တော့တင်ဟမ် ဟော့စပါး အသင်း တောင်ပံ ကစား သမားလေး ဆွန်ယောင်မင် ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ က ကြမ်းတမ်း တဲ့ ပွဲစဉ် အကြောင်း ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။ အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဆွန် ဟာ တောင်ကိုရီးယား လက်ရွေးစင် အသင်း ခေါင်းဆောင် အဖြစ်နဲ့ အိမ်နီးချင်း မြောက်ကိုရီးယား ကို သွားရောက် ကာ ယှဉ်ပြိုင် ကစားခဲ့ ရပြီး တစ်သက် မမေ့နိုင် စရာ အတွေ့ အကြုံ ကို ရရှိ ခဲ့ ပါတယ် ။

တောင် နဲ့ မြောက် ကိုရီးယား တို့ ဟာ နိုင်ငံ နှစ်ခြမ်း ကွဲပြီး ကတည်းက သင့်မြတ်ခြင်း မရှိကြ သေးဘဲ နိုင်ငံရေး အရ ၊ စစ်ရေး အရ မကြာခဏ အချင်း များ နေတဲ့ နိုင်ငံ တွေ ဖြစ်ပါတယ် ။ ဒါကြောင့် အခုလို အားကစား ယှဉ်ပြိုင် ရာမှာ မလိုလား အပ်တဲ့ ဘေးအန္တရာယ်တွေ မဖြစ်ပေါ် စေဖို့ မြောက်ကိုရီးယား ကွင်း ကို ပိတ်ပြီး ပရိသတ် မပါဘဲ ယှဉ်ပြိုင် ကစားစေခဲ့ ပါတယ် ။

တောင်ကိုရီးယား ဘောလုံး အဖွဲ့ချုပ် ကတော့ ၀န်ထမ်း ၂ ဦး ကို စေလွှတ်ပြီး ပွဲ အခြေအနေ တွေကို ဆိုရှယ် မီဒီယာ ပေါ်မှာ ဖော်ပြ စေခဲ့ ပါတယ် ။ တစ်သင်း နဲ့ တစ်သင်း အကျိတ် အနယ် ကစားခဲ့ကြ ပြီး ဂိုး မရှိသရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။ ဒါဟာ ကမ္ဘာ့ အဆင့် ၁၁၃ မှာ ရပ်တည် နေတဲ့ မြောက်ကိုရီးယား အတွက် တော့ အဖိုးတန် ရမှတ် ဖြစ်စေခဲ့ ပါတယ် ။

ဆွန်ယောင်မင် ကတော့ ဒီပွဲ ဟာ သူ ကစားခဲ့ ဖူးသမျှ ထဲ မှာ အကြမ်းတမ်း ဆုံး ပွဲ ဖြစ်တယ် လို့ ပြောဆို ခဲ့ပြီး ဘာ ဒဏ်ရာ မှ မရရှိဘဲ အကောင်း အတိုင်း ပြန်ရောက်လာတာ ကို ပင် ၀မ်းသာ ရမလို ပါပဲ လို့ ပြောဆို သွားခဲ့ ပါတယ် ။ အဆိုပါ ပွဲ မှာ တစ်သင်းစီ ကို အဝါကဒ် ၂ ကဒ် စီ ပြသ ခံခဲ့ ကြရ ပါတယ် ။

“ကျွန်တော်တို့ အနိုင် မရခဲ့တာ ဆိုးပါတယ် ။ ဒါပေမယ့် လည်း ပွဲက အရမ်းကြမ်း ခဲ့ပြီး အိမ်ကို အကောင်း အတိုင်း ပြန်ရောက်လာ နိုင်တာ ကပဲ ၀မ်းသာစရာ လို့ တောင် ထင်မိ ပါတယ် ။ မြောက်ကိုရီးယား ကစား သမားတွေ ကစားတာ အရမ်း ကြမ်း ပါတယ် ။ အရမ်းလည်း စိတ်လှုပ်ရှားမှု ပြင်းထန် ပါတယ် ။ ကွင်းထဲမှာ အော်ဟစ် ဆဲဆို သံတွေ လွှမ်းနေခဲ့ တာပါ” လို့ ဆွန် က ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

တောင်ကိုရီးယား ဘောလုံး အဖွဲ့ချုပ် ဒုဥက္ကဌ ချွိုင်ယောင်အီ ကလည်း “စစ်ပွဲ တစ်ပွဲ ကို ကြည့် နေရ သလိုပါပဲ ။ ဒီလောက် ကြမ်းတဲ့ ပွဲမျိုး တစ်ခါ မှ မမြင်ဖူး ခဲ့ ပါဘူး” လို့ ပြောဆို ကာ မြောက်ကိုရီးယား အသင်းရဲ့ ကြမ်းတမ်း မှု ကို ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။ တောင်ကိုရီးယား အသင်း နည်းပြ ကတော့ အသင်းသားတွေ ဟာ အခွင့် အရေး ကို ကောင်းကောင်း အသုံးမချနိုင် ခဲ့ ကြောင်းကိုသာ အဓိက ထား ပြောဆိုသွားခဲ့ ပါတယ် ။

အဆိုပါ ပွဲ ဟာ အမျိုး သား လက်ရွေးစင် ဘောလုံး အသင်း ၂ သင်း သမိုင်း တစ်လျောက် မြောက်ကိုရီးယား မြို့တော် မှာ ပထမ ဆုံး ကစားတဲ့ တရားဝင် ပြိုင်ပွဲ ဖြစ်လာခဲ့ ပါတယ် ( ၁၉၉၀ တုန်းက ခြေစမ်းပွဲ တစ်ကြိမ် ကစားခဲ့ ဖူးပါတယ် ) ။

တောင်ကိုရီးယား အသင်းဟာ အုပ်စု H မှာ ၃ ပွဲ ကစား ၊ ရမှတ် 7 မှတ် နဲ့ အဆင့် ၁ နေရာ ကို ရယူထား သလို မြောက်ကိုရီးယား ကလည်း ရမှတ်တူ နဲ့ ကပ်လိုက် နေခဲ့ ပါတယ် ။ ဆွန်ယောင်မင် ကတော့ မနက်ဖြန် ညမှာ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အမီ စပါး အသင်းထံ လာရောက် ပူးပေါင်း ခဲ့တယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR
Zawgyi

“အေကာင္း အတိုင္း ျပန္ေရာက္လာႏုိင္တာကိုပဲ ၀မ္းသာလွပါၿပီ” – ဆြန္ေယာင္မင္

============================================

ေတာ့တင္ဟမ္ ေဟာ့စပါး အသင္း ေတာင္ပံ ကစား သမားေလး ဆြန္ေယာင္မင္ ကေတာ့ ၿပီးခဲ့တဲ့ ကမၻာ့ဖလား ေျခစစ္ပြဲ က ၾကမ္းတမ္း တဲ့ ပြဲစဥ္ အေၾကာင္း ကို ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။ အသက္ ၂၇ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ဆြန္ ဟာ ေတာင္ကိုရီးယား လက္ေရြးစင္ အသင္း ေခါင္းေဆာင္ အျဖစ္နဲ႔ အိမ္နီးခ်င္း ေျမာက္ကိုရီးယား ကို သြားေရာက္ ကာ ယွဥ္ၿပဳိင္ ကစားခဲ့ ရၿပီး တစ္သက္ မေမ့ႏုိင္ စရာ အေတြ႕ အႀကဳံ ကို ရရွိ ခဲ့ ပါတယ္ ။

ေတာင္ နဲ႔ ေျမာက္ ကိုရီးယား တို႔ ဟာ ႏုိင္ငံ ႏွစ္ျခမ္း ကြဲၿပီး ကတည္းက သင့္ျမတ္ျခင္း မရွိၾက ေသးဘဲ ႏိုင္ငံေရး အရ ၊ စစ္ေရး အရ မၾကာခဏ အခ်င္း မ်ား ေနတဲ့ ႏုိင္ငံ ေတြ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ အခုလို အားကစား ယွဥ္ၿပဳိင္ ရာမွာ မလုိလား အပ္တဲ့ ေဘးအႏၱရာယ္ေတြ မျဖစ္ေပၚ ေစဖို႔ ေျမာက္ကိုရီးယား ကြင္း ကို ပိတ္ၿပီး ပရိသတ္ မပါဘဲ ယွဥ္ၿပဳိင္ ကစားေစခဲ့ ပါတယ္ ။

ေတာင္ကိုရီးယား ေဘာလံုး အဖြဲ႕ခ်ဳပ္ ကေတာ့ ၀န္ထမ္း ၂ ဦး ကို ေစလႊတ္ၿပီး ပြဲ အေျခအေန ေတြကို ဆိုရွယ္ မီဒီယာ ေပၚမွာ ေဖာ္ျပ ေစခဲ့ ပါတယ္ ။ တစ္သင္း နဲ႔ တစ္သင္း အက်ိတ္ အနယ္ ကစားခဲ့ၾက ၿပီး ဂုိး မရွိသေရ ရလဒ္ ထြက္ေပၚ ခဲ့ ပါတယ္ ။ ဒါဟာ ကမၻာ့ အဆင့္ ၁၁၃ မွာ ရပ္တည္ ေနတဲ့ ေျမာက္ကိုရီးယား အတြက္ ေတာ့ အဖိုးတန္ ရမွတ္ ျဖစ္ေစခဲ့ ပါတယ္ ။

ဆြန္ေယာင္မင္ ကေတာ့ ဒီပြဲ ဟာ သူ ကစားခဲ့ ဖူးသမွ် ထဲ မွာ အၾကမ္းတမ္း ဆံုး ပြဲ ျဖစ္တယ္ လုိ႔ ေျပာဆို ခဲ့ၿပီး ဘာ ဒဏ္ရာ မွ မရရွိဘဲ အေကာင္း အတုိင္း ျပန္ေရာက္လာတာ ကို ပင္ ၀မ္းသာ ရမလို ပါပဲ လို႔ ေျပာဆို သြားခဲ့ ပါတယ္ ။ အဆိုပါ ပြဲ မွာ တစ္သင္းစီ ကို အ၀ါကဒ္ ၂ ကဒ္ စီ ျပသ ခံခဲ့ ၾကရ ပါတယ္ ။

“ကြ်န္ေတာ္တို႔ အႏုိင္ မရခဲ့တာ ဆိုးပါတယ္ ။ ဒါေပမယ့္ လည္း ပြဲက အရမ္းၾကမ္း ခဲ့ၿပီး အိမ္ကုိ အေကာင္း အတိုင္း ျပန္ေရာက္လာ ႏုိင္တာ ကပဲ ၀မ္းသာစရာ လို႔ ေတာင္ ထင္မိ ပါတယ္ ။ ေျမာက္ကိုရီးယား ကစား သမားေတြ ကစားတာ အရမ္း ၾကမ္း ပါတယ္ ။ အရမ္းလည္း စိတ္လႈပ္ရွားမႈ ျပင္းထန္ ပါတယ္ ။ ကြင္းထဲမွာ ေအာ္ဟစ္ ဆဲဆို သံေတြ လႊမ္းေနခဲ့ တာပါ” လို႔ ဆြန္ က ျပန္ေျပာင္း ေျပာျပ သြားခဲ့ ပါတယ္ ။

ေတာင္ကိုရီးယား ေဘာလံုး အဖြဲ႕ခ်ဳပ္ ဒုဥကၠဌ ခြ်ဳိင္ေယာင္အီ ကလည္း “စစ္ပြဲ တစ္ပြဲ ကို ၾကည့္ ေနရ သလိုပါပဲ ။ ဒီေလာက္ ၾကမ္းတဲ့ ပြဲမ်ဳိး တစ္ခါ မွ မျမင္ဖူး ခဲ့ ပါဘူး” လို႔ ေျပာဆို ကာ ေျမာက္ကိုရီးယား အသင္းရဲ႕ ၾကမ္းတမ္း မႈ ကို ေ၀ဖန္ ေျပာဆို သြားခဲ့ ပါတယ္ ။ ေတာင္ကိုရီးယား အသင္း နည္းျပ ကေတာ့ အသင္းသားေတြ ဟာ အခြင့္ အေရး ကို ေကာင္းေကာင္း အသံုးမခ်ႏုိင္ ခဲ့ ေၾကာင္းကိုသာ အဓိက ထား ေျပာဆိုသြားခဲ့ ပါတယ္ ။

အဆိုပါ ပြဲ ဟာ အမ်ဳိး သား လက္ေရြးစင္ ေဘာလံုး အသင္း ၂ သင္း သမုိင္း တစ္ေလ်ာက္ ေျမာက္ကိုရီးယား ၿမဳိ႕ေတာ္ မွာ ပထမ ဆံုး ကစားတဲ့ တရား၀င္ ၿပဳိင္ပြဲ ျဖစ္လာခဲ့ ပါတယ္ ( ၁၉၉၀ တုန္းက ေျခစမ္းပြဲ တစ္ႀကိမ္ ကစားခဲ့ ဖူးပါတယ္ ) ။

ေတာင္ကိုရီးယား အသင္းဟာ အုပ္စု H မွာ ၃ ပြဲ ကစား ၊ ရမွတ္ 7 မွတ္ နဲ႔ အဆင့္ ၁ ေနရာ ကို ရယူထား သလို ေျမာက္ကိုရီးယား ကလည္း ရမွတ္တူ နဲ႔ ကပ္လုိက္ ေနခဲ့ ပါတယ္ ။ ဆြန္ေယာင္မင္ ကေတာ့ မနက္ျဖန္ ညမွာ ကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ အမီ စပါး အသင္းထံ လာေရာက္ ပူးေပါင္း ခဲ့တယ္လို႔ သိရ ပါတယ္ ။

SPORTS MYANMAR