ဂန်နား နောက်ခံလူ ဒေးဗစ်လူးဝဇ် က ပရီးမီးယားလိဂ် ပွဲစဉ် (၈) အပြီးမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူး အသင်း နဲ့ ၉ မှတ်အထိ ကွာဟ နေပေမယ့် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူး နိုင်စွမ်း ရှိနေသေးကြောင်း ပြောကြား လိုက်ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး အသင်းဟာ ရှစ်ပွဲ ကစားထားရာမှာ ရှစ်ပွဲ စလုံး အနိုင် ရထားပြီး လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ရှစ်မှတ် ဖြတ်ထားနိုင်တာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းကတော့ လီဗာပူး အသင်း နဲ့ ကိုးမှတ် အကွာ အမှတ်ပေး ဇယား အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ်။

ဒီရာသီမှာလည်း ချန်ပီယံဆု အတွက် လီဗာပူး နဲ့ မန်စီးတီး နှစ်သင်းကပဲ အထူး ရေပန်းစား နေပြီး ဒေးဗစ်လူးဝဇ် ကတော့ အာဆင်နယ် အသင်းဟာလည်း ချန်ပီယံဆုကို စိန်ခေါ် နိုင်စွမ်း ရှိတဲ့ နည်းပြ နဲ့ ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင် ထားကြောင်း ဆိုပါတယ် ။

ဒေးဗစ် လူးဝဇ် က NBC Sports မှာ ” ကျနော့် အတွက်တော့ တစ်ခုခုကို စလုပ်ပြီ ဆိုတာနဲ့ ပရီးမီးယားလိဂ် ဒါမှမဟုတ် အခြား ပြိုင်ပွဲ တစ်ခုခုမှာ စတင် ယှဉ်ပြိုင်လိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ငါတို့တော့ ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မတွေးပါဘူး ၊ အဲ့လို တွေးမိပြီ ဆိုတာနဲ့ ဘဝမှာ ဘာမှ စပြီး လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး ။ ”

” ကျနော် အာဆင်နယ် အသင်း နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူ ချင်ပါတယ် ၊ အာဆင်နယ် အသင်း ရဲ့ ပုံစံနဲ့ အသားကျအောင် လုပ်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဆောင် ချင်ပါတယ် ၊ နည်းပြ ကစားစေချင်တဲ့ အတိုင်း ကျနော်တို့ အားလုံး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ”

“ကျနော့်ရဲ့ အမြင် ၊ ရည်မှန်းချက် ၊ ဆန္ဒကတော့ အသင်းဖော်တွေ ၊ နည်းပြတွေနဲ့ အတူ ချန်ပီယံဆု အတွက်တိုက်ပွဲ ဝင်ဖို့ပါပဲ ၊ ကျနော်တို့ အသင်းမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ် ၊ ကျနော့် တို့အသင်းက အရင်တုန်းကလို တစ်ဖန် အောင်မြင်မှုတွေ ပြန်ရဖို့ ထိုက်တန်ပါတယ် ။ ”

” ကျနော်တို့ ရာသီအစ ကို အကောင်းဆုံး စတင်ထားနိုင်တယ်လို့ ထင်ပါတယ် ၊ ပရီးမီးယားလိဂ်မှာလည်း တစ်ပွဲပဲ ရှုံးနိမ့် ထားပါသေးတယ် ၊ နောက်ပြီး အသင်းက အရင်ကထက် ပိုမို တိုးတက် ကောင်းမွန် လာသလို အခု လက်ရှိမှာလည်း အဆင့် ၃ မှာ ရပ်တည်နေပါတယ် ၊ ဒါပေမယ့် ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ် ရပ်တည်ချင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR

Zawgyi

အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚနိုင္စြမ္း ရွိတယ္လို႔ ဆိုတဲ့ ေဒးဗစ္လူးဝဇ္
==================================

ဂန္နား ေနာက္ခံလူ ေဒးဗစ္လူးဝဇ္ က ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) အၿပီးမွာ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ လီဗာပူး အသင္း နဲ႔ ၉ မွတ္အထိ ကြာဟ ေနေပမယ့္ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ဆြတ္ခူး နိုင္စြမ္း ရွိေနေသးေၾကာင္း ေျပာၾကား လိုက္ပါတယ္ ။

ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူး အသင္းဟာ ရွစ္ပြဲ ကစားထားရာမွာ ရွစ္ပြဲ စလုံး အနိုင္ ရထားၿပီး လက္ရွိ ခ်န္ပီယံ မန္စီးတီး အသင္းကို ရွစ္မွတ္ ျဖတ္ထားနိုင္တာလည္း ျဖစ္ပါတယ္ ။ အာဆင္နယ္ အသင္းကေတာ့ လီဗာပူး အသင္း နဲ႔ ကိုးမွတ္ အကြာ အမွတ္ေပး ဇယား အဆင့္ ၃ ေနရာမွာ ရပ္တည္ ေနပါတယ္။

ဒီရာသီမွာလည္း ခ်န္ပီယံဆု အတြက္ လီဗာပူး နဲ႔ မန္စီးတီး ႏွစ္သင္းကပဲ အထူး ေရပန္းစား ေနၿပီး ေဒးဗစ္လူးဝဇ္ ကေတာ့ အာဆင္နယ္ အသင္းဟာလည္း ခ်န္ပီယံဆုကို စိန္ေခၚ နိုင္စြမ္း ရွိတဲ့ နည္းၿပ နဲ႔ ကစားသမား အစုအဖြဲ႕ကို ပိုင္ဆိုင္ ထားေၾကာင္း ဆိုပါတယ္ ။

ေဒးဗစ္ လူးဝဇ္ က NBC Sports မွာ ” က်ေနာ့္ အတြက္ေတာ့ တစ္ခုခုကို စလုပ္ၿပီ ဆိုတာနဲ႔ ပရီးမီးယားလိဂ္ ဒါမွမဟုတ္ အျခား ၿပိဳင္ပြဲ တစ္ခုခုမွာ စတင္ ယွဥ္ၿပိဳင္လိုက္ၿပီ ဆိုတာနဲ႔ တစ္ၿပိဳင္နက္ ငါတို႔ေတာ့ ခ်န္ပီယံ မျဖစ္နိုင္ဘူးလို႔ ဘယ္ေတာ့မွ မေတြးပါဘူး ၊ အဲ့လို ေတြးမိၿပီ ဆိုတာနဲ႔ ဘဝမွာ ဘာမွ စၿပီး လုပ္လို႔ ရေတာ့မွာ မဟုတ္ပါဘူး ။ ”

” က်ေနာ္ အာဆင္နယ္ အသင္း နဲ႔ အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူ ခ်င္ပါတယ္ ၊ အာဆင္နယ္ အသင္း ရဲ့ ပုံစံနဲ႔ အသားက်ေအာင္ လုပ္ၿပီး ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ လုပ္ေဆာင္ ခ်င္ပါတယ္ ၊ နည္းၿပ ကစားေစခ်င္တဲ့ အတိုင္း က်ေနာ္တို႔ အားလုံး ကစားနိုင္မယ္လို႔ ယုံၾကည္ပါတယ္ ။ ”

“က်ေနာ့္ရဲ့ အျမင္ ၊ ရည္မွန္းခ်က္ ၊ ဆႏၵကေတာ့ အသင္းေဖာ္ေတြ ၊ နည္းျပေတြနဲ႔ အတူ ခ်န္ပီယံဆု အတြက္တိုက္ပြဲ ဝင္ဖို႔ပါပဲ ၊ က်ေနာ္တို႔ အသင္းမွာ ခ်န္ပီယံဆုကို စိန္ေခၚနိုင္တဲ့ အလားအလာေတြ ရွိေနပါတယ္ ၊ က်ေနာ့္ တို႔အသင္းက အရင္တုန္းကလို တစ္ဖန္ ေအာင္ျမင္မွုေတြ ျပန္ရဖို႔ ထိုက္တန္ပါတယ္ ။ ”

” က်ေနာ္တို႔ ရာသီအစ ကို အေကာင္းဆုံး စတင္ထားနိုင္တယ္လို႔ ထင္ပါတယ္ ၊ ပရီးမီးယားလိဂ္မွာလည္း တစ္ပြဲပဲ ရွုံးနိမ့္ ထားပါေသးတယ္ ၊ ေနာက္ၿပီး အသင္းက အရင္ကထက္ ပိုမို တိုးတက္ ေကာင္းမြန္ လာသလို အခု လက္ရွိမွာလည္း အဆင့္ ၃ မွာ ရပ္တည္ေနပါတယ္ ၊ ဒါေပမယ့္ ဒီရာသီမွာ ခ်န္ပီယံဆုကို စိန္ေခၚနိုင္တဲ့ အသင္း အျဖစ္ ရပ္တည္ခ်င္ပါတယ္ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

SPORTS MYANMAR