ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ အိုက်စလန် အသင်း နဲ့ ယူရို ခြေစစ်ပွဲ မစတင်မီ ပွဲ အစ သွေးပူ လေ့ကျင့်ခန်း လုပ်ရင်း ပေါင်ကြွက်သား ဒဏ်ရာ ရရှိ ခဲ့ကာ ထို ပွဲစဉ် အပါအဝင် နောက်ထပ် တူရကီ အသင်း နဲ့ ပွဲစဉ် ကိုပါ လွဲချော် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ နည်းပြ ဖရန့် လမ်းပတ် ဟာ နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ မစတင်မီ ကတည်းက ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ကို ကန်တေ အား လာမယ့် အခေါက် မှာ မခေါ်ယူဖို့ ကြိုတင် ဖုန်းခေါ်ဆို ခဲ့ပါတယ် ။

ကန်တေ ဟာ ပထမ တကြိမ် မှာတုန်းက ဒဏ်ရာကြောင့် လက်ရွေးစင် အသင်း က ခေါ်ယူ ခဲ့ခြင်း မရှိပေမယ့် အခုတခါ မှာတော့ ဒဏ်ရာ ကန ပြန်လည် သက်သာ လာပေမယ့် ကြံ့ခိုင်မှု ပုံစံကောင်း မှာ ရှိမနေတဲ့ အပြင် နောက်ထပ် ဒဏ်ရာ ပါ ထပ်ရသွားတာကြောင့် ချယ်လ်ဆီး အသင်း အတွက် ရော ၊ ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ထိခိုက် နစ်နာစရာ တွေ ဖြစ်လာပါတယ် ။

ဒါ့အပြင် ပြင်သစ် လက်ရွေးစင် အသင်း ဟာ ဒဏ်ရာ ရနေတဲ့ ကန်တေ ကို ပထမ ပွဲစဉ် ဖြစ်တဲ့ အိုက်စလန် နဲ့ ပွဲစဉ် အပြီးမှာ ချယ်လ်ဆီး အသင်း ထံသို့ စေလွှတ်ခဲ့ခြင်း မရှိခဲ့ပဲ ၊ တူရကီ နဲ့ ပွဲ အပြီးမှသာ ကလပ် အသင်း ထံသို့ ပြန်လည် စေလွှတ် ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း နည်းပြ လမ်းပတ် ဟာ ပြင်သစ် လက်ရွေးစင် နည်းပြ ဒက်စ်ချမ့်စ် ကို အတော်လေး ဒေါသ ထွက်ခဲ့ကာ မနေ့က မီဒီယာ တွေနဲ့ တွေ့ဆုံမှု မှာ အခုလိုပဲ တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

လမ်းပတ် က ” အခု နောက်ဆုံး နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ မတိုင်မီ ဒီဒီယာ ဒက်စ်ချမ့်စ် ဟာ ကျွန်တော့ ကို ဂျရူး ရဲ့ ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး အနည်းငယ် မှတ်ချက်ပြု ပြောဆို ခဲ့တာကို ကျွန်တော် သိပါတယ် ။ ဒါဟာ သူ့ဖက် က ပွင့်ပွင့်လင်းလင်း ပြောတာ ဖြစ်လို့ ကျွန်တော် နားလည်တယ် ၊ သဘောပေါက် ပါတယ် ။ ကျွန်တော် တို့ အားလုံး ဟာ ပွဲထွက် ကစားသမား ရွေးချယ်တာနဲ့ ပတ်သက်ပြီး ကိုယ်စီ အခက်အခဲ ရှိကြပါတယ် ။ ”

” အိုလီ ဟာလည်း ဒီရာသီ အစောပိုင်း က ပွဲစဉ် ၂ပွဲ မှာ ပွဲထွက်ခွင့် ရရှိ ထားခဲ့ပါတယ် ။ ဒါပေမယ့် ကန်တေ ရဲ့ ဒဏ်ရာ အခြေအနေ ကတော့ ပျက်လုံး ထုတ်ရမယ့် အနေအထား မဟုတ်ပါဘူး ။ ဒီ တခေါက် လက်ရွေးစင် အသင်း ပွဲစဉ် တွေ မတိုင်မီ က ကန်တေ ဒဏ်ရာ ရခဲ့လို့ သူ့ကို ကျွန်တော် တို့ ၂ဦး ၂ဖက်လုံး က ကျွန်တော် တို့ ဆီမှာ ဆက်လက် အနားယူ စေဖို့ ဆုံးဖြတ် ခဲ့ကြပါတယ် ။ ဒါဟာ ကစားသမား အတွက် ကြ့ံခိုင်မှု အပိုင်း မှာ အကျိုး ရှိခဲ့ပါတယ် ။ ”

” အမှန် တကယ်ဆို အခု တခေါက်မှာလည်း အဲ့လိုမျိုးပဲ ဖြစ်ခဲ့သင့်တာပါ ။ ပထမပွဲ မစတင် ခင်မှာ ကန်တေ ဒဏ်ရာ ရသွားတော့ နောက် တပွဲ ကန်ဖို့ တရက် အလိုမှာ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ အတွက် ဆေးစစ်မှု တွေ လုပ်ခဲ့ပါတယ် ။ အဖြေ က ရှင်းနေခဲ့ပါတယ် ။ သူ ကစားလို့ မရခဲ့ပါဘူး ။ ဒါပေမယ့် သူဟာ နောက် ပြင်သစ် အသင်း ရဲ့ ပွဲမှာ အရန်ခုံ ထိုင်ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော် တို့ဖက် ကို သူတို့က အပြည့်အဝ နားမလည် ပေးတာ ဖြစ်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ဒါဟာ ရယ်စရာ မကောင်းနေပါဘူး ။ ”

” နောက်ပြီး ဒီ အနေအထား ဟာ ကန်တေ ကိုယ်တိုင် အတွက် ဆို ပိုပြီးတော့တောင် အရေးကြီး လို့ နေပါတယ် ။ ဘာလို့လဲ ဆိုတော့ သူဟာ အတွေ့အကြုံ မရှိတဲ့ ကစားသမား တယောက် မဟုတ်လို့ပါ ။ သူဟာ ကလပ် အတွက်ရော ၊ နိုင်ငံ အတွက်ရော အရေးပါတဲ့ ကစားသမား ၊ ကမ္ဘာ့ ဖလား ချန်ပီယံ တဦး ၊ ဒါကြောင့်မို့ သူဟာ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်ပါတယ် ။ ကျွန်တော့ အမြင် မှာတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေ ကို ကိုင်တွယ်တဲ့ ပြင်သစ် အသင်း အနေနဲ့ အခုထက် ပိုကောင်းအောင် စီစဉ် ခဲ့သင့်တယ် လို့ ထင်ပါတယ် ။ ”

” ကျွန်တော် တို့ အသင်း ရဲ့ ဆရာဝန် တွေက ကျွန်တော့ ကို ပြောပြ ကြပါတယ် ။ တချို့ အချိန် တွေမှာ ကိုယ် က ကစားသမား တွေ ပြန်လာဖို့ စောင့်နေရပေမယ့် ပြန်ရောက် မလာနိုင်တဲ့ အခိုက်အတန့် တွေ ရှိတယ် ဆိုတာပါ ။ ဒါတောင် ကျွန်တော် တို့ဟာ လက်ရွေးစင် ပွဲစဉ် ကာလ မတိုင်မီ က တယောက် အပေါ် တယောက် နားလည်မှု ရှိတာနဲ့ ပတ်သက်ပြီး နောက်ပြောင် ခဲ့တဲ့ အချိန် ကတည်းက ဒါကို ကြို ဖြေရှင်းခဲ့သင့်တာပါ ။ ”

” အခုတော့ ကျွန်တော် တို့ဟာ ကန်တေ ကို နောက်ကျ မှ ပြန်ရခဲ့တယ် ။ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကစား ပေးရမယ့် အချိန် မှာ ကိုယ့် အသင်းသား တွေ ဖြစ်နေရင်တောင် သူတို့ နိုင်ငံသား ဖြစ်လို့ သူတို့ အချိန်ပြည့် ခေါ်ထားချင်တာ ကို ကျွန်တော် နားလည် ပေးပါတယ် ။ ဒါပေမယ့် အခု အနေအထား မှာ ကန်တေ ဟာ လုံးဝ ကစားလို့ မရတာ ရှင်းနေတာ သိသိကြီးနဲ့ သူတို့ ကျွန်တော် တို့ဆီကို စောစော ပြန်မပို့ ခဲ့ပါဘူး ။ ”

” ကျွန်တော် တို့ဖက် က ကိုယ်ပိုင် အမြင် အရ ကျွန်တော် တို့လည်း ကိုယ့် အသင်းသား တွေနဲ့ လာမယ့် ပွဲစဉ် အတွက် အချိန်မှီ ပြင်ဆင် ချင်တာပေါ့ဗျာ ။ ဒါပေမယ့် အခုတော့ ဖြစ်မလာတော့ပါဘူး ။ ဒါကြောင့်မို့ လက်ရွေးစင် အသင်း တွေဆီ ပြန်သွားရမယ့် ကစားသမား အယောက်တိုင်း ရဲ့ အခြေအနေ အတွက် ကျွန်တော် ဟာ လက်ရွေးစင် အသင်း နည်းပြတိုင်း ကို ကိုယ်နဲ့ နားလည် ချိတ်ဆက် ပေးနိုင်အောင် လုပ်ရမှာ ဖြစ်ပြီး ၂ဦး၂ဖက်လုံး အကျိုးရှိစေဖို့ ညှိနှိုင်းဖို့ လိုပါတော့မယ် ။ ”

” ဥပမာ ပြောရရင် ကန်တေပေါ့ ။ အခု တခေါက် နိုင်ငံ အသင်း ပွဲစဉ် တွေမှာ သူ ဒဏ်ရာ ရသွားတာကြောင့် ကျွန်တော် ရော ၊ ဒက်စ်ချမ့်စ် ရော ၊ ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ဘယ်လိုမှ အကျိုး မဖြစ်ထွန်းခဲ့ပါဘူး ။ ကျွန်တော် တို့ အနေနဲ့ ကစားသမား တယောက် ရဲ့ ရေရှည် အနေအထား ကို သေသေချာချာ စောင့်ကြည့် ဂရုစိုက် ပေးဖို့ လိုလာပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Zawgyi

ဒဏ္ရာ ရေနတဲ့ ကန္ေတ ကုိ ခ်ယ္လ္ဆီး အသင္းထံသို႕ ေနာက္က်မွ ေစလႊတ္ခဲ့တဲ့ ဒက္စ္ခ်မ့္စ္ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ စိတ္ပ်က္ ေဒါသထြက္ ခဲ့တဲ့ #လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ ျပီးခဲ့တဲ့ အိုက္စလန္ အသင္း နဲ႕ ယူရို ေျခစစ္ပြဲ မစတင္မီ ပြဲ အစ ေသြးပူ ေလ့က်င့္ခန္း လုပ္ရင္း ေပါင္ၾကြက္သား ဒဏ္ရာ ရရွိ ခဲ့ကာ ထို ပြဲစဥ္ အပါအဝင္ ေနာက္ထပ္ တူရကီ အသင္း နဲ႕ ပြဲစဥ္ ကိုပါ လြဲေခ်ာ္ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ နည္းျပ ဖရန္႕ လမ္းပတ္ ဟာ ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ေတြ မစတင္မီ ကတည္းက ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ကို ကန္ေတ အား လာမယ့္ အေခါက္ မွာ မေခၚယူဖို႕ ၾကိဳတင္ ဖုန္းေခၚဆို ခဲ့ပါတယ္ ။

ကန္ေတ ဟာ ပထမ တၾကိမ္ မွာတုန္းက ဒဏ္ရာေၾကာင့္ လက္ေရြးစင္ အသင္း က ေခၚယူ ခဲ့ျခင္း မရွိေပမယ့္ အခုတခါ မွာေတာ့ ဒဏ္ရာ ကန ျပန္လည္ သက္သာ လာေပမယ့္ ၾကံ့ခိုင္မႈ ပံုစံေကာင္း မွာ ရွိမေနတဲ့ အျပင္ ေနာက္ထပ္ ဒဏ္ရာ ပါ ထပ္ရသြားတာေၾကာင့္ ခ်ယ္လ္ဆီး အသင္း အတြက္ ေရာ ၊ ျပင္သစ္ လက္ေရြးစင္ အသင္း အတြက္ပါ ထိခိုက္ နစ္နာစရာ ေတြ ျဖစ္လာပါတယ္ ။

ဒါ့အျပင္ ျပင္သစ္ လက္ေရြးစင္ အသင္း ဟာ ဒဏ္ရာ ရေနတဲ့ ကန္ေတ ကို ပထမ ပြဲစဥ္ ျဖစ္တဲ့ အုိက္စလန္ နဲ႕ ပြဲစဥ္ အျပီးမွာ ခ်ယ္လ္ဆီး အသင္း ထံသို႕ ေစလႊတ္ခဲ့ျခင္း မရွိခဲ့ပဲ ၊ တူရကီ နဲ႕ ပြဲ အျပီးမွသာ ကလပ္ အသင္း ထံသို႕ ျပန္လည္ ေစလႊတ္ ခဲ့တာေၾကာင့္ ခ်ယ္လ္ဆီး အသင္း နည္းျပ လမ္းပတ္ ဟာ ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒက္စ္ခ်မ့္စ္ ကို အေတာ္ေလး ေဒါသ ထြက္ခဲ့ကာ မေန႕က မီဒီယာ ေတြနဲ႕ ေတြ႕ဆံုမႈ မွာ အခုလိုပဲ တုန္႕ျပန္ ေျဖၾကား ခဲ့ပါတယ္ ။

 

လမ္းပတ္ က ” အခု ေနာက္ဆံုး ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ေတြ မတိုင္မီ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ဟာ ကြ်န္ေတာ့ ကို ဂ်ရူး ရဲ႕ ပြဲထြက္ခြင့္ နဲ႕ ပတ္သက္ျပီး အနည္းငယ္ မွတ္ခ်က္ျပဳ ေျပာဆို ခဲ့တာကို ကြ်န္ေတာ္ သိပါတယ္ ။ ဒါဟာ သူ႕ဖက္ က ပြင့္ပြင့္လင္းလင္း ေျပာတာ ျဖစ္လို႕ ကြ်န္ေတာ္ နားလည္တယ္ ၊ သေဘာေပါက္ ပါတယ္ ။ ကြ်န္ေတာ္ တို႕ အားလံုး ဟာ ပြဲထြက္ ကစားသမား ေရြးခ်ယ္တာနဲ႕ ပတ္သက္ျပီး ကိုယ္စီ အခက္အခဲ ရွိၾကပါတယ္ ။ ”

” အိုလီ ဟာလည္း ဒီရာသီ အေစာပိုင္း က ပြဲစဥ္ ၂ပြဲ မွာ ပြဲထြက္ခြင့္ ရရွိ ထားခဲ့ပါတယ္ ။ ဒါေပမယ့္ ကန္ေတ ရဲ႕ ဒဏ္ရာ အေျခအေန ကေတာ့ ပ်က္လံုး ထုတ္ရမယ့္ အေနအထား မဟုတ္ပါဘူး ။ ဒီ တေခါက္ လက္ေရြးစင္ အသင္း ပြဲစဥ္ ေတြ မတိုင္မီ က ကန္ေတ ဒဏ္ရာ ရခဲ့လို႕ သူ႕ကို ကြ်န္ေတာ္ တို႕ ၂ဦး ၂ဖက္လံုး က ကြ်န္ေတာ္ တို႕ ဆီမွာ ဆက္လက္ အနားယူ ေစဖို႕ ဆံုးျဖတ္ ခဲ့ၾကပါတယ္ ။ ဒါဟာ ကစားသမား အတြက္ ၾက့ံခိုင္မႈ အပိုင္း မွာ အက်ိဳး ရွိခဲ့ပါတယ္ ။ ”

” အမွန္ တကယ္ဆို အခု တေခါက္မွာလည္း အဲ့လိုမ်ိဳးပဲ ျဖစ္ခဲ့သင့္တာပါ ။ ပထမပြဲ မစတင္ ခင္မွာ ကန္ေတ ဒဏ္ရာ ရသြားေတာ့ ေနာက္ တပြဲ ကန္ဖို႕ တရက္ အလိုမွာ သူ႕ရဲ႕ ၾကံ့ခိုင္မႈ အေျခအေန အတြက္ ေဆးစစ္မႈ ေတြ လုပ္ခဲ့ပါတယ္ ။ အေျဖ က ရွင္းေနခဲ့ပါတယ္ ။ သူ ကစားလို႕ မရခဲ့ပါဘူး ။ ဒါေပမယ့္ သူဟာ ေနာက္ ျပင္သစ္ အသင္း ရဲ႕ ပြဲမွာ အရန္ခံု ထိုင္ခဲ့ပါတယ္ ။ ဒါဟာ ကြ်န္ေတာ္ တို႕ဖက္ ကို သူတို႕က အျပည့္အဝ နားမလည္ ေပးတာ ျဖစ္ပါတယ္ ။ ဘယ္လိုပဲ ျဖစ္ျဖစ္ ၊ ဒါဟာ ရယ္စရာ မေကာင္းေနပါဘူး ။ ”

” ေနာက္ျပီး ဒီ အေနအထား ဟာ ကန္ေတ ကိုယ္တိုင္ အတြက္ ဆို ပိုျပီးေတာ့ေတာင္ အေရးၾကီး လို႕ ေနပါတယ္ ။ ဘာလို႕လဲ ဆိုေတာ့ သူဟာ အေတြ႕အၾကံဳ မရွိတဲ့ ကစားသမား တေယာက္ မဟုတ္လို႕ပါ ။ သူဟာ ကလပ္ အတြက္ေရာ ၊ ႏိုင္ငံ အတြက္ေရာ အေရးပါတဲ့ ကစားသမား ၊ ကမၻာ့ ဖလား ခ်န္ပီယံ တဦး ၊ ဒါေၾကာင့္မို႕ သူဟာ အံ့ၾသဖြယ္ ကစားသမား တေယာက္ ျဖစ္ပါတယ္ ။ ကြ်န္ေတာ့ အျမင္ မွာေတာ့ သူ႕ရဲ႕ ဒဏ္ရာ အေျခအေန ကို ကိုင္တြယ္တဲ့ ျပင္သစ္ အသင္း အေနနဲ႕ အခုထက္ ပုိေကာင္းေအာင္ စီစဥ္ ခဲ့သင့္တယ္ လို႕ ထင္ပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ အသင္း ရဲ႕ ဆရာဝန္ ေတြက ကြ်န္ေတာ့ ကို ေျပာျပ ၾကပါတယ္ ။ တခ်ိဳ႕ အခ်ိန္ ေတြမွာ ကိုယ္ က ကစားသမား ေတြ ျပန္လာဖို႕ ေစာင့္ေနရေပမယ့္ ျပန္ေရာက္ မလာႏိုင္တဲ့ အခိုက္အတန္႕ ေတြ ရွိတယ္ ဆိုတာပါ ။ ဒါေတာင္ ကြ်န္ေတာ္ တို႕ဟာ လက္ေရြးစင္ ပြဲစဥ္ ကာလ မတိုင္မီ က တေယာက္ အေပၚ တေယာက္ နားလည္မႈ ရွိတာနဲ႕ ပတ္သက္ျပီး ေနာက္ေျပာင္ ခဲ့တဲ့ အခ်ိန္ ကတည္းက ဒါကို ၾကိဳ ေျဖရွင္းခဲ့သင့္တာပါ ။ ”

” အခုေတာ့ ကြ်န္ေတာ္ တို႕ဟာ ကန္ေတ ကို ေနာက္က် မွ ျပန္ရခဲ့တယ္ ။ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္ ကစား ေပးရမယ့္ အခ်ိန္ မွာ ကိုယ့္ အသင္းသား ေတြ ျဖစ္ေနရင္ေတာင္ သူတို႕ ႏိုင္ငံသား ျဖစ္လို႕ သူတို႕ အခ်ိန္ျပည့္ ေခၚထားခ်င္တာ ကို ကြ်န္ေတာ္ နားလည္ ေပးပါတယ္ ။ ဒါေပမယ့္ အခု အေနအထား မွာ ကန္ေတ ဟာ လံုးဝ ကစားလို႕ မရတာ ရွင္းေနတာ သိသိၾကီးနဲ႕ သူတို႕ ကြ်န္ေတာ္ တို႕ဆီကို ေစာေစာ ျပန္မပို႕ ခဲ့ပါဘူး ။ ”

” ကြ်န္ေတာ္ တို႕ဖက္ က ကိုယ္ပိုင္ အျမင္ အရ ကြ်န္ေတာ္ တို႕လည္း ကိုယ့္ အသင္းသား ေတြနဲ႕ လာမယ့္ ပြဲစဥ္ အတြက္ အခ်ိန္မွီ ျပင္ဆင္ ခ်င္တာေပါ့ဗ်ာ ။ ဒါေပမယ့္ အခုေတာ့ ျဖစ္မလာေတာ့ပါဘူး ။ ဒါေၾကာင့္မို႕ လက္ေရြးစင္ အသင္း ေတြဆီ ျပန္သြားရမယ့္ ကစားသမား အေယာက္တိုင္း ရဲ႕ အေျခအေန အတြက္ ကြ်န္ေတာ္ ဟာ လက္ေရြးစင္ အသင္း နည္းျပတိုင္း ကို ကိုယ္နဲ႕ နားလည္ ခ်ိတ္ဆက္ ေပးႏိုင္ေအာင္ လုပ္ရမွာ ျဖစ္ျပီး ၂ဦး၂ဖက္လံုး အက်ိဳးရွိေစဖို႕ ညိွႏႈိင္းဖို႕ လိုပါေတာ့မယ္ ။ ”

” ဥပမာ ေျပာရရင္ ကန္ေတေပါ့ ။ အခု တေခါက္ ႏိုင္ငံ အသင္း ပြဲစဥ္ ေတြမွာ သူ ဒဏ္ရာ ရသြားတာေၾကာင့္ ကြ်န္ေတာ္ ေရာ ၊ ဒက္စ္ခ်မ့္စ္ ေရာ ၊ ျပင္သစ္ လက္ေရြးစင္ အသင္း အတြက္ပါ ဘယ္လိုမွ အက်ိဳး မျဖစ္ထြန္းခဲ့ပါဘူး ။ ကြ်န္ေတာ္ တို႕ အေနနဲ႕ ကစားသမား တေယာက္ ရဲ႕ ေရရွည္ အေနအထား ကို ေသေသခ်ာခ်ာ ေစာင့္ၾကည့္ ဂရုစိုက္ ေပးဖို႕ လိုလာပါျပီ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR