ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း ချယ်လ်ဆီး အသင်းမှာ ကစား ခဲ့ဖူးတဲ့ ထိပ်တန်း ကစားသမားကောင်း များစွာ ရှိခဲ့ဖူးပါတယ် ။ အဲ့ဒီထဲမှာ အသင်း အတွက် အထူး ခြေစွမ်း ပြနိုင်ခဲ့တဲ့ ကစားသမား တွေ ရှိသလို ၊ ခြေစွမ်း ပျောက်ဆုံးခဲ့ရတဲ့ သူတွေလည်း ရှိခဲ့ပါတယ် ။ နာမည်ကြီး အားကစား ဝက်ဘ်ဆိုက် တခု ဖြစ်တဲ့ Goal ရဲ့ ပြီးခဲ့တဲ့ ၁၀စုနှစ် တခု အတွင်း အကောင်းဆုံး ချယ်လ်ဆီး အသင်း ကို အခုလိုပဲ ရွေးချယ် ထားပါတယ် ။

ဂိုးသမား – ပီတာချက်

၂၀၁၂ မှာ ချယ်လ်ဆီး အသင်း ဟာ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ် ချန်ပီယံဆု ကို ရရှိ စေခဲ့ခြင်း အတွက် အဓိက ကျခဲ့တဲ့ ကစားသမား တဦး ဆိုရင် ပီီတာချက် ကို ပြသ ရမှာ ဖြစ်ပါတယ် ။ ပွဲချိန် အတွင်း အာဂျန် ရော်ဘင် ရဲ့ ပင်နယ်တီ ကန်ချက် ကိုလည်း ပီတာချက် အမိအရ ကာကွယ် နိုင်ခဲ့သလို ၊ ပင်နယ်တီ အဆုံးအဖြတ် မှာလည်း ဘိုင်ယန်မြူးနစ် ဖက်က ကန်ချက် ၂ကြိမ် ကိုလည်း ကာကွယ် ပေးနိုင်ခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ချန်ပီယံ ၄ကြိမ် ၊ အက်ဖ်အေ ဖလား ချန်ပီယံ ၅ကြိမ် ၊ လိဂ်ဖလား ချန်ပီယံ ၃ကြိမ် ၊ ချန်ပီယံလိဂ် ချန်ပီယံ တကြိမ် ၊ ယူရိုပါလိဂ် ချန်ပီယံ တကြိမ် တို့ကို ဆွတ်ခူး ခဲ့တဲ့ ပီတာချက် ဟာ ၂၀၀၄ – ၂၀၀၅ ပရီးမီးယားလိဂ် မှာ Clean Sheet ၂၄ ကြိမ် နဲ့ တရာသီ အတွင်း Clean Sheet အများဆုံး ရရှိထားတဲ့ ဂိုးသမား အဖြစ် စံချိန် တင်ထားဆဲ ဖြစ်ပါတယ် ။

ညာနောက်ခံလူ – အိုင်ဗန်နိုဗစ်

အိုင်ဗန်နိုဗစ် ဟာ မထင်မှတ် ထားတဲ့ အထဲက ထွန်းတောက် ခဲ့ဖူးတဲ့ ကြယ်ပွင့် နောက်ခံလူ တဦး ဖြစ်ခဲ့ပါတယ် ။ ၄င်းဆီကနေ ချယ်လ်ဆီး အသင်း ဟာ မကြာခဏ ဂိုးတွေ ရဖူးသလို ၊ ၄င်း သွင်းယူ ပေးခဲ့တဲ့ ဂိုးတွေဟာလည်း ချယ်လ်ဆီး အတွက် အရေးပါတဲ့ သွင်းဂိုး တွေ ဖြစ်ခဲ့ပါတယ် ။ ၂၀၁၂ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ နာပိုလီ ကို အိမ်ကွင်း မှာ comeback နိုင်ပွဲ ရခဲ့တဲ့ အခိုက်အတန့် မှာ ၄င်းရဲ့ ပွဲသိမ်းဂိုး က အရမ်း အရေးပါ ခဲ့ပါတယ် ။

ဒါ့အပြင် အိုင်ဗန်နိုဗစ် ဟာ ၂၀၁၃ ယူရိုပါလိဂ် ဖိုင်နယ် မှာလည်း နောက်ဆုံး မိနစ် မှာ ထောင့်ကန်ဘော ကနေ တဆင့် ချန်ပီယံ ဖြစ်စေမယ့် ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပါတယ် ။ ချယ်လ်ဆီး အတွက် ၉နှစ်ကြာ ကစား ပေးခဲ့တဲ့ အိုင်ဗန်နိုဗစ် ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ၃ကြိမ် ၊ အက်ဖ်အေ ဖလား ချန်ပီယံ ၃ကြိမ် ၊ လိဂ်ဖလား တကြိမ် ၊ ယူရိုပါလိဂ် တကြိမ် ၊ ချန်ပီယံလိဂ် တကြိမ် တို့ကို အသီးသီး ဆွတ်ခူး ခဲ့ပါတယ် ။

ခံစစ်မှူး – ဂျွန်တယ်ရီ

စတမ်းဖို့ဒ် ဘရစ်ချ် ရဲ့ မက်သယူး ဟာဒင် ပွဲကြည့်စင် ဖက်ခြမ်းမှာ ” JT Captain , Leader , Legend ” ဆိုတဲ့ စာသား ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ် ။ ဂျွန်တယ်ရီ ဟာ တခြား ချယ်လ်ဆီး ကစားသမား တွေထက် ပရိသတ် တွေရဲ့ အမြတ်နိုးဆုံး ကစားသမား ဖြစ်ခဲ့သလို ၊ အကယ်ဒမီ ထွက် ကစားသမား လည်း ဖြစ်ပါတယ် ။

၂၀၀၅ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စတင် ရယူ ခဲ့တဲ့ အချိန် ကတည်းက ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဖြစ်ခဲ့တဲ့ တယ်ရီ ဟာ အသင်း အတွက် ဆုဖလား အများဆုံး ရယူ နိုင်ခဲ့တဲ့ ကစားသမား ဆိုရင်လည်း မမှားပါဘူး ။

ခံစစ်မှူး – ဂယ်ရီ ကာဟေးလ်

ချယ်လ်ဆီး ပရိသတ် တွေ ကာဟေးလ် နဲ့ ပတ်သက်ပြီး ပြောကြတဲ့ စကား တခွန်း ရှိပါတယ် ။ ဂယ်ရီ ဟာ ချယ်လ်ဆီး နဲ့ အတူ ဆုဖလား အစုံ ရခဲ့တယ် ဆိုတဲ့ စကားပါ ။ ဟုတ်ပါတယ် ။ ကာဟေးလ် ဟာ ၂၀၁၂ ခုနှစ် ကမှ ဘော်လ်တန် ကနေ ချယ်လ်ဆီး ကို ပေါင် ရသန်း နဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ရောက်ရောက်ချင်း နှစ်မှာပဲ ချန်ပီယံလိဂ် ဖလား နဲ့ အက်ဖ်အေ ဖလား ကို စတင် ဆွတ်ခူး ခဲ့ပါတယ် ။

နောက်တရာသီ မှာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ကာ ဟိုဆေး မော်ရင်ဟို ဒုတိယ အကြိမ် ရောက်ရှိ လာတဲ့ အခါမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ၊ လိဂ် ဖလား ချန်ပီယံ ဆုတွေ ကို ရခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ နည်းစနစ်ပိုင်း အရ ဒေးဗစ် လူးဝဇ် က ပွဲထွက် တနေရာ ကို အပိုင် ရယူ ထားနိုင်ခဲ့တာကြောင့် စာချုပ် ထပ်မချုပ်တော့ပဲ အသင်း ကနေ ထွက်ခွာလာခဲ့ရပါတယ် ။

ဘယ်နောက်ခံလူ – အက်ရှ်လေကိုးလ်

ပရိသတ် အများစု ဟာ အက်ရှ်လေကိုးလ် ကို ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ အဖြစ် သတ်မှတ် ထားကြပါတယ် ။ ဒါကြောင့်မို့ ၁၀စုနှစ် အတွင်း အကောင်းဆုံး ချယ်လ်ဆီး အသင်း မှာ ပါဝင်သင့်တာ မဆန်းကြယ်ပါဘူး ။ လန်ဒန် မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း ကနေ ပြောင်းရွှေ့ လာခဲ့တယ် ဆိုပေမယ့် ဖိအား တွေအောက်မှာ လျင်လျင်မြန်မြန် အထိုင်ကျ ခဲ့ပြီး ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

ချယ်လ်ဆီး အတွက် ပွဲပေါင်း ၃၃၈ ပွဲ ကစားပေး ခဲ့တဲ့ အက်ရှ်လေကိုးလ် ဟာ အသင်းနဲ့ အတူ အဓိက မေဂျာ ဆုဖလားပေါင်း ၈ဆု ရခဲ့ဖူးပါတယ် ။

ကွင်းလယ် – အန်ဂိုလို ကန်တေ

အန်ဂိုလို ကန်တေ ထက် ပိုကောင်းတဲ့ ဘောလုံး ဖျက်ထုတ် ရယူနိုင်စွမ်း ရှိတဲ့ ကစားသမား ရှားပါး ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ သမိုင်း တလျှောက် မှာ အကောင်းဆုံး ကစားသမား တဦး ကို စျေး အနည်းဆုံး နဲ့ စျေးအတန်ဆုံး ဝယ်ယူ ရရှိ နိုင်ခဲ့တယ် လို့ ဆိုရမှာပါ ။ လက်စတာ ကနေ ပေါင် ၃၂ သန်း နဲ့ ပြောင်းရွှေ့ လာခဲ့ပြီး မတူညီတဲ့ အသင်း ၂သင်း နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ၂နှစ် ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

ပြင်သစ် လက်ရွေးစင် အသင်း နဲ့လည်း ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ကန်တေ ဟာ အခု အချိန် မှာ ကမ႓ာ့ အကောင်းဆုံး ကွင်းလယ်လူ တဦး ဖြစ်တယ် လို့ အားလုံး က တညီတညွတ် တည်း လက်ခံ ထားကြပါတယ် ။

ကွင်းလယ် – ဖရန့် လမ်းပတ်

ကွင်းလယ် က ချယ်လ်ဆီး အသင်း ရဲ့ ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ဖရန့် လမ်းပတ် အတွက် အခု အချိန် ထိ ချယ်လ်ဆီး ပရိသတ် တွေရဲ့ ပါးစပ်ဖျား က ‘ Super Frankie Lampard ‘ ဆိုတဲ့ သံပြိုင် ရွတ်ဆိုမှု တွေကို ကြားနေရဆဲ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အခမ်းနားဆုံး ကစားသမား တဦး လည်း ဖြစ်ပါတယ် ။

၂၀၀၁ ခုနှစ် မှာ ဝက်စ်ဟမ်း ကနေ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာခဲ့တဲ့ လမ်းပတ် ဟာ အသက်း အတွက် စုစုပေါင်း သွင်းဂိုး ၂၁၁ ဂိုး သွင်းယူ ပေးထားကာ ချယ်လ်ဆီး အသင်းရဲ့ သမိုင်း တလျှောက် ဂိုးအများဆုံး သွင်းယူ ထားတဲ့ ကစားသမား အဖြစ် မှတ်တမ်း ဝင်ထားပါတယ် ။ အကောင်းဆုံး ကစားသမား တဦး ဖြစ်ခဲ့ဖူးတဲ့ အပြင် ပရိသတ် တွေရဲ့ အချစ်တော် တဦး လည်း ဖြစ်တာကြောင့် အခုလို အသင်း ရဲ့ မန်နေဂျာ ဖြစ်လာချိန် မှာလည်း လမ်းပတ် ဟာ ပရိသတ် တွေရဲ့ အပြည့်အဝ ထောက်ခံမှု ကို ရရှိ နေဆဲ ဖြစ်ပါတယ် ။

ကွင်းလယ် တိုက်စစ် – ဟွမ်မာတာ

ဟွမ်မာတာ ဟာ ချယ်လ်ဆီး အသင်း မှာ ၂နှစ်ခွဲ ကျော်ကျော် ကာလ သာ ကစားပေးခဲ့ ပေမယ့် ၄င်းရဲ့ အမြင့်မားဆုံး ခြေစွမ်း ကို ချယ်လ်ဆီး အသင်း မှာ ရရှိခဲ့တာ ဖြစ်တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ၂နှစ် ဆက်တိုက် ချယ်လ်ဆီး အသင်း ရဲ့ တနှစ်တာ အကောင်းဆုံး ဆု ကို ရရှိ ခဲ့ဖူးတဲ့ မာတာ ရဲ့ ဂိုးဖန်တီးမှုအား တွေဟာ ထို အချိန် က ချယ်လ်ဆီး ပရိသတ် တွေရဲ့ အမြင် အာရုံ ကို အပြည့်အဝ ဖမ်းစား နိုင်ခဲ့ပါတယ် ။

၂၀၁၂ ခုနှစ် မှာ ချန်ပီယံလိဂ် ဖိုင်နယ် မှာ ဒရော့ဘာ ရဲ့ ခေါင်းတိုက် သွင်းဂိုး အတွက် မာတာ ရဲ့ လှပ တဲ့ ဖြတ်တင်ဘော က အရမ်း အရေး ပါခဲ့ပါတယ် ။

တောင်ပံတိုက်စစ် – ဝီလီယံ

၂၀၁၃ ခုနှစ် မှာ ရုရှား ကလပ် အန်ဇီ ကနေ ချယ်လ်ဆီး သို့ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ လာတဲ့ ဝီလီယံ ဟာ လက်ရှိ ချယ်လ်ဆီး အသင်းသား တွေထဲမှာ အက်ဇ်ပီလီကွီတာ ပြီးရင် ချယ်လ်ဆီး အတွက် နှစ် အကြာဆုံး ကစား ပေးနေတဲ့ ဝါရင့် ကစားသမား ဖြစ်ပါတယ် ။ တနှစ် နဲ့ တနှစ် ခြေစွမ်း အတက်အကျ များစွာ ရှိထားပေမယ့် ဝီလီယံ ဟာ ချယ်လ်ဆီး အသင်း အတွက် မငြိုမငြင် ကြိုးစား ကစား ပေးနေသူ ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာတော့ နည်းပြသစ် လမ်းပတ် လက်အောက် မှာ အဓိက ကစားသမား တဦး ဖြစ်လာတဲ့ ဝီလီယံ ဟာ ၂၀၁၅ – ၁၆ ဘောလုံး ရာသီ က ချယ်လ်ဆီး အသင်း ကို အခြေအနေဆိုးတွေ ကနေ တကိုယ်တော် ဖရီးကစ် သွင်းဂိုး တွေ ၊ ခြေစွမ်းပြမှု တွေနဲ့ ကယ်ထုတ် ပေးနိုင်ခဲ့ပါတယ် ။

အထောင် တိုက်စစ် – ဒီဒီယာ ဒရော့ဘာ

စတမ်းဖို့ဒ် ဘရစ်ချ် ရဲ့ ဘုရင် တဦး လို့ တင်စား ရမယ့် ဒီဒီယာ ဒရော့ဘာ ဟာ ချယ်လ်ဆီး အသင်း ရဲ့ Big Match player တဦး ဖြစ်ပါတယ် ။ ရှုံးထွက် ဖလား ဗိုလ်လုပွဲ တွေမှာ ဒရော့ဘာ ရဲ့ သွင်းဂိုး တွေနဲ့ မကင်း ခဲ့တာ ကို မြင်တွေ့ ရမှာ ဖြစ်ပြီး ချယ်လ်ဆီး အသင်း ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား အတွက် သူ့ရဲ့ အဖိုးတန် ခေါင်းတိုက် ချေပဂိုး က အလွန်ပင် အရေးပါ ခဲ့သလို့ ၊ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် သွင်းဂိုး ကလည်း သမိုင်း ဝင်ခဲ့ပါတယ် ။

တောင်ပံ တိုက်စစ် – အီဒင် ဟာဇတ်

အလိမ်အခေါက် ကစားပုံ တွေ ၊ တဦးချင်း စကေးကောင်း တွေနဲ့ လှပတဲ့ ကစားဟန် တွေကြောင့် အီဒင် ဟာဇတ် ဟာ တချိန် က ချယ်လ်ဆီး ဂန္တဝင် ဂျီယန်ဖရန်ကို ဇိုလာ ရဲ့ ကစားပုံ ကို ပြန်ပြီး အမှတ်ရစေပါတယ် ။ ချယ်လ်ဆီး အတွက် ကစား ပေးခဲ့တဲ့ ၆နှစ် အတွင်း မှာ ကစားအား ကျသွားတာမျိုး မရှိခဲ့ပဲ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာတော့ ဟာဇတ် ဟာ ချယ်လ်ဆီး အတွက် အမြင့်မားဆုံး စွမ်းဆောင် ပေးခဲ့ပါတယ် ။

ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာမှ ရီးရဲလ် မက်ဒရစ် အသင်း သို့ ပြောင်းရွှေ့ သွားခဲ့တဲ့ ဟာဇတ် ဟာ ချယ်လ်ဆီး အတွက် စုစုပေါင်း သွင်းဂိုး ၁၁၀ အထိ သွင်းယူ ပေးခဲ့ကာ ပရိသတ် တွေရဲ့ အချစ်တော် ကစားသမား အဖြစ် ရပ်တည် ခဲ့သလို ၊ ဂန္တဝင် တဦး အနေနဲ့ ချယ်လ်ဆီး သမိုင်းမှာ ရှိနေတော့မှာ ဖြစ်ပါတယ် ။

SPORTS MYANMAR

Zawgyi

Goal ဝက္ဘ္ဆိုက္ က ေရြးခ်ယ္ ေပးခဲ့တဲ့ ျပီးခဲ့တဲ့ ဆယ္စုႏွစ္ တခု အတြင္း အေကာင္းဆံုး ခ်ယ္လ္ဆီး အသင္း

ျပီးခဲ့တဲ့ ၁၀ စုႏွစ္ အတြင္း ခ်ယ္လ္ဆီး အသင္းမွာ ကစား ခဲ့ဖူးတဲ့ ထိပ္တန္း ကစားသမားေကာင္း မ်ားစြာ ရွိခဲ့ဖူးပါတယ္ ။ အဲ့ဒီထဲမွာ အသင္း အတြက္ အထူး ေျခစြမ္း ျပႏိုင္ခဲ့တဲ့ ကစားသမား ေတြ ရွိသလို ၊ ေျခစြမ္း ေပ်ာက္ဆံုးခဲ့ရတဲ့ သူေတြလည္း ရွိခဲ့ပါတယ္ ။ နာမည္ၾကီး အားကစား ဝက္ဘ္ဆိုက္ တခု ျဖစ္တဲ့ Goal ရဲ႕ ျပီးခဲ့တဲ့ ၁၀စုႏွစ္ တခု အတြင္း အေကာင္းဆံုး ခ်ယ္လ္ဆီး အသင္း ကို အခုလုိပဲ ေရြးခ်ယ္ ထားပါတယ္ ။

ဂိုးသမား – ပီတာခ်က္

၂၀၁၂ မွာ ခ်ယ္လ္ဆီး အသင္း ဟာ သမိုင္းတေလွ်ာက္ ပထမဆံုး ခ်န္ပီယံလိဂ္ ခ်န္ပီယံဆု ကို ရရွိ ေစခဲ့ျခင္း အတြက္ အဓိက က်ခဲ့တ့ဲ ကစားသမား တဦး ဆိုရင္ ပီီတာခ်က္ ကို ျပသ ရမွာ ျဖစ္ပါတယ္ ။ ပြဲခ်ိန္ အတြင္း အာဂ်န္ ေရာ္ဘင္ ရဲ႕ ပင္နယ္တီ ကန္ခ်က္ ကိုလည္း ပီတာခ်က္ အမိအရ ကာကြယ္ ႏိုင္ခဲ့သလို ၊ ပင္နယ္တီ အဆံုးအျဖတ္ မွာလည္း ဘိုင္ယန္ျမဴးနစ္ ဖက္က ကန္ခ်က္ ၂ၾကိမ္ ကိုလည္း ကာကြယ္ ေပးႏိုင္ခဲ့ပါတယ္ ။

ပရီးမီးယားလိဂ္ ခ်န္ပီယံ ၄ၾကိမ္ ၊ အက္ဖ္ေအ ဖလား ခ်န္ပီယံ ၅ၾကိမ္ ၊ လိဂ္ဖလား ခ်န္ပီယံ ၃ၾကိမ္ ၊ ခ်န္ပီယံလိဂ္ ခ်န္ပီယံ တၾကိမ္ ၊ ယူရိုပါလိဂ္ ခ်န္ပီယံ တၾကိမ္ တို႕ကို ဆြတ္ခူး ခဲ့တဲ့ ပီတာခ်က္ ဟာ ၂၀၀၄ – ၂၀၀၅ ပရီးမီးယားလိဂ္ မွာ Clean Sheet ၂၄ ၾကိမ္ နဲ႕ တရာသီ အတြင္း Clean Sheet အမ်ားဆံုး ရရွိထားတဲ့ ဂိုးသမား အျဖစ္ စံခ်ိန္ တင္ထားဆဲ ျဖစ္ပါတယ္ ။

ညာေနာက္ခံလူ – အိုင္ဗန္ႏိုဗစ္

အိုင္ဗန္ႏိုဗစ္ ဟာ မထင္မွတ္ ထားတဲ့ အထဲက ထြန္းေတာက္ ခဲ့ဖူးတဲ့ ၾကယ္ပြင့္ ေနာက္ခံလူ တဦး ျဖစ္ခဲ့ပါတယ္ ။ ၄င္းဆီကေန ခ်ယ္လ္ဆီး အသင္း ဟာ မၾကာခဏ ဂိုးေတြ ရဖူးသလို ၊ ၄င္း သြင္းယူ ေပးခဲ့တဲ့ ဂိုးေတြဟာလည္း ခ်ယ္လ္ဆီး အတြက္ အေရးပါတဲ့ သြင္းဂိုး ေတြ ျဖစ္ခဲ့ပါတယ္ ။ ၂၀၁၂ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ နာပိုလီ ကို အိမ္ကြင္း မွာ comeback ႏိုင္ပြဲ ရခဲ့တဲ့ အခိုက္အတန္႕ မွာ ၄င္းရဲ႕ ပြဲသိမ္းဂိုး က အရမ္း အေရးပါ ခဲ့ပါတယ္ ။

ဒါ့အျပင္ အိုင္ဗန္ႏိုဗစ္ ဟာ ၂၀၁၃ ယူရိုပါလိဂ္ ဖိုင္နယ္ မွာလည္း ေနာက္ဆံုး မိနစ္ မွာ ေထာင့္ကန္ေဘာ ကေန တဆင့္ ခ်န္ပီယံ ျဖစ္ေစမယ့္ ဂိုးကို ေခါင္းတိုက္ သြင္းယူ ေပးခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အတြက္ ၉ႏွစ္ၾကာ ကစား ေပးခဲ့တဲ့ အိုင္ဗန္ႏိုဗစ္ ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ၃ၾကိမ္ ၊ အက္ဖ္ေအ ဖလား ခ်န္ပီယံ ၃ၾကိမ္ ၊ လိဂ္ဖလား တၾကိမ္ ၊ ယူရိုပါလိဂ္ တၾကိမ္ ၊ ခ်န္ပီယံလိဂ္ တၾကိမ္ တို႕ကို အသီးသီး ဆြတ္ခူး ခဲ့ပါတယ္ ။

ခံစစ္မွဴး – ဂြ်န္တယ္ရီ

စတမ္းဖို႕ဒ္ ဘရစ္ခ်္ ရဲ႕ မက္သယူး ဟာဒင္ ပြဲၾကည့္စင္ ဖက္ျခမ္းမွာ ” JT Captain , Leader , Legend ” ဆိုတဲ့ စာသား ကို ျမင္ေတြ႕ ရမွာ ျဖစ္ပါတယ္ ။ ဂြ်န္တယ္ရီ ဟာ တျခား ခ်ယ္လ္ဆီး ကစားသမား ေတြထက္ ပရိသတ္ ေတြရဲ႕ အျမတ္ႏိုးဆံုး ကစားသမား ျဖစ္ခဲ့သလို ၊ အကယ္ဒမီ ထြက္ ကစားသမား လည္း ျဖစ္ပါတယ္ ။

၂၀၀၅ ခုႏွစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ကို စတင္ ရယူ ခဲ့တဲ့ အခ်ိန္ ကတည္းက ခ်ယ္လ္ဆီး အသင္း ေခါင္းေဆာင္ ျဖစ္ခဲ့တဲ့ တယ္ရီ ဟာ အသင္း အတြက္ ဆုဖလား အမ်ားဆံုး ရယူ ႏိုင္ခဲ့တဲ့ ကစားသမား ဆိုရင္လည္း မမွားပါဘူး ။

ခံစစ္မွဴး – ဂယ္ရီ ကာေဟးလ္

ခ်ယ္လ္ဆီး ပရိသတ္ ေတြ ကာေဟးလ္ နဲ႕ ပတ္သက္ျပီး ေျပာၾကတဲ့ စကား တခြန္း ရွိပါတယ္ ။ ဂယ္ရီ ဟာ ခ်ယ္လ္ဆီး နဲ႕ အတူ ဆုဖလား အစံု ရခဲ့တယ္ ဆိုတဲ့ စကားပါ ။ ဟုတ္ပါတယ္ ။ ကာေဟးလ္ ဟာ ၂၀၁၂ ခုႏွစ္ ကမွ ေဘာ္လ္တန္ ကေန ခ်ယ္လ္ဆီး ကို ေပါင္ ၇သန္း နဲ႕ ေျပာင္းေရႊ႕ လာခဲ့တာ ျဖစ္ျပီး ေရာက္ေရာက္ခ်င္း ႏွစ္မွာပဲ ခ်န္ပီယံလိဂ္ ဖလား နဲ႕ အက္ဖ္ေအ ဖလား ကို စတင္ ဆြတ္ခူး ခဲ့ပါတယ္ ။

ေနာက္တရာသီ မွာ ယူရိုပါလိဂ္ ခ်န္ပီယံ ျဖစ္ခဲ့ကာ ဟိုေဆး ေမာ္ရင္ဟို ဒုတိယ အၾကိမ္ ေရာက္ရွိ လာတဲ့ အခါမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု ၊ လိဂ္ ဖလား ခ်န္ပီယံ ဆုေတြ ကို ရခဲ့ပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ နည္းစနစ္ပိုင္း အရ ေဒးဗစ္ လူးဝဇ္ က ပြဲထြက္ တေနရာ ကို အပိုင္ ရယူ ထားႏိုင္ခဲ့တာေၾကာင့္ စာခ်ဳပ္ ထပ္မခ်ဳပ္ေတာ့ပဲ အသင္း ကေန ထြက္ခြာလာခဲ့ရပါတယ္ ။

ဘယ္ေနာက္ခံလူ – အက္ရွ္ေလကိုးလ္

ပရိသတ္ အမ်ားစု ဟာ အက္ရွ္ေလကိုးလ္ ကို ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆံုး ဘယ္ေနာက္ခံလူ အျဖစ္ သတ္မွတ္ ထားၾကပါတယ္ ။ ဒါေၾကာင့္မို႕ ၁၀စုႏွစ္ အတြင္း အေကာင္းဆံုး ခ်ယ္လ္ဆီး အသင္း မွာ ပါဝင္သင့္တာ မဆန္းၾကယ္ပါဘူး ။ လန္ဒန္ ျမိဳ႕ခံ ျပိဳင္ဖက္ အာဆင္နယ္ အသင္း ကေန ေျပာင္းေရႊ႕ လာခဲ့တယ္ ဆိုေပမယ့္ ဖိအား ေတြေအာက္မွာ လ်င္လ်င္ျမန္ျမန္ အထိုင္က် ခဲ့ျပီး ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား ျဖစ္လာခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အတြက္ ပြဲေပါင္း ၃၃၈ ပြဲ ကစားေပး ခဲ့တဲ့ အက္ရွ္ေလကိုးလ္ ဟာ အသင္းနဲ႕ အတူ အဓိက ေမဂ်ာ ဆုဖလားေပါင္း ၈ဆု ရခဲ့ဖူးပါတယ္ ။

ကြင္းလယ္ – အန္ဂိုလို ကန္ေတ

အန္ဂိုလို ကန္ေတ ထက္ ပိုေကာင္းတဲ့ ေဘာလံုး ဖ်က္ထုတ္ ရယူႏိုင္စြမ္း ရွိတဲ့ ကစားသမား ရွားပါး ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ သမိုင္း တေလွ်ာက္ မွာ အေကာင္းဆံုး ကစားသမား တဦး ကို ေစ်း အနည္းဆံုး နဲ႔ ေစ်းအတန္ဆံုး ဝယ္ယူ ရရွိ ႏိုင္ခဲ့တယ္ လို႕ ဆိုရမွာပါ ။ လက္စတာ ကေန ေပါင္ ၃၂ သန္း နဲ႕ ေျပာင္းေရႊ႕ လာခဲ့ျပီး မတူညီတဲ့ အသင္း ၂သင္း နဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆု ကို ၂ႏွစ္ ဆက္တိုက္ ဆြတ္ခူး ႏိုင္ခဲ့ပါတယ္ ။

ျပင္သစ္ လက္ေရြးစင္ အသင္း နဲ႕လည္း ကမၻာ့ ဖလား ခ်န္ပီယံ ျဖစ္ထားခဲ့တဲ့ ကန္ေတ ဟာ အခု အခ်ိန္ မွာ ကမ႓ာ့ အေကာင္းဆုံး ကြင္းလယ္လူ တဦး ျဖစ္တယ္ လို႕ အားလံုး က တညီတညြတ္ တည္း လက္ခံ ထားၾကပါတယ္ ။

ကြင္းလယ္ – ဖရန္႕ လမ္းပတ္

ကြင္းလယ္ က ခ်ယ္လ္ဆီး အသင္း ရဲ႕ ဂိုးသြင္းစက္ ျဖစ္ခဲ့တဲ့ ဖရန္႕ လမ္းပတ္ အတြက္ အခု အခ်ိန္ ထိ ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ ပါးစပ္ဖ်ား က ‘ Super Frankie Lampard ‘ ဆိုတဲ့ သံျပိဳင္ ရြတ္ဆိုမႈ ေတြကို ၾကားေနရဆဲ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ အခမ္းနားဆံုး ကစားသမား တဦး လည္း ျဖစ္ပါတယ္ ။

၂၀၀၁ ခုႏွစ္ မွာ ဝက္စ္ဟမ္း ကေန ခ်ယ္လ္ဆီး သို႕ ေျပာင္းေရႊ႕ လာခဲ့တဲ့ လမ္းပတ္ ဟာ အသက္း အတြက္ စုစုေပါင္း သြင္းဂိုး ၂၁၁ ဂိုး သြင္းယူ ေပးထားကာ ခ်ယ္လ္ဆီး အသင္းရဲ႕ သမိုင္း တေလွ်ာက္ ဂိုးအမ်ားဆံုး သြင္းယူ ထားတဲ့ ကစားသမား အျဖစ္ မွတ္တမ္း ဝင္ထားပါတယ္ ။ အေကာင္းဆံုး ကစားသမား တဦး ျဖစ္ခဲ့ဖူးတဲ့ အျပင္ ပရိသတ္ ေတြရဲ႕ အခ်စ္ေတာ္ တဦး လည္း ျဖစ္တာေၾကာင့္ အခုလို အသင္း ရဲ႕ မန္ေနဂ်ာ ျဖစ္လာခ်ိန္ မွာလည္း လမ္းပတ္ ဟာ ပရိသတ္ ေတြရဲ႕ အျပည့္အဝ ေထာက္ခံမႈ ကို ရရွိ ေနဆဲ ျဖစ္ပါတယ္ ။

ကြင္းလယ္ တိုက္စစ္ – ဟြမ္မာတာ

ဟြမ္မာတာ ဟာ ခ်ယ္လ္ဆီး အသင္း မွာ ၂ႏွစ္ခြဲ ေက်ာ္ေက်ာ္ ကာလ သာ ကစားေပးခဲ့ ေပမယ့္ ၄င္းရဲ႕ အျမင့္မားဆံုး ေျခစြမ္း ကို ခ်ယ္လ္ဆီး အသင္း မွာ ရရွိခဲ့တာ ျဖစ္တယ္ လို႕ ဆုိရမွာ ျဖစ္ပါတယ္ ။ ၂ႏွစ္ ဆက္တိုက္ ခ်ယ္လ္ဆီး အသင္း ရဲ႕ တႏွစ္တာ အေကာင္းဆံုး ဆု ကို ရရွိ ခဲ့ဖူးတဲ့ မာတာ ရဲ႕ ဂိုးဖန္တီးမႈအား ေတြဟာ ထို အခ်ိန္ က ခ်ယ္လ္ဆီး ပရိသတ္ ေတြရဲ႕ အျမင္ အာရုံ ကို အျပည့္အဝ ဖမ္းစား ႏိုင္ခဲ့ပါတယ္ ။

၂၀၁၂ ခုႏွစ္ မွာ ခ်န္ပီယံလိဂ္ ဖိုင္နယ္ မွာ ဒေရာ့ဘာ ရဲ႕ ေခါင္းတိုက္ သြင္းဂိုး အတြက္ မာတာ ရဲ႕ လွပ တဲ့ ျဖတ္တင္ေဘာ က အရမ္း အေရး ပါခဲ့ပါတယ္ ။

ေတာင္ပံတိုက္စစ္ – ဝီလီယံ

၂၀၁၃ ခုႏွစ္ မွာ ရုရွား ကလပ္ အန္ဇီ ကေန ခ်ယ္လ္ဆီး သို႕ ေပါင္သန္း ၃၀ နဲ႕ ေျပာင္းေရႊ႕ လာတဲ့ ဝီလီယံ ဟာ လက္ရွိ ခ်ယ္လ္ဆီး အသင္းသား ေတြထဲမွာ အက္ဇ္ပီလီကြီတာ ျပီးရင္ ခ်ယ္လ္ဆီး အတြက္ ႏွစ္ အၾကာဆံုး ကစား ေပးေနတဲ့ ဝါရင့္ ကစားသမား ျဖစ္ပါတယ္ ။ တႏွစ္ နဲ႕ တႏွစ္ ေျခစြမ္း အတက္အက် မ်ားစြာ ရွိထားေပမယ့္ ဝီလီယံ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ မျငိဳမျငင္ ၾကိဳးစား ကစား ေပးေနသူ ျဖစ္ပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ နည္းျပသစ္ လမ္းပတ္ လက္ေအာက္ မွာ အဓိက ကစားသမား တဦး ျဖစ္လာတဲ့ ဝီလီယံ ဟာ ၂၀၁၅ – ၁၆ ေဘာလံုး ရာသီ က ခ်ယ္လ္ဆီး အသင္း ကို အေျခအေနဆုိးေတြ ကေန တကိုယ္ေတာ္ ဖရီးကစ္ သြင္းဂိုး ေတြ ၊ ေျခစြမ္းျပမႈ ေတြနဲ႕ ကယ္ထုတ္ ေပးႏိုင္ခဲ့ပါတယ္ ။

အေထာင္ တိုက္စစ္ – ဒီဒီယာ ဒေရာ့ဘာ

စတမ္းဖို႕ဒ္ ဘရစ္ခ်္ ရဲ႕ ဘုရင္ တဦး လို႕ တင္စား ရမယ့္ ဒီဒီယာ ဒေရာ့ဘာ ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ Big Match player တဦး ျဖစ္ပါတယ္ ။ ရႈံးထြက္ ဖလား ဗိုလ္လုပြဲ ေတြမွာ ဒေရာ့ဘာ ရဲ႕ သြင္းဂိုး ေတြနဲ႕ မကင္း ခဲ့တာ ကို ျမင္ေတြ႕ ရမွာ ျဖစ္ျပီး ခ်ယ္လ္ဆီး အသင္း ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ဖလား အတြက္ သူ႕ရဲ႕ အဖိုးတန္ ေခါင္းတိုက္ ေခ်ပဂိုး က အလြန္ပင္ အေရးပါ ခဲ့သလို႕ ၊ ေနာက္ဆံုး ပင္နယ္တီ အဆံုးအျဖတ္ သြင္းဂိုး ကလည္း သမိုင္း ဝင္ခဲ့ပါတယ္ ။

ေတာင္ပံ တိုက္စစ္ – အီဒင္ ဟာဇတ္

အလိမ္အေခါက္ ကစားပံု ေတြ ၊ တဦးခ်င္း စေကးေကာင္း ေတြနဲ႕ လွပတဲ့ ကစားဟန္ ေတြေၾကာင့္ အီဒင္ ဟာဇတ္ ဟာ တခ်ိန္ က ခ်ယ္လ္ဆီး ဂႏၲဝင္ ဂ်ီယန္ဖရန္ကို ဇိုလာ ရဲ႕ ကစားပံု ကို ျပန္ျပီး အမွတ္ရေစပါတယ္ ။ ခ်ယ္လ္ဆီး အတြက္ ကစား ေပးခဲ့တဲ့ ၆ႏွစ္ အတြင္း မွာ ကစားအား က်သြားတာမ်ိဳး မရွိခဲ့ပဲ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာေတာ့ ဟာဇတ္ ဟာ ခ်ယ္လ္ဆီး အတြက္ အျမင့္မားဆံုး စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။

ယခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ မွာမွ ရီးရဲလ္ မက္ဒရစ္ အသင္း သို႕ ေျပာင္းေရႊ႕ သြားခဲ့တဲ့ ဟာဇတ္ ဟာ ခ်ယ္လ္ဆီး အတြက္ စုစုေပါင္း သြင္းဂိုး ၁၁၀ အထိ သြင္းယူ ေပးခဲ့ကာ ပရိသတ္ ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား အျဖစ္ ရပ္တည္ ခဲ့သလို ၊ ဂႏၲဝင္ တဦး အေနနဲ႕ ခ်ယ္လ္ဆီး သမိုင္းမွာ ရွိေနေတာ့မွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR