မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူးဟောင်း ဖြစ်သူ တက်ဒီ ရှရင်ဂမ် ဟာ ကစားသမား ဘဝ အိုးလ် ထရပ်ဖို့ဒ် မြေမှာ ကမ္ဘာ့အဆင့် ကစားသမား များစွာ နဲ့ အသင်းဖော် အဖြစ် အတူ လက်တွဲ ကစား ဖူးသူ ပဲ ဖြစ် ပါတယ် ။

ဒီတစ်ပါတ် မှာတော့ မန်ချက်စတာ ယူနိုက်တက် ဂန္ဓဝင် အသင်း ဟာ ဘိုင်ယန် မြူးနစ် ဂန္ဓဝင် အသင်း နဲ့ ဆု ဖလား 3 လုံး အောင်ပွဲ ရဲ့ နှစ် 20 ပြည့် အမှတ်တရ ပွဲစဉ် ကစား သွားဖို့ ရှိနေ ပါတယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ အသက် 53 နှစ် အရွယ် ရှရင်ဂမ် က သူနဲ့ အတူ တွဲ ကစား ခဲ့ကြ ဖူးတဲ့ ကစားသမား တွေထဲ မှ အကောင်းဆုံး ကစားသမား နှစ်ဦး အမည်ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ကစား ခဲ့ ဖူးတဲ့ အသင်းဖော် တွေထဲ အကောင်းဆုံး ကစားသမား တွေက ဘယ်သူ တွေလဲ ဆိုတာ မကြာခန အမေးခံ ရလေ့ ရှိ ပါတယ် ။ အဲ့ဒီ အခါ တိုင်း နှစ်ယောက် ပြော ရရင် ကျွန်တော် အမြဲ ပြောလေ့ ရှိတဲ့ နာမည် မှာ သူ ( ရွိုင်ကိန်း ) ပါဝင် နေတက် ပါတယ် ”

” အဲ့ဒီ တုန်းက သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ပိုင်းကို မောင်းနှင် နေသူ ပေါ့ဗျာ ။ ကျွန်တော် တို့ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ အံချီး ဖွယ်ရာ ကစားသ မားတွေ များစွာ ရှိခဲ့ ကြ ပါတယ် ။ သူ ကောင်းကောင်း မကစား နိုင်တဲ့ သူဟာ ခြားနား တဲ့ အရာ တွေကို လုပ်ဆောင် နိုင်မြဲ ပါပဲ ”

” အကယ်လို့ အသင်း ထဲက အခြား တစ်ယောက် မကစား နိုင်ရင် ကျွန်တော် တို့ အခြေအနေ တွေကို ပြောင်းလဲ ပြီး အလုပ် ဖြစ်အောင် လုပ်ဆောင် ကြရ ပါတယ် ။ ဒါပေမဲ့ ရွိုင်း ကတော့ အသင်း အတွက် ခြားနား ချက်တွေ အမြဲ လုပ်ပေး နိုင်ခဲ့ ပါတယ် ”

” အကယ်လို့ သူ ကောင်းကောင်း မကစား နိုင်ခဲ့ ရင်တောင် အသင်း ဖော်တွေ ကို အကောင်းဆုံး မောင်းနှင် ရင်း အားလုံး ကိုယ့် အလုပ် ကို အကောင်းဆုံး လုပ်ဆောင် ပေးနိုင် အောင် ထောက်ပံ့ ပေးနိုင် ခဲ့ ပါတယ် ”

” ဒါ့အပြင် ပွဲရဲ့ အရှိန် ကို ဘယ် အခါ မှာ လျော့ချ ပစ်ရ မလဲ ၊ ဘယ် အချိန် မှာ ပြန်လည် မြှင့်တင် ရ မလဲ ဆိုတာ တွေ ကိုပါ သူ ကောင်းကောင်း သိရှိ ထား ပါတယ် ”

” ဒါတွေ မက ဘယ်လို အခြေအနေ တွေမှာ ကြမ်းကြမ်း တမ်းတမ်း ဖျက်ထုတ် ရ မလဲ ၊ ဘယ် အချိန် မှာ တည်တည် ငြိမ်ငြိမ် ကစား ရ မလဲ ၊ ကိုယ့် အသင်း သားတွေ ဆီ ဖိုက်တာ တွေလို စိတ်ဓါတ် ရောက်ရှိ အောင် ဘာတွေ လုပ်ဆောင် ရ မလဲ ဆိုတာ တွေကို လည်း သူဟာ အချိန် ကိုက် လုပ်ဆောင် နိုင် ပါတယ် ”

” အဲ့တာ တွေက ပရီးမီးယား လိဂ် မှာသာ မက ဥရောပ မှာပါ လိုအပ် တဲ့ အဓိက အချက် တွေပဲ ဖြစ် ပါတယ် ။ တစ်ခါတလေ မှာ ခင်ဗျား ရဲ့ လုပ်ပိုင် ခွင့် တွေကို အပြည့်အဝ အသုံး ချနိုင် ရ ပါ့မယ် ။ သူ ( ရွိုင်ကိန်း ) ဟာတော့ ကျွန်တော် တို့ အသင်း ရဲ့ အဓိက ကစားသမား ၊ ခေါင်းဆောင် ကြီး တစ်ဦး ပါပဲ ”

” ကိန်း ပြီးရင် နောက် တစ်ယောက် က ဘယ်သူ ဖြစ် မလဲ ဆိုတာ ကျွန်တော် အမေး ခံရ တက် ပါတယ် ။ ဘယ်သူ ဖြစ်နေ လိမ့် မလဲ ? ဒီ အတွက် ရိုးရှင်းစွာ ပဲ ပြော ပါရစေ ၊ ‘ ဂါဇာ ‘ ( ဂတ်စကွိုင်နီ ) ပေါ့ဗျာ ” လို့ ရှရင်ဂမ် က အသင်း ဖော်ဟောင်း တွေ အကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar