ချယ်လ်ဆီး နဲ့ အာဆင်နယ် အသင်း နောက်ခံလူ ဟောင်း အက်ရှ်လေကိုးလ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကမှ ကစားသမား ဘဝ က အနားယူ ခဲ့ကာ အခု အခါ မှာတော့ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် အကယ်ဒမီ မန်နေဂျာ ဖြစ်လာ ခဲ့ပါတယ် ။ အက်ရှ်လေကိုးလ် ဟာ ကစားသမား ဘဝ က အနား မယူမီ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ဖရန့် လမ်းပတ် ကိုင်တွယ် ခဲ့တဲ့ ဒါဘီ အသင်း မှာ နောက်ဆုံး ကစား ခဲ့ပါတယ် ။

အခု အခါမှာတော့ ချယ်လ်ဆီး အသင်းဖော် ဟောင်း တွေ ပြန်လည် ဆုံတွေ့ နေပြီ လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ပထမ အသင်း မန်နေဂျာ ရာထူး ကို ဖရန့် လမ်းပတ် က တာဝန်ယူ ကိုင်တွယ် နေသလို ၊ အသင်း ရဲ့ နည်းစနစ် ဒါရိုက်တာ ရာထူး ကိုလည်း ဂိုးသမား ဟောင်း ပီတာချက် က တာဝန် ယူနေရပါတယ် ။ အက်ရှ်လေကိုးလ် အပြင် ချယ်လ်ဆီး ကွင်းလယ်လူ ဟောင်း ဂျိုကိုးလ် ဟာလည်း ချယ်လ်ဆီး အကယ်ဒမီ နည်းပြ တဦး အနေနဲ့ ရပ်တည် နေပါတယ် ။

ဒါကြောင့်မို့ ကစားသမား ဟောင်း တွေ အသီးသီး ချယ်လ်ဆီး အသင်း မှာ ကိုယ်စီ တာဝန် တခုခု နဲ့ ပြန်လည် ထမ်းဆောင် နေတာကို မြင်တွေ့ရခြင်း ဟာ ချယ်လ်ဆီး ပရိသတ် တွေ အတွက် အရမ်း ကို ကြည်နူးစရာ ကောင်းတဲ့ မြင်ကွင်း ဖြစ်ပါတယ် ။ အက်ရှ်လေကိုးလ် ကိုယ်တိုင် ကလည်း မနေ့က ချယ်လ်ဆီး တီဗွီ နဲဲ့ အင်တာဗျူး မှာ အခုလို အကယ်ဒမီ နည်းပြ တဦး အနေနဲ့ ရောက်ရှိ လာလို့ သူ့ အနေနဲ့ ပျော်ရွှင် ဝမ်းသာ ရကြောင်း ဆိုခဲ့ပါတယ် ။

ဒါ့အပြင် အက်ရှ်လေကိုးလ် က ကစားသမား ဘဝ မှာ သူ လက်တွဲ ခဲ့ဖူးသမျှ မန်နေဂျာ အများကြီး ရှိခဲ့ရာ အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါး ၊ ချယ်လ်ဆီး နဲ့ မန်ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို ၊ ချယ်လ်ဆီး ကို ကိုင်တွယ် ခဲ့ဖူးတဲ့ လက်ရှိ နာပိုလီ အသင်း နည်းပြ ကာလို အန်ဆယ်လော့တီ တို့ဟာ သူ့ကို မန်နေဂျာ ပညာ နဲ့ ပတ်သက်ပြီး အများကြီး လွှမ်းမိုး ထားနိုင်တဲ့သူ တွေ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။

ကိုးလ် က ” မန်နေဂျာတိုင်း မှာ ကိုယ့် ကိုယ်ပိုင် အိုင်ဒီယာ နဲ့ အတွေးအခေါ် တွေ ရှိကြပါတယ် ။ ဒါပေမယ့် တခြား မတူညီတဲ့ နည်းပြ တွေ ဆီကနေလည်း သင်ယူလို့ ရတဲ့ အတွေးအခေါ် တွေ ရှိကြပါတယ် ။ ပထမဆုံး ကျွန်တော် မန်နေဂျာ လိုင်စင် ကို ရရှိတဲ့ အခါ တွေ့လိုက်ရတဲ့ အချက် က မန်နေဂျာ တိုင်းဟာ သူခိုး တွေပါပဲ ။ ”

” ကျွန်တော် ဟာ ဟိုဆေး မော်ရင်ဟို ဆီကနေ စီမံ ခန့်ခွဲခြင်း နဲ့ ပတ်သက်ပြီး သင်ယူ ခဲ့ရပါတယ် ။ ကာလို အန်ဆယ်လော့တီ ကတော့ အသင်းသား တွေနဲ့ သူ့ရဲ့ အဖွဲ့သား တွေကို နေရာ ချပေးရာမှာ အရမ်း တော်ပါတယ် ။ အာဆင်ဝင်းဂါး ဟာလည်း အရမ်း ကြီးကျယ် ခမ်းနား တဲ့ မန်နေဂျာ တယောက် ဖြစ်သလို ၊ လူငယ် ကစားသမား တွေကို နေရာ ပေးတတ်ကာ သူတို့ကို ကိုယ်ပိုင် အတွေ့အကြုံ တွေ ရှာဖို့ အခွင့်အရေး ပေးတတ်ပါတယ် ။ ”

” အကယ်ဒမီ မှာ မန်နေဂျာ အနေနဲ့ ပြန်လာရတာ ဟာ ကစားသမား ဟောင်း တွေ အတွက် ကိုယ့် အသင်းဟောင်း မှာ တာဝန် တခု အနေနဲ့ ထမ်းဆောင်ဖို့ အနီးစပ်ဆုံး နည်းလမ်း တခု ပါပဲ ။ ချယ်လ်ဆီး အသင်း ဟာ သူတို့ အကြောင်း ကောင်းကောင်း သိထားတဲ့ ကစားသမား ဟောင်း တွေကို အသင်း မှာ တာဝန် ပြန်ပေးဖို့ ဆန္ဒ ပြင်းပြ နေကြပြီး ချယ်လ်ဆီး အတွက် တာဝန် ထမ်းဆောင် ရတာ ဘယ်လောက် အထိ အဓိပ္ပာယ် ရှိလဲ ဆိုတာ နောင်လာနောက်သား တွေ အတွက် ပြသရာ လည်း ရောက်ပါတယ် ။ ”

” ချယ်လ်ဆီး အသင်း မှာ လာကစားချင်တယ် ဆိုရင် ခင်ဗျား ဟာ ထိပ်တန်း ကစားသမား တယောက် ဖြစ်ရပါမယ် ။ ဒါမှ နောက် မျိုးဆက်သစ် တွေကို လွှမ်းမိုး နိုင်ဖို့ ခင်ဗျား လို ထိပ်တန်း ကစားသမား ဟောင်း ကို အသင်းမှာ နေရာ ပြန်ချ ပေးလို့ ရမှာပါ ။ ချယ်လ်ဆီး အသင်း ဟာ ဒီလို ကစားသမားဟောင်း တွေကို အသင်း မှာ ပြန်နေရာ ပေးတဲ့ ပထမဆုံး အသင်း တွေထဲက တသင်း ဖြစ်ပါတယ် ။ ”

” အကယ်ဒမီ မှာတင် မက ၊ အငှားချ စနစ် အတွက် မန်နေဂျာ ရာထူး တွေမှာရော ၊ တခြား နည်းစနစ် အခန်း ကဏ္ဍ အစုံအလင် အတွက် အသင်း ရဲ့ ကစားသမား တွေကို အခွင့်အရေးပေး ၊ နေရာ ပြန်ပေး နေတာကို တွေ့ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ကစားသမား ဘဝ မွာ လက္တြဲခဲ့ဖူးတဲ့ အေကာင္းဆံုး မန္ေနဂ်ာ ၃ဦး က ဘယ္သူေတြလဲ ဆိုတာ ေျပာျပလိုက္တဲ့ #အက္ရွ္ေလကိုးလ္

ခ်ယ္လ္ဆီး နဲ႕ အာဆင္နယ္ အသင္း ေနာက္ခံလူ ေဟာင္း အက္ရွ္ေလကိုးလ္ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ကမွ ကစားသမား ဘဝ က အနားယူ ခဲ့ကာ အခု အခါ မွာေတာ့ ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ အကယ္ဒမီ မန္ေနဂ်ာ ျဖစ္လာ ခဲ့ပါတယ္ ။ အက္ရွ္ေလကိုးလ္ ဟာ ကစားသမား ဘဝ က အနား မယူမီ ျပီးခဲ့တဲ့ ဇန္နဝါရီ ကမွ ဖရန္႕ လမ္းပတ္ ကိုင္တြယ္ ခဲ့တဲ့ ဒါဘီ အသင္း မွာ ေနာက္ဆံုး ကစား ခဲ့ပါတယ္ ။

 

အခု အခါမွာေတာ့ ခ်ယ္လ္ဆီး အသင္းေဖာ္ ေဟာင္း ေတြ ျပန္လည္ ဆံုေတြ႕ ေနျပီ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ ပထမ အသင္း မန္ေနဂ်ာ ရာထူး ကို ဖရန္႕ လမ္းပတ္ က တာဝန္ယူ ကိုင္တြယ္ ေနသလို ၊ အသင္း ရဲ႕ နည္းစနစ္ ဒါရိုက္တာ ရာထူး ကိုလည္း ဂိုးသမား ေဟာင္း ပီတာခ်က္ က တာဝန္ ယူေနရပါတယ္ ။ အက္ရွ္ေလကိုးလ္ အျပင္ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဟာင္း ဂ်ိဳကိုးလ္ ဟာလည္း ခ်ယ္လ္ဆီး အကယ္ဒမီ နည္းျပ တဦး အေနနဲ႕ ရပ္တည္ ေနပါတယ္ ။

ဒါေၾကာင့္မို႕ ကစားသမား ေဟာင္း ေတြ အသီးသီး ခ်ယ္လ္ဆီး အသင္း မွာ ကိုယ္စီ တာဝန္ တခုခု နဲ႕ ျပန္လည္ ထမ္းေဆာင္ ေနတာကို ျမင္ေတြ႕ရျခင္း ဟာ ခ်ယ္လ္ဆီး ပရိသတ္ ေတြ အတြက္ အရမ္း ကို ၾကည္ႏူးစရာ ေကာင္းတဲ့ ျမင္ကြင္း ျဖစ္ပါတယ္ ။ အက္ရွ္ေလကိုးလ္ ကိုယ္တိုင္ ကလည္း မေန႕က ခ်ယ္လ္ဆီး တီဗြီ နဲဲ႕ အင္တာဗ်ဴး မွာ အခုလို အကယ္ဒမီ နည္းျပ တဦး အေနနဲ႕ ေရာက္ရွိ လာလုိ႕ သူ႕ အေနနဲ႕ ေပ်ာ္ရႊင္ ဝမ္းသာ ရေၾကာင္း ဆိုခဲ့ပါတယ္ ။

ဒါ့အျပင္ အက္ရွ္ေလကိုးလ္ က ကစားသမား ဘဝ မွာ သူ လက္တြဲ ခဲ့ဖူးသမွ် မန္ေနဂ်ာ အမ်ားၾကီး ရွိခဲ့ရာ အာဆင္နယ္ ဂႏၲဝင္ နည္းျပေဟာင္း အာဆင္ဝင္းဂါး ၊ ခ်ယ္လ္ဆီး နဲ႕ မန္ယူႏိုက္တက္ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ဟို ၊ ခ်ယ္လ္ဆီး ကို ကုိင္တြယ္ ခဲ့ဖူးတဲ့ လက္ရွိ နာပိုလီ အသင္း နည္းျပ ကာလို အန္ဆယ္ေလာ့တီ တို႕ဟာ သူ႕ကို မန္ေနဂ်ာ ပညာ နဲ႕ ပတ္သက္ျပီး အမ်ားၾကီး လႊမ္းမိုး ထားႏိုင္တဲ့သူ ေတြ ျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္ ။

ကိုးလ္ က ” မန္ေနဂ်ာတိုင္း မွာ ကိုယ့္ ကိုယ္ပိုင္ အိုင္ဒီယာ နဲ႕ အေတြးအေခၚ ေတြ ရွိၾကပါတယ္ ။ ဒါေပမယ့္ တျခား မတူညီတဲ့ နည္းျပ ေတြ ဆီကေနလည္း သင္ယူလို႕ ရတဲ့ အေတြးအေခၚ ေတြ ရွိၾကပါတယ္ ။ ပထမဆံုး ကြ်န္ေတာ္ မန္ေနဂ်ာ လိုင္စင္ ကို ရရွိတဲ့ အခါ ေတြ႕လိုက္ရတဲ့ အခ်က္ က မန္ေနဂ်ာ တိုင္းဟာ သူခိုး ေတြပါပဲ ။ ”

” ကြ်န္ေတာ္ ဟာ ဟိုေဆး ေမာ္ရင္ဟို ဆီကေန စီမံ ခန္႕ခြဲျခင္း နဲ႕ ပတ္သက္ျပီး သင္ယူ ခဲ့ရပါတယ္ ။ ကာလို အန္ဆယ္ေလာ့တီ ကေတာ့ အသင္းသား ေတြနဲ႕ သူ႕ရဲ႕ အဖြဲ႕သား ေတြကို ေနရာ ခ်ေပးရာမွာ အရမ္း ေတာ္ပါတယ္ ။ အာဆင္ဝင္းဂါး ဟာလည္း အရမ္း ၾကီးက်ယ္ ခမ္းနား တဲ့ မန္ေနဂ်ာ တေယာက္ ျဖစ္သလို ၊ လူငယ္ ကစားသမား ေတြကို ေနရာ ေပးတတ္ကာ သူတို႕ကို ကိုယ္ပိုင္ အေတြ႕အၾကံဳ ေတြ ရွာဖို႕ အခြင့္အေရး ေပးတတ္ပါတယ္ ။ ”

” အကယ္ဒမီ မွာ မန္ေနဂ်ာ အေနနဲ႕ ျပန္လာရတာ ဟာ ကစားသမား ေဟာင္း ေတြ အတြက္ ကိုယ့္ အသင္းေဟာင္း မွာ တာဝန္ တခု အေနနဲ႕ ထမ္းေဆာင္ဖို႕ အနီးစပ္ဆံုး နည္းလမ္း တခု ပါပဲ ။ ခ်ယ္လ္ဆီး အသင္း ဟာ သူတို႕ အေၾကာင္း ေကာင္းေကာင္း သိထားတဲ့ ကစားသမား ေဟာင္း ေတြကို အသင္း မွာ တာဝန္ ျပန္ေပးဖို႕ ဆႏၵ ျပင္းျပ ေနၾကျပီး ခ်ယ္လ္ဆီး အတြက္ တာဝန္ ထမ္းေဆာင္ ရတာ ဘယ္ေလာက္ အထိ အဓိပၸာယ္ ရွိလဲ ဆိုတာ ေနာင္လာေနာက္သား ေတြ အတြက္ ျပသရာ လည္း ေရာက္ပါတယ္ ။ ”

” ခ်ယ္လ္ဆီး အသင္း မွာ လာကစားခ်င္တယ္ ဆိုရင္ ခင္ဗ်ား ဟာ ထိပ္တန္း ကစားသမား တေယာက္ ျဖစ္ရပါမယ္ ။ ဒါမွ ေနာက္ မ်ိဳးဆက္သစ္ ေတြကုိ လႊမ္းမိုး ႏိုင္ဖို႕ ခင္ဗ်ား လို ထိပ္တန္း ကစားသမား ေဟာင္း ကို အသင္းမွာ ေနရာ ျပန္ခ် ေပးလို႕ ရမွာပါ ။ ခ်ယ္လ္ဆီး အသင္း ဟာ ဒီလို ကစားသမားေဟာင္း ေတြကို အသင္း မွာ ျပန္ေနရာ ေပးတဲ့ ပထမဆံုး အသင္း ေတြထဲက တသင္း ျဖစ္ပါတယ္ ။ ”

” အကယ္ဒမီ မွာတင္ မက ၊ အငွားခ် စနစ္ အတြက္ မန္ေနဂ်ာ ရာထူး ေတြမွာေရာ ၊ တျခား နည္းစနစ္ အခန္း က႑ အစံုအလင္ အတြက္ အသင္း ရဲ႕ ကစားသမား ေတြကို အခြင့္အေရးေပး ၊ ေနရာ ျပန္ေပး ေနတာကို ေတြ႕ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR