လက်ရှိ အချိန် အသင်း မှာ ဒဏ်ရာ ပြသနာ တွေ များစွာ ကြုံတွေ့ နေရတဲ့ အခိုက်အတန့် မှာ အိုလီ ဂန်နာ ဆိုးလ်ရှား ဦးဆောင် နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အမှတ်ပေး ဇယား ထိပ်က ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို ပရီးမီးယား လိဂ် ပွဲစဉ် 9 အဖြစ် အိုးလ် ထရပ်ဖို့ဒ် မှာ ဧည့်ခံ ကစား ရဖို့ ရှိနေ ပါတယ် ။

ယူနိုက်တက် အသင်း မှ ထွက်ပေါ် လာခဲ့တဲ့ နောက်ဆုံးရ သတင်း တွေ အရ နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ ဒဏ်ရာ ကြောင့် ပွဲစဉ် မှာ ပါဝင် ကစား ပေးနိုင် ခြေ မရှိ တော့တာ ကြောင့် ယူနိုက်တက် ဂိုးပေါက် ကို အာဂျင်တီးနား လက်ရွေးစင် ဆာဂျီယို ရိုမဲရိုး က ဦးဆောင် ရပါ လိမ့်မယ် ။

ဒါ့အပြင် ယူနိုက်တက် အသင်း ဖက်မှ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ပါ ပါဝင် လာနိုင် ခြေ မရှိဘူး လို့ သိရှိ ရပြီး ဆိုးလ်ရှား ကတော့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် ၊ ဘယ် / ညာ တောင်ပံ ခံစစ် ကစားသမား တွေ ဖြစ်ကြ တဲ့ ဝမ် ဘစ်ဆာကာ နဲ့ လုခ်ရှော တို့ ပြန်လည် ပါဝင် နိုင်ဖို့ မျှော်လင့် နေခဲ့ ပါတယ် ။

အကယ်လို့ အဆိုပါ ကစားသမား သုံးဦးလုံး ပါဝင် ကစား ပေးနိုင်မယ် ဆိုရင် တောင် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား အနေ နဲ့ ကိုင်တွယ် ဖြေရှင်း ရ ဦးမယ့် ပြသနာ သုံးခု ရှိနေ ပါ သေးတယ် ။ အဆိုပါ ပြသနာ တွေ ကတော့ …

(1) ဗဟို ခံစစ်

ယူနိုက်တက် နောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ် ဟာ စပိန် နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ မိနစ် 90 အပြည့် ပါဝင် ကစား ပေးသွား နိုင်ခဲ့ တာကြောင့် ကြံ့ခိုင်မှု ပြည့်ဝ ကောင်းမွန် နေပြီ လို့ ဆိုလို့ ရနိုင် ပြီး လီဗာပူး နဲ့ ပွဲစဉ် မှာ ပွဲချိန် အပြည့် ပါဝင် ကစား ပေးနိုင် ခြေ ရှိနေ ပါတယ် ။

ဒါပေမယ့် လင်ဒီလော့ဖ် အနေ နဲ့ အသင်း ရဲ့ မှာ ပါဝင် ခွင့် ရရှိ ရေး အတွက် လက်တလော အသင်း မှာ ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသရင်း ပရိသတ် ရဲ့ သဘောကျ မှုကို ရယူ ထား ခဲ့တဲ့ အသက် 21 နှစ် အရွယ် လူငယ် ခံစစ် ကစားသမား လေး တွမ်ဇီဘီ နဲ့ ယှဉ်ပြိုင် ရပါ တော့မယ် ။

တွမ်ဇီဘီ ဟာ လျင်မြန် သွက်လက် လှတဲ့ ကစားသမား တစ်ဦး ဖြစ်တာ ကြောင့် မြန်ဆန် တဲ့ တိုက်စစ် ကစား ပုံနဲ့ အတူ ထိုး ဖောက် လာနိုင် မယ့် လီဗာပူး တိုက်စစ် ကို ဟန့်တား နိုင်ဖွယ် ရှိနေ သူပဲ ဖြစ် ပါတယ် ။ ဒါ့ကြောင့် လင်ဒီလော့ဖ် ကို အသုံးပြု မလား ၊ တွမ်ဇီဘီ ကို အသုံးပြု မလား ဆိုတာ ဆိုးလ်ရှား ကြိုတင် ဆုံးဖြတ် ရပါ လိမ့်မယ် ။

(2) ဗဟို ကွင်းလယ်

အသင်း ရဲ့ ကွင်းလယ် မှာ အားထား ရတဲ့ ပြင်သစ် လက်ရွေးစင် ပေါ့ဂ်ဘာ မပါဝင် နိုင်ခြင်း က ယူနိုက်တက် အတွက် ထိုးနှက်ချက် တစ်ခု ဖြစ်လာ နိုင် ပါတယ် ။ ဒီအတွက် အစားထိုး အသုံးပြု ရမယ့် ကစားသမား တွေဟာ လည်း ပုံမှန် ခြေစွမ်း မပြ နိုင်သူ တွေပဲ ရှိနေ ကြ ပါတယ် ။

အကယ်လို့ ဆိုးလ်ရှား သာ 4 – 2 – 3 – 1 ဆိုတဲ့ ကစား ကွက်ကို ခင်းကျင်း သွားမယ် ဆိုရင် တော်မီနေး နဲ့ အတူ ဗဟို ကွင်းလယ် နေရာ မှာ ကစား စေဖို့ မာတစ် ( သို့ ) ဖရက်ဒ် တို့ အနက် တစ်ဦး ကို အသုံးပြု ရပါ လိမ့်မယ် ။ သူတို့ နှစ်ဦးလုံး ဟာ ဒီ ရာသီ ယူနိုက်တက် အတွက် အားကိုးလို့ ရနိုင် လောက်တဲ့ ခြေစွမ်း မပြသ နိုင်ခဲ့ ကြ ပါဘူး ။

ဒါ့ကြောင့် အေဇက် အယ်လ်ခမာ နဲ့ ပွဲမှာ ခြေစွမ်း ကောင်း ပြနိုင် ခဲ့တဲ့ ဖရက်ဒ် ကို ဆိုးလ်ရှား စွန့်စား ရွေးချယ် သွား မလား ဆိုတာ တော့ စောင့်ကြည့် ရပါ တော့မယ် ။ ထင်မှတ် မထား တဲ့ အရာ တစ်ခု အဖြစ် ဆိုးလ်ရှား ဟာ တွမ်ဇီဘီ ကို ကွင်းလယ် ခံစစ် နေရာ အတွက် အသုံး ပြုနိုင် ပါ သေးတယ် ။

(3) ကွင်းလယ် တိုက်စစ်

ဒါဟာ ဆိုးလ်ရှား အတွက် နောက်ထပ် ခေါင်းခဲ စေမယ့် ပြသနာ တစ်ရပ် ပါပဲ ။ အကယ်လို့ မာရှယ် ပါဝင် နိုင်မယ် ဆိုရင် ယူနိုက်တက် ရဲ့ တိုက်စစ် ပိုင်းမှာ မာရှယ် ၊ ရပ်ရှ်ဖို့ ၊ ဂျိမ်းစ် တို့ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ရဲ့ ကွင်းလယ် တိုက်စစ် နေရာ အတွက် ယုံကြည် စိတ်ချ လို့ ရနိုင်မယ့် ကစား သမား ရှိ မနေ ပါဘူး ။

ဟွမ် မာတာ ဟာ ယူနိုက်တက် ရဲ့ နောက်ဆုံး ပွဲစဉ် 2 ပွဲကို ပါဝင် ကစား ပေးခွင့် ရရှိ ထားခဲ့ သလို ဒီ ရာသီ 5 ပွဲ အထိ ပွဲထွက် ကစား ခွင့် ရရှိ ထားခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာ ပရိသတ် တွေ ကျေနပ် စေနိုင် လောက်တဲ့ ထူးခြားမုှ တွေကို မပြုလုပ် နိုင်ခဲ့ ပါဘူး ။

ဒီ နေရာ မှာ ယူနိုက်တက် အတွက် နောက်ထပ် စဉ်စား စရာ တစ်ချက် က ဂျက်စီ လင်ဂတ် ပါပဲ ။ အကယ်လို့ သူဟာ ကြံ့ခိုင် မှု ပြည့်ဝ နေရင် တော့ ပါဝင် ကစား ခွင့် ရရှိ ပါ လိမ့်မယ် ။ ဒါပေမယ့် အင်္ဂလန် သားရဲ့ ခြေစွမ်း ဟာလည်း ဒီ ရာသီ အားရ ကျေနပ် ဖွယ် ရှိ မနေ ခဲ့တဲ့ အတွက် ဒီ နေရာ မှာ ဘယ်သူ့ ကို ရွေးချယ် ရမလဲ ဆိုတာ ဟာလည်း ဆိုးလ်ရှား ကြိုတင် ဖြေရှင်း ရမယ့် ပြသနာ တစ်ရပ် အဖြစ် ရှိနေ ခဲ့ ပါတယ် ။

#Sports_Myanmar

Zawgyi

လီဗာပူးနဲ့ ပြဲစဥ္ မတုိင္မီ ဆုိးလ္ရွား အေသအခ်ာ အေျဖရွာ ရမယ့္ ျပသနာ သံုးခု

===================

လက္ရွိ အခ်ိန္ အသင္း မွာ ဒဏ္ရာ ျပသနာ ေတြ မ်ားစြာ ၾကံဳေတြ့ ေနရတဲ့ အခိုက္အတန့္ မွာ အိုလီ ဂန္နာ ဆုိးလ္ရွား ဦးေဆာင္ ေနတဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ အမွတ္ေပး ဇယား ထိပ္က ခါးသီး ျပိဳင္ဖက္ လီဗာပူး အသင္းကို ပရီးမီးယား လိဂ္ ပြဲစဥ္ 9 အျဖစ္ အိုးလ္ ထရပ္ဖုိ႔ဒ္ မွာ ဧည့္ခံ ကစား ရဖုိ့ ရွိေန ပါတယ္ ။

ယူနုိက္တက္ အသင္း မွ ထြက္ေပၚ လာခဲ့တဲ့ ေနာက္ဆံုးရ သတင္း ေတြ အရ နံပါတ္ တစ္ ဂိုးသမား ျဖစ္သူ ေဒးဗစ္ ဒီဂီယာ ဟာ ဒဏ္ရာ ေၾကာင့္ ပြဲစဥ္ မွာ ပါဝင္ ကစား ေပးနုိင္ ေျခ မရွိ ေတာ့တာ ေၾကာင့္ ယူနုိက္တက္ ဂိုးေပါက္ ကို အာဂ်င္တီးနား လက္ေရြးစင္ ဆာဂ်ီယို ရိုမဲရိုး က ဦးေဆာင္ ရပါ လိမ့္မယ္ ။

ဒါ့အျပင္ ယူနုိက္တက္ အသင္း ဖက္မွ အားထား ရတဲ့ ကြင္းလယ္ ကစားသမား ျဖစ္သူ ေပါလ္ ေပါ့ဂ္ဘာ ပါ ပါဝင္ လာနိုင္ ေျခ မရွိဘူး လို့ သိရွိ ရျပီး ဆုိးလ္ရွား ကေတာ့ ေတာင္ပံ တုိက္စစ္ ကစားသမား ျဖစ္သူ အန္သိုနီ မာရွယ္ ၊ ဘယ္ / ညာ ေတာင္ပံ ခံစစ္ ကစားသမား ေတြ ျဖစ္ၾက တဲ့ ဝမ္ ဘစ္ဆာကာ နဲ့ လုခ္ေရွာ တုိ့ ျပန္လည္ ပါဝင္ နုိင္ဖုိ့ ေမ်ွာ္လင့္ ေနခဲ့ ပါတယ္ ။

အကယ္လို႔ အဆုိပါ ကစားသမား သံုးဦးလံုး ပါဝင္ ကစား ေပးနုိင္မယ္ ဆုိရင္ ေတာင္ ယူနုိက္တက္ နည္းျပ ဆုိးလ္ရွား အေန နဲ့ ကိုင္တြယ္ ေျဖရွင္း ရ ဦးမယ့္ ျပသနာ သံုးခု ရွိေန ပါ ေသးတယ္ ။ အဆုိပါ ျပသနာ ေတြ ကေတာ့ …

(1) ဗဟို ခံစစ္

ယူနုိက္တက္ ေနာက္ခံလူ ဗစ္တာ လင္ဒီေလာ့ဖ္ ဟာ စပိန္ နဲ့ ရင္ဆုိင္ ခဲ့တဲ့ ပြဲစဥ္ မွာ မိနစ္ 90 အျပည့္ ပါဝင္ ကစား ေပးသြား နုိင္ခဲ့ တာေၾကာင့္ ၾကံ့ခိုင္မွဳ ျပည့္ဝ ေကာင္းမြန္ ေနျပီ လို႔ ဆုိလုိ့ ရနုိင္ ျပီး လီဗာပူး နဲ့ ပြဲစဥ္ မွာ ပြဲခ်ိန္ အျပည့္ ပါဝင္ ကစား ေပးနုိင္ ေျခ ရွိေန ပါတယ္ ။

ဒါေပမယ့္ လင္ဒီေလာ့ဖ္ အေန နဲ့ အသင္း ရဲ့ မွာ ပါဝင္ ခြင့္ ရရွိ ေရး အတြက္ လက္တေလာ အသင္း မွာ ေျခစြမ္း ေကာင္းေတြ ဆက္တုိက္ ျပသရင္း ပရိသတ္ ရဲ့ သေဘာက် မွဳကို ရယူ ထား ခဲ့တဲ့ အသက္ 21 နွစ္ အရြယ္ လူငယ္ ခံစစ္ ကစားသမား ေလး တြမ္ဇီဘီ နဲ့ ယွဥ္ျပိဳင္ ရပါ ေတာ့မယ္ ။

တြမ္ဇီဘီ ဟာ လ်င္ျမန္ သြက္လက္ လွတဲ့ ကစားသမား တစ္ဦး ျဖစ္တာ ေၾကာင့္ ျမန္ဆန္ တဲ့ တုိက္စစ္ ကစား ပံုနဲ့ အတူ ထုိး ေဖာက္ လာနုိင္ မယ့္ လီဗာပူး တုိက္စစ္ ကို ဟန့္တား နုိင္ဖြယ္ ရွိေန သူပဲ ျဖစ္ ပါတယ္ ။ ဒါ့ေၾကာင့္ လင္ဒီေလာ့ဖ္ ကို အသံုးျပဳ မလား ၊ တြမ္ဇီဘီ ကို အသံုးျပဳ မလား ဆုိတာ ဆုိးလ္ရွား ၾကိဳတင္ ဆံုးျဖတ္ ရပါ လိမ့္မယ္ ။

(2) ဗဟို ကြင္းလယ္

အသင္း ရဲ့ ကြင္းလယ္ မွာ အားထား ရတဲ့ ျပင္သစ္ လက္ေရြးစင္ ေပါ့ဂ္ဘာ မပါဝင္ နုိင္ျခင္း က ယူနိုက္တက္ အတြက္ ထိုးႏွက္ခ်က္ တစ္ခု ျဖစ္လာ နုိင္ ပါတယ္ ။ ဒီအတြက္ အစားထုိး အသံုးျပဳ ရမယ့္ ကစားသမား ေတြဟာ လည္း ပံုမွန္ ေျခစြမ္း မျပ နုိင္သူ ေတြပဲ ရွိေန ၾက ပါတယ္ ။

အကယ္လို႔ ဆုိးလ္ရွား သာ 4 – 2 – 3 – 1 ဆုိတဲ့ ကစား ကြက္ကို ခင္းက်င္း သြားမယ္ ဆုိရင္ ေတာ္မီေနး နဲ့ အတူ ဗဟို ကြင္းလယ္ ေနရာ မွာ ကစား ေစဖုိ႔ မာတစ္ ( သို႔ ) ဖရက္ဒ္ တုိ့ အနက္ တစ္ဦး ကို အသံုးျပဳ ရပါ လိမ့္မယ္ ။ သူတုိ့ ႏွစ္ဦးလံုး ဟာ ဒီ ရာသီ ယူနုိက္တက္ အတြက္ အားကိုးလို့ ရနုိင္ ေလာက္တဲ့ ေျခစြမ္း မျပသ နုိင္ခဲ့ ၾက ပါဘူး ။

ဒါ့ေၾကာင့္ ေအဇက္ အယ္လ္ခမာ နဲ့ ပြဲမွာ ေျခစြမ္း ေကာင္း ျပနုိင္ ခဲ့တဲ့ ဖရက္ဒ္ ကို ဆုိးလ္ရွား စြန့္စား ေရြးခ်ယ္ သြား မလား ဆုိတာ ေတာ့ ေစာင့္ၾကည့္ ရပါ ေတာ့မယ္ ။ ထင္မွတ္ မထား တဲ့ အရာ တစ္ခု အျဖစ္ ဆုိးလ္ရွား ဟာ တြမ္ဇီဘီ ကို ကြင္းလယ္ ခံစစ္ ေနရာ အတြက္ အသံုး ျပဳနုိင္ ပါ ေသးတယ္ ။

(3) ကြင္းလယ္ တုိက္စစ္

ဒါဟာ ဆုိးလ္ရွား အတြက္ ေနာက္ထပ္ ေခါင္းခဲ ေစမယ့္ ျပသနာ တစ္ရပ္ ပါပဲ ။ အကယ္လို့ မာရွယ္ ပါဝင္ နုိင္မယ္ ဆုိရင္ ယူနုိက္တက္ ရဲ့ တုိက္စစ္ ပိုင္းမွာ မာရွယ္ ၊ ရပ္ရွ္ဖုိ႔ ၊ ဂ်ိမ္းစ္ တုိ့ကို ျမင္ေတြ့ ရမွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ ယူနုိက္တက္ ရဲ့ ကြင္းလယ္ တုိက္စစ္ ေနရာ အတြက္ ယံုၾကည္ စိတ္ခ် လို့ ရနုိင္မယ့္ ကစား သမား ရွိ မေန ပါဘူး ။

ဟြမ္ မာတာ ဟာ ယူနုိက္တက္ ရဲ့ ေနာက္ဆံုး ပြဲစဥ္ 2 ပြဲကို ပါဝင္ ကစား ေပးခြင့္ ရရိွ ထားခဲ့ သလို ဒီ ရာသီ 5 ပြဲ အထိ ပြဲထြက္ ကစား ခြင့္ ရရွိ ထားခဲ့ ပါတယ္ ။ ဒါေပမယ့္ သူဟာ ပရိသတ္ ေတြ ေက်နပ္ ေစနုိင္ ေလာက္တဲ့ ထူးျခားမဳွ ေတြကို မျပဳလုပ္ နုိင္ခဲ့ ပါဘူး ။

ဒီ ေနရာ မွာ ယူနုိက္တက္ အတြက္ ေနာက္ထပ္ စဥ္စား စရာ တစ္ခ်က္ က ဂ်က္စီ လင္ဂတ္ ပါပဲ ။ အကယ္လို႔ သူဟာ ၾကံ့ခိုင္ မွဳ ျပည့္ဝ ေနရင္ ေတာ့ ပါဝင္ ကစား ခြင့္ ရရွိ ပါ လိမ့္မယ္ ။ ဒါေပမယ့္ အဂၤလန္ သားရဲ့ ေျခစြမ္း ဟာလည္း ဒီ ရာသီ အားရ ေက်နပ္ ဖြယ္ ရွိ မေန ခဲ့တဲ့ အတြက္ ဒီ ေနရာ မွာ ဘယ္သူ့ ကို ေရြးခ်ယ္ ရမလဲ ဆုိတာ ဟာလည္း ဆုိးလ္ရွား ၾကိဳတင္ ေျဖရွင္း ရမယ့္ ျပသနာ တစ္ရပ္ အျဖစ္ ရွိေန ခဲ့ ပါတယ္ ။

#Sports_Myanmar