ယူဗင်တပ် အသင်း တိုက်စစ်မှုး မန်ဇူကစ် ဟာ အသင်း ဖော် တွေ နဲ့ အတူ လေ့ကျင့်ခန်း မဆင်း ဘဲ အပြောင်း အရွှေ့ ကိစ္စ အတွက် တိကျ တဲ့ အဖြေ သိရှိ ရဖို့ စောင့်ဆိုင်း နေတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

ရီးရဲ နည်းပြ ဇီဒန်း ကတော့ သူ နဲ့ ပေါ့ဘာ တို့ ဟာ ဒူဘိုင်း မှာ မတော် တဆ တွေ့ခဲ့ကြတာ ပါလို့ ပြောဆို ရင်း သူတို့ ၂ ဦး ဟာ အရင် ကလည်း က တစ်ယောက် ကို တစ်ယောက် သိကျွမ်း ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုသွား ခဲ့ ပါတယ် ။ ဘာတွေ ပြောဆို ခဲ့သလဲ ဆိုတဲ့ မေးခွန်း ကိုတော့ ရှောင်လွှဲသွား ခဲ့ ပါတယ် ။

ဘူဂေးရီးယား ရဲအဖွဲ့ ဟာ ပြီးခဲ့တဲ့ ယူရို ခြေစစ်ပွဲ မှာ အင်္ဂလန် ကစား သမားတွေ ကို အသား အရောင် ခွဲခြား လှောင်ပြောင် ခဲ့တယ် လို့ သံသယ ရှိတဲ့ ပရိသတ် ၁၆ ဦး ကို ဖမ်းဆီး ထိန်းသိမ်း ထားပြီလို့ သိရ ပါတယ် ။

ချဲလ်ဆီး နည်းပြ လမ်းပတ် ကတော့ ကွင်းလယ်လူ ကန်တီ ဟာ ယခု အပတ် ကစားမယ့် နယူး ကာဆယ် နဲ့ ပွဲ ကို ဒဏ်ရာ ကြောင့် လွဲချော် မယ် လို့ အတည်ပြု သွား ခဲ့ပြီး ကန်တီ ဒဏ်ရာ ရရှိမှု အတွက် ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်ချမ့်စ် အပေါ် အပြစ်တင် ခဲ့တယ် လို့ သိရ ပါတယ် ။

kante vs lampard

ရိန်းဂျားစ် အသင်း နည်းပြ စတီဗင် ဂျရတ် ဟာ စကော့တလန် ပရီးမီးယားလိဂ် ရဲ့ စက်တင်ဘာလ အတွက် အကောင်းဆုံး နည်းပြဆု ကို ဆွတ်ခူး ရရှိ ခဲ့တယ် လို့ သိရ ပါတယ် ။ ရိန်းဂျားစ် ကစား သမား အယ်ဖရက်ဒို မိုရီလို ဟာလည်း စက်တင်ဘာ အတွက် တစ်လတာ အကောင်းဆုံး ကစား သမားဆု ကို ရရှိခဲ့ ပါတယ် ။

အာဆင်နယ် အသင်း ဟာ ဇန်နဝါရီ ( သို့ ) လာမယ့် နွေရာသီ မှာ ရက်ဘူး လိုက်ပ်ဇစ် နောက်ခံလူ အူပါမီကာနို ကို ခေါ်ယူနိုင် ဖို့ ကြိုးစား သွားမယ် လို့ ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ အသင်းတို့ ဟာ ရွှေ့ဆိုင်း လိုက်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ပွဲစဉ် ကို ဒီဇင်ဘာ ၁၈ ရက်နေ့ မှာ ပြန်လည် ကစားဖို့ သဘောတူခဲ့ ကြပါတယ် ။ ဒါပေမယ့် လာလီဂါ ကတော့ ပိုမို အဆင်ပြေ စေမယ့် ရက်စွဲ ကို ရှာဖွေ နေကာ တနင်္လာနေ့ မှာ အပြီးသတ် ကြေငြာ မယ်လို့ သိရ ပါတယ် ။

နယ်သာလန် ကလပ် အိုင်ယက်စ် ပရိသတ် တွေ ဟာ ဗလင်စီယာ နဲ့ ချန်ပီယံ လိဂ် ပွဲစဉ် မှာ သောင်းကျန်း ခဲ့မှု ကြောင့် နိုဝင်ဘာ ၅ ရက်နေ့ မှာ ကစားမယ့် ချဲလ်ဆီး နဲ့ ချန်ပီယံ လိဂ် ပွဲစဉ် ကို ကြည့်ရှုခွင့် ပိတ်ခံ ခဲ့ရ ပါတယ် ။ ဒါပေမယ့် အဆိုပါ ပွဲ အတွက် ဟိုတယ် နဲ့ လေယာဉ် ခရီးစဉ်တွေ စီစဉ်ထား ပြီး သား အိုင်ယက်စ် ပရိသတ်တွေ ဟာ အင်္ဂလန် ကို သွားရောက်ပြီး ချဲလ်ဆီး ပွဲ အစား လေတန်အိုးရီးရင့် အသင်း ရဲ့ ပွဲစဉ် ကို ကြည့်ရှု ဖို့ စီစဉ်လာ ခဲ့ကြ တယ် လို့ကြား သိရ ပါတယ် ။

SPORTS MYANMAR

Zawgyi

ယေန႔ အတြက္ ေနာက္ဆံုးရ အားကစား သတင္းမ်ား

========================================

ယူဗင္တပ္ အသင္း တိုက္စစ္မႈး မန္ဇူကစ္ ဟာ အသင္း ေဖာ္ ေတြ နဲ႔ အတူ ေလ့က်င့္ခန္း မဆင္း ဘဲ အေျပာင္း အေရႊ႕ ကိစၥ အတြက္ တိက် တဲ့ အေျဖ သိရွိ ရဖို႔ ေစာင့္ဆိုင္း ေနတယ္ လို႔ သတင္း ၾကားသိ ရ ပါတယ္ ။

ရီးရဲ နည္းျပ ဇီဒန္း ကေတာ့ သူ နဲ႔ ေပါ့ဘာ တို႔ ဟာ ဒူဘုိင္း မွာ မေတာ္ တဆ ေတြ႕ခဲ့ၾကတာ ပါလို႔ ေျပာဆို ရင္း သူတို႔ ၂ ဦး ဟာ အရင္ ကလည္း က တစ္ေယာက္ ကို တစ္ေယာက္ သိကြ်မ္း ခဲ့ၾကတာ ျဖစ္တယ္ လို႔ ဆုိသြား ခဲ့ ပါတယ္ ။ ဘာေတြ ေျပာဆုိ ခဲ့သလဲ ဆုိတဲ့ ေမးခြန္း ကိုေတာ့ ေရွာင္လႊဲသြား ခဲ့ ပါတယ္ ။

ဘူေဂးရီးယား ရဲအဖြဲ႕ ဟာ ၿပီးခဲ့တဲ့ ယူရို ေျခစစ္ပြဲ မွာ အဂၤလန္ ကစား သမားေတြ ကို အသား အေရာင္ ခြဲျခား ေလွာင္ေျပာင္ ခဲ့တယ္ လို႔ သံသယ ရွိတဲ့ ပရိသတ္ ၁၆ ဦး ကို ဖမ္းဆီး ထိန္းသိမ္း ထားၿပီလို႔ သိရ ပါတယ္ ။

ခ်ဲလ္ဆီး နည္းျပ လမ္းပတ္ ကေတာ့ ကြင္းလယ္လူ ကန္တီ ဟာ ယခု အပတ္ ကစားမယ့္ နယူး ကာဆယ္ နဲ႔ ပြဲ ကို ဒဏ္ရာ ေၾကာင့္ လြဲေခ်ာ္ မယ္ လို႔ အတည္ျပဳ သြား ခဲ့ၿပီး ကန္တီ ဒဏ္ရာ ရရွိမႈ အတြက္ ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒက္ခ်မ့္စ္ အေပၚ အျပစ္တင္ ခဲ့တယ္ လို႔ သိရ ပါတယ္ ။

ရိန္းဂ်ားစ္ အသင္း နည္းျပ စတီဗင္ ဂ်ရတ္ ဟာ စေကာ့တလန္ ပရီးမီးယားလိဂ္ ရဲ႕ စက္တင္ဘာလ အတြက္ အေကာင္းဆံုး နည္းျပဆု ကို ဆြတ္ခူး ရရွိ ခဲ့တယ္ လို႔ သိရ ပါတယ္ ။ ရိန္းဂ်ားစ္ ကစား သမား အယ္ဖရက္ဒို မိုရီလုိ ဟာလည္း စက္တင္ဘာ အတြက္ တစ္လတာ အေကာင္းဆံုး ကစား သမားဆု ကို ရရွိခဲ့ ပါတယ္ ။

အာဆင္နယ္ အသင္း ဟာ ဇန္န၀ါရီ ( သို႔ ) လာမယ့္ ေႏြရာသီ မွာ ရက္ဘူး လုိက္ပ္ဇစ္ ေနာက္ခံလူ အူပါမီကာႏို ကို ေခၚယူႏုိင္ ဖို႔ ႀကဳိးစား သြားမယ္ လို႔ ၾကားသိရ ပါတယ္ ။

ရီးရဲ မက္ဒရစ္ နဲ႔ ဘာစီလုိနာ အသင္းတို႔ ဟာ ေရႊ႕ဆိုင္း လုိက္တဲ့ ေအာက္တိုဘာ ၂၆ ရက္ေန႔ ပြဲစဥ္ ကို ဒီဇင္ဘာ ၁၈ ရက္ေန႔ မွာ ျပန္လည္ ကစားဖို႔ သေဘာတူခဲ့ ၾကပါတယ္ ။ ဒါေပမယ့္ လာလီဂါ ကေတာ့ ပိုမို အဆင္ေျပ ေစမယ့္ ရက္စြဲ ကို ရွာေဖြ ေနကာ တနလၤာေန႔ မွာ အၿပီးသတ္ ေၾကျငာ မယ္လို႔ သိရ ပါတယ္ ။

နယ္သာလန္ ကလပ္ အိုင္ယက္စ္ ပရိသတ္ ေတြ ဟာ ဗလင္စီယာ နဲ႔ ခ်န္ပီယံ လိဂ္ ပြဲစဥ္ မွာ ေသာင္းက်န္း ခဲ့မႈ ေၾကာင့္ ႏို၀င္ဘာ ၅ ရက္ေန႔ မွာ ကစားမယ့္ ခ်ဲလ္ဆီး နဲ႔ ခ်န္ပီယံ လိဂ္ ပြဲစဥ္ ကို ၾကည့္ရွဳခြင့္ ပိတ္ခံ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ အဆိုပါ ပြဲ အတြက္ ဟိုတယ္ နဲ႔ ေလယာဥ္ ခရီးစဥ္ေတြ စီစဥ္ထား ၿပီး သား အုိင္ယက္စ္ ပရိသတ္ေတြ ဟာ အဂၤလန္ ကို သြားေရာက္ၿပီး ခ်ဲလ္ဆီး ပြဲ အစား ေလတန္အိုးရီးရင့္ အသင္း ရဲ႕ ပြဲစဥ္ ကို ၾကည့္ရွဳ ဖုိ႔ စီစဥ္လာ ခဲ့ၾက တယ္ လို႔ၾကား သိရ ပါတယ္ ။

SPORTS MYANMAR