မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ဖို့ ၊ ရလဒ် ကောင်းတွေ ပိုင်ဆိုင် နိုင်ဖို့ ဆက်တိုက် ရုန်းကန် နေခဲ့ ရပြီး လက်ရှိ အချိန် ပရီးမီယား လိဂ် အမှတ်ပေး ဇယား မှာလည်း အဆင့် 12 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ တာကြောင့် နည်းပြ ဆိုးလ်ရှား ဟာ ဝေဖန်မှု တွေအောက် ကျရောက် နေခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ပေါလ် အင့်စ် က ဆိုးလ်ရှား ဟာ ယခင် ကတည်းက ယူနိုက်တက် အတွက် မှန်ကန် တဲ့ ရွေးချယ်မှု မဟုတ် ခဲ့ကြောင်း ၊ ပိုချက်တီနို ကသာ ယူနိုက်တက် အတွက် အသင့်တော်ဆုံး အဖြစ် ရှိနေ သေးဆဲ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒီ အချိန် လောက်မှာ ပေါ့ ၊ ပိုချက်တီနို သာ ယူနိုက်တက် အတွက် အသင့်တော်ဆုံး လို့ ကျွန်တော် ထင်ခဲ့ ပါတယ် ။ သူဟာ ယူနိုက်တက် အသင်း အတွက် အမှန်ကန်ဆုံး နည်းပြ တစ်ဦး ပါပဲ ။ သူ့ကို ငွေကြေး တွေသာ ထောက်ပံ့ ပေးလိုက်မယ် ဆိုရင် သူဟာ တော့တင်ဟမ် အသင်း မှာ လုပ်ဆောင် ခဲ့တာ ထက် ယူနိုက်တက် အတွက် ပို လုပ်ပြ နိုင်ပါ လိမ့်မယ် ”

” အဲ့တာ က သူ ကိုယ်တိုင် အတွက် လည်း နောက် တစ်ဆင့် တက်ရောက် နိုင်ခြင်း ဖြစ်လာ ပါ လိမ့်မယ် ။ ဒါပေမယ့် အဲ့တာ က တစ်ကယ်တမ်း ဖြစ်ပေါ် မလာ ခဲ့ ပါဘူး ။ ဒါပေမယ့် ဒီ ရာသီ တော့တင်ဟမ် အသင်း မှာ သူ ဖြစ်ပေါ် နေတဲ့ အနေအထား တွေက သူနဲ့ ပတ်သက် လို့ ကျွန်တော့် ရဲ့ အတွေး အခေါ် တွေကို ပြောင်းလဲ စေမှာ မဟုတ် ပါဘူး ” လို့ ပေါလ် အင့်စ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် လက်ရှိ ယူနိုက်တက် အသင်း ရဲ့ အနေအထား တွေနဲ့ ပတ်သက် လို့ လမ်းကြောင်း အမှန် အပေါ် ပြန်လည် ရောက်ရှိ နုုိင်ရေး အတွက် အချိန် တွေ အကြာကြီး ပေးရ လိမ့် ဦးမယ် လို့ ပေါလ် အင့်စ် က ဆက်လက် သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

” သူတို့ တွေဟာ ငယ်ရွယ်တဲ့ အသင်း တစ်သင်း ပါ ။ ဒါ့ကြောင့် သူတို့ တွေရဲ့ စွမ်းဆောင်ရည် နဲ့ ရလဒ် ပိုင်း တွေမှာ မတည်ငြိမ် မှုတွေ ရှိလာ ပါ လိမ့်မယ် ။ ဒါပေမယ့် ဖြစ်စဉ် တစ်ခု ၊ စီမံကိန်း တစ်ခု မှ ရှိ မနေ တာထက် နှိုင်းယှဉ် မယ် ဆိုရင် ဒါဟာ အရမ်း ကြီး စိုးရိမ် စရာ မရှိ ပါဘူး ”

” ဘောလုံး ဆိုတာ အမြဲတမ်း တော့ အနိုင် ရရှိ နေမှာ မဟုတ် ပါဘူး ။ လက်ရှိ အသင်း ဆီမှာ လုံလောက် တဲ့ အရည် အသွေး တွေ ရှိ မနေဘူး ဆိုတာ ကို ယူနိုက်တက် ပရိသတ် တွေလည်း သိကြ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒါ့အပြင် အသင်း မှာ အားထား ရတဲ့ ကစားသမား 5 – 6 ယောက် ကလည်း ဒဏ်ရာ ရရှိ နေ ကြတယ် လေ ”

” ဒါပေမယ့် ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ကျွန်တော် တို့ တွေဟာ ပို ကောင်းတဲ့ ဖြစ်စဉ် တစ်ခုကို မြင်တွေ့ လိုတာ အမှန် ပါပဲ ။ အဲ့တာ ကို မမြင် တွေ့ရ သေး ပါဘူး ။ အေဇက် ၊ နယူး အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တွေမှာ ကျွန်တော်တို့ အဲ့တာ မတွေ့မြင် ခဲ့ကြ ပါဘူး ။ ဂိုးပေါက် ခြိမ်းခြောက် မှုတောင် မတွေ့မြင် ရရင် ပရိသတ် တွေက ထိုးနှက် ကြမှာ ပါပဲ ”

” သူတို့ တွေဟာ ပြိုင်ဖက် ဂိုးသမား ကိုတောင် ဒုက္ခ မပေး နိုင်ခဲ့ ကြဘူး လေ ။ အကယ်လို့ ခင်ဗျား ဟာ ချဲလ်ဆီး မှာ ဖရန့် လမ်းပတ် ရဲ့ အသင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် သူတို့ တွေဟာ ဂိုးတွေ သွင်းယူရင်း ၊ အခွင့် အရေး တွေကို ဖန်တီး ရင်းနဲ့ ဘာတွေ ကို လုပ်ပြ နေကြ သလဲ ဆိုတာ မြင်တွေ့ ရပါ လိမ့်မယ် ”

” အကယ်လို့ ယူနိုက်တက် ဟာ ပွဲစဉ် ကို ရှုံးတယ် ၊ ဒါဟာ နယူးကာဆယ် ဂိုးသမား က အလန်းစား ဂိုးပေါက် ကာကွယ် မှု 8 ကြိမ် လောက် အထိ လုပ်ပြီး ပွဲစဉ် ရဲ့ အကောင်းဆုံး ကစား သမား ဖြစ်သွား ခဲ့တာ ကြောင့် ရှံုးနိမ့် ခဲ့ခြခင်း ဖြစ်မယ် ဆိုရင် ယူနိုက်တက် ပရိသတ် တွေက အရှုံး ကို နားလည် ပေးကြ ပါ လိမ့်မယ် ”

” သူတို့ တွေရဲ့ ကန်ချက် တွေက ဂိုးတိုင် ကို မှန်မယ် ၊ ဂိုးဘား တွေကို ထိမယ် ဆိုရင် လည်း ကျွန်တော် တို့ လက်ခံ ပေးနိုင် ဦးမှာ ပါ ။ ဒါပေမယ့် ကျွန်တော် တို့ တွေဟာ အဲ့တာ တွေကို မတွေ့မြင် ကြသေး ပါဘူး ။ အခွင် အရေး ကောင်းတွေ ရရှိ နေတယ် ဆိုတာ ကို ကျွန်တော် တို့ မမြင်တွေ့ ရသေး ဘူးလေ ” လို့ ပေါ့လ် အင့်စ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar

Zawgyi

လက္ရွိအခ်ိန္ ယူနုိက္တက္အတြက္ ဆုိးလ္ရွားထက္ပိုျပီး သင့္ေတာ္တာ ဘယ္သူလဲဆုိတာ ရွင္းျပလိုက္တဲ့ #ေပါလ္အင့္စ္

================

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ဒီ ရာသီ ေျခစြမ္း ေကာင္းေတြ ျပသ နုိင္ဖုိ့ ၊ ရလဒ္ ေကာင္းေတြ ပိုင္ဆုိင္ နုိင္ဖုိ႔ ဆက္တုိက္ ရုန္းကန္ ေနခဲ့ ရျပီး လက္ရွိ အခ်ိန္ ပရီးမီယား လိဂ္ အမွတ္ေပး ဇယား မွာလည္း အဆင့္ 12 ေနရာ မွာသာ ရပ္တည္ နုိင္ခဲ့ တာေၾကာင့္ နည္းျပ ဆုိးလ္ရွား ဟာ ေဝဖန္မွဳ ေတြေအာက္ က်ေရာက္ ေနခဲ့ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ အသင္း ရဲ့ ကစားသမား ေဟာင္း ျဖစ္သူ ေပါလ္ အင့္စ္ က ဆိုးလ္ရွား ဟာ ယခင္ ကတည္းက ယူနုိက္တက္ အတြက္ မွန္ကန္ တဲ့ ေရြးခ်ယ္မွဳ မဟုတ္ ခဲ့ေၾကာင္း ၊ ပိုခ်က္တီနုိ ကသာ ယူနုိက္တက္ အတြက္ အသင့္ေတာ္ဆံုး အျဖစ္ ရွိေန ေသးဆဲ ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက ဒီ အခ်ိန္ ေလာက္မွာ ေပါ့ ၊ ပိုခ်က္တီနုိ သာ ယူနုိက္တက္ အတြက္ အသင့္ေတာ္ဆံုး လို့ က်ြန္ေတာ္ ထင္ခဲ့ ပါတယ္ ။ သူဟာ ယူနုိက္တက္ အသင္း အတြက္ အမွန္ကန္ဆံုး နည္းျပ တစ္ဦး ပါပဲ ။ သူ့ကို ေငြေၾကး ေတြသာ ေထာက္ပံ့ ေပးလိုက္မယ္ ဆုိရင္ သူဟာ ေတာ့တင္ဟမ္ အသင္း မွာ လုပ္ေဆာင္ ခဲ့တာ ထက္ ယူနုိက္တက္ အတြက္ ပို လုပ္ျပ နုိင္ပါ လိမ့္မယ္ ”

” အဲ့တာ က သူ ကိုယ္တုိင္ အတြက္ လည္း ေနာက္ တစ္ဆင့္ တက္ေရာက္ နုိင္ျခင္း ျဖစ္လာ ပါ လိမ့္မယ္ ။ ဒါေပမယ့္ အဲ့တာ က တစ္ကယ္တမ္း ျဖစ္ေပၚ မလာ ခဲ့ ပါဘူး ။ ဒါေပမယ့္ ဒီ ရာသီ ေတာ့တင္ဟမ္ အသင္း မွာ သူ ျဖစ္ေပၚ ေနတဲ့ အေနအထား ေတြက သူနဲ့ ပတ္သက္ လို့ က်ြန္ေတာ့္ ရဲ့ အေတြး အေခၚ ေတြကို ေျပာင္းလဲ ေစမွာ မဟုတ္ ပါဘူး ” လို႔ ေပါလ္ အင့္စ္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဲ့ဒီေနာက္ လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ အေနအထား ေတြနဲ့ ပတ္သက္ လို႔ လမ္းေၾကာင္း အမွန္ အေပၚ ျပန္လည္ ေရာက္ရွိ နုုိင္ေရး အတြက္ အခ်ိန္ ေတြ အၾကာၾကီး ေပးရ လိမ့္ ဦးမယ္ လို႔ ေပါလ္ အင့္စ္ က ဆက္လက္ သံုးသပ္ သြားခဲ့ လိုက္ ပါတယ္ ။

” သူတုိ႔ ေတြဟာ ငယ္ရြယ္တဲ့ အသင္း တစ္သင္း ပါ ။ ဒါ့ေၾကာင့္ သူတုိ့ ေတြရဲ့ စြမ္းေဆာင္ရည္ နဲ့ ရလဒ္ ပိုင္း ေတြမွာ မတည္ျငိမ္ မွဳေတြ ရွိလာ ပါ လိမ့္မယ္ ။ ဒါေပမယ့္ ျဖစ္စဥ္ တစ္ခု ၊ စီမံကိန္း တစ္ခု မွ ရွိ မေန တာထက္ ႏွိဳင္းယွဥ္ မယ္ ဆုိရင္ ဒါဟာ အရမ္း ၾကီး စိုးရိမ္ စရာ မရွိ ပါဘူး ”

” ေဘာလံုး ဆုိတာ အျမဲတမ္း ေတာ့ အနုိင္ ရရွိ ေနမွာ မဟုတ္ ပါဘူး ။ လက္ရွိ အသင္း ဆီမွာ လံုေလာက္ တဲ့ အရည္ အေသြး ေတြ ရွိ မေနဘူး ဆုိတာ ကို ယူနုိက္တက္ ပရိသတ္ ေတြလည္း သိၾက လိမ့္မယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ ဒါ့အျပင္ အသင္း မွာ အားထား ရတဲ့ ကစားသမား 5 – 6 ေယာက္ ကလည္း ဒဏ္ရာ ရရွိ ေန ၾကတယ္ ေလ ”

” ဒါေပမယ့္ ဘယ္လို ပဲ ျဖစ္ေန ပါေစ ၊ က်ြန္ေတာ္ တုိ့ ေတြဟာ ပို ေကာင္းတဲ့ ျဖစ္စဥ္ တစ္ခုကို ျမင္ေတြ့ လိုတာ အမွန္ ပါပဲ ။ အဲ့တာ ကို မျမင္ ေတြ့ရ ေသး ပါဘူး ။ ေအဇက္ ၊ နယူး အသင္း နဲ့ ကစား ခဲ့တဲ့ ပြဲစဥ္ ေတြမွာ က်ြန္ေတာ္တုိ့ အဲ့တာ မေတြ့ျမင္ ခဲ့ၾက ပါဘူး ။ ဂိုးေပါက္ ျခိမ္းေျခာက္ မွဳေတာင္ မေတြ့ျမင္ ရရင္ ပရိသတ္ ေတြက ထုိးႏွက္ ၾကမွာ ပါပဲ ”

” သူတုိ့ ေတြဟာ ျပိဳင္ဖက္ ဂိုးသမား ကိုေတာင္ ဒုကၡ မေပး နုိင္ခဲ့ ၾကဘူး ေလ ။ အကယ္လို့ ခင္ဗ်ား ဟာ ခ်ဲလ္ဆီး မွာ ဖရန့္ လမ္းပတ္ ရဲ့ အသင္း ကို ၾကည့္ရွဳ လိုက္မယ္ ဆုိရင္ သူတုိ႔ ေတြဟာ ဂိုးေတြ သြင္းယူရင္း ၊ အခြင့္ အေရး ေတြကို ဖန္တီး ရင္းနဲ့ ဘာေတြ ကို လုပ္ျပ ေနၾက သလဲ ဆုိတာ ျမင္ေတြ့ ရပါ လိမ့္မယ္ ”

” အကယ္လို့ ယူနုိက္တက္ ဟာ ပြဲစဥ္ ကို ရွံဳးတယ္ ၊ ဒါဟာ နယူးကာဆယ္ ဂိုးသမား က အလန္းစား ဂိုးေပါက္ ကာကြယ္ မွဳ 8 ၾကိမ္ ေလာက္ အထိ လုပ္ျပီး ပြဲစဥ္ ရဲ့ အေကာင္းဆံုး ကစား သမား ျဖစ္သြား ခဲ့တာ ေၾကာင့္ ရွံဳးနိမ့္ ခဲ့ျခခင္း ျဖစ္မယ္ ဆုိရင္ ယူနုိက္တက္ ပရိသတ္ ေတြက အရွဳံး ကို နားလည္ ေပးၾက ပါ လိမ့္မယ္ ”

” သူတုိ႔ ေတြရဲ့ ကန္ခ်က္ ေတြက ဂိုးတုိင္ ကို မွန္မယ္ ၊ ဂိုးဘား ေတြကို ထိမယ္ ဆုိရင္ လည္း က်ြန္ေတာ္ တုိ့ လက္ခံ ေပးနုိင္ ဦးမွာ ပါ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ့ ေတြဟာ အဲ့တာ ေတြကုိ မေတြ့ျမင္ ၾကေသး ပါဘူး ။ အခြင္ အေရး ေကာင္းေတြ ရရွိ ေနတယ္ ဆုိတာ ကို က်ြန္ေတာ္ တုိ့ မျမင္ေတြ့ ရေသး ဘူးေလ ” လို့ ေပါ့လ္ အင့္စ္ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar