ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ နာမည်ကြီး ဇာတ်လမ်း တစ်ပုဒ် ဖြစ်ခဲ့တဲ့ နေမာ နဲ့ ဘာစီလိုနာ တို့ ပြန်ပေါင်း ထုတ်မယ့် ဇာတ်လမ်းဟာ နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

နေမာဟာ PSG ကနေ ထွက်ခွာခြင်းတဲ့ အကြောင်း လူသိရှင်ကြား ထုတ်ပြလာခဲ့သည့်တိုင်အောင် ၊ ဘာစီလိုနာ က ရအောင် ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိပဲ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ကိစ္စ နဲ့ ပတ်သက်လို့ ဥက္ကဌ ဘာတိုမြူ အပေါ် ပရိသတ် တစ်ချို့က ဝေဖန်မှုတွေ ရှိလာခဲ့သလို ၊ ဘာစီလိုနာဟာ နေမာကို ခေါ်ယူဖို့ အတွက် လေးလေးနက်နက် ကြိုးစားခဲ့ခြင်း မရှိပဲ ၊ မက်ဆီ ကျေနပ်ရုံသာ လုပ်ပြသွားခဲ့တာ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲမှုတွေလဲ ရှိလာခဲ့ပါတယ်။

ဒီကနေ့မှာတော့ နေမာ ရဲ့ အပြောင်းအရွှေ့ နောက်ကွယ်က အကြောင်းအရာ တစ်ချို့ ကို မက်ဆီ ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုလာခဲ့ပြီး ၊ ကလပ် အသင်းမှာလဲ နေမာကို ပြန်မလိုချင်တဲ့ သူတွေ အများကြီး ရှိနေတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

အာဂျင်တီးနား ရေဒီယို တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်ဆီ က “ အပြောင်းအရွှေ့ ကိစ္စ နဲ့ ပတ်သက်ပြီး နေမာ နဲ့လဲ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ ဆွာရက်လဲ ပါနေတဲ့ WhatsApp Group လဲ ရှိတယ်လေ။

သူဟာ ဘာစီလိုနာ ကို ပြန်လာမယ် ဆိုရင် ၊ ကွင်းအတွင်းက စွမ်းဆောင်ရည်တွေ အများကြီး ကူညီနိုင်မှာ ဖြစ်သည့်တိုင်အောင် ၊ ကလပ်မှာကလဲ သူ့ကို ပြန်မလိုချင်တဲ့ သူတွေက များလွန်းခဲ့ပါတယ်။ ဒါကြောင့်မို့ အပြောင်းအရွှေ့ လုပ်ဆောင်ရာမှာ အခက်အခဲတွေက အများကြီးရှိခဲ့တာပါ။

အခြားတစ်ဖက်ကတော့ နေမာ ပြန်လာတာကို နားလည်ပေးကြတယ်လေ။ ဒါပေမယ့် အနေအထားတွေက နည်းနည်းလေး ရှုပ်ထွေးခဲ့ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဘာစီလိုနာ ဟာ နေမာကို ငွေသားချည်းပဲ ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ပမာဏမျိုး မရှိတာကြောင့် ၊ ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ၊ PSG က သူတို့ လိုချင်တဲ့ ကစားသမားတွေကို ရရှိခြင်း မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ လုံး၀ ကို နီးစပ်မှု မရှိခဲ့တာပါ။

အစောပိုင်းမှာ PSG ဘက်ကလဲ ကော်တင်ဟို ကို လိုချင်နေခဲ့သည့်တိုင်အောင် ၊ ဘာစီလိုနာ ကတော့ အပြောင်းအရွှေ့ ဖြစ်လာနိုင်တာ ပိုပြီး သေချာတဲ့ ဘိုင်ယန် မြူးနစ် ဆီကိုသာ ချက်ခြင်း အငှားချလိုက်တာ ကလဲ နေမာ ရဲ့ အပြောင်းအရွှေ့မှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာစေဖို့ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မက်ဆီ က ဘာစီလိုနာ ဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်ခုလုံး နူးကမ့်မှာ ကုန်ဆုံးစေမယ့် စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည့်တိုင်အောင် ၊ သူ့ဘက်က ပယ်ချခဲ့တဲ့ အကြောင်း ဝန်ခံသွားခဲ့ပါသေးတယ်။

“ ကျနော့် အတွက် ဘာစီလိုနာ မှာ ဆက်ရှိနေဖို့ စာချုပ် သက်တမ်းတွေ အများကြီး ချုပ်ထားစရာ မလိုပါဘူး။ ကျနော်ကလဲ စာချုပ် ပိနေတာမျိုးကို မလိုချင်ဘူးလေ။ အဓိက ကတော့ အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုး အမြဲတမ်း တည်ဆောက်ပေးနေတယ် ဆိုရင် ၊ ကျနော့် အတွက် ရပါပြီ” လို့ ရှင်းပြသွားခဲ့ပါတယ်။

ဒါကြောင့်လဲ ဘာစီလိုနာဟာ မက်ဆီ လိုချင်နေတဲ့ ချန်ပီယံလိဂ် ဖလားကြီးကို သိမ်းပိုက် နိုင်ဖို့ အတွက် ဂရစ်ဇ်မန်း ၊ ဒီဂျောင် တို့ကို ခေါ်ယူအားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ပြီးခဲ့တဲ့ 2 ရာသီ ဆက်တိုက် မမျှော်လင့်ထားတဲ့ အရှုံးရလာဒ်တွေ နဲ့ ရင်ဆိုင်ပြီး ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့တာကြောင့် ၊ ဒီရာသီမှာရော ဘယ်လိုမျိုးတွေ စွမ်းဆောင်ပြမလဲ ဆိုတာ စိတ်ဝင် တစားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ရိုနာဒို ကလဲ ဂျူဗီ အတွက် နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဖလားကြီးကို သိမ်းပိုက် နိုင်အောင် ၊ ကစားသမားဘ၀ အနားမယူခင်မှာ ကူညီပေးသွားချင်တယ်လို့ ပြောဆိုထားတာကြောင့် ၊ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့ရဲ့ နှစ်ယောက် အားပြိုင်မှုတွေဟာ ထိပ်တိုက်တွေ့ဆုံပြီး မြင်တွေ့ရဦးမလား ဆိုတာတော့ စောင့်ကြည့်လိုက်ကြရအောင်ဗျာ……

SPORTS MYANMAR

Zawgyi

ေနမာ ကို ေခၚယူနိုင္ခဲ့ျခင္း မရွိတဲ့ အေၾကာင္းအရင္း ရဲ့ ေနာက္ကြယ္က အျဖစ္အပ်က္ တစ္ခုကို ထုတ္ေဖာ္ ေျပာဆိုလိုက္တဲ့ #မက္ဆီ

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕မွာ နာမည္ႀကီး ဇာတ္လမ္း တစ္ပုဒ္ ျဖစ္ခဲ့တဲ့ ေနမာ နဲ႔ ဘာစီလိုနာ တို႔ ျပန္ေပါင္း ထုတ္မယ့္ ဇာတ္လမ္းဟာ ေနာက္ဆုံးမွာေတာ့ ေအာင္ျမင္ခဲ့ျခင္း မရွိပါဘူး။

ေနမာဟာ PSG ကေန ထြက္ခြာျခင္းတဲ့ အေၾကာင္း လူသိရွင္ၾကား ထုတ္ျပလာခဲ့သည့္တိုင္ေအာင္ ၊ ဘာစီလိုနာ က ရေအာင္ ေဆြးေႏြး ညႇိႏွိုင္းနိုင္ခဲ့ျခင္း မရွိပဲ အဆုံးသတ္ခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီ ကိစၥ နဲ႔ ပတ္သက္လို႔ ဥကၠဌ ဘာတိုျမဴ အေပၚ ပရိသတ္ တစ္ခ်ိဳ႕က ေဝဖန္မွုေတြ ရွိလာခဲ့သလို ၊ ဘာစီလိုနာဟာ ေနမာကို ေခၚယူဖို႔ အတြက္ ေလးေလးနက္နက္ ႀကိဳးစားခဲ့ျခင္း မရွိပဲ ၊ မက္ဆီ ေက်နပ္႐ုံသာ လုပ္ျပသြားခဲ့တာ ျဖစ္တယ္ ဆိုတဲ့ စြပ္စြဲမွုေတြလဲ ရွိလာခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ ေနမာ ရဲ့ အေျပာင္းအေရႊ႕ ေနာက္ကြယ္က အေၾကာင္းအရာ တစ္ခ်ိဳ႕ ကို မက္ဆီ ကိုယ္တိုင္က ထုတ္ေဖာ္ ေျပာဆိုလာခဲ့ၿပီး ၊ ကလပ္ အသင္းမွာလဲ ေနမာကို ျပန္မလိုခ်င္တဲ့ သူေတြ အမ်ားႀကီး ရွိေနတယ္လို႔ ဖြင့္ဟ သြားခဲ့ပါတယ္။

အာဂ်င္တီးနား ေရဒီယို တစ္ခုနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ မက္ဆီ က “ အေျပာင္းအေရႊ႕ ကိစၥ နဲ႔ ပတ္သက္ၿပီး ေနမာ နဲ႔လဲ စကားေတြ အမ်ားႀကီး ေျပာျဖစ္ခဲ့ပါတယ္။ က်ေနာ္တို႔မွာ ဆြာရက္လဲ ပါေနတဲ့ WhatsApp Group လဲ ရွိတယ္ေလ။

သူဟာ ဘာစီလိုနာ ကို ျပန္လာမယ္ ဆိုရင္ ၊ ကြင္းအတြင္းက စြမ္းေဆာင္ရည္ေတြ အမ်ားႀကီး ကူညီနိုင္မွာ ျဖစ္သည့္တိုင္ေအာင္ ၊ ကလပ္မွာကလဲ သူ႔ကို ျပန္မလိုခ်င္တဲ့ သူေတြက မ်ားလြန္းခဲ့ပါတယ္။ ဒါေၾကာင့္မို႔ အေျပာင္းအေရႊ႕ လုပ္ေဆာင္ရာမွာ အခက္အခဲေတြက အမ်ားႀကီးရွိခဲ့တာပါ။

အျခားတစ္ဖက္ကေတာ့ ေနမာ ျပန္လာတာကို နားလည္ေပးၾကတယ္ေလ။ ဒါေပမယ့္ အေနအထားေတြက နည္းနည္းေလး ရွုပ္ေထြးခဲ့ပါတယ္” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

ဘာစီလိုနာ ဟာ ေနမာကို ေငြသားခ်ည္းပဲ ေခၚယူဖို႔ အတြက္ လုံေလာက္တဲ့ ပမာဏမ်ိဳး မရွိတာေၾကာင့္ ၊ ကစားသမား အလိုက္ေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ ၊ PSG က သူတို႔ လိုခ်င္တဲ့ ကစားသမားေတြကို ရရွိျခင္း မရွိခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ဟာ လုံး၀ ကို နီးစပ္မွု မရွိခဲ့တာပါ။

အေစာပိုင္းမွာ PSG ဘက္ကလဲ ေကာ္တင္ဟို ကို လိုခ်င္ေနခဲ့သည့္တိုင္ေအာင္ ၊ ဘာစီလိုနာ ကေတာ့ အေျပာင္းအေရႊ႕ ျဖစ္လာနိုင္တာ ပိုၿပီး ေသခ်ာတဲ့ ဘိုင္ယန္ ျမဴးနစ္ ဆီကိုသာ ခ်က္ျခင္း အငွားခ်လိုက္တာ ကလဲ ေနမာ ရဲ့ အေျပာင္းအေရႊ႕မွာ အရွုပ္အေထြးေတြ ျဖစ္ေပၚလာေစဖို႔ ဦးတည္သြားခဲ့တာ ျဖစ္ပါတယ္။

ဆက္လက္ၿပီး မက္ဆီ က ဘာစီလိုနာ ဟာ သူ႔ရဲ့ ကစားသမား ဘ၀ တစ္ခုလုံး ႏူးကမ့္မွာ ကုန္ဆုံးေစမယ့္ စာခ်ဳပ္သစ္ ကမ္းလွမ္းမွု ျပဳလုပ္ခဲ့သည့္တိုင္ေအာင္ ၊ သူ႔ဘက္က ပယ္ခ်ခဲ့တဲ့ အေၾကာင္း ဝန္ခံသြားခဲ့ပါေသးတယ္။

“ က်ေနာ့္ အတြက္ ဘာစီလိုနာ မွာ ဆက္ရွိေနဖို႔ စာခ်ဳပ္ သက္တမ္းေတြ အမ်ားႀကီး ခ်ဳပ္ထားစရာ မလိုပါဘူး။ က်ေနာ္ကလဲ စာခ်ဳပ္ ပိေနတာမ်ိဳးကို မလိုခ်င္ဘူးေလ။ အဓိက ကေတာ့ အသင္းဟာ ဆုဖလားေတြကို စိန္ေခၚနိုင္တဲ့ အေနအထားမ်ိဳး အျမဲတမ္း တည္ေဆာက္ေပးေနတယ္ ဆိုရင္ ၊ က်ေနာ့္ အတြက္ ရပါၿပီ” လို႔ ရွင္းျပသြားခဲ့ပါတယ္။

ဒါေၾကာင့္လဲ ဘာစီလိုနာဟာ မက္ဆီ လိုခ်င္ေနတဲ့ ခ်န္ပီယံလိဂ္ ဖလားႀကီးကို သိမ္းပိုက္ နိုင္ဖို႔ အတြက္ ဂရစ္ဇ္မန္း ၊ ဒီေဂ်ာင္ တို႔ကို ေခၚယူအားျဖည့္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ အသင္းဟာ ၿပီးခဲ့တဲ့ 2 ရာသီ ဆက္တိုက္ မေမၽွာ္လင့္ထားတဲ့ အရွုံးရလာဒ္ေတြ နဲ႔ ရင္ဆိုင္ၿပီး ၊ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲ ကေန ထြက္ခြာထားခဲ့တာေၾကာင့္ ၊ ဒီရာသီမွာေရာ ဘယ္လိုမ်ိဳးေတြ စြမ္းေဆာင္ျပမလဲ ဆိုတာ စိတ္ဝင္ တစားနဲ႔ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

သူ႔ရဲ့ ၿပိဳင္ဘက္ ရိုနာဒို ကလဲ ဂ်ဴဗီ အတြက္ ႏွစ္ေပါင္း မ်ားစြာ ေဝးကြာေနတဲ့ ခ်န္ပီယံလိဂ္ ဖလားႀကီးကို သိမ္းပိုက္ နိုင္ေအာင္ ၊ ကစားသမားဘ၀ အနားမယူခင္မွာ ကူညီေပးသြားခ်င္တယ္လို႔ ေျပာဆိုထားတာေၾကာင့္ ၊ ဒီရာသီ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ သူတို႔ရဲ့ ႏွစ္ေယာက္ အားၿပိဳင္မွုေတြဟာ ထိပ္တိုက္ေတြ႕ဆုံၿပီး ျမင္ေတြ႕ရဦးမလား ဆိုတာေတာ့ ေစာင့္ၾကည့္လိုက္ၾကရေအာင္ဗ်ာ……

SPORTS MYANMAR