ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည ၈နာရီခွဲ အချိန် မှာ အမှတ်ပေး ဇယား အဆင့် ၁၆ နေရာ က နယူးကာဆယ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ အပြီးမှာ ပထမဆုံး ပြန်ကစား ရမယ့် ပွဲစဉ် ဖြစ်တာမို့ ကြံ့ခိုင်မှု မပြည့်သေးတဲ့ ကစားသမား တွေ ၊ ဒဏ်ရာ ရ ကစားသမား တချို့ လည်း ရှိနေခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ အဓိက ကွင်းလယ် အင်ဂျင် ဖြစ်တဲ့ အန်ဂိုလို ကန်တေ ဟာ အိုက်စလန် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် မစတင်မီ သွေးပူ လေ့ကျင့်ခန်း လုပ်ဆောင်ရင်း ပေါင်ကြွက်သား ဒဏ်ရာ အသေးစား ရရှိ ခဲ့တာကြောင့် ပြင်သစ် အသင်း အတွက် ခြေစစ် ပွဲစဉ် ၂ပွဲလုံး ကို လွဲချော် ခဲ့ရပါတယ် ။

ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ အန်ဒရီယာစ် ခရစ်တန်ဆန် ကလည်း ဆွစ်ဇာလန် နဲ့ ယူရို ခြေစစ် ပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့သလို ၊ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာလည်း ဝေးလ်စ် အသင်း နဲ့ ယူရို ခြေစစ်ပွဲ အတွင်းမှာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ် ။

ဒါ့အပြင် နဂို ကတည်းက ကာလရှည် ဒဏ်ရာ ကြောင့် အသီးသီး အနားယူ ထားကြတဲ့ နောက်ခံလူ အီမာဆင် နဲ့ ရူဒီဂါ တို့ဟာလည်း ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာကာ လေ့ကျင့်မှု တွေ စတင် နေပေမယ့် မနက်ဖြန် ည ပွဲမှာ ပြန်ပါ နိုင်ဖို့ မသေချာ သေးတဲ့ အနေအထား တွေမှာ ရှိနေပါတယ် ။

rudiger

ယနေ့ ညနေ မှာ ပြုလုပ် ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ထို ကစားသမား ၅ ယောက် ရဲ့ ဒဏ်ရာ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ” အန်ဂိုလို ဟာ ကြံ့ခိုင်မှု ပြန် မပြည့်သေးပါဘူး ။ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ သွေးပူ လေ့ကျင့်ခန်း ဆင်းရင်း ပေါင်ခြံ မှာ ဒဏ်ရာ ပြဿနာ အနည်းငယ် ခံစား နေရပါတယ် ။ ဒါ့အပြင် ကျွန်တော် တို့ဟာ ဒုတိယမြောက် ယူရို ခြေစစ် ပွဲအထိ ကို သူ့ရဲ့ ဒဏ်ရာ အခြေအနေ ကို မသိခဲ့ရပါဘူး ။ ”

” သေချာတာ ကတော့ သူ မနက်ဖြန် ပွဲစဉ် ကို လွဲချော် ပါလိမ့်မယ် ။ ကိုဗာဆစ် ကတော့ ပေါင်ကြွက်သား ဒဏ်ရာ အသေးစားလေး ရထားပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့နဲ့ ၂ရက်လောက် အတူတူ လေ့ကျင့်မှု တွေ ပြုလုပ် နေခဲ့ပါတယ် ။ ဒါကြောင့်မို့ သူကတော့ မနက်ဖြန် ပွဲစဉ် မှာ ပါဝင် နိုင်ဖို့ အခွင့်အလမ်း များပါတယ် ။ ရော့စ် ( ဘာကလေ ) ကတော့ အိုကေ ပါတယ် ။ ”

” အန်ဒရီယာစ် ကတော့ ပေါင်ကြွက်သား ဒဏ်ရာ ကြောင့် ၂ပတ် လောက် အနားယူ ရဖို့ ရှိပါတယ် ။ ရူဒီဂါ ကတော့ ဒီနေ့မှာ သူ့ရဲ့ ကြံ့ခိုင်ရေး နည်းပြ ဆရာ နဲ့ အတူ လေ့ကျင့်မှု တွေ စတင် နေပါပြီ ။ ဒါဟာ အခြေအနေ တိုးတက်လာတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ သူဟာ ပြင်းထန်တဲ့ ဒဏ်ရာ ကို ရရှိခဲ့ပြီး အရမ်း ခက်ခဲတဲ့ အချိန် ကာလ ကို ကျော်ဖြတ် နေခဲ့ ရပါတယ် ။ ပြန်ကောင်းလိုက် ၊ ပြန်ပြီး ဒဏ်ရာ ရသွားလိုက် ဖြစ်နေခဲ့ပါတယ် ။ ”

” ဒါပေမယ့် အခုတော့ သူ အပြင်ထွက်ပြီး လေ့ကျင့်မှု တွေ စတင်နိုင်ပါပြီ ။ ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာပါ ။ အသင်း အတွက် ပြန်ပြီး ကစားပေးနိုင်ဖို့ အတွက်တော့ ကြံ့ခိုင်မှု အခြေအနေ တိုးတက်ဖို့ ဒီထက် ပိုပြီး လုပ်ဆောင် ရပါဦးမယ် ။ ဒါပေမယ့် အခုလို ရူဒီဂါ အပြင်ထွက်ပြီး လေ့ကျင့် နိုင်တာကိုပဲ ကျွန်တော် တို့ဖက်က အကောင်းမြင် ရပါမယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

နယူးကာဆယ္ နဲ႕ ပြဲစဥ္ မတိုင္မီ အသင္းရဲ႕ ေနာက္ဆံုးရ ဒဏ္ရာ အေျခအေန နဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး ပရိသတ္ ေတြကို အသိေပးလိုက္တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ မနက္ျဖန္ ည ၈နာရီခြဲ အခ်ိန္ မွာ အမွတ္ေပး ဇယား အဆင့္ ၁၆ ေနရာ က နယူးကာဆယ္ အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား ရမွာ ျဖစ္ပါတယ္ ။ ႏိုင္ငံ လက္ေရြးစင္ အသင္း ပြဲစဥ္ ေတြ အျပီးမွာ ပထမဆံုး ျပန္ကစား ရမယ့္ ပြဲစဥ္ ျဖစ္တာမို႕ ၾကံ့ခိုင္မႈ မျပည့္ေသးတဲ့ ကစားသမား ေတြ ၊ ဒဏ္ရာ ရ ကစားသမား တခ်ိဳ႕ လည္း ရွိေနခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ အဓိက ကြင္းလယ္ အင္ဂ်င္ ျဖစ္တဲ့ အန္ဂိုလို ကန္ေတ ဟာ အိုက္စလန္ အသင္း နဲ႕ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ မစတင္မီ ေသြးပူ ေလ့က်င့္ခန္း လုပ္ေဆာင္ရင္း ေပါင္ၾကြက္သား ဒဏ္ရာ အေသးစား ရရွိ ခဲ့တာေၾကာင့္ ျပင္သစ္ အသင္း အတြက္ ေျခစစ္ ပြဲစဥ္ ၂ပြဲလံုး ကို လြဲေခ်ာ္ ခဲ့ရပါတယ္ ။

ဒိန္းမတ္ လက္ေရြးစင္ ေနာက္ခံလူ အန္ဒရီယာစ္ ခရစ္တန္ဆန္ ကလည္း ဆြစ္ဇာလန္ နဲ႕ ယူရို ေျခစစ္ ပြဲမွာ ဒဏ္ရာ ရရွိ သြားခဲ့သလို ၊ ခရိုေအးရွား လက္ေရြးစင္ ကြင္းလယ္လူ မတ္တီယို ကိုဗာဆစ္ ဟာလည္း ေဝးလ္စ္ အသင္း နဲ႕ ယူရို ေျခစစ္ပြဲ အတြင္းမွာ အနည္းငယ္ ထိခိုက္ ဒဏ္ရာ ရခဲ့ပါတယ္ ။

ဒါ့အျပင္ နဂို ကတည္းက ကာလရွည္ ဒဏ္ရာ ေၾကာင့္ အသီးသီး အနားယူ ထားၾကတဲ့ ေနာက္ခံလူ အီမာဆင္ နဲ႕ ရူဒီဂါ တို႕ဟာလည္း ဒဏ္ရာ ကေန ျပန္လည္ သက္သာ လာကာ ေလ့က်င့္မႈ ေတြ စတင္ ေနေပမယ့္ မနက္ျဖန္ ည ပြဲမွာ ျပန္ပါ ႏိုင္ဖို႕ မေသခ်ာ ေသးတဲ့ အေနအထား ေတြမွာ ရွိေနပါတယ္ ။

ယေန႕ ညေန မွာ ျပဳလုပ္ ခဲ့တဲ့ ပြဲၾကိဳ သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ ထို ကစားသမား ၅ ေယာက္ ရဲ႕ ဒဏ္ရာ အေျခအေန ေတြနဲ႕ ပတ္သက္ျပီး ခ်ယ္လ္ဆီး နည္းျပ ဖရန္႕ လမ္းပတ္ က ” အန္ဂိုလို ဟာ ၾကံ့ခိုင္မႈ ျပန္ မျပည့္ေသးပါဘူး ။ ျပင္သစ္ လက္ေရြးစင္ အသင္း နဲ႕ အတူ ေသြးပူ ေလ့က်င့္ခန္း ဆင္းရင္း ေပါင္ျခံ မွာ ဒဏ္ရာ ျပႆနာ အနည္းငယ္ ခံစား ေနရပါတယ္ ။ ဒါ့အျပင္ ကြ်န္ေတာ္ တို႕ဟာ ဒုတိယေျမာက္ ယူရို ေျခစစ္ ပြဲအထိ ကို သူ႕ရဲ႕ ဒဏ္ရာ အေျခအေန ကို မသိခဲ့ရပါဘူး ။ ”

” ေသခ်ာတာ ကေတာ့ သူ မနက္ျဖန္ ပြဲစဥ္ ကို လြဲေခ်ာ္ ပါလိမ့္မယ္ ။ ကိုဗာဆစ္ ကေတာ့ ေပါင္ၾကြက္သား ဒဏ္ရာ အေသးစားေလး ရထားပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕နဲ႕ ၂ရက္ေလာက္ အတူတူ ေလ့က်င့္မႈ ေတြ ျပဳလုပ္ ေနခဲ့ပါတယ္ ။ ဒါေၾကာင့္မို႕ သူကေတာ့ မနက္ျဖန္ ပြဲစဥ္ မွာ ပါဝင္ ႏိုင္ဖို႕ အခြင့္အလမ္း မ်ားပါတယ္ ။ ေရာ့စ္ ( ဘာကေလ ) ကေတာ့ အိုေက ပါတယ္ ။ ”

” အန္ဒရီယာစ္ ကေတာ့ ေပါင္ၾကြက္သား ဒဏ္ရာ ေၾကာင့္ ၂ပတ္ ေလာက္ အနားယူ ရဖို႕ ရွိပါတယ္ ။ ရူဒီဂါ ကေတာ့ ဒီေန႕မွာ သူ႕ရဲ႕ ၾကံ့ခိုင္ေရး နည္းျပ ဆရာ နဲ႕ အတူ ေလ့က်င့္မႈ ေတြ စတင္ ေနပါျပီ ။ ဒါဟာ အေျခအေန တိုးတက္လာတယ္ လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ သူဟာ ျပင္းထန္တဲ့ ဒဏ္ရာ ကို ရရွိခဲ့ျပီး အရမ္း ခက္ခဲတဲ့ အခ်ိန္ ကာလ ကို ေက်ာ္ျဖတ္ ေနခဲ့ ရပါတယ္ ။ ျပန္ေကာင္းလိုက္ ၊ ျပန္ျပီး ဒဏ္ရာ ရသြားလိုက္ ျဖစ္ေနခဲ့ပါတယ္ ။ ”

” ဒါေပမယ့္ အခုေတာ့ သူ အျပင္ထြက္ျပီး ေလ့က်င့္မႈ ေတြ စတင္ႏိုင္ပါျပီ ။ ဒါဟာ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာပါ ။ အသင္း အတြက္ ျပန္ျပီး ကစားေပးႏိုင္ဖို႕ အတြက္ေတာ့ ၾကံ့ခိုင္မႈ အေျခအေန တိုးတက္ဖို႕ ဒီထက္ ပိုျပီး လုပ္ေဆာင္ ရပါဦးမယ္ ။ ဒါေပမယ့္ အခုလို ရူဒီဂါ အျပင္ထြက္ျပီး ေလ့က်င့္ ႏိုင္တာကိုပဲ ကြ်န္ေတာ္ တို႕ဖက္က အေကာင္းျမင္ ရပါမယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR