၁၉၉၂ – ၉၃ ဘောလုံး ရာသီ ကနေ စပြီး အင်္ဂလန် ပထမတန်း ချန်ပီယံရှစ် ကို ပရီးမီးယားလိဂ် လို့ စတင် ခေါ်ဝေါ် သမုတ် လာတာ အခု အခါမှာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ကို ရောက်ရှိ လို့ လာပါတယ် ။ ယင်းကာလ အတွင်း မှာ ဘယ် အသင်း က အသန့်ရှင်းဆုံး အသင်း ၊ ဘယ် အသင်း က အညစ်ပတ်ဆုံး အသင်း ဆိုတာ တချက် ကြည့်ကြည့်ရအောင်ပါ … ။

ပရီးမီးယားလိဂ် လို့ ခေါ်တွင် လာကတည်းက အခု အချိန် ထိ တန်းမဆင်းသေးတဲ့ အသင်း ၆ သင်း ရှိပါတယ် ။ အဲ့ဒီ အသင်း တွေကတော့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် နဲ့ အဲဗာတန် အသင်း တွေ ဖြစ်ကြပါတယ် ။ ၄င်းတို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ကို အများဆုံး ကစားထားကြတာ ဖြစ်ပါတယ် ။

ထို ၆ သင်းထဲမှာ အဝါကတ် ၊ အနီကတ် အပြသခံရဆုံး အသင်း က ချယ်လ်ဆီး အသင်း ဖြစ်ပြီး ပွဲပေါင်း ၁၀၄၆ မှာ ပျမ်းမျှ booking point ၁၇.၅၅ ရှိနေပါတယ် ။ ဒါဟာ နောက်ဆုံး ၃ရာသီ အတွင်း လက်ရှိ ပရီးမီးယားလိဂ် အသင်း ၂၀ ထဲမှာလည်း အများဆုံး ပမာဏ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အနောက် မှာတော့ အဲဗာတန် က ၁၇.၄၄ နဲ့ ရပ်တည် နေပါတယ် ။

အဲ့ဒီနောက် အာဆင်နယ် ၊ တော့တင်ဟမ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး အသင်း တို့က အစဉ်လိုက် ရပ်တည် နေပါတယ် ။ လက်ရှိ ပရီးမီးယားလိဂ် အသင်း ၂၀ အနေအထား နဲ့ ပြောရရင် နောက်ဆုံး ၃ရာသီ မှာ လီဗာပူး အသင်း က အဝါကတ် ၊ အနီကတ် ပြသ ခံရမှု အနည်းဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။

ပွဲ အရေအတွက် အများဆုံး မဟုတ် တဲ့ အနေအထား မှာတော့ ဒါဘီ အသင်း ဟာ ပျမ်းမျှ အဝါကတ် ၊ အနီကတ် အပြသခံရတာ အများဆုံး အသင်း ဖြစ်ပါတယ် ။ စုစုပေါင်း ပရီးမီးယားလိဂ် ၂၆၆ ပွဲ ကစားထားရာ ပျမ်းမျှ ၂၁.၈၇ booking point ရှိနေပါတယ် ။ ၄င်ရဲ့ အနောက် မှာတော့ ဆန်းဒါးလန်း အသင်း က ၆၀၈ ပွဲကစား ခဲ့ရာ ပျမ်းမျှ booking point ၂၀.၅၆ မှတ် နဲ့ ဒုတိယ နေရာ မှာ ရပ်တည် နေပါတယ် ။

ဆန်းဒါးလန်း ရဲ့ အနောက်မှာ ဟူးလ်စီးတီး ၊ ဝက်ဖို့ဒ် ၊ ဘန်စလေ စတဲ့ အသင်း တွေက အစဉ်လိုက် ရပ်တည် နေပါတယ် ။ ပွဲအများဆုံး ကစားထားတဲ့ အသင်း တွေ ထဲမှာ ပျမ်းမျှ Booking point အများဆုံး ရထားတဲ့ ချယ်လ်ဆီး အသင်း ဟာ အမှတ် အလိုက် တွက်တဲ့ နေရာ မှာတော့ အဆင့် ၁၇ နေရာ မှာ ရပ်တည် နေပါတယ် ။

Spreadex ရဲဲ့ ဖော်ပြချက် အရ အမှတ်တွက်တဲ့ နည်းစနစ် ကတော့ အဝါကတ် ၁ ကတ် ကို ၁၀မှတ် ၊ အနီကတ် တကတ် ကို ၂၅ မှတ် နဲ့ ထည့်တွက် ထားတာ ဖြစ်တယ် လို့ သိရပါတယ် ။ ချယ်လ်ဆီး အသင်း အတွက် က အားလုံး စုစုပေါင်း အမှတ် ၁၈၃၆၀ နဲ့ အခြား ထိပ်သီး ပြိုင်ဖက် တွေထက် အမှတ်များကာ ပရီးမီးယားလိဂ် သမိုင်း တလျှောက် ရဲ့ စည်းကမ်းပိုင်း အညံ့ဆုံး အသင်း အဖြစ် ရပ်တည်လျက် ရှိနေပါတယ် ။

SPORTS MYANMAR

Zawgyi

ပရီးမီးယားလိဂ္ သမိုင္း တေလွ်ာက္ စည္းကမ္းပိုင္း အားအနည္းဆံုး အသင္း က ဘယ္ အသင္းလဲ ?

၁၉၉၂ – ၉၃ ေဘာလံုး ရာသီ ကေန စျပီး အဂၤလန္ ပထမတန္း ခ်န္ပီယံရွစ္ ကို ပရီးမီးယားလိဂ္ လို႕ စတင္ ေခၚေဝၚ သမုတ္ လာတာ အခု အခါမွာ ၂၀၁၉ – ၂၀၂၀ ေဘာလံုး ရာသီ ကို ေရာက္ရွိ လို႕ လာပါတယ္ ။ ယင္းကာလ အတြင္း မွာ ဘယ္ အသင္း က အသန္႕ရွင္းဆံုး အသင္း ၊ ဘယ္ အသင္း က အညစ္ပတ္ဆံုး အသင္း ဆိုတာ တခ်က္ ၾကည့္ၾကည့္ရေအာင္ပါ … ။

ပရီးမီးယားလိဂ္ လို႕ ေခၚတြင္ လာကတည္းက အခု အခ်ိန္ ထိ တန္းမဆင္းေသးတဲ့ အသင္း ၆ သင္း ရွိပါတယ္ ။ အဲ့ဒီ အသင္း ေတြကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ၊ အာဆင္နယ္ ၊ ခ်ယ္လ္ဆီး ၊ လီဗာပူး ၊ ေတာ့တင္ဟမ္ နဲ႕ အဲဗာတန္ အသင္း ေတြ ျဖစ္ၾကပါတယ္ ။ ၄င္းတို႕ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ကို အမ်ားဆံုး ကစားထားၾကတာ ျဖစ္ပါတယ္ ။

ထို ၆ သင္းထဲမွာ အဝါကတ္ ၊ အနီကတ္ အျပသခံရဆံုး အသင္း က ခ်ယ္လ္ဆီး အသင္း ျဖစ္ျပီး ပြဲေပါင္း ၁၀၄၆ မွာ ပ်မ္းမွ် booking point ၁၇.၅၅ ရွိေနပါတယ္ ။ ဒါဟာ ေနာက္ဆံုး ၃ရာသီ အတြင္း လက္ရွိ ပရီးမီးယားလိဂ္ အသင္း ၂၀ ထဲမွာလည္း အမ်ားဆံုး ပမာဏ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေနာက္ မွာေတာ့ အဲဗာတန္ က ၁၇.၄၄ နဲ႕ ရပ္တည္ ေနပါတယ္ ။

 

အဲ့ဒီေနာက္ အာဆင္နယ္ ၊ ေတာ့တင္ဟမ္ ၊ မန္ခ်က္စတာ ယူႏိုက္တက္ ၊ လီဗာပူး အသင္း တို႕က အစဥ္လိုက္ ရပ္တည္ ေနပါတယ္ ။ လက္ရွိ ပရီးမီးယားလိဂ္ အသင္း ၂၀ အေနအထား နဲ႕ ေျပာရရင္ ေနာက္ဆံုး ၃ရာသီ မွာ လီဗာပူး အသင္း က အဝါကတ္ ၊ အနီကတ္ ျပသ ခံရမႈ အနည္းဆံုး အသင္း အျဖစ္ ရပ္တည္ ေနပါတယ္ ။

ပြဲ အေရအတြက္ အမ်ားဆံုး မဟုတ္ တဲ့ အေနအထား မွာေတာ့ ဒါဘီ အသင္း ဟာ ပ်မ္းမွ် အဝါကတ္ ၊ အနီကတ္ အျပသခံရတာ အမ်ားဆံုး အသင္း ျဖစ္ပါတယ္ ။ စုစုေပါင္း ပရီးမီးယားလိဂ္ ၂၆၆ ပြဲ ကစားထားရာ ပ်မ္းမွ် ၂၁.၈၇ booking point ရွိေနပါတယ္ ။ ၄င္ရဲ႕ အေနာက္ မွာေတာ့ ဆန္းဒါးလန္း အသင္း က ၆၀၈ ပြဲကစား ခဲ့ရာ ပ်မ္းမွ် booking point ၂၀.၅၆ မွတ္ နဲ႕ ဒုတိယ ေနရာ မွာ ရပ္တည္ ေနပါတယ္ ။

ဆန္းဒါးလန္း ရဲ႕ အေနာက္မွာ ဟူးလ္စီးတီး ၊ ဝက္ဖို႕ဒ္ ၊ ဘန္စေလ စတဲ့ အသင္း ေတြက အစဥ္လိုက္ ရပ္တည္ ေနပါတယ္ ။ ပြဲအမ်ားဆံုး ကစားထားတဲ့ အသင္း ေတြ ထဲမွာ ပ်မ္းမွ် Booking point အမ်ားဆံုး ရထားတဲ့ ခ်ယ္လ္ဆီး အသင္း ဟာ အမွတ္ အလိုက္ တြက္တဲ့ ေနရာ မွာေတာ့ အဆင့္ ၁၇ ေနရာ မွာ ရပ္တည္ ေနပါတယ္ ။

Spreadex ရဲဲ႕ ေဖာ္ျပခ်က္ အရ အမွတ္တြက္တဲ့ နည္းစနစ္ ကေတာ့ အဝါကတ္ ၁ ကတ္ ကို ၁၀မွတ္ ၊ အနီကတ္ တကတ္ ကို ၂၅ မွတ္ နဲ႕ ထည့္တြက္ ထားတာ ျဖစ္တယ္ လို႕ သိရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း အတြက္ က အားလံုး စုစုေပါင္း အမွတ္ ၁၈၃၆၀ နဲ႕ အျခား ထိပ္သီး ျပိဳင္ဖက္ ေတြထက္ အမွတ္မ်ားကာ ပရီးမီးယားလိဂ္ သမိုင္း တေလွ်ာက္ ရဲ႕ စည္းကမ္းပိုင္း အညံ့ဆံုး အသင္း အျဖစ္ ရပ္တည္လ်က္ ရွိေနပါတယ္ ။

SPORTS MYANMAR