံ ဂိုးသမား ျဖစ္သူ ဆာဂ်ီယို ရိုမဲရိုး ကို ခ်ီးက်ဴး စကား ဆုိသြား ခဲ့လိုက္ ပါတယ္ ။

အထူးသျဖင့္ ယူနုိက္တက္ အသင္း ရဲ့ နံပါတ္ ႏွစ္ ဂုိးသမား ျဖစ္သူ ရိုမဲရိုး ဟာ ေဘာလံုး ကို ပိုင္ဆုိင္ ထားတဲ့ အခ်ိန္ ေတြမွာ လက္ရွိ လီဗာပူး နဲ့ မန္စီးတီး အသင္း တုိ့ရဲ့ ဂိုးသမား ျဖစ္ၾက တဲ့ အလစ္ဆြန္ နဲ့ အီဒါဆြန္ တုိ့လို ေကာင္းမြန္ တဲ့ ကစားသမား တစ္ဦး ျဖစ္ေၾကာင္း ေဒးဗစ္ ဂ်ိမ္းစ္ က ေျပာၾကား သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

ေဒးဗစ္ ဂ်ိမ္းစ္ ဟာ လက္ရွိ အခ်ိန္ အထိ ပရီးမီးယား လိဂ္ရဲ့ ပြဲထြက္ ကစား ခြင့္ အမ်ားဆံုး ရရွိ တဲ့ ကစားသမား စာရင္း မွာ နံပါတ္ 4 ေနရာ ( 572 ပြဲ ) ခ်ိတ္ထား ဆဲ ျဖစ္ျပီး ပီတာခ်က္ မေက်ာ္ျဖတ္ နုိင္ေသးခင္ အထိ ပရီးမီးယား လိဂ္ရဲ့ Clean Sheet အမ်ားဆံုး ( 169 ပြဲ အထိ ) ရယူ ထားတဲ့ ကစားသမား အျဖစ္ လည္း မွတ္တမ္း ဝင္ခဲ့ သူပဲ ျဖစ္ပါတယ္ ။

လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နံပါတ္ တစ္ ဂိုး သမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ ဟာ စပိန္ လက္ေရြးစင္ အသင္း အတြက္ ဆြီဒင္ နဲ့ ကစား ေပး ခဲ့တဲ့ ပြဲစဥ္ မွာ ေပါင္ျခံ ဒဏ္ရာ ရရွိ သြားခဲ့ တာေၾကာင့္ ဒီ တစ္ပါတ္ လီဗာပူး နဲ့ ကစား ရမယ့္ ပြဲစဥ္ ကို ပါဝင္ နုိင္ေျခ မရွိ သေလာက္ ျဖစ္ေန ခဲ့ ပါတယ္ ။

ဒီလို အခိုက္အတန့္ မွာေတာ့ ယူနုိက္တက္ အသင္း ရဲ့ နံပါတ္ 2 ဂိုး သမား ျဖစ္သူ ဆာဂ်ီယို ရိုမဲရိုး က ပြဲထြက္ ကစား ခြင့္ ရရွိ သြားဖုိ့ ရွိေန ျပီး ေဒးဗစ္ ဂ်ိမ္းစ္ က အာဂ်င္တီနား လက္ေရြးစင္ ဂိုး သမား ျဖစ္သူ ရဲ့ အစြမ္း အစ ေတြကို အခုလို ထုတ္ေဖာ္ ခ်ီးက်ဴး သြားခဲ့ တာပဲ ျဖစ္ပါတယ္ ။

” က်ြန္ေတာ္ သူ့ကို ခြဲျခမ္း စိတ္ျဖာ ၾကည့္ခဲ့ ဖူး ပါတယ္ ။ လက္ရွိ အခ်ိန္ ပရီးမီးယား လိဂ္မွာ ေဘာလံုး ပိုင္ဆုိင္ ထားတဲ့ အခ်ိန္ လုိအပ္ တဲ့ ေနရာ ဆီကို ေဘာလံုး အေရာက္ ေပးပို့ နုိင္ ၾကတဲ့ ဂိုးသမား ေတြဟာ အေတာ္ေလး နည္းပါး ၾက ပါတယ္ ။ ဒါေပမယ့္ ရိုမဲရိုး ကေတာ့ ေဘာလံုး ပိုင္ဆုိင္ ထားတဲ့ အခ်ိန္ ဘယ္ေျခ ၊ ညာေျခ ေတြကို အသံုး ျပဳတဲ့ အခါ ေတြမွာ အီဒါဆြန္ နဲ့ အလစ္ဆြန္ တုိ့လို ပဲ ေကာင္းမြန္ သူ တစ္ဦး ျဖစ္ပါတယ္ ”

” ေသခ်ာ ပါတယ္ ၊ ေဒးဗစ္ ဒီဂီယာ က နံပါတ္ တစ္ ပါပဲ ။ ဒါေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း က ရိုမဲရိုး ကို ေခၚယူ လိုက္တဲ့ အခ်ိန္ မွာ ဒီ ကစားသမား ရဲ့ ေျခေထာက္ ေတြက ဘယ္ေလာက္ အထိ ထူးျခား ေကာင္းမြန္ သလဲ ဆုိတာ ၾကည့္ရွဳ ျပီး က်ြန္ေတာ္ တစ္ကယ္ ပဲ အံ့အား သင့္ခဲ့ ရ ပါတယ္ ။ အဲ့ဒီ ေနာက္ပုိင္း ဒီဂီယာ ဟာ ပိုမို တိုးတက္ ေကာင္းမြန္ လာခဲ့ တာကို က်ြန္ေတာ္ ျမင္ေတြ့ ခဲ့ရ ပါတယ္ ”

” က်ြန္ေတာ္ တုိ့ အဲ့တာ ကို ၾကည့္ရွဳ ျခင္း အားျဖင့္ အသင္း တစ္သင္း မွာ ေကာင္းမြန္ လွတဲ့ ကစားသမား ႏွစ္ေယာက္ ၊ ဒါမွမဟုတ္ ဂိုးသမား ႏွစ္ေယာက္ ကို ပိုင္ဆုိင္ ထားခြင့္ ရရွိမယ္ ဆုိရင္ သူတုိ႔ ေတြဟာ ေလ့က်င့္ေရး ကြင္းမွာ အတူ အလုပ္ လုပ္ရင္း တစ္ဦး ကို တစ္ဦး ပိုေကာင္း ေစနုိင္ တယ္ ဆုိတာ သိရိွ ရပါ လိမ့္မယ္ ”

” ခင္ဗ်ား ဟာ ေလ့က်င့္ေရး ကြင္းမွာ အလုပ္ အတူ လုပ္ရင္း အျခား အသင္းေဖာ္ တစ္ေယာက္ ဆီက အေပါင္း လကၡဏာ ေဆာင္တဲ့ အမူအက်င့္ ၊ အေလ့အထ ေတြကို အတုယူ နုိင္ လိမ့္မယ္ ေလ ” လို့ ေဒးဗစ္ ဂ်ိမ္းစ္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ရိုမဲ႐ိုး ဟာ ယူနုိက္တက္ အသင္း ဆီကို ေျပာင္းေရႊ့ ေရာက္ရွိ လာ ခဲ့တဲ့ ေနာက္ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ ပြဲစဥ္ 7 ပြဲ အထိ သာ ပါဝင္ ကစား ေပး ထားခဲ့ ေပမယ့္ 6 ၾကိမ္ အထိ Clean Sheet ရယူ ထားနုိင္ ခဲ့တဲ့ မွတ္တမ္း ေကာင္း တစ္ရပ္ ကို ပိုင္ဆုိင္ ထားသူ ပဲ ျဖစ္ ပါတယ္ ။ ဒါ့ေၾကာင့္ လည္း ဒီဂီယာ ဒဏ္ရာ ရရွိ သြားခဲ့ ေပမယ့္ ရုိမဲရိုး ကို ပိုင္ဆုိင္ ထားတဲ့ ယူနုိက္တက္ ပရိသတ္ ေတြက ဂိုးေပါက္ ကာကြယ္ေရး အတြက္ စိုးရိမ္စိတ္ အရမ္း မျဖစ္မိ ၾကတာ ကို ေတြ့ရွိ ခဲ့ရ ပါတယ္ ။

#Sports_Myanmar