အီဂျစ်မှာ ကျင်းပ ယှဉ်ပြိုင်နေတဲ့ International Serie 2019 ကြက်တောင် ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲမှာတော့ မြန်မာပြည် ကနေ သွားရောက် ယှဉ်ပြိုင်နေတဲ့ ကစားသမားလေး သက်ထားသူဇာဟာ မနေ့က ပြိုင်ဘက် နှစ်ယောက်ကို ဆက်တိုက် အနိုင်ယူရင်း ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူမ ဟာ ဒီပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပြီး ၊ ချန်ပီယံ ဆုကို ကာကွယ်ရင်း ယှဉ်ပြိုင် ကစားနေရတာ ဖြစ်ကာ အဲဒီလို စွမ်းဆောင်နိုင်မယ်လို့လဲ ထင်ကြေး ပေးခံထားရပါတယ်။

အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပေါင်း က 49 ယောက် အထိ ရှိခဲ့ပြီး –

ကမ္ဘာ့အဆင့် သတ်မှတ်ချက် 1-100 အတွင်း – 4 ယောက်
ကမ္ဘာ့အဆင့် သတ်မှတ်ချက် 1-1000 အတွင်း – 27 ယောက်
ကမ္ဘာ့အဆင့် သတ်မှတ်ချက် 1000 ကျော် – 5 ယောက်
ကမ္ဘာ့အဆင့် သတ်မှတ်ချက် မရသေးတဲ့ ကစားသမား – 17 ယောက်

ရှိခဲ့ပါတယ်။

သက်ထားသူဇာ ဟာ အဲဒီ 49 ဦးထဲမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အမြင့်ဆုံး ကစားသမား အဖြစ် ယှဉ်ပြိုင်ရတာ ဖြစ်လို့ ၊ လက်ရည်စစ်ပွဲ ကစားစရာ မလိုပဲ ၊ ဘိုင် ရရှိကာ ရှုံးထွက် အဆင့်ကနေ စတင် ကစားခဲ့ရပါတယ်။

(International Series အမျိုးအစား ပြိုင်ပွဲ ဖြစ်တာကြောင့် ၊ ဆုကြေး ချီးမြှင့်မှု မပာဏဟာ အလွန်ကို နည်းပါးတာမို့ ကမ္ဘာကျော် ကြက်တောင် ကစားသမားတွေ လာရောက် ယှဉ်ပြိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။)

သက်ထားသူဇာ ကတော့ သူမ မှန်းထားတဲ့ အိုလံပစ် ဝင်ရောက်ခွင့် ရရှိဖို့ အတွက် အဓိက ရည်မှန်းနေတာကြောင့် ၊ ဒီလို ပြိုင်ပွဲမျိုးတွေကိုသာ အဓိက ယှဉ်ပြိုင်ရင်း ၊ ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်သထက် မြင့်တက်လာဖို့ အတွက် ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

မနေ့က ပထမပွဲ စဉ် အဖြစ် အသက် 15 နှစ် အရွယ်သာ ရှိသေးတဲ့ အိမ်ရှင် အီဂျစ်သူ အက်ဘ်ဒယ်ကာဒါ (ကမ္ဘာ့အဆင့် သတ်မှတ်ချက် 1160) နဲ့ ကစားခဲ့ရပြီး 4-21 ၊ 7-21 တွေနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဲဒီနောက် ညပိုင်းမှာတော့ အိန္ဒိယ နိုင်ငံသူ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 197 မှာ ရပ်တည်နေတဲ့ တာကာ နဲ့ ဆက်လက် ယှဉ်ပြိုင် ကစားရပြီး ၊ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ရကာ 17-22 ၊ 22-24 ရလာဒ်တွေ နဲ့ ဖြတ်ကျော် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကွာတားဖိုင်နယ် ပွဲစဉ် အဖြစ် နောက်ထပ် အန္ဒိယ ကစားသမား တစ်ဦးဖြစ်တဲ့ ကာဝါ နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကာဝါ ဟာ ကမ္ဘာ့အဆင့် 302 မှာ ရပ်တည်နေသူ ဖြစ်ပြီး ၊ သက်ထားသူဇာ ကတော့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 65 မှာ ရပ်တည်နေတာပါ။

ကာဝါဟာ ဒီအဆင့်ကို ရောက်ရှိဖို့အတွက် အိမ်ရှင် အီဂျစ် ကစားသမား နှစ်ယောက်ကို ဖြတ်ကျော် လာခဲ့တာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်လာတဲ့ ကစားသမားတွေ ထဲမှာတော့ ဘိုင် ရရှိထားတဲ့ 8 ဦးထဲက ကစားသမားတွေ ပဲ များနေတာကြောင့် ၊ သက်ထားသူဇာဟာ ဆီမီးဖိုင်နယ် ရောက်ရင်တော့ အကြိတ်အနယ် ဖြစ်လာနိုင်ဖွယ် ရှိနေတယ်လို့ ယူဆရမယ့် ပွဲတွေကို ရင်ဆိုင် ကစားလာရဖွယ် ရှိနေပါတယ်။

သို့သော် အခုတလော တိုးတက်လာတဲ့ သူမရဲ့ လက်စွမ်းတွေကြောင့်ပဲ ၊ ဘယ်လို ပြိုင်ဘက်မျိုးမဆို ရဲရဲဝံ့ဝံ့ရင်ဆိုင် ကစားရင်း ကျော်ဖြတ်နိုင်ဖို့ ကြိုးစားမယ် ဆိုတာတော့ သေချာပါတယ်။ သူမ ဟာ နောက်ဆုံး ပါဝင် ယှဉ်ပြိုင် ကစားခဲ့တဲ့ မော်လ်ဒိုက် International Challenge လို ပြိုင်ပွဲမျိုးမှာ ၊ ကမ္ဘာကျော် ကစားသမားတွေကိုတောာင် ကျော်ဖြတ်ပြခဲ့တာမို့ ၊ ဒီတစ်ကြိမ် မှာလဲ ချန်ပီယံဆုကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

International Challenge ပြိုင်ပွဲဟာ International Series ပြိုင်ပွဲထက် အဆင့်အတန်း ပိုမြင့်တာကြောင့် ၊ သက်ထားသူဇာ အနေနဲ့ မော်လ်ဒိုက်မှာ တတိယ နေရာပဲ ရယူနိုင်ခဲ့သည့်တိုင်အောင် အဲဒီ ကနေ ရရှိလာတဲ့ ရမှတ်တွေက International Series ပြိုင်ပွဲ ဗိုလ်စွဲလို့ ရတဲ့ ရမှတ်ထက်တောင် များပြားခဲ့တာမို့ ၊ သူမဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေကို ပိုပြီး မြင့်တက်လာနေတာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလဲ ချန်ပီယံဆု ကို ကာကွယ်ပြရင်း စွမ်းဆောင်ပြလိုက်ပါဦး ညီမငယ်ရေ………..

SPORTS MYANMAR

Zawgyi

တစ္ရက္ထဲ ႏွစ္ပြဲ ဆက္တိုက္ အနိုင္ ကစားၿပီး ကြားတားဖိုင္နယ္ တက္ေရာက္သြားတဲ့ #သက္ထားသူဇာ

အီဂ်စ္မွာ က်င္းပ ယွဥ္ၿပိဳင္ေနတဲ့ International Serie 2019 ၾကက္ေတာင္ ၿပိဳင္ပြဲရဲ့ အမ်ိဳးသမီး တစ္ဦးခ်င္း ၿပိဳင္ပြဲမွာေတာ့ ျမန္မာျပည္ ကေန သြားေရာက္ ယွဥ္ၿပိဳင္ေနတဲ့ ကစားသမားေလး သက္ထားသူဇာဟာ မေန႔က ၿပိဳင္ဘက္ ႏွစ္ေယာက္ကို ဆက္တိုက္ အနိုင္ယူရင္း ကြာတား ဖိုင္နယ္ အဆင့္ကို တက္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။

သူမ ဟာ ဒီၿပိဳင္ပြဲရဲ့ လက္ရွိ ခ်န္ပီယံ ျဖစ္ၿပီး ၊ ခ်န္ပီယံ ဆုကို ကာကြယ္ရင္း ယွဥ္ၿပိဳင္ ကစားေနရတာ ျဖစ္ကာ အဲဒီလို စြမ္းေဆာင္နိုင္မယ္လို႔လဲ ထင္ေၾကး ေပးခံထားရပါတယ္။

အမ်ိဳးသမီး တစ္ဦးခ်င္း ၿပိဳင္ပြဲအတြက္ ၿပိဳင္ပြဲဝင္ေပါင္း က 49 ေယာက္ အထိ ရွိခဲ့ၿပီး –

ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 1-100 အတြင္း – 4 ေယာက္
ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 1-1000 အတြင္း – 27 ေယာက္
ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 1000 ေက်ာ္ – 5 ေယာက္
ကမၻာ့အဆင့္ သတ္မွတ္ခ်က္ မရေသးတဲ့ ကစားသမား – 17 ေယာက္

ရွိခဲ့ပါတယ္။

သက္ထားသူဇာ ဟာ အဲဒီ 49 ဦးထဲမွာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ အျမင့္ဆုံး ကစားသမား အျဖစ္ ယွဥ္ၿပိဳင္ရတာ ျဖစ္လို႔ ၊ လက္ရည္စစ္ပြဲ ကစားစရာ မလိုပဲ ၊ ဘိုင္ ရရွိကာ ရွုံးထြက္ အဆင့္ကေန စတင္ ကစားခဲ့ရပါတယ္။

(International Series အမ်ိဳးအစား ၿပိဳင္ပြဲ ျဖစ္တာေၾကာင့္ ၊ ဆုေၾကး ခ်ီးျမႇင့္မွု မပာဏဟာ အလြန္ကို နည္းပါးတာမို႔ ကမၻာေက်ာ္ ၾကက္ေတာင္ ကစားသမားေတြ လာေရာက္ ယွဥ္ၿပိဳင္ျခင္း မရွိတာ ျဖစ္ပါတယ္။)

သက္ထားသူဇာ ကေတာ့ သူမ မွန္းထားတဲ့ အိုလံပစ္ ဝင္ေရာက္ခြင့္ ရရွိဖို႔ အတြက္ အဓိက ရည္မွန္းေနတာေၾကာင့္ ၊ ဒီလို ၿပိဳင္ပြဲမ်ိဳးေတြကိုသာ အဓိက ယွဥ္ၿပိဳင္ရင္း ၊ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ ျမင့္သထက္ ျမင့္တက္လာဖို႔ အတြက္ ရည္ရြယ္ထားတယ္လို႔ ယူဆရပါတယ္။

မေန႔က ပထမပြဲ စဥ္ အျဖစ္ အသက္ 15 ႏွစ္ အရြယ္သာ ရွိေသးတဲ့ အိမ္ရွင္ အီဂ်စ္သူ အက္ဘ္ဒယ္ကာဒါ (ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 1160) နဲ႔ ကစားခဲ့ရၿပီး 4-21 ၊ 7-21 ေတြနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။

အဲဒီေနာက္ ညပိုင္းမွာေတာ့ အိႏၵိယ နိုင္ငံသူ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 197 မွာ ရပ္တည္ေနတဲ့ တာကာ နဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ ကစားရၿပီး ၊ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ ကစားခဲ့ရကာ 17-22 ၊ 22-24 ရလာဒ္ေတြ နဲ႔ ျဖတ္ေက်ာ္ နိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ကြာတားဖိုင္နယ္ ပြဲစဥ္ အျဖစ္ ေနာက္ထပ္ အႏၵိယ ကစားသမား တစ္ဦးျဖစ္တဲ့ ကာဝါ နဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ကာဝါ ဟာ ကမၻာ့အဆင့္ 302 မွာ ရပ္တည္ေနသူ ျဖစ္ၿပီး ၊ သက္ထားသူဇာ ကေတာ့ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ 65 မွာ ရပ္တည္ေနတာပါ။

ကာဝါဟာ ဒီအဆင့္ကို ေရာက္ရွိဖို႔အတြက္ အိမ္ရွင္ အီဂ်စ္ ကစားသမား ႏွစ္ေယာက္ကို ျဖတ္ေက်ာ္ လာခဲ့တာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္လာတဲ့ ကစားသမားေတြ ထဲမွာေတာ့ ဘိုင္ ရရွိထားတဲ့ 8 ဦးထဲက ကစားသမားေတြ ပဲ မ်ားေနတာေၾကာင့္ ၊ သက္ထားသူဇာဟာ ဆီမီးဖိုင္နယ္ ေရာက္ရင္ေတာ့ အႀကိတ္အနယ္ ျဖစ္လာနိုင္ဖြယ္ ရွိေနတယ္လို႔ ယူဆရမယ့္ ပြဲေတြကို ရင္ဆိုင္ ကစားလာရဖြယ္ ရွိေနပါတယ္။

သို႔ေသာ္ အခုတေလာ တိုးတက္လာတဲ့ သူမရဲ့ လက္စြမ္းေတြေၾကာင့္ပဲ ၊ ဘယ္လို ၿပိဳင္ဘက္မ်ိဳးမဆို ရဲရဲဝံ့ဝံ့ရင္ဆိုင္ ကစားရင္း ေက်ာ္ျဖတ္နိုင္ဖို႔ ႀကိဳးစားမယ္ ဆိုတာေတာ့ ေသခ်ာပါတယ္။ သူမ ဟာ ေနာက္ဆုံး ပါဝင္ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ေမာ္လ္ဒိုက္ International Challenge လို ၿပိဳင္ပြဲမ်ိဳးမွာ ၊ ကမၻာေက်ာ္ ကစားသမားေတြကိုေတာာင္ ေက်ာ္ျဖတ္ျပခဲ့တာမို႔ ၊ ဒီတစ္ႀကိမ္ မွာလဲ ခ်န္ပီယံဆုကို ကာကြယ္နိုင္လိမ့္မယ္လို႔ ယုံၾကည္မိပါတယ္။

International Challenge ၿပိဳင္ပြဲဟာ International Series ၿပိဳင္ပြဲထက္ အဆင့္အတန္း ပိုျမင့္တာေၾကာင့္ ၊ သက္ထားသူဇာ အေနနဲ႔ ေမာ္လ္ဒိုက္မွာ တတိယ ေနရာပဲ ရယူနိုင္ခဲ့သည့္တိုင္ေအာင္ အဲဒီ ကေန ရရွိလာတဲ့ ရမွတ္ေတြက International Series ၿပိဳင္ပြဲ ဗိုလ္စြဲလို႔ ရတဲ့ ရမွတ္ထက္ေတာင္ မ်ားျပားခဲ့တာမို႔ ၊ သူမဟာ ကမၻာ့အဆင့္ သတ္မွတ္ခ်က္ေတြကို ပိုၿပီး ျမင့္တက္လာေနတာ ျဖစ္ပါတယ္။

ဒီတစ္ႀကိမ္မွာလဲ ခ်န္ပီယံဆု ကို ကာကြယ္ျပရင္း စြမ္းေဆာင္ျပလိုက္ပါဦး ညီမငယ္ေရ………..

SPORTS MYANMAR