အခုေႏြရာသီ ေစ်းကြက္ အတြင္း မွာ အသင္းေျပာင္း ဖြယ္ရွိေနတဲ႔ ကြင္းလယ္လူျကယ္ပြင့္အဲရစ္ဆင္ ရဲ႕ ေနရာမွာ အစားထိုးႏိုင္ဖို႔ ရီးရဲလ္ ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကို စပါးအသင္းက မ်က္စိက်ေနတယ္ဆိုတဲ႔ သတင္းေတြထြက္လာပါတယ္။၂၀၂၀ ေႏြရာသီ အသီအထိ သာစပါး အသင္းနဲ႔ စာခ်ဳပ္သက္တမ္းရွိထားတဲ႔ အဲရစ္ဆင္ ဟာ အခုခ်ိန္အထိ စာခ်ဳပ္ သက္တမ္းတိုးထားျခင္း မရွိေသးတာျဖစ္ျပီး ဒီဒိန္းမတ္သားကို ေခၚယူဖို႔ ရီးရဲလ္ အပါအဝင္ ဥေရာပ ထိပ္တန္း အသင္းအမ်ားစုက စိတ္ဝင္စားေနျကတာလည္းျဖစ္ပါတယ္။

စပိန္ နာမည္ေက်ာ္ သတင္းစာ တေစာင္ျဖစ္ တဲ႔ AS ရဲ႕ ေဖာ္ျပခ်က္ အရ စပါးနည္းျပ ျကီးပိုခ်က္တီႏိုဟာ ရီးရဲလ္ ကြင္းလယ္လူ ဆီဘယ္ေလာ့စ္ကို မ်က္မွန္း တန္းမိေနျပီးအဲရစ္ဆင္ရဲ႕ ေနရာမွာ အစားထိုးဖို႔သင့္ေတာ္မယ့္ သူအျဖစ္ ယူဆထားတယ္လို႕ သိရပါတယ္။

အသက္ ၂၂ အရြယ္ စပိန္ ကစားသမား ေလး ဆီဘယ္ေလာ့စ္ ဟာ ရီးရဲလ္ အသင္းမွာ ပံုမွန္ ကစားခြင့္ရဖို႔ ရုန္းကန္ ေနခဲ႔ရသူျဖစ္ျပီး ဘာေနဗ်ဴးမွာ ရွိေနရတာကို မေပ်ာ္ပိုက္ ေတာ့တာျဖစ္လို႕ အသင္း အခုအေျပာင္း အေရႊ႕ဟာ အမွတ္တကယ္ ျဖစ္လာႏိုင္ေျခ ရွိေနတာျဖစ္ပါတယ္။

ဆီဘယ္ေလာ့စ္ဟာ ၂၀၁၇ ခုႏွစ္မွာရီးရဲလ္ဘက္တစ္ အသင္းကေန ရီးရဲလ္ မက္ဒရစ္ အသင္းကိုေျပာင္းေရႊ႕လာခဲ႔တာျဖစ္ျပီး ပြဲထြက္ ခြင့္တေနရာ နဲ႔ ပံုမွန္ကစားခြင့္ ရရွိဖို႔ ရုန္းကန္ေနခဲ႔ရတာျဖစ္လို႔ အသင္းနဲ႕ အနာဂတ္စဥ္းစားခ်င့္ခ်ိန္မွဳေတြ ျပဳလုပ္ဖို႔ ဦးတည္ေစခဲ႔တာျဖစ္ပါတယ္။

သူဟာ ဒီရာသီ ရီးရဲလ္ အသင္းအတြက္ သြင္းဂိုး ၂ဂိုး နဲ႔ ဖန္တီးမွဳ၃ျကိမ္စြမ္းေဆာင္ေပးႏိုင္ခဲ႔ေပမယ့္ သူပါဝင္ကစားခြင့္ရခဲ႔တဲ႔ ပြဲအမ်ားစုဟာ အရံကစားသမားအျဖစ္သူပါဝင္ခဲ႕ရတာျဖစ္ပါတယ္။ဒါ့အျပင္ တေက်ာ့ျပန္ နည္းျပျကီး ဇီဒန္းရဲ႕ လက္ထက္မွာလည္း ပြဲေတြကို ျပတ္ေတာင္းျပတ္ေတာင္းသာ ပါဝင္ေနခဲ႔ရတာျဖစ္ပါတယ္။

အကယ္၍ အဲရစ္ဆင္သာ ရီးရဲလ္ အသင္းရဲ႕ ကမ္းလွမ္း မွဳကိုလက္ခံခဲ႔ပါက အေျပာင္း အေရႊ႕ ကိစၥ ညွိႏွိဳင္း ရာမွာ စပါး အသင္း ဥကၠဌ ျကီးလီဗိုင္းက ဆီဘယ္ေလာ့စ္ကို ျပန္ထည့္ေပးဖို႕ ေတာင္းဆိုသြားဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

အသက္ အရြယ္ အားျဖင့္ ငယ္ရြယ္ေသးသလို ရီးရဲလ္လို ဥေရာပ ထိပ္တန္း အသင္းတသင္းမွာ ကစားခဲ႔ဖူးတဲ႔ ဆီဘယ္ေလာ့စ္ကို ဂ်ဴဗီ ၊အာဆင္နယ္ တို႕ကလည္း စိတ္ဝင္စားေနတာျဖစ္ေပမယ့္ စပါး အသင္းကသာ သူ႔ရဲ႕ အသင္းသစ္ ျဖစ္လာဖို႔ မ်ားေနတာျဖစ္ပါတယ္။

ဆက္စပ္ သတင္းေတြအရ ရီးရဲလ္ အသင္းရဲ႕ မဟာ ျပိဳင္ ဘက္ ျကီးဘာစီလိုနာ အသင္းဟာ ဆြာရက္ဇ္ ရဲ႕ ေနရာအတြက္ အစားထိုးႏိုင္ဖို႔လီဗာပူး လူငယ္တိုက္စစ္မွဴး အိုရီဂီနဲ႔ စပါး တိုက္စစ္မွဴး ေလာ္ရန္ေတးတို႔ကို ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။

ကစားသမား အခ်ိဳ႔နဲ႔ ပတ္သက္တဲ႔ အေျပာင္း အေရႊ႕ သတင္းေတြ ထြက္ ေနေပမယ့္ စပါး နည္းျပ ျကီးပိုခ်က္တီႏိုကေတာ့ လီဗာပူး အသင္းနဲ႔ ရင္ဆိုင္သြားရမယ့္ ခ်န္ပီယံလိဂ္ ဖိုင္နယ္ အတြက္ ပဲ အာရံုစုိက္ေနတယ္လို႕ ဆိုပါတယ္။

မက္ဒရစ္ေျမမွာ ကစားရမယ့္ အဆိုပါပြဲစဥ္ မွာ ပါဝင္ကစားမယ့္ စပါး အသင္းရဲ႕ အဓိက ကစားသမား အဲရစ္ဆင္ရဲ႕ ေျခစြမ္းကို ရီးရဲလ္ အသင္းက စိတ္ျကိုက္ ေစာင့္ျကည့္သံုးသပ္ႏိုင္တဲ႔ အခြင့္အေရးလည္း ရွိေနတာျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ ယမန္ႏွစ္ျပိဳင္ပြဲရဲ႕ ဖိုင္နယ္အဆင့္ကို လည္းတက္ေရာက္ႏိုင္ခဲ႔ေပမယ့္ ရီးရဲလ္ကို ၃-၁ ဂိုးနဲ႔ အေရးနိမ့္ထားခဲ႔တာျဖစ္ပါတယ္။စပါး အသင္းအတြက္ကေတာ့ သူတို႕ အသင္းရဲ႕ သမိုင္းမွာ ပထမဆံုးအျဖစ္ ခ်န္ပီယံဖိုင္နယ္ကို တက္ေရာက္ခြင့္ရထားတာျဖစ္ပါတယ္။

Unicode

အဲရစ်ဆင်ရဲ့နေရာအတွက်ဆီဘယ်လော့စ်နဲ့အစားဖိုးဖို့မျက်စိကျနေတဲ့ #စပါးအသင်း
===============================

အခုနွေရာသီ စျေးကွက် အတွင်း မှာ အသင်းပြောင်း ဖွယ်ရှိနေတဲ့ ကွင်းလယ်လူကြယ်ပွင့်အဲရစ်ဆင် ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ရီးရဲလ် ကွင်းလယ်လူ ဆီဘယ်လော့စ်ကို စပါးအသင်းက မျက်စိကျနေတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။၂၀၂၀ နွေရာသီ အသီအထိ သာစပါး အသင်းနဲ့ စာချုပ်သက်တမ်းရှိထားတဲ့ အဲရစ်ဆင် ဟာ အခုချိန်အထိ စာချုပ် သက်တမ်းတိုးထားခြင်း မရှိသေးတာဖြစ်ပြီး ဒီဒိန်းမတ်သားကို ခေါ်ယူဖို့ ရီးရဲလ် အပါအဝင် ဥရောပ ထိပ်တန်း အသင်းအများစုက စိတ်ဝင်စားနေကြတာလည်းဖြစ်ပါတယ်။

စပိန် နာမည်ကျော် သတင်းစာ တစောင်ဖြစ် တဲ့ AS ရဲ့ ဖော်ပြချက် အရ စပါးနည်းပြ ကြီးပိုချက်တီနိုဟာ ရီးရဲလ် ကွင်းလယ်လူ ဆီဘယ်လော့စ်ကို မျက်မှန်း တန်းမိနေပြီးအဲရစ်ဆင်ရဲ့ နေရာမှာ အစားထိုးဖို့သင့်တော်မယ့် သူအဖြစ် ယူဆထားတယ်လို့ သိရပါတယ်။

အသက် ၂၂ အရွယ် စပိန် ကစားသမား လေး ဆီဘယ်လော့စ် ဟာ ရီးရဲလ် အသင်းမှာ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန် နေခဲ့ရသူဖြစ်ပြီး ဘာနေဗျူးမှာ ရှိနေရတာကို မပျော်ပိုက် တော့တာဖြစ်လို့ အသင်း အခုအပြောင်း အရွှေ့ဟာ အမှတ်တကယ် ဖြစ်လာနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။

ဆီဘယ်လော့စ်ဟာ ၂၀၁၇ ခုနှစ်မှာရီးရဲလ်ဘက်တစ် အသင်းကနေ ရီးရဲလ် မက်ဒရစ် အသင်းကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပွဲထွက် ခွင့်တနေရာ နဲ့ ပုံမှန်ကစားခွင့် ရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်လို့ အသင်းနဲ့ အနာဂတ်စဉ်းစားချင့်ချိန်မှုတွေ ပြုလုပ်ဖို့ ဦးတည်စေခဲ့တာဖြစ်ပါတယ်။

သူဟာ ဒီရာသီ ရီးရဲလ် အသင်းအတွက် သွင်းဂိုး ၂ဂိုး နဲ့ ဖန်တီးမှု၃ကြိမ်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် သူပါဝင်ကစားခွင့်ရခဲ့တဲ့ ပွဲအများစုဟာ အရံကစားသမားအဖြစ်သူပါဝင်ခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် တကျော့ပြန် နည်းပြကြီး ဇီဒန်းရဲ့ လက်ထက်မှာလည်း ပွဲတွေကို ပြတ်တောင်းပြတ်တောင်းသာ ပါဝင်နေခဲ့ရတာဖြစ်ပါတယ်။

အကယ်၍ အဲရစ်ဆင်သာ ရီးရဲလ် အသင်းရဲ့ ကမ်းလှမ်း မှုကိုလက်ခံခဲ့ပါက အပြောင်း အရွှေ့ ကိစ္စ ညှိနှိုင်း ရာမှာ စပါး အသင်း ဥက္ကဌ ကြီးလီဗိုင်းက ဆီဘယ်လော့စ်ကို ပြန်ထည့်ပေးဖို့ တောင်းဆိုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

အသက် အရွယ် အားဖြင့် ငယ်ရွယ်သေးသလို ရီးရဲလ်လို ဥရောပ ထိပ်တန်း အသင်းတသင်းမှာ ကစားခဲ့ဖူးတဲ့ ဆီဘယ်လော့စ်ကို ဂျူဗီ ၊အာဆင်နယ် တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပေမယ့် စပါး အသင်းကသာ သူ့ရဲ့ အသင်းသစ် ဖြစ်လာဖို့ များနေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေအရ ရီးရဲလ် အသင်းရဲ့ မဟာ ပြိုင် ဘက် ကြီးဘာစီလိုနာ အသင်းဟာ ဆွာရက်ဇ် ရဲ့ နေရာအတွက် အစားထိုးနိုင်ဖို့လီဗာပူး လူငယ်တိုက်စစ်မှူး အိုရီဂီနဲ့ စပါး တိုက်စစ်မှူး လော်ရန်တေးတို့ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ကစားသမား အချို့နဲ့ ပတ်သက်တဲ့ အပြောင်း အရွှေ့ သတင်းတွေ ထွက် နေပေမယ့် စပါး နည်းပြ ကြီးပိုချက်တီနိုကတော့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် အတွက် ပဲ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

မက်ဒရစ်မြေမှာ ကစားရမယ့် အဆိုပါပွဲစဉ် မှာ ပါဝင်ကစားမယ့် စပါး အသင်းရဲ့ အဓိက ကစားသမား အဲရစ်ဆင်ရဲ့ ခြေစွမ်းကို ရီးရဲလ် အသင်းက စိတ်ကြိုက် စောင့်ကြည့်သုံးသပ်နိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ယမန်နှစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို လည်းတက်ရောက်နိုင်ခဲ့ပေမယ့် ရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။စပါး အသင်းအတွက်ကတော့ သူတို့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံးအဖြစ် ချန်ပီယံဖိုင်နယ်ကို တက်ရောက်ခွင့်ရထားတာဖြစ်ပါတယ်။