Liverpool
ယာဂန်ကလော့ က ဒီတစ်ပတ် အိုးထရပ်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြီး ပွဲကောင်းမှာ လီဗာပူး တို့ မန်ချက်စတာ ယူနိုက်တက်ကို အနိုင် ရဖို့ ရေပန်းစားတယ် ဆိုတဲ့ ပြောဆိုမှု တွေကို ပယ်ချ သွားခဲ့ပါတယ်။ ဒါ့အပြင် ကလော့ဟာ နှစ်သင်းစလုံး အပေါ် မီဒီယာ တွေရဲ့ ပွဲရှာ နေမှုကို တုန့်ပြန် လိုက်ပြီး ဒါဟာ မာဆေးဆိုက် ကလပ်ကို ခြေချော်မှု ဖြစ်စေ နိုင်တယ်လို့ ဆိုသွား ပါတယ်။
အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီရာသီ အမြင့်ဆုံး ရနိုင်တဲ့ ရမှတ် ၂၄ မှတ် ထဲကနေ ၉ မှတ် သာ ရယူထား နိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာကို ရောက်နေ ပါတယ်။ တစ်ချိန်တည်း မှာပဲ လီဗာပူး အသင်းဟာ အပြီးပြည့်စုံဆုံး ရာသီ စတင်မှုကို လုပ်နိုင်ခဲ့ပြီး ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်စီးတီး ကို ၈ မှတ် ဖြတ်ကာ ရမှတ်ပြည့်နဲ့ ထိပ်ဆုံး နေရာမှာ ရပ်တည် နေပါတယ်။
လီဗာပူးဟာ ဒီတစ်ပတ် ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ အနိုင် ကစား နိုင်ခဲ့မယ် ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မန်စီးတီး ရဲ့ ၁၈ ပွဲဆက် လိဂ်နိုင်ပွဲ စံချိန်ကို လိုက်မှီ သွားမှာ ဖြစ်ပြီး သူတို့ရဲ့ ပြိုင်ဘက်ကိုလည်း တန်းဆင်းဇုန် နားကို တွန်းပို့ နိုင်မှာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဆင့် ၁၈ နေရာက အဲဗာတန် အသင်း နဲ့ ရမှတ် ၂ မှတ်သာ ကွာဟချက် ရှိနေပြီး ၈ပွဲမှာ ၂ ပွဲသာ နိုင်ခဲ့တာကြောင့် အိုလီဂန်နား ဆိုးရှား အတွက် ဖိအားတွေ အရမ်း များပြား နေပါတယ်။
လီဗာပူးဟာ နော်ဝေး နည်းပြ ကို ဒီရာသီ ပရီးမီးယားလိဂ် မှာ ၄ ပွဲမြောက် ရှုံးပွဲ ကြံုတွေ့ စေလိမ့်မယ်လို့ ရေပန်းစား နေပြီး စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ဒန်နီမေးလ် ကလည်း သူ့ရဲ့ မန်ယူနိုက်တက် + လီဗာပူး အကောင်းဆုံး အသင်း ရွေးချယ်ရာမှာ ယူနိုက်တက် ကစားသမား တစ်ဦးမှ ရွေးချယ် ခဲ့ခြင်း မရှိ ခဲ့ပါဘူး။
ကလော့ကတော့ ဒီလို ပြောဆိုမှုတွေကို အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ် အဖြစ် ပယ်ချ သွားခဲ့ပြီး သူ့ရဲ့ အသင်းကို ခြေချော် သွားအောင် ဖန်တီးနေတာပဲလို့ တုန့်ပြန် ခဲ့ပါတယ်။
ကလော့ က “ဒီ ကစားပွဲကို လျစ်လျူရှုဖို့ဟာ အရမ်းကို လွယ်ကူ ပါတယ်။ ယူနိုက်တက် နဲ့ ကစားရမယ့် ပွဲကို ပြောတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ မီဒီယာတွေ ကစားတဲ့ ပွဲကို ပြောတာပါ။ ပြီးခဲ့တဲ့ ရက်က Sky ဟာ နှစ်သင်းပေါင်း line-up ဖန်တီး ခဲ့ပြီး အားလုံးဟာ လီဗာပူး ကစားသမား တွေပါပဲ။ ဒါဟာ ဟာသ ပါပဲ။ ခြေချော် သွားဖို့ အတွက် ဖန်တီး နေကြ သလို ပါပဲ။
ဒါဟာ ဆပ်ကပ်လို ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီပွဲရဲ့ အလယ်မှာ ကျရောက် နေပါတယ်။ လူတစ်ချို့ က ကျွန်တော်တို့ကို နို်င်စေ ချင်ကြပြီး တစ်ချို့ ကတော့ ကျွန်တော်တို့ကို ရှံုးနိမ့် စေချင် ကြပါတယ်။ ကျွန်တော်် ကတော့ ယူနိုက်တက် ရဲ့ အင်အားကို ကောင်းကောင်း သိပါတယ်။ ယူနိုက်တက် အနေနဲ့ သူတို့ရဲ့ ရာသီကို အပြောင်းအလဲ လုပ်သွား ချင်တယ် ဆိုရင် နောက်တစ်ပတ် ထပ်စောင့်ရအောင် ကျွန်တော်တို့ ဘက်က လုပ်သွားဖို့ လိုအပ် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။
လီဗာပူး အသင်း အိုးထရပ်ဖို့ဒ် မှာ နောက်ဆုံး အကြိ်မ် အနိုင် ရခဲ့တာ ကတော့ ကလော့ အန်ဖီးကို မရောက်လာမီ ၁၉ လ အလိုက ဖြစ်ကာ လီဗာပူး ဟာ မတ်လ ၂၀၁၄ က ယူနို်က်တက်ကို ၃ – ၀ နဲ့ အနိုင် ကစား ခဲ့တာ ဖြစ်ပါတယ်။ ကလော့ ရဲ့ လက်ထက် မှာတော့ လီဗာပူးဟာ ယူနိုက်တက် ကို အဝေးကွင်းမှာ အနိုင် ရထားခြင်း မရှိသေးဘဲ ဆိုးရှား ကတော့ ဒီပွဲဟာ သူတို့ရဲ့ ရာသီကို အပြောင်းအလဲ လုပ်ဖို့ အကောင်းဆုံး ပွဲ ဖြစ်တယ်လို့ တစ်နေ့က ဆိုထား ခဲ့ပါတယ်။
ယာဂန်ကလော့ က “ရိုးရိုးသားသား ပြောရရင် ကျွန်တော့် အနေနဲ့ ယုံကြည်မှု နဲ့ ပက်သက်ပြီး ဘယ်တုန်းကမှ ရုန်းကန် ခဲ့ရခြင်း မရှိ ခဲ့ပါဘူး။ ဘာကြောင့်ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ယူနိုက်တက် နဲ့ ပွဲမတိုင်မီ ကျွန်တော် ဘာကြောင့် ဒီလို တစ်ကြိမ်မှ မဖြစ် ခဲ့သလဲ ဆိုတာ ကျွန်တော် နားတော့ မလည်ပါဘူး။ ကျွန်တော်တို့မှာ အခွင့်အရေး ရှိတယ် ဆိုပြီး အမြဲ အကောင်းမြင်တက် ပါတယ်။ အခြားပွဲစဉ်တွေ မှာလည်း ဒီအတိုင်း ပါပဲ။
ဒီကိစ္စမှာ သမိုင်း မှတ်တမ်းတွေက အရေး မပါပါဘူး။ ကျွန်တော်တို့ဟာ အန်ဖီးမှာ အကောင်းဆုံး အငွေ့အသက် ကို ဖန်တီး ခဲ့ကြပြီး ဒါဟာ တကယ့်ကို အကူအညီ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အိုးထရပ်ဖို့ဒ် ကလည်း ဒီအပိုင်းမှာ သိပ်တော့ မဆိုးပါဘူး။ ဒါ့ကြောင့် သူတို့ အသင့် ပြင်ထားကြမှာ သေချာနေပြီး ကျွန်တော်တို့ကို စောင့်နေကြ မှာပါ။
ကျွန်တော်တို့ကို အချိန်ကို်က် တွေ့တဲ့ ပြိုင်ဘက်လို့ သူတို့ ပြောခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒီအချိန်မှာ ကျွန်တော်တို့နဲ့ ရင်ဆိုင် ကစားချင်တဲ့ အသင်း များများ စားစား ရှိမယ် မထင်ပါဘူး။ မန်ယူနိုက်တက်ဟာ ကျွန်တော်တို့နဲ့ ရင်ဆိုင်လိုတဲ့ တစ်ခုတည်းသော အသင်း ဖြစ်နေပုံ ပါပဲ။ ဒါဟာ နားလည်မှု လွဲနေတယ် ဆိုတာကို ကျွန်တော်တို့ သေချာအောင် လုပ်သွားရ ပါမယ်။ ဒါဟာ သာမန် ပါပဲ။ ‘ဒီပွဲဟာ ငါတို့ ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်နိုင်တဲ့ ပွဲ’ ဆိုပြီး အခြေအနေ တွေက နောက်တစ်မျိုး ဖြစ်နေတယ် ဆိုရင်လည်း ကျွန်တော် ဒီအတိုင်း လုပ်သွားမှာပါ။ ကျွန်တော်တောင် ပွဲကို ဒီလို ပြင်ဆင် ထားတယ် ဆိုရင် အိုလီကကော ဘာကြောင့် ဒီလို မလုပ်စရာ ရှိသလဲ? ကျွန်တော် ဒီလို မြင်ထားပါတယ်။ ဒါပေမယ့် ဒီသမိုင်းကြောင်း နဲ့ ကျွန်တော်တို့ရဲ့ အချက်အလက် တွေဟာ ဘာမှ လုပ်လို့ မရပါဘူး။” လို့ ဆိုလိုက် ပါတယ်။
SM
Zawgyi
ယူနိုက်တက် + လီဗာပူး Combined XI မှာ ယူနိုက်တက်ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တဲ့ မီဒီယာရဲ့ ပွဲရှာမှုကို တုန့်ပြန်လိုက်တဲ့ ယာဂန်ကလော့
လီဗာပူးဟာ နော်ဝေး နည်းပြ ကို ဒီရာသီ ပရီးမီးယားလိဂ် မှာ ၄ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ စေလိမ့်မယ်လို့ ရေပန်းစား နေပြီး စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ဒန်နီမေးလ် ကလည်း သူ့ရဲ့ မန်ယူနိုက်တက် + လီဗာပူး အကောင်းဆုံး အသင်း ရွေးချယ်ရာမှာ ယူနိုက်တက် ကစားသမား တစ်ဦးမှ ရွေးချယ် ခဲ့ခြင်း မရှိ ခဲ့ပါဘူး။
SM