Abraham

ဒီနှစ် ဘောလုံး ရာသီ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ်ပိုင်း မှာ အဓိက ပွဲထွက်ခွင့် ရနေသူ ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အက်စတွန် ဗီလာ အသင်း သို့ အငှား ကစားပြီး အထူး ခြေစွမ်းပြ ခဲ့တဲ့ အကယ်ဒမီ ထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ပဲ ဖြစ်ပါတယ် ။ အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုး ၊ ပရီးမီးယားလိဂ် သွင်းဂိုး ၈ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ပါတယ် ။

ရာသီ အစောပိုင်း က ဥရောပ စူပါဖလား ဗိုလ်လုပွဲ ရဲ့ နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ကို လွဲချော် ခဲ့ပေမယ့် အေဘရာဟမ် ဟာ နည်းပြ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှု ကို အပြည့်အဝ ရရှိ ခဲ့သလို ၊ လမ်းပတ် ရဲ့ ယုံကြည်မှု ကိုလည်း သွင်းဂိုး တွေနဲ့ ပြန်လည် ပေးဆပ် ကစား ပေးနေတာ ကို တွေ့ရပါတယ် ။

အခုလို အေဘရာဟမ် အထူး ခြေစွမ်း ပြနေတာကြောင့် ပွဲထွက်ခွင့် အတွက် ပိုမို ရုန်းကန် လာရတာ ကတော့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ပဲ ဖြစ်ပါတယ် ။ ဂျရူး ဟာ ရာသီ အစောပိုင်း က ပွဲစဉ် ၂ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး နောက်ပိုင်း ပွဲစဉ် တွေမှာ လူစားဝင်ခွင့် ရဖို့တောင် အတော်လေး ကြိုးစား နေရတာကို တွေ့ခဲ့ ရပါတယ် ။

မနေ့က Evening Standard နဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး လူငယ် တိုက်စစ်မှူး အေဘရာဟမ် က ဂျရူး ဟာ သူ့ အတွက် အစ်ကိုကြီး တယောက် လို ဖြစ်ကြောင်း ၊ ၄င်းတို့ အကြား မှာ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်တဲ့ ပြင်းထန်မှု တွေက ရှိနေပေမယ့် နွေးထွေးတဲ့ ဆက်ဆံရေး တွေ ရှိနေကြောင်း နဲ့ ဂျရူး ဟာ မကြာခင် မှာ ပွဲကစားခွင့် တွေ ပြန်လည် ရရှိ လာမယ် လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ် ။

အေဘရာဟမ် က ” ချယ်လ်ဆီး လို အသင်း မှာ ကစားရတာ ကျွန်တော့ အတွက် အကောင်းဆုံး ဖြစ်ရတဲ့ အချက် တချက် က ကျွန်တော် တို့ အသင်းသား တွေ အားလုံးကြားမှာ ပွဲထွက်ခွင့် အတွက် တယောက် နဲ့ တယောက် အပြိုင်အဆိုင် ကြိုးစား နေကြပေမယ့် အချင်းချင်း အမြဲ အားပေး တတ်ကြပါတယ် ။ အိုလီ ဟာ ကျွန်တော် ချယ်လ်ဆီး အသင်း မှာ ပြန်ပြီး ကစား ကတည်းက ကျွန်တော့ ကို အပြည့်အဝ ကူညီ ပေးခဲ့ပါတယ် ။

” အထူးသဖြင့် ကျွန်တော် လီဗာပူး အသင်း နဲဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ပင်နယ်တီ လွဲချော် ခဲ့တုန်းက အိုလီ ဟာ ကျွန်တော့ ပခုံး ကို လာဖက်ပြီး ပထမဆုံး အားပေးစကား လာပြော ခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဟာ သူ့ကို ပွဲထွက်ခွင့် အတွက် ပြိုင်ဖက် တဦး လို့ သတ်မှတ်တာ ထက်စာရင် အစ်ကိုကြီး တယောက် လို့ပဲ သဘောထားပါတယ် ။ ဟုတ်ပါတယ် ။ ကစားသမားတိုင်းတော့ ပွဲထွက်ခွင့် လိုချင်ကြတာပါပဲ ။ ”

” အိုလီ ဟာလည်း မကြာခင် မှာ အခွင့်အရေး တချို့ ရရှိလာလိမ့်မယ် လို့ ကျွန်တော် ကျိန်းသေ ယုံကြည်ပါတယ် ။ သူဟာ ကမ္ဘာ့ ဖလား ချန်ပီယံ တဦးပါ ။ ဒါကြောင့်မို့ ပွဲထွက်ခွင့် ပြရနိုင်မယ် ဆိုတာ ကျွန်တော် လုံးဝ သံသယ မရှိပါဘူး ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီမှာ အသင်းလိုက် ကစားပုံကောင်း ကို ပိုင်ဆိုင် ထားပါတယ် ။ တယောက် နဲ့ တယောက် အမြဲ ဖေးမ ကူညီပေးဖို့ လည်း လိုအပ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဂျရူး ဟာ ပြီးခဲ့တဲ့ အပတ် အတွင်း က နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ တွေမှာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် သွင်းဂိုး ၂ဂိုး ရရှိပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ကလပ် အသင်း အဆင့် မှာတော့ လမ်းပတ် ရဲ့ ကစားကွက် နဲ့လည်း ကိုက်ညီ တဲ့ အပြင် ၊ လျင်မြန်မှု ၊ ရုန်းအား တိိုးအား ကောင်းတဲ့ အေဘရာဟမ် ကပဲ ပွဲထွက်ခွင့် ကို ပိုရနေဖို့ ရှိပါတယ် ။

SPORTS MYANMAR

Zawgyi

ဂ်ရူး နဲ႕ သူ႕ အၾကား က ဆက္ဆံေရး အေၾကာင္း ဖြင့္ဟလာတဲ့ #ေအဘရာဟမ္

ဒီႏွစ္ ေဘာလံုး ရာသီ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ပိုင္း မွာ အဓိက ပြဲထြက္ခြင့္ ရေနသူ ကေတာ့ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ အက္စတြန္ ဗီလာ အသင္း သို႕ အငွား ကစားျပီး အထူး ေျခစြမ္းျပ ခဲ့တဲ့ အကယ္ဒမီ ထြက္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ပဲ ျဖစ္ပါတယ္ ။ ေအဘရာဟမ္ ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အတြက္ ျပိဳင္ပြဲစံု သြင္းဂိုး ၉ ဂိုး ၊ ပရီးမီးယားလိဂ္ သြင္းဂိုး ၈ဂိုး အထိ သြင္းယူ ထားႏိုင္ ခဲ့ပါတယ္ ။

ရာသီ အေစာပိုင္း က ဥေရာပ စူပါဖလား ဗိုလ္လုပြဲ ရဲ႕ ေနာက္ဆံုး ပင္နယ္တီ အဆံုးအျဖတ္ ကို လြဲေခ်ာ္ ခဲ့ေပမယ့္ ေအဘရာဟမ္ ဟာ နည္းျပ ဖရန္႕ လမ္းပတ္ ရဲ႕ ယံုၾကည္မႈ ကို အျပည့္အဝ ရရွိ ခဲ့သလို ၊ လမ္းပတ္ ရဲ႕ ယံုၾကည္မႈ ကိုလည္း သြင္းဂိုး ေတြနဲ႕ ျပန္လည္ ေပးဆပ္ ကစား ေပးေနတာ ကို ေတြ႕ရပါတယ္ ။

အခုလို ေအဘရာဟမ္ အထူး ေျခစြမ္း ျပေနတာေၾကာင့္ ပြဲထြက္ခြင့္ အတြက္ ပိုမို ရုန္းကန္ လာရတာ ကေတာ့ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ပဲ ျဖစ္ပါတယ္ ။ ဂ်ရူး ဟာ ရာသီ အေစာပိုင္း က ပြဲစဥ္ ၂ပြဲသာ ပြဲထြက္ခြင့္ ရခဲ့ျပီး ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ လူစားဝင္ခြင့္ ရဖို႕ေတာင္ အေတာ္ေလး ၾကိဳးစား ေနရတာကို ေတြ႕ခဲ့ ရပါတယ္ ။

မေန႕က Evening Standard နဲ႕ အင္တာဗ်ဴး မွာ ခ်ယ္လ္ဆီး လူငယ္ တိုက္စစ္မွဴး ေအဘရာဟမ္ က ဂ်ရူး ဟာ သူ႕ အတြက္ အစ္ကိုၾကီး တေယာက္ လို ျဖစ္ေၾကာင္း ၊ ၄င္းတို႕ အၾကား မွာ ပြဲထြက္ခြင့္ အတြက္ ျပိဳင္ဆိုင္တဲ့ ျပင္းထန္မႈ ေတြက ရွိေနေပမယ့္ ေႏြးေထြးတဲ့ ဆက္ဆံေရး ေတြ ရွိေနေၾကာင္း နဲ႕ ဂ်ရူး ဟာ မၾကာခင္ မွာ ပြဲကစားခြင့္ ေတြ ျပန္လည္ ရရွိ လာမယ္ လို႕ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္ ။

ေအဘရာဟမ္ က ” ခ်ယ္လ္ဆီး လို အသင္း မွာ ကစားရတာ ကြ်န္ေတာ့ အတြက္ အေကာင္းဆံုး ျဖစ္ရတဲ့ အခ်က္ တခ်က္ က ကြ်န္ေတာ္ တို႕ အသင္းသား ေတြ အားလံုးၾကားမွာ ပြဲထြက္ခြင့္ အတြက္ တေယာက္ နဲ႕ တေယာက္ အျပိဳင္အဆိုင္ ၾကိဳးစား ေနၾကေပမယ့္ အခ်င္းခ်င္း အျမဲ အားေပး တတ္ၾကပါတယ္ ။ အိုလီ ဟာ ကြ်န္ေတာ္ ခ်ယ္လ္ဆီး အသင္း မွာ ျပန္ျပီး ကစား ကတည္းက ကြ်န္ေတာ့ ကို အျပည့္အဝ ကူညီ ေပးခဲ့ပါတယ္ ။ ”

” အထူးသျဖင့္ ကြ်န္ေတာ္ လီဗာပူး အသင္း နဲဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ မွာ ပင္နယ္တီ လြဲေခ်ာ္ ခဲ့တုန္းက အိုလီ ဟာ ကြ်န္ေတာ့ ပခံုး ကို လာဖက္ျပီး ပထမဆံုး အားေပးစကား လာေျပာ ခဲ့တာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ ဟာ သူ႕ကို ပြဲထြက္ခြင့္ အတြက္ ျပိဳင္ဖက္ တဦး လို႕ သတ္မွတ္တာ ထက္စာရင္ အစ္ကိုၾကီး တေယာက္ လို႕ပဲ သေဘာထားပါတယ္ ။ ဟုတ္ပါတယ္ ။ ကစားသမားတိုင္းေတာ့ ပြဲထြက္ခြင့္ လိုခ်င္ၾကတာပါပဲ ။ ”

” အိုလီ ဟာလည္း မၾကာခင္ မွာ အခြင့္အေရး တခ်ိဳ႕ ရရွိလာလိမ့္မယ္ လို႕ ကြ်န္ေတာ္ က်ိန္းေသ ယံုၾကည္ပါတယ္ ။ သူဟာ ကမၻာ့ ဖလား ခ်န္ပီယံ တဦးပါ ။ ဒါေၾကာင့္မို႕ ပြဲထြက္ခြင့္ ျပရႏိုင္မယ္ ဆိုတာ ကြ်န္ေတာ္ လံုးဝ သံသယ မရွိပါဘူး ။ ကြ်န္ေတာ္ တို႕ဟာ ဒီႏွစ္ ေဘာလံုး ရာသီမွာ အသင္းလိုက္ ကစားပံုေကာင္း ကို ပိုင္ဆိုင္ ထားပါတယ္ ။ တေယာက္ နဲ႕ တေယာက္ အျမဲ ေဖးမ ကူညီေပးဖို႕ လည္း လိုအပ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဂ်ရူး ဟာ ျပီးခဲ့တဲ့ အပတ္ အတြင္း က ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ကာလ ေတြမွာ ျပင္သစ္ လက္ေရြးစင္ အသင္း အတြက္ သြင္းဂိုး ၂ဂိုး ရရွိျပီး ေျခစြမ္းျပ ကစား ႏိုင္ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ကလပ္ အသင္း အဆင့္ မွာေတာ့ လမ္းပတ္ ရဲ႕ ကစားကြက္ နဲ႕လည္း ကိုက္ညီ တဲ့ အျပင္ ၊ လ်င္ျမန္မႈ ၊ ရုန္းအား တိိုးအား ေကာင္းတဲ့ ေအဘရာဟမ္ ကပဲ ပြဲထြက္ခြင့္ ကို ပိုရေနဖို႕ ရွိပါတယ္ ။

SPORTS MYANMAR