ယာဂန်ကလော့က မန်ယူနိုက်တက် အသင်း အနေနဲ့ တနင်္ဂနွေနေ့မှာ လျှင်မြန်တဲ့ တိုက်စစ်မှုး ၃ ဦးကို ထုတ်သုံး သွားနိုင်တယ်လို့ မျှော်လင့် ထားပြီး မပါ၀င်နိုင်ဘူးလို့ သတင်းတွေ ထွက်နေတဲ့ ပေါလ်ပေါ့ဘာ နဲ့ ဒီဂီယာ တို့လည်း ပါ၀င် ကစား သွားနိုင်တယ်လို့ ယူဆ ထားပါတယ်။ ဗုဒ္ဓဟူးနေ့က ထွက်ပေါ် နေတဲ့ သတင်းများ အရ ကတော့ ပေါ့ဘာ နဲ့ ဒီဂီယာ တို့ဟာ ဒီပွဲကို လွဲချော် သွားမယ်လို့ ဆိုထားကြပေမယ့် ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား ကတော့ အဆိုပါ ကစားသမား နှစ်ဦး နဲ့ ပက်သက်ပြီး မတင်မကျ ပြောထား ခဲ့ပါတယ်။
ကလော့ ကတော့ ဒီကစားသမားတွေ အားလုံး ပါ၀င် ကစား သွားနိုင်မယ်လို့ ယူဆ ထားခဲ့ပါတယ်။
ယနေ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ကလော့က “မနေ့ည ဒီဂီယာ နဲ့ ပေါ့ဘာ တို့ အခွင့်အရေး မရှိဘူးလို့ သတင်းထွက် ခဲ့ပါတယ်။ ဒီနေ့ ကတော့ ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာ ပါတယ်။ မနက်ဖြန် မှာတော့ အခွင့်အရေး ရှိလာ မှာပါ။ ကိုယ့်အကြောင်းကို ပြိုင်ဘက် မန်နေဂျာ သိတာ နည်းလေလေ ကိုယ့်အတွက် ပိုကောင်းလေလေ ပါပဲ။
အင်္ဂလန် မှာ ရှိနေတဲ့ လေးနှစ်တာ ကာလ အတွင်း ကစားသမား တစ်ဦး ကြံ့ခိုင်မှု ပြည့်သလား မပြည့်ဘူးလား ဆိုတာ မသိတာဟာ ကျွန်တော့် အတွက် ထူးဆန်း နေဆဲပါ။ ဂျာမနီ မှာတော့ ကျွန်တော်တို့ဟာ မီဒီယာ တွေကို တစ်ပတ်မှာ လေး ငါးကြိမ် လေ့ကျင့်ရေး အစီအစဉ် ကို ကြည့်ဖို့ ခွင့်ပြု ထားပါတယ်။” လို့ ဆိုသွား ပါတယ်။
ဆက်လက်ပြီး ယာဂန်ကလော့ က “ဒန်ရီရယ်ဂျိမ်းစ် ဟာ တစ်ကယ် ကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် ကတော့ သူတို့ရဲ့ အတော် မြန်တဲ့ တိုက်စစ် ကစားသမား အားလုံး ပါ၀င်မယ်လို့ မျှော်လင့် ထားပါတယ်။ ကျွန်တော် မာရှယ် ပြန်လာမယ်လို့ ထင်ပါတယ်။ ပြီးတော့ ရပ်ဖို့ဒ် နဲ့ ဂျိမ်း တို့လည်း ပါနေမှာပါ။ သူတို့ အားလုံးဟာ အရမ်းကို လျှင်မြန်တဲ့ သူတွေ ဖြစ်ပြီး သူတို့ အားလုံးမှာ အရည်အသွေးတွေလည်း ရှိနေပါတယ်။
အကယ်၍ မာရှယ် မကစား နိုင်ဘူး ဆိုရင်တောင် ရပ်ဖို့ဒ် နဲ့ ဂျိမ်း တို့ ပါနေရင် ဒီလိုပုံစံ အတိုင်းပဲ ဆိုတာ ခင်ဗျားတို့ ကောင်းကောင်း သိကြ မှာပါ။ သူတို့ဟာ တည်ပြီး ကစားကွက် တည်ဆောက် သွားပါလိမ့်မယ်။ ဒီအကြောင်း ပြောဖို့က ကျွန်တော့်ရဲ့ အလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအကြောင်း ပြောပြဖို့ အိုလီ အတွက်လည်း မလွယ်ကူ ပါဘူး။ သူတို့မှာ ဒဏ်ရာ ပြသနာတွေ အများကြီး ရှိနေပါတယ်။ သူတို့ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒဏ်ရာတွေ အတူ ရခဲ့ကြတာ ဖြစ်ပြီး ဒီလူတွေဟာ သူတို့ အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။
ပွဲထွက် လူစာရင်းမှာ ပါ၀င်တဲ့ ကိုယ့်ရဲ့ လူ ၅ ယောက် ၆ ယောက်လောက် မပါ၀င်တဲ့ အခါ ဘယ်သူမှ အရင် ပုံစံအတိုုင်း ကစား နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ လုံးဝကို မဖြစ် နိုင်ပါဘူး။ ကိုယ်လိုချင်တဲ့ ပုံစံ ကစား နိုင်မှာ မဟုတ်ပါဘူး။ အကယ်၍ ခြားနားတဲ့ စိတ်ခံစားမှု ရှိိနေမယ် ဆိုရင် ရလဒ်ကောင်းတွေ ရနိုင်ပေမယ့် ကစားပုံ ကတော့ တူညီ နေမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ကို ခက်ခဲ စေခဲ့တာပါ။ ဒါဟာ ပြောင်းလဲ သွားပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ အခြား အသင်းတွေ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ နေခဲ့မယ် ဆိုရင်လည်း ဒီအခြေအနေကို ရင်ဆိုင် ဖြေရှင်း သွားရမှာပါ။ ဒါဟာ ဘောလုံး ရာသီတစ်ခုရဲ ပုံစံ ပါပဲ။
ဒီလို ကာလတွေကို ဖြတ်ကျော် သွားဖို့ လိုပါတယ်။ သူတို့ ဖြတ်ကျော် လာခဲ့ပါပြီ။ ကျွန်တော် ဒါကို စောင့်ကြည့်နေတာတော့ မရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ကောင်းမွန်တဲ့ ပုံစံနဲ့ ပြင်ဆင် ထားနိုင်တဲ့ ပုံ ရှိပါတယ်။ သူတို့ဟာ အနေနဲ့ လေ့ကျင့်ရေး ကွင်းမှာ ဒီပွဲကို အာရုံစိုက် ပြင်ဆင် ထားကြပါတယ်။ ပြီးတော့ ဒါဟာ ကျွန်တော်တို့ ရင်ဆိုင် သွားရမယ့် အရာပါ။ လူတွေ အကဲဖြတ်နေကြတဲ့ ရာသီအစပိုင်း ရလဒ်တွေကို မဟုတ်ပါဘူး။
သူတို့ဟာ ကောင်းမွန်တဲ့ လက္ခဏာတွေ ရှိနေခဲ့ပြီး ကောင်းမွန်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ သူတို့ နောက်ဆုံး မိနစ်မှာ ရှံုးတာတို့ ပင်နယ်တီ လွဲချော် တာတို့ ရှိခဲ့ပါတယ်။ ဒါဟာ ကံမကောင်းတာပါ။
ပွဲအတွင်းမှာ အရှိန်အဟုန် ဆိုတာ လိုအပ်ပါတယ်။ ရာသီတစ်ခုမှာလည်း ဒီလို ပါပဲ။ သူတို့ ဒါကို မရသေးတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ ဘယ်တော့မှ ပြန်မရဘူး ဆိုတာ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။ အကောင်းဆုံး ယူနိုက်တက်နဲ့ ကျွန်တော်တို့ ရင်ဆိုင် ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း မီဒီယာတွေ ပြောနေကြတဲ့ ယူနိုက်တက်ကို မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။
SM
Zawgyi
အိုးထရပ်ဖို့ဒ်မှာ ဆိုးရှား ထုတ်သုံးသွားနိုင်တဲ့ Line-up ကို ခန့်မှန်းလိုက်တဲ့ ယာဂန်ကလော့
SM