ပရီးမီးယားလိဂ် ဂန္တဝင်တွေ ဖြစ်ကြတဲ့ ပေါလ်စခိုုး နဲ့ စတီဗင်ဂျာရတ် တို့ဟာ လာမည့် တနင်္ဂနွေနေ့ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး တို့ အိုးထရပ်ဖို့ဒ်မှာ ရင်ဆိုင် ကစား သွားရမယ့် ပွဲကြီး ပွဲကောင်းမှာ သူတို့ရဲ့ အသင်းဟောင်းတွေ အနိုင် ရလိမ့်မယ်လို့ အသီးသီး ထောက်ခံ သွားခဲ့ပါတယ်။

ယာဂန်ကလော့ရဲ့ လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ပွဲအားလုံးကို အနိုင် ရရှိ ထားခဲ့ပြီး ရမှတ် ၂၄ မှတ်နဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေကာ ဒုတိယ နေရာ လက်ရှိ ချန်ပီယံ မန်စီးတီးကို ၈ မှတ် ဖြတ်ထား နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ယာဂန်ကလော့ ဟာ လီဗာပူး နည်းပြ ဘဝ အိုးထရပ်ဖို့ဒ်ကို လာရောက် ကစား ခဲ့ဖူးတဲ့ ၄ ပွဲမှာ တစ်ပွဲမှ အနိုင် မရ ဖူးသေး ပါဘူး။

အိုလီဂန်နာ ဆိုးရှားရဲ့ ယူနို်က်တက် ကတော့ ဒီရာသီ အစ ရလဒ်ဆိုး တွေကြောင့် ဒီပွဲကို ကြီးမားတဲ့ ဖိအားတွေနဲ့ ၀င်သွား ရမှာ ဖြစ်ပြီး မန်ချက်စတာ ကလပ်ဟာ ပွဲစဉ် ၈ ပွဲ ကနေ ရမှတ် ၉ မှတ်သာ စုဆောင်း ထားနိုင် ခဲ့ပြီး အမှတ်ပေးဇယား ရဲ့ အဆင့် ၁၂ နေရာထိ ရောက်နေ ခဲ့ပါတယ်။ ဒါပေမယ့်လည်း နော်ဝေး နည်းပြရဲ့ အသင်းဖော်ဟောင်း ဖြစ်တဲ့ စခိုး ကတော့ အိမ်ရှင် အသင်း အနေနဲ့ တနင်္ဂနွေနေ့မှာ စမ်းသပ်ခံ နိုင်လိမ့်မယ်လို့ ယူဆ နေပါတယ်။

ယူနိုက်တက် တို့ လီဗာပူးကို နာကျင်မှု ပေးစွမ်း နို်င်မလား ဆိုတဲ့ မေးခွန်း ကို စခိုးက “အမှန်ပါပဲ။ ကျွန်တော် ဒီလို ထင်ပါတယ်။ ယူနိုက်တက်ရဲ့ သွင်းဂိုးတွေ ဘယ်က လာမလဲ ဆိုတာကို မျှော်ကြည့်ဖို့ ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒီပွဲမှာတော့ တစ်ဦးချင်း အကောင်းဆုံး စွမ်းဆောင်တွေပဲ တွေ့ရဖို့ များနေပါတယ်။ ဘာလို့လဲ ဆိုတော့ အသင်းရဲ့ ဖန်တီးမှု စွမ်းရည်ဟာ သိပ်ပြီး မကောင်းလှ ပါဘူး။ အထူး သဖြင့် ပေါ့ဘာ မကစား နိုင်တဲ့ အချိန်မှာပေါ့။

မားကပ်ရပ်ဖို့ဒ်ဟာ ပွဲကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒန်ဂျိမ်းစ် ကလည်း ဒီလိုမျိုး လုပ်နိုင် ပါတယ်။ set-pieces တွေကနေ မက်ဂွိုင်းယား ကလည်း ဒီလို စွမ်းဆောင် နိုင်စွမ်း ရှိပါတယ်။” လို့ ဆိုသွား ပါတယ်။

စခိုးဟာ ပြီးခဲ့တဲ့ ရာသီ အိုးထရပ်ဖို့ဒ်မှာ ဂိုးမရှိ သရေ ကျခဲ့တဲ့ ပွဲစဉ် နဲ့ ပက်သက်ပြီး လီဗာပူးကို ခနဲ့တဲ့တဲ့ ပြောလိုက်ကာ အဲဒီမှာ ရမှတ် ၂ မှတ် ဆုံးရှုံး ခဲ့ခြင်းဟာ လီဗာပူးကို ပရီးမီးယားလိဂ် title race မှာ နစ်နာ စေခဲ့တယ်လို့ ဆိုသွား ပါတယ်။

စခိုးက “လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်က အိုးထရပ်ဖို့ဒ်မှာ အနိုင်ရမယ့် အခွင့်အရေးကြီးကို လက်လွှတ် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် အိုးထရပ်ဖို့ဒ် က ရလဒ်ကြောင့် သူတို့ အမှတ်ပေးဖလား ဆုံးရှံုး ခဲ့တယ် ဆိုပြီး ငြင်းလို့ ရပါတယ်။ ယူနိုက်တက်ဟာ အဲဒီတုန်းက ဒဏ်ရာတွေနဲ့ ရုန်းကန် ခဲ့ရပြီး ဒီနှစ်မှာလည်း ဒီလိုမျိုး ဖြစ်နေပါတယ်။ ပထမပိုင်း နာရီဝက်မှာတင် ယူနိုက်တက်တို့ ၃ ကြိမ် လူစားလဲ ခဲ့ရပါတယ်။ လီဗာပူးဟာ အဲဒီနေ့က အတော် ညံ့ခဲ့ ပါတယ်။

လီဗာပူးဟာ အသင်းကောင်း ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ အရည်အသွေးကို သိပါတယ်။ ဒါပေမယ့် သူတို့ အိုးထရပ်ဖို့ဒ်ကို လာပြီး အနိုင်ယူ နိုင်စွမ်း ရှိနေ ပါသေးတယ်။” လို့ ဆိုသွား ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် စတီဗင်ဂျာရတ် ကလည်း လိဂ်ပြိုင်ပွဲမှာ ဦးဆောင် နေသူဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်း အိုးထရပ်ဖို့ဒ်မှာ ပထမဦးဆုံး အကြိမ် နိုင်လိမ့်မယ်လို့ ဆိုသွားခဲ့ပြီး အဆိုပါ ရာသီက ၃-၀ နိုင်ပွဲမှာ ဂျာရတ်ဟာ ပင်နယ်တီ ကနေ ၂ ဂိုး သွင်းပေး ခဲ့ပါတယ်။

ဂျာရတ်က ‘အမှန်ပါပဲ။ လီဗာပူး နို်င်ပါလိမ့််မယ်။ သူတို့ဟာ ၈ ပွဲ ကစားထားခဲ့ပြီး ၈ပွဲစလုံး နိုင်ထား ခဲ့ပါတယ်။ ၃ ဦးတွဲ တိုက်စစ်ဟာ အကောင်းဆုံး ပုံစံ ပြသနေပြီး သူတို့ဟာ ဂိုးတွေ အများကြီး ပေးထား ရခြင်း မရှိသလို သူတို့ဟာ ဥရောပ ချန်ပီယံပါ။ လီဗာပူးတို့ ယူနိုက်တက်ကို ဘာကြောင့် အနိုင်ရမှာလဲ ဆိုတဲ့ အခြား အကြောင်းပြချက် ခင်ဗျားတို့ လိုချင် သေးလို့လား? ကျွန်တော် ခြားနားတဲ့ အရာ ပြောလိမ့်မယ်လို့ ခင်ဗျားတို့ ထင်နေလို့လား?” လို့ ဆိုသွား ပါတယ်။

SM

Zawgyi

မန္ယူႏိုက္တက္ Vs လီဗာပူး တုိ႕ရဲ႕ ပြဲစဥ္ကို အထူး ခန္႕မွန္းေပးလိုက္တဲ့ ေပါလ္စခုိုး နဲ႕ ဂ်ာရတ္

ပရီးမီးယားလိဂ္ ဂႏၱ၀င္ေတြ ျဖစ္ၾကတဲ့ ေပါလ္စခုိုး နဲ႕ စတီဗင္ဂ်ာရတ္ တုိ႕ဟာ လာမည့္ တနဂၤေႏြေန႕ မန္ခ်က္စတာယူႏုိက္တက္ နဲ႕ လီဗာပူး တုိ႕ အိုးထရပ္ဖို႕ဒ္မွာ ရင္ဆုိင္ ကစား သြားရမယ့္ ပြဲၾကီး ပြဲေကာင္းမွာ သူတုိ႕ရဲ႕ အသင္းေဟာင္းေတြ အႏုိင္ ရလိမ့္မယ္လို႕ အသီးသီး ေထာက္ခံ သြားခဲ့ပါတယ္။

ယာဂန္ကေလာ့ရဲ႕ လီဗာပူး အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ အျပီးမွာ ပြဲအားလံုးကို အႏုိင္ ရရွိ ထားခဲ့ျပီး ရမွတ္ ၂၄ မွတ္နဲ႕ ထိပ္ဆံုး ေနရာမွာ ရပ္တည္ ေနကာ ဒုတိယ ေနရာ လက္ရွိ ခ်န္ပီယံ မန္စီးတီးကုိ ၈ မွတ္ ျဖတ္ထား ႏုိင္ခဲ့ ပါတယ္။ ဒါေပမယ့္ ယာဂန္ကေလာ့ ဟာ လီဗာပူး နည္းျပ ဘ၀ အုိးထရပ္ဖုိ႕ဒ္ကို လာေရာက္ ကစား ခဲ့ဖူးတဲ့ ၄ ပြဲမွာ တစ္ပြဲမွ အႏုိင္ မရ ဖူးေသး ပါဘူး။

အိုလီဂန္နာ ဆုိးရွားရဲ႕ ယူႏို္က္တက္ ကေတာ့ ဒီရာသီ အစ ရလဒ္ဆုိး ေတြေၾကာင့္ ဒီပြဲကို ၾကီးမားတဲ့ ဖိအားေတြနဲ႕ ၀င္သြား ရမွာ ျဖစ္ျပီး မန္ခ်က္စတာ ကလပ္ဟာ ပြဲစဥ္ ၈ ပြဲ ကေန ရမွတ္ ၉ မွတ္သာ စုေဆာင္း ထားႏုိင္ ခဲ့ျပီး အမွတ္ေပးဇယား ရဲ႕ အဆင့္ ၁၂ ေနရာထိ ေရာက္ေန ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာ္ေ၀း နည္းျပရဲ႕ အသင္းေဖာ္ေဟာင္း ျဖစ္တဲ့ စခုိး ကေတာ့ အိမ္ရွင္ အသင္း အေနနဲ႕ တနဂၤေႏြေန႕မွာ စမ္းသပ္ခံ ႏုိင္လိမ့္မယ္လို႕ ယူဆ ေနပါတယ္။

ယူႏုိက္တက္ တုိ႕ လီဗာပူးကို နာက်င္မွဳ ေပးစြမ္း ႏုိ္င္မလား ဆုိတဲ့ ေမးခြန္း ကို စခုိးက “အမွန္ပါပဲ။ ကၽြန္ေတာ္ ဒီလို ထင္ပါတယ္။ ယူႏုိက္တက္ရဲ႕ သြင္းဂုိးေတြ ဘယ္က လာမလဲ ဆုိတာကို ေမွ်ာ္ၾကည့္ဖို႕ ခက္ခဲတယ္ ဆုိတာ ကၽြန္ေတာ္ သိပါတယ္။ ဒီပြဲမွာေတာ့ တစ္ဦးခ်င္း အေကာင္းဆံုး စြမ္းေဆာင္ေတြပဲ ေတြ႕ရဖို႕ မ်ားေနပါတယ္။ ဘာလို႕လဲ ဆုိေတာ့ အသင္းရဲ႕ ဖန္တီးမွဳ စြမ္းရည္ဟာ သိပ္ျပီး မေကာင္းလွ ပါဘူး။ အထူး သျဖင့္ ေပါ့ဘာ မကစား ႏုိင္တဲ့ အခ်ိန္မွာေပါ့။

မားကပ္ရပ္ဖို႕ဒ္ဟာ ပြဲကို အဆံုးအျဖတ္ ေပးႏုိင္စြမ္း ရွိပါတယ္။ ဒန္ဂ်ိမ္းစ္ ကလည္း ဒီလိုမ်ိဳး လုပ္ႏုိင္ ပါတယ္။ set-pieces ေတြကေန မက္ဂြိဳင္းယား ကလည္း ဒီလို စြမ္းေဆာင္ ႏုိင္စြမ္း ရွိပါတယ္။” လို႕ ဆုိသြား ပါတယ္။

စခုိးဟာ ျပီးခဲ့တဲ့ ရာသီ အုိးထရပ္ဖို႕ဒ္မွာ ဂုိးမရွိ သေရ က်ခဲ့တဲ့ ပြဲစဥ္ နဲ႕ ပက္သက္ျပီး လီဗာပူးကုိ ခနဲ႕တဲ့တဲ့ ေျပာလိုက္ကာ အဲဒီမွာ ရမွတ္ ၂ မွတ္ ဆံုးရွံဳး ခဲ့ျခင္းဟာ လီဗာပူးကို ပရီးမီးယားလိဂ္ title race မွာ နစ္နာ ေစခဲ့တယ္လို႕ ဆုိသြား ပါတယ္။

စခုိးက “လီဗာပူးဟာ ျပီးခဲ့တဲ့ ႏွစ္က အုိးထရပ္ဖို႕ဒ္မွာ အႏုိင္ရမယ့္ အခြင့္အေရးၾကီးကို လက္လႊတ္ ခဲ့ပါတယ္။ ျပီးခဲ့တဲ့ ႏွစ္ အုိးထရပ္ဖို႕ဒ္ က ရလဒ္ေၾကာင့္ သူတုိ႕ အမွတ္ေပးဖလား ဆံုးရွံဳး ခဲ့တယ္ ဆုိျပီး ျငင္းလို႕ ရပါတယ္။ ယူႏိုက္တက္ဟာ အဲဒီတုန္းက ဒဏ္ရာေတြနဲ႕ ရုန္းကန္ ခဲ့ရျပီး ဒီႏွစ္မွာလည္း ဒီလိုမ်ိဳး ျဖစ္ေနပါတယ္။ ပထမပိုင္း နာရီ၀က္မွာတင္ ယူႏုိက္တက္တုိ႕ ၃ ၾကိမ္ လူစားလဲ ခဲ့ရပါတယ္။ လီဗာပူးဟာ အဲဒီေန႕က အေတာ္ ညံ့ခဲ့ ပါတယ္။

လီဗာပူးဟာ အသင္းေကာင္း ဆုိတာ ကၽြန္ေတာ္တုိ႕ သိပါတယ္။ ကၽြန္ေတာ္တုိ႕ သူတုိ႕ရဲ႕ အရည္အေသြးကို သိပါတယ္။ ဒါေပမယ့္ သူတုိ႕ အုိးထရပ္ဖို႕ဒ္ကို လာျပီး အႏုိင္ယူ ႏုိင္စြမ္း ရွိေန ပါေသးတယ္။” လို႕ ဆုိသြား ပါတယ္။

လီဗာပူး အသင္းေခါင္းေဆာင္ စတီဗင္ဂ်ာရတ္ ကလည္း လိဂ္ျပိဳင္ပြဲမွာ ဦးေဆာင္ ေနသူဟာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ ေနာက္ပိုင္း အုိးထရပ္ဖို႕ဒ္မွာ ပထမဦးဆံုး အၾကိမ္ ႏုိင္လိမ့္မယ္လို႕ ဆုိသြားခဲ့ျပီး အဆုိပါ ရာသီက ၃-၀ ႏုိင္ပြဲမွာ ဂ်ာရတ္ဟာ ပင္နယ္တီ ကေန ၂ ဂိုး သြင္းေပး ခဲ့ပါတယ္။

ဂ်ာရတ္က ‘အမွန္ပါပဲ။ လီဗာပူး ႏုိ္င္ပါလိမ့္္မယ္။ သူတုိ႕ဟာ ၈ ပြဲ ကစားထားခဲ့ျပီး ၈ပြဲစလံုး ႏုိင္ထား ခဲ့ပါတယ္။ ၃ ဦးတြဲ တုိက္စစ္ဟာ အေကာင္းဆံုး ပံုစံ ျပသေနျပီး သူတုိ႕ဟာ ဂိုးေတြ အမ်ားၾကီး ေပးထား ရျခင္း မရွိသလို သူတုိ႕ဟာ ဥေရာပ ခ်န္ပီယံပါ။ လီဗာပူးတုိ႕ ယူႏိုက္တက္ကုိ ဘာေၾကာင့္ အႏုိင္ရမွာလဲ ဆုိတဲ့ အျခား အေၾကာင္းျပခ်က္ ခင္ဗ်ားတုိ႕ လုိခ်င္ ေသးလို႕လား? ကၽြန္ေတာ္ ျခားနားတဲ့ အရာ ေျပာလိမ့္မယ္လို႕ ခင္ဗ်ားတုိ႕ ထင္ေနလို႕လား?” လို႕ ဆုိသြား ပါတယ္။

SM