ရော်ဘတ်တို ဖာမီနို ဟာ ဘလွန်းဒီအော ငါးဆုရှင် လီယွန်နယ်မက်ဆီ ဘာစီလိုနာ အတွက် အရေးပါသလိုမျိုး လီဗာပူး အတွက် အရေးပါတဲ့သူ ဖြစ်တယ်လို့ ဂျေဆွန် မက်အာတီးယား က ဆိုလိုက်ပါတယ်။ ဖာမီနိုဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အန်ဖီးကို ဂျာမန် ကလပ် ဟော့ဖန်ဟိုင်း အသင်း ကနေ ရောက််လာ ခဲ့သူ ဖြစ်ပြီး လီဗာပူး အတွက် လက်ရှိ အချိန်မှာ ပွဲပေါင်း ၂၀၀ ကျော် ကစား ပေးထား ခဲ့ပြီး ဖြစ်ပါတယ်။
အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှုးဟာ လီဗာပူး မှာ သွင်းဂိုး ၆၈ ဂိုးသာ သွင်းယူ ထားနိုင် ခဲ့ပေမယ့်လည်း ၎င်းရဲ့ ကွင်းအတွင်း လုပ်အားနှုန်းဟာ အသင်း အတွက် ကြီးကြီးမားမား အရေး ပါနေတယ်။ ဖာမီနို ဟာ မိုဟာမက်ဆာလား ၊ ဆာဒီယို မာနေး တို့နဲ့ အတူ ဥရောပ ရဲ့ အကောင်းဆုံး တိုက်စစ် အတွက်ကို ပုံဖော် ထားနိုင် ခဲ့ပြီး လီဗာပူး အတွက် အထောင် တိုက်စစ်မှာ ကစား ရတာ ဖြစ်ပေမယ့်လည်း ဘရာဇီး စတားဟာ ရှေ့ကနေ ခံစစ်ကို ကူပေးတဲ့ အပြင် နောက်ထိ ဆင်းကာ ချိတ်ဆက် ကစားပြီး တွဲဖက် တိုက်စစ် ကစားသမား နှစ်ဦး အတွက် ဖန်တီးမှုတွေ လုပ်ပေး နေတာ ဖြစ်ပါတယ်။
ဖာမီနို ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲအပြီးမှာ ၃ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီး ထားနိုင်ခဲ့ပြီး ပရိတ်သတ်တွေ ဘောလုံး ကျွမ်းကျင်သူတွေရဲ့ ချီးကျူးမှုတွေ အများအပြား ရနေပါတယ်။ လီဗာပူး အတွက် ၁၉၉၅ မှ ၁၉၉၉ ထိ ကစား ပေးခဲ့တဲ့ မက်အာတီးယား ကတော့ ဖာမီနို ရဲ့ လွှမ်းမိုးနိုင်မှု အပေါ် ဘာစီလိုနာ ရဲ့ မက်ဆီ နဲ့ ခိုင်းနှိုင်း သွားခဲ့ပြီး အာဂျင်တီးနား စတားဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ် ကျော်မှာ ကမ္ဘာ့အကောင်းဆုံး အဖြစ် လူတော်တော် များများရဲ့ သတ်မှတ် ထားခြင်း ခံရသူ ဖြစ်ပါတယ်။
မက်အာတီးယား က “လီဗာပူးမှာ ဂန္တဝင် နံပါတ် ၉ တွေ ပိုင်ဆို်င် ခဲ့ပြီး ရော်ဘတ်တို ဖာမီနို ကလည်း ဒီအတန်းအစားမှာ ၀င်ပါတယ်။ ဘရန်ဒန်ရော်ဂျာ ဟာ သူ အသင်းမှာ ရှိနေတုန်းက ဖာမီနိုကို ဘယ်နေရာမှာ သုံးရမလဲ ဆိုတာ မသိခဲ့ဘဲ ဘယ်တောင်ပံမှာ ထားကစား ခဲ့ပါတယ်။ ကလော့ ၀င်လာချိိန်မှာတော့ သူဟာ ၄-၃-၃ ကစားကွက် နဲ့ အတူ ပြင်းထန်တဲ့ ကွင်းလယ်လုပ်အားနဲ့ ပေါက်ကွဲနေတဲ့ front three ကို ပေါင်းစပ် ခဲ့ပါတယ်။
သူတို့ အနေနဲ့ တိုက်စစ်မှာ အရာအားလုံး အံဝင်ခွင်ကျ ဖြစ်သွားဖို့ အတွက် မှော်ဆန်သူ တစ်ယောက် လိုအပ် ခဲ့ပြီး ဘာစီလိုနာ အသင်း မှာ မက်ဆီကို တည်ပြီး ကစား စေတာနဲ့ ဆင်တူပါတယ်။ ဖာမီနိုဟာ လီဗာပူးရဲ့ မက်ဆီ ပါပဲ။ သူ အသင်းအတွက် ၀င်မကစား နိုင်တဲ့ အခါ အသင်းဟာ ကစားအား ဘယ်လောက် ကျသွားမလဲ ဆိုတာ ခင်ဗျားတို့ မြင်နိုင် ပါတယ်။
သူဟာ ယူအီးအက်ဖ်အေ စူပါဖလား ရဲ့ ပထမပိုုင်းမှာ ၀င်မကစား ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယပိုင်း သူဝင်လာ ချိိန်မှာတော့ သူဟာ ချက်ချင်း ဆိုသလို သက်ရောက်မှှု ပေးစွမ်း ခဲ့ပြီး အခွင့်အရေး အများအပြား ဖန်တီး ပေးခဲ့ပါတယ်။ ဒီနည်းစနစ်ဟာ မိုဆာလား နဲ့ မာနေး တို့အတွက် အံဝင် ပါတယ်။ ဒါပေမယ့် လုပ်အား အပြင်းဆုံး ထုတ်ရတာ ကတော့ ဖာမီနို ပါပဲ။ သူမပါတဲ့ အခါ လီဗာပူး ဟာ အခြား အသင်း တစ်သင်း ဖြစ်သွားပါတယ်။” လို့ ပြောခဲ့ ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီ ဇန်နဝါရီလ ၃ ရက်နေ့ မန်စီးတီးကို အီတီဟတ်မှာ ရှုံးနိမ့် ခဲ့ပြီး နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ လုံးဝ ရှံုးပွဲ မရှိသေးဘဲ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲစလုံး ကိုလည်း အနိုင် ရထားပါတယ်။ အာဆင်နယ် ရဲ့ လွန်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီက ရှံုးပွဲ မရှိ မှတ်တမ်းကို လိုက်မှီ လိမ့်မယ်လို့ လူတစ်ချို့က ပြောနေ ကြပေမယ့်လည်း အာတီးယား ကတော့ လာမည့် ၂ လ မှာ လီဗာပူး တို့ ကစားရမယ့် ပွဲကျပ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်လိမ့်မယ်လို့ ပြောသွား ပါတယ်။
အာတီးယား က “သူတို့ ဒီရာသီ ရှံုးပွဲ မရှိ ကစားနိုင်မှာလား? ကျွန်တော် ဒီအပေါ် ဘာမှ မပြောလိုပါဘူး။ ပွဲတွေ အများကြီး ကစားဖို့ ကျန်နေသေးတဲ့ အပြင် အစောကြီး ရှိနေ ပါသေးတယ်။ အဓိက မေးခွန်း ကတော့ လီဗာပူး တို့ နောက်ဆုံး စည်းကို ကျော်ဖြတ်ကာ ဖလား ဆွတ်ခူးနိုင်မှာလား။ သူတို့ဟာ နို၀င်ဘာ ဒီဇင်ဘာမှာ ကြမ်းတမ်းတဲ့ ၁၅ ပွဲနဲ့ ကာတာကို ကမ္ဘာ့ကလပ်များ ဖလား အတွက် သွားကစား ရမှာပါ။
သူတို့ရဲ့ လူစာရင်းဟာ ဒီအချိန်မှာ စတင် လှုပ်လာပါပြီ။ ကလော့ အနေနဲ့ အလှည့်ကျ သူသုံးစွဲရမယ့် အချိန် နဲ့ သူ့ရဲ့ အရန် ကစားသမားတွေကို စတင် အသုံးပြု သွားရမယ့် အချိန် ရောက်လာ ပါပြီ။” လို့ ဆိုလိုက်ပါတယ်။
SM
Zawgyi
လီဗာပူး ကစားသမားတစ်ဦးရဲ့ လွှမ်းမိုးမှုကို ဘာစီလိုနာ မှာ မက်ဆီရဲ့ အရေးပါပုံနဲ့ ခိုင်းနှိုင်းလိုက်တဲ့ မက်အာတီးယား
လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီ ဇန်န၀ါရီလ ၃ ရက်နေ့ မန်စီးတီးကို အီတီဟတ်မှာ ရှုံးနိမ့် ခဲ့ပြီး နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ လုံးဝ ရှုံးပွဲ မရှိသေးဘဲ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲစလုံး ကိုလည်း အနိုင် ရထားပါတယ်။ အာဆင်နယ် ရဲ့ လွန်ခဲ့တဲ့ ၂၀၀၃-၀၄ ရာသီက ရှုံးပွဲ မရှိ မှတ်တမ်းကို လိုက်မှီ လိမ့်မယ်လို့ လူတစ်ချို့က ပြောနေ ကြပေမယ့်လည်း အာတီးယား ကတော့ လာမည့် ၂ လ မှာ လီဗာပူး တို့ ကစားရမယ့် ပွဲကျပ်တွေဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်လိမ့်မယ်လို့ ပြောသွား ပါတယ်။
SM