၂၀၁၆ ခုနှစ်တုန်းက ဘောလ်တန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂.၅ သန်း နဲ့ မထင်မရှား ရောက်ရှိလာတဲ့ ရောဘ့်ဟိုးလ်ဒင်း ဟာ ယခု လက်ရှိ အချိန်မှာတော့ အာဆင်နယ် အသင်းအတွက်ကော အင်္ဂလန် လက်ရွေးစင် အသင်းအတွက်ပါ အလားအလာ အရှိဆုံး ဗဟို နောက်ခံလူ အဖြစ် သတ်မှတ် ခံနေရပြီ ဖြစ်ပါတယ်။

ဟိုးလ်ဒင်း ဟာ အာဆင်နယ် အသင်းကို ရောက်ရောက်ချင်းမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ် ။ ဒါကြောင့် နည်းပြကြီး အာဆင်ဝင်းဂါး က ဟိုးလ်ဒင်း ရဲ့ တန်ကြေးဟာ နည်းပါး ပေမယ့် ခြေစွမ်းပိုင်းကတော့ အားရ ကျေနပ်ဖို့ ကောင်းကြောင်း ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ထုတ်ဖော် ချီးကျူး ခဲ့တာပါ ။

အာဆင်း က ” ရော့်ဟိုးလ်ဒင်း ဒီလောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသ နေတာတောင် ဘယ်သူမှ ထုတ်ဖော် မချီးကျူးကြပါဘူး ၊ တကယ်ဆို ခင်ဗျားတို့ ဝမ်းသာ ရမှာပါ ၊ သူက အသက် ၂၀ ပဲ ရှိသေးတဲ့ အင်္ဂလန် သားလေးပါ ။ ”

” သူ့အတွက် ပေါင် ၅၅ သန်း မပေးခဲ့ရတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး ၊ တန်ကြေး နည်းတဲ့ အတွက် သူ့ခြေစွမ်း မကောင်းနိုင်တော့ဘူးလား ၊ ကျနော်တို့ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းကြောင်း မချီးကျူးကြတော့ဘူးလား ၊ ဒါမျိုးက တကယ်ဆို မဖြစ်သင့်ပါဘူး ။ ” လို့ ပြောကြား ခဲ့တာပါ ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟိုလ်းဒင်း က ဆရာဟောင်း ဖြစ်သူ အာဆင်ဝင်းဂါး ရဲ့ ချီးကျူး စကားကို နှစ်သက် သဘောကျကြောင်း ဝန်ခံလိုက်ပြီး သူ ဖြစ်ချင်တဲ့ နေရာကို ရောက်လာဖို့ အတွက် စိတ်ဓတ် ခွန်အားတွေ အများကြီး ရခဲ့ကြောင်း ဆိုပါတယ် ။

” အာဆင်းရဲ့ တုန့်ပြန် စကားကို ကျနော် အရမ်းနှစ်သက် သ​ဘောကျပါတယ် ၊ အဲ့စကားကြောင့် စိတ်ဓတ် ခွန်အားတွေလည်း အများကြီး ရခဲ့ပါတယ် ၊ ကျနော် ဟာ ကျနော် ပါပဲ ၊ ဒါကြောင့် ကျနော် ရောက်ချင်တဲ့ နေရာ တစ်ခုကို ရောက်ဖို့ အတွက် အပြင်းအထန် ကြိုးစား နေပါတယ် ။ ” လို့ Reddit AMA မှာ ဖြေကြား ခဲ့တာပါ ။

ဟိုးလ်းဒင်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာ မရခင်အထိ အာဆင်နယ် အသင်း နောက်တန်းမှာ ဆိုကရက်တစ် နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအစ အာဆင်နယ် အသင်း ၂၂ ပွဲ ဆက် ရှုံး ပွဲ မ ရှိ ခဲ့ တဲ့ အ ချိန် တုန်း က အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ် ပါ တယ် ။

SPORTS MYANMAR

Zawgyi

သူ႔ရဲ့ တန္ေၾကးနဲ႔ ပတ္သက္ၿပီး အာဆင္းရဲ့ ေျပာစကားေၾကာင့္ စိတ္ဓတ္ခြန္အား ရခဲ့ေၾကာင္း ဖြင့္ဟလိုက္တဲ့ ဟိုးလ္ဒင္း
==================================

၂၀၁၆ ခုႏွစ္တုန္းက ေဘာလ္တန္ အသင္းကေန အာဆင္နယ္ အသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၂.၅ သန္း နဲ႔ မထင္မရွား ေရာက္ရွိလာတဲ့ ေရာဘ့္ဟိုးလ္ဒင္း ဟာ ယခု လက္ရွိ အခ်ိန္မွာေတာ့ အာဆင္နယ္ အသင္းအတြက္ေကာ အဂၤလန္ လက္ေရြးစင္ အသင္းအတြက္ပါ အလားအလာ အရွိဆုံး ဗဟို ေနာက္ခံလူ အျဖစ္ သတ္မွတ္ ခံေနရၿပီ ျဖစ္ပါတယ္။

ဟိုးလ္ဒင္း ဟာ အာဆင္နယ္ အသင္းကို ေရာက္ေရာက္ခ်င္းမွာပဲ ပြဲထြက္ ကစားခြင့္ ရခဲ့ၿပီး ေျခစြမ္းၿပ ကစားနိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ နည္းျပႀကီး အာဆင္ဝင္းဂါး က ဟိုးလ္ဒင္း ရဲ့ တန္ေၾကးဟာ နည္းပါး ေပမယ့္ ေျခစြမ္းပိုင္းကေတာ့ အားရ ေက်နပ္ဖို႔ ေကာင္းေၾကာင္း ပြဲအၿပီး သတင္းစာ ရွင္းလင္းပြဲ တစ္ခုမွာ ထုတ္ေဖာ္ ခ်ီးက်ဴး ခဲ့တာပါ ။

အာဆင္း က ” ေရာ့္ဟိုးလ္ဒင္း ဒီေလာက္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသ ေနတာေတာင္ ဘယ္သူမွ ထုတ္ေဖာ္ မခ်ီးက်ဴးၾကပါဘူး ၊ တကယ္ဆို ခင္ဗ်ားတို႔ ဝမ္းသာ ရမွာပါ ၊ သူက အသက္ ၂၀ ပဲ ရွိေသးတဲ့ အဂၤလန္ သားေလးပါ ။ ”

” သူ႔အတြက္ ေပါင္ ၅၅ သန္း မေပးခဲ့ရတဲ့ အတြက္ေတာ့ စိတ္မေကာင္းပါဘူး ၊ တန္ေၾကး နည္းတဲ့ အတြက္ သူ႔ေျခစြမ္း မေကာင္းနိုင္ေတာ့ဘူးလား ၊ က်ေနာ္တို႔ သူ႔ရဲ့ စြမ္းေဆာင္ရည္ေကာင္းေၾကာင္း မခ်ီးက်ဴးၾကေတာ့ဘူးလား ၊ ဒါမ်ိဳးက တကယ္ဆို မျဖစ္သင့္ပါဘူး ။ ” လို႔ ေျပာၾကား ခဲ့တာပါ ။

အသက္ ၂၄ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ဟိုလ္းဒင္း က ဆရာေဟာင္း ျဖစ္သူ အာဆင္ဝင္းဂါး ရဲ့ ခ်ီးက်ဴး စကားကို ႏွစ္သက္ သေဘာက်ေၾကာင္း ဝန္ခံလိုက္ၿပီး သူ ျဖစ္ခ်င္တဲ့ ေနရာကို ေရာက္လာဖို႔ အတြက္ စိတ္ဓတ္ ခြန္အားေတြ အမ်ားႀကီး ရခဲ့ေၾကာင္း ဆိုပါတယ္ ။

” အာဆင္းရဲ့ တုန႔္ျပန္ စကားကို က်ေနာ္ အရမ္းႏွစ္သက္ သ​ေဘာက်ပါတယ္ ၊ အဲ့စကားေၾကာင့္ စိတ္ဓတ္ ခြန္အားေတြလည္း အမ်ားႀကီး ရခဲ့ပါတယ္ ၊ က်ေနာ္ ဟာ က်ေနာ္ ပါပဲ ၊ ဒါေၾကာင့္ က်ေနာ္ ေရာက္ခ်င္တဲ့ ေနရာ တစ္ခုကို ေရာက္ဖို႔ အတြက္ အျပင္းအထန္ ႀကိဳးစား ေနပါတယ္ ။ ” လို႔ Reddit AMA မွာ ေျဖၾကား ခဲ့တာပါ ။

ဟိုးလ္းဒင္း ဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက ဒဏ္ရာ မရခင္အထိ အာဆင္နယ္ အသင္း ေနာက္တန္းမွာ ဆိုကရက္တစ္ နဲ႔ အတြဲညီညီ ေျခစြမ္းၿပ ကစားနိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီအစ အာဆင္နယ္ အသင္း ၂၂ ပြဲ ဆက္ ရွုံး ပြဲ မ ရွိ ခဲ့ တဲ့ အ ခ်ိန္ တုန္း က အဓိက က်ခဲ့တဲ့ ကစားသမား တစ္ဦးလည္း ျဖစ္ ပါ တယ္ ။

SPORTS MYANMAR