* ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၈နာရီခွဲ အချိန် မှာ နယူးကာဆယ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ရပွဲ မှာ ရပွဲလုံး အနိုင်ရထားကာ ရဂိုး ၂၀ ၊ ပေးဂိုး ၃ဂိုးသာ ရှိခဲ့ပါတယ် ။
* ချယ်လ်ဆီး အသင်း ရဲ့ အိမ်ကွင်း မှာ ရင်ဆိုင် ခဲ့တဲ့ နောက်ဆုံး ၂၅ ပွဲမှာတော့ နယူးကာဆယ် အသင်း တပွဲ အနိုင် ရခဲ့ဖူးပါတယ် ။ နယူးကာဆယ် တို့ ချယ်လ်ဆီး ကို နောက်ဆုံး အနိုင် ခဲ့ရခဲ့တာဟာ ၂၀၁၂ ခုနှစ် ၊ အလန်ပါဂျူး ကိုင်တွယ်စဉ်က ချယ်လ်ဆီး အသင်း ကို ၂ – ၀ နဲ့ အနိုင် ရခဲ့ပါတယ် ။
* ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် သမိုင်း တလျှောက် အိမ်ကွင်း နိုင်ပွဲ အများဆုံး ရထားတာ နယူးကာဆယ် အသင်း နဲ့ ဖြစ်ပြီး စုစုပေါင်း ၁၇ပွဲ အထိ အနိုင် ရခဲ့ပါတယ် ။ သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ နယူးကာဆယ် နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၆ပွဲ မှာ ပွဲတိုင်း ပေးဂိုး ရှိခဲ့ပါတယ် ။
* ချယ်လ်ဆီး အသင်း ဟာ ယနေ့ည နယူးကာဆယ် အသင်း ကို အနိုင် ရခဲ့မယ် ဆိုရင် နိုဝင်ဘာ ၂၀၁၈ နောက်ပိုင်း ပထမဆုံး ပြိုင်ပွဲစုံ ၅ပွဲဆက် နိုင်ပွဲ ရရှိတော့မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ် အဖွင့် ၈ပွဲ မှာ ၈ဂိုး သွင်းယူ ထားတာကြောင့် ဝိန်းရူနီ ပြီးနောက် ပရီးမီးယားလိဂ် ၈ပွဲ မှာ ၈ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလန်သား ဖြစ်လာပါတယ် ။
* လက်ရှိ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ကစားသမား ဘဝ မှာတုန်းက ချယ်လ်ဆီး အသင်း နဲ့ အတူ နယူးကာဆယ် အသင်း ကို ၂၆ ကြိမ် ရင်ဆိုင်ခဲ့ဖူးရာ ၊ ၁၅ပွဲနိုင် ၊ ၅ပွဲ သရေ ၊ ၆ပွဲရှုံး ဆိုတဲ့ မှတ်တမ်း ကို ပိုင်ဆိုင် ထားပါတယ် ။ ဒါ့အပြင် ယနေ့ည မှာ ရင်ဆိုင်ရမယ့် နယူးကာဆယ် နည်းပြ စတိဗ် ဘရုစ် ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်း တွေကို ကိုယ်တိုင် ရဂိုး သွင်းခဲ့ဖူးပါတယ် ။
* ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ မားကို့စ် အလွန်ဆို ဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန် ကို ၁ – ၄ နဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၁၀၀ ပြည့်မြောက် ခဲ့ပါတယ် ။ ယနေ့ည ချယ်လ်ဆီး – နယူးကာဆယ် ပွဲစဉ် ကို ကွင်းလယ်ဒိုင် အန်ဒရေ မာရင်နာ က တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ကာ VAR ကိုတော့ ဒိုင်လူကြီး မိုက်ဒင်း က တာဝန်ယူ မှာ ဖြစ်ပါတယ် ။
* ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တပွဲ ဖြစ်တဲ့ အင်္ဂလန် – ဘူလ်ဂေးရီးယား ပွဲစဉ် မှာ အင်္ဂလန် အတွက် သွင်းဂိုး ၂ဂိုး ၊ ဂိုးဖန်တီးမှု တကြိမ် ပြုလုပ် ပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ရော့စ် ဘာကလေ ရဲ့ ခြေစွမ်း ကို ချီးကျူး ပြောဆို လိုက်ပြီး ဒီ မှတ်တမ်း တွေဟာ သူ့ရဲ့ ယုံကြည်မှု ကို တိုးစေမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ် ။
* နယူးကာဆယ် အသင်း မန်နေဂျာ ဖြစ်သူ စတိဗ် ဘရုစ် က ချယ်လ်ဆီး အသင်း နဲ့ လက်ရှိ နည်းပြ ဖရန့် လမ်းပတ် တို့ဟာ လိုက်ဖက်မှု ရှိတဲ့ အပြင် လမ်းပတ် ဟာ ကစားသမား ဘဝ မှာ ကတည်းက ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် ကစားသမား ဖြစ်တာကြောင့် အချိန် အတိုင်းအတာ တခု အထိ စောင့်ကြည့်ခြင်း ကို ခံရမှာ ဖြစ်ကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ဆိုခဲ့ပါတယ် ။
* နယူးကာဆယ် အသင်း ခေါင်းဆောင် ဖြစ်တဲ့ နောက်ခံလူ လာဆဲလ်စ် က ၄င်းတို့ဟာ မန်ချက်စတာ ယူနိုက်တက် ကို အနိုင်ယူ ကျော်ဖြတ် ခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ် အသင်းကြီး တသင်း ဖြစ်တဲ့ ချယ်လ်ဆီး အသင်း ကိုလည်း ယှဉ်ကစားဖို့ ကြောက်နေမှာ မဟုတ်ကြောင်း ၊ အနိုင်ရနိုင်မယ် လို့လည်း ယုံကြည်ကြောင်း Evening Standard နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။
* မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစဉ် တပွဲ မှာ ချယ်လ်ဆီး ယူ ၂၃ အသင်း ဟာ အာဆင်နယ် ယူ ၂၃ အသင်း ကို ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။ ချယ်လ်ဆီး လူငယ် အသင်း အတွက် သွင်းဂိုး တွေကို ချာလီ ဘရောင်း ( ၁၇ ‘ ၊ ၅၅ ‘ ) နဲ့ ကလင်တန် မိုလာ ( ၃၂ ‘ ) တို့က အသီးသီး သွင်းယူ ပေးခဲ့ပါတယ် ။
SPORTS MYANMAR
Zawgyi
နယူးကာဆယ် နဲ့ ပွဲစဉ် မတိုင်မီ အချက်အလက် တချို့ နဲ့ အခြား ချယ်လ်ဆီး သတင်းတိုများ
* ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၈နာရီခွဲ အချိန် မှာ နယူးကာဆယ် အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၇ပွဲ မှာ ၇ပွဲလုံး အနိုင်ရထားကာ ရဂိုး ၂၀ ၊ ပေးဂိုး ၃ဂိုးသာ ရှိခဲ့ပါတယ် ။
SPORTS MYANMAR