Arsenal

* အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ တိုက်စစ်မှူး လာကာဇက် ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ကာ အသင်းနဲ့အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါ့အပြင် နည်းပြ အမ်မရီ ကလည်း လာကာဇက် သာ လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်း ဆက်လက်ပြသနိုင်ပါက ရှက်ဖီးယူနိုက်တက် နဲ့ ပွဲမှာအသုံးပြုသွားမယ်လို့ ဆိုပါတယ် ။

* အာဆင်နယ် ပရိသတ်တွေ မျှော်လင့် စောင့်ကြည့်ချင်နေကြတဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနေး ဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ အူနိုင်း အမ်မရီ က အတည်ပြု ပြောကြား လိုက်ပါတယ် ။ အခြား ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ကိုလာစီနက် ဟာ ကြားရက်တုန်းက နိုင်ငံအသင်းအတွက် ကစားပေးထားရတာကြောင့် တီယာနေး အနေနဲ့ ရှက်ဖီးယူနိုက်တက် အသင်းနဲ့ပွဲမှာ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

* အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ က ရှက်ဖီး ယူနိုက်တက် အသင်းနဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အိုဇေးလ် ရဲ့ ပွဲထွက် ကစားခွင့်ကို ကန့်သတ် ထားတာမျိုး မရှိတာကြောင့် ကစားသမား အဆင်သင့် ဖြစ်ပါက အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် လူငယ် ကြယ်ပွင့် ဆာကာ က သူ ကိုးနှစ်သား အရွယ်တုန်းက အာဆင်နယ် အသင်း ကို ပြောင်းရွှေ့ဖို့ တော့တင်ဟမ် ၊ ချဲလ်ဆီး တို့ရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချ ခဲ့ကြောင်း နဲ့ ရိုနယ်ဒို ဟာ သူ လေးစား အားကျ ရတဲ့ ကစားသမား ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

*အိုဇေးလ် က ဒီရာသီ အသင်းရဲ့ လူစာရင်းမှာ ရွေးချယ် ခံရချိန်တိုင်း ပါဝင် ကစားခွင့် ရဖို့ အဆင်သင့် ဖြစ်နေခဲ့ကြောင်း နဲ့ အာဆင်နယ် အသင်းပွဲကို အိမ်ကနေပဲ ကြည့်ရတဲ့ အချိန်များလာတဲ့ အခါမှာ ကိုယ့်ကိုယ်ကို အားကိုးရာမဲ့သူ တစ်ယောက်လို ခံစားလာရကြောင်း ရင်ဖွင့် ပြောကြား သွားခဲ့ပါတယ် ။ဒါပေမယ့်လည်း အိုဇေးလ် က အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင် ကစားခွင့်ရဖို့ ကြံ့ခိုင်ရေး နည်းပြ နဲ့ အချိန်ပို လေ့ကျင့်ခန်းတွေ လုပ်ကာ သူ့ရဲ့ လိုအပ်ချက်တွေကို ကြိုးစား ပြင်ဆင် နေကြောင်းလည်း ထပ်လောင်း ပြောကြား လိုက်ပါတယ် ။

* ဒီတစ်ပတ် အောက်တိုလာလ ၂၂ ရက် ၊ အင်္ဂါနေ့ ၊ မြန်မာ စံတော်ချိန် ၁ :၃၀ မှာ ယှဉ်ပြိုင် ကစားမယ့် ရှက်ဖီးယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်းပွဲကို ဒိုင်လူကြီး မိုက်ဒင်း က တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။မိုက်ဒင်း ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲ ၃၂ မှာ အာဆင်နယ် အသင်းဟာ ၁၁ ပွဲ အနိုင် ရထားကာ ၁၃ ပွဲသရေ ၈ ပွဲ ရှုံးနိမ့် ထားပါတယ် ။

* မန်ယူနိုက်တက် ကွင်းလယ်လူ ဂျူအန် မာတာ က အာဆင်နယ် အသင်းမှာ အိုဇေးလ် နေရာ မရ ဖြစ်နေတာဟာ No.10 role ကစားသမားတွေရဲ့ အခန်း ကဏ္ဏ တဖြည်းဖြည်း ပျောက်ဆုံး လာတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

* အာဆင်နယ် အသင်း ကွင်းလယ်လူ မိတ်လန်နိုင်းလ်စ် က လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ်ဟာ သူ့ကို ကစားသမားတွေကို ကျော်ဖြတ်နည်း ၊ ဖြတ်တင်ဘော တင်နည်း ၊ ဂိုးကန်သွင်းနည်း နဲ့ နည်းစနစ်ပိုင်း အမျိုးမျိုးကို သင်ကြားပြသပေးကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

*လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ၊ ဒီကနေ့လို အချိန်မျိုးမှာ သီယာရီ အွန်နရီ ဟာ အီယန်ရိုက် ရဲ့ စံချိန်ကို ချိုးဖျက်ပြီး အာဆင်နယ် အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ လူငယ် ကွင်းလယ်လူ စမစ်ရို ဟာ လူစာရင်းမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဘယ်ဘက် ဒူးအရွတ် ဒဏ်ရာ ရရှိနေတဲ့ နယ်လ်ဆင် ကတော့ နိုဝင်ဘာလမှ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်မယ်လို့ သိရပါတယ် ။

SPORTS MYANMAR

အာဆင္နယ္ သတင္းတိုမ်ား
==================

* အာဆင္နယ္ အသင္း ေဆးအဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္ အရ တိုက္စစ္မွူး လာကာဇက္ ဟာ ဒဏ္ရာကေန ျပန္လည္ သက္သာလာၿပီ ျဖစ္ကာ အသင္းနဲ႔အတူ ေလ့က်င့္ခန္း အျပည့္အဝ ဆင္းနိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္ ။ ဒါ့အျပင္ နည္းၿပ အမ္မရီ ကလည္း လာကာဇက္ သာ ေလ့က်င့္ေရးကြင္းမွာ ပုံစံေကာင္း ဆက္လက္ျပသနိုင္ပါက ရွက္ဖီးယူနိုက္တက္ နဲ႔ ပြဲမွာအသုံးျပဳသြားမယ္လို႔ ဆိုပါတယ္ ။

* အာဆင္နယ္ ပရိသတ္ေတြ ေမၽွာ္လင့္ ေစာင့္ၾကည့္ခ်င္ေနၾကတဲ့ ဘယ္ေနာက္ခံလူ ကီရန္ တီယာေနး ဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ ကစားဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ နည္းၿပ အူနိုင္း အမ္မရီ က အတည္ျပဳ ေျပာၾကား လိုက္ပါတယ္ ။ အျခား ဘယ္ေနာက္ခံလူ တစ္ဦး ျဖစ္တဲ့ ကိုလာစီနက္ ဟာ ၾကားရက္တုန္းက နိုင္ငံအသင္းအတြက္ ကစားေပးထားရတာေၾကာင့္ တီယာေနး အေနနဲ႔ ရွက္ဖီးယူနိုက္တက္ အသင္းနဲ႔ပြဲမွာ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

* အာဆင္နယ္ နည္းၿပ အူနိုင္း အမ္မရီ က ရွက္ဖီး ယူနိုက္တက္ အသင္းနဲ႔ ပြဲမတိုင္မွီ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ အိုေဇးလ္ ရဲ့ ပြဲထြက္ ကစားခြင့္ကို ကန႔္သတ္ ထားတာမ်ိဳး မရွိတာေၾကာင့္ ကစားသမား အဆင္သင့္ ျဖစ္ပါက အခြင့္အေရး ေပးသြားမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာၾကား လိုက္ပါတယ္ ။

* အာဆင္နယ္ လူငယ္ ၾကယ္ပြင့္ ဆာကာ က သူ ကိုးႏွစ္သား အရြယ္တုန္းက အာဆင္နယ္ အသင္း ကို ေျပာင္းေရႊ႕ဖို႔ ေတာ့တင္ဟမ္ ၊ ခ်ဲလ္ဆီး တို႔ရဲ့ကမ္းလွမ္းမွုေတြကို ပယ္ခ် ခဲ့ေၾကာင္း နဲ႔ ရိုနယ္ဒို ဟာ သူ ေလးစား အားက် ရတဲ့ ကစားသမား ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကား လိုက္ပါတယ္ ။

*အိုေဇးလ္ က ဒီရာသီ အသင္းရဲ့ လူစာရင္းမွာ ေရြးခ်ယ္ ခံရခ်ိန္တိုင္း ပါဝင္ ကစားခြင့္ ရဖို႔ အဆင္သင့္ ျဖစ္ေနခဲ့ေၾကာင္း နဲ႔ အာဆင္နယ္ အသင္းပြဲကို အိမ္ကေနပဲ ၾကည့္ရတဲ့ အခ်ိန္မ်ားလာတဲ့ အခါမွာ ကိုယ့္ကိုယ္ကို အားကိုးရာမဲ့သူ တစ္ေယာက္လို ခံစားလာရေၾကာင္း ရင္ဖြင့္ ေျပာၾကား သြားခဲ့ပါတယ္ ။ဒါေပမယ့္လည္း အိုေဇးလ္ က အသင္းရဲ့ လူစာရင္းမွာ ျပန္လည္ ပါဝင္ ကစားခြင့္ရဖို႔ ႀကံ့ခိုင္ေရး နည္းၿပ နဲ႔ အခ်ိန္ပို ေလ့က်င့္ခန္းေတြ လုပ္ကာ သူ႔ရဲ့ လိုအပ္ခ်က္ေတြကို ႀကိဳးစား ျပင္ဆင္ ေနေၾကာင္းလည္း ထပ္ေလာင္း ေျပာၾကား လိုက္ပါတယ္ ။

* ဒီတစ္ပတ္ ေအာက္တိုလာလ ၂၂ ရက္ ၊ အဂၤါေန႔ ၊ ျမန္မာ စံေတာ္ခ်ိန္ ၁ :၃၀ မွာ ယွဥ္ၿပိဳင္ ကစားမယ့္ ရွက္ဖီးယူနိုက္တက္ အသင္း နဲ႔ အာဆင္နယ္ အသင္းပြဲကို ဒိုင္လူႀကီး မိုက္ဒင္း က တာဝန္ယူ ကိုင္တြယ္သြားမယ္လို႔ သိရပါတယ္။မိုက္ဒင္း ကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ အေဝးကြင္း ပြဲ ၃၂ မွာ အာဆင္နယ္ အသင္းဟာ ၁၁ ပြဲ အနိုင္ ရထားကာ ၁၃ ပြဲသေရ ၈ ပြဲ ရွုံးနိမ့္ ထားပါတယ္ ။

* မန္ယူနိုက္တက္ ကြင္းလယ္လူ ဂ်ဴအန္ မာတာ က အာဆင္နယ္ အသင္းမွာ အိုေဇးလ္ ေနရာ မရ ျဖစ္ေနတာဟာ No.10 role ကစားသမားေတြရဲ့ အခန္း ကဏၰ တျဖည္းျဖည္း ေပ်ာက္ဆုံး လာတာေၾကာင့္ ျဖစ္နိုင္ေၾကာင္း သုံးသပ္ ေျပာၾကား လိုက္ပါတယ္ ။

* အာဆင္နယ္ အသင္း ကြင္းလယ္လူ မိတ္လန္နိုင္းလ္စ္ က လက္ေထာက္ နည္းၿပ ဖရက္ဒီ ယြန္းဘတ္ဟာ သူ႔ကို ကစားသမားေတြကို ေက်ာ္ျဖတ္နည္း ၊ ျဖတ္တင္ေဘာ တင္နည္း ၊ ဂိုးကန္သြင္းနည္း နဲ႔ နည္းစနစ္ပိုင္း အမ်ိဳးမ်ိဳးကို သင္ၾကားျပသေပးေၾကာင္း ဖြင့္ဟ ေျပာၾကား လိုက္ပါတယ္ ။

*လြန္ခဲ့တဲ့ ၂၀၀၅ ခုႏွစ္ ၊ ဒီကေန႔လို အခ်ိန္မ်ိဳးမွာ သီယာရီ အြန္နရီ ဟာ အီယန္ရိုက္ ရဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး အာဆင္နယ္ အသင္းရဲ့ သမိုင္းတစ္ေလၽွာက္ သြင္းဂိုး အမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္ ။

* အာဆင္နယ္ အသင္း ေဆးအဖြဲ႕ရဲ့ ထုတ္ျပန္ခ်က္ အရ လူငယ္ ကြင္းလယ္လူ စမစ္ရို ဟာ လူစာရင္းမွာ ပါဝင္ဖို႔ အဆင္သင့္ ျဖစ္ေနၿပီ ျဖစ္ၿပီး ဘယ္ဘက္ ဒူးအရြတ္ ဒဏ္ရာ ရရွိေနတဲ့ နယ္လ္ဆင္ ကေတာ့ နိုဝင္ဘာလမွ ေလ့က်င့္ခန္း အျပည့္အဝ ျပန္ဆင္းနိုင္မယ္လို႔ သိရပါတယ္ ။

SPORTS MYANMAR